HomeEntertainmentFilmမကြာခင်ကြည့်ရှုရတော့မယ့် Harley Quinn Animated Series Season 3

မကြာခင်ကြည့်ရှုရတော့မယ့် Harley Quinn Animated Series Season 3

Harley Quinn Animated Series Season 3 ရဲ့ နောက်ဆုံးထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Season 3 ရဲ့ ဇာတ်လမ်းအကြောင်းကို ပိုမိုသိရှိလိုက်ရသလို Nightwing ကိုလည်း ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရပါတယ်။ ဒီ Animated Series ကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ယခုဆိုရင်တော့ Season 2 ထွက်ရှိပြီး (၂)နှစ်အကြာမှာ Season 3 ထပ်မံထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Season 3 ရဲ့ ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပဲ သိရသေးပြီး ဒီထွေလာထဲမှာ မြင်တွေ့ရသလောက် ဆိုရင်တော့ Poison Ivy ဟာ Gotham တစ်မြို့လုံးကို အပင်တွေနဲ့ ဖုံးလွှမ်းပစ်ဖို့ စီစဉ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် Batman ၊ Batgirl နဲ့ Nightwing တို့ကိုလည်း မြင်တွေ့ခဲ့ရပြီး Harley Quinn ဟာ Poison Ivy ရဲ့ အစီအစဉ်ကြောင့် အပြစ်မဲ့သူတွေ သေနေတာကို မကြည့်ရက်နိုင်တော့တာကြောင့် သူမဟာ ဟီးရိုးတွေနဲ့ ပူးပေါင်းသွားမယ်လို့ ယူဆရပါတယ်။

မကြာသေးခင်ကပဲ HBO Max ဟာ Season 3 အတွက် နောက်ဆုံးထွေလာကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Season 2 ရဲ့ အဆုံးသတ်မှာတော့ Harley Quinn နဲ့ Poison Ivy တို့ တွဲသွားတာကို မြင်တွေ့ခဲ့ရပြီး Season 3 ထဲမှာတော့ Poison Ivy ရဲ့ အစီအစဉ်ကြောင့် သူတို့နှစ်ယောက်ကြားထဲမှာ တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Season 3 ထဲမှာတော့ ဒါရိုက်တာ James Gunn ကလည်း Cameo လိုပုံစံမျိူး ပါဝင်လာမယ်လို့လည်း သိရပါတယ်။

ဒါတင်မကသေးဘဲ ဒီထွေလာထဲမှာတော့ Joker ဟာ Gotham မြို့ရဲ့ မြို့တော်ဝန်ဖြစ်ဖို့အတွက် ကြိုးစားနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ထဲက လှေကားပေါ်မှာ ကနေတဲ့ ဇာတ်ဝင်ခန်းကိုလည်း ပြန်လည် ဖန်တီးထားတာကို ပြသသွားပါတယ်။ Season 2 ထဲမှာတော့ Harley ရဲ့ အဖွဲ့ထဲက Doctor Psycho ဟာ အဓိကဗီလိန် ဖြစ်သွားတာကြောင့် Season 3 ထဲမှာတော့ Bane ဟာ အစားထိုးအနေနဲ့ ဝင်ရောက်လာမယ်လို့ ယူဆရပါတယ်။ Harley Quinn Animated Series Season 3 ကတော့ လာမယ့် (၂၈)ရက်နေ့မှာ HBO Max ကနေ ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular