HomeCharacterလူပြက်တွေကို ကြောက်ခဲ့ဖူးတယ် ဆိုတဲ့ Harley Quinn

လူပြက်တွေကို ကြောက်ခဲ့ဖူးတယ် ဆိုတဲ့ Harley Quinn

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတိုင်းနီးပါးဟာ Harley Quinn လို့ ပြောလိုက်တာနဲ့ Joker နဲ့ တွဲမြင်လောက်အောင်ကို သူတို့နှစ်ယောက်အတွဲဟာ ပရိသတ်ကြားမှာ အောင်မြင်ခဲ့ပါတယ်။ ယခုလက်ရှိ  DC ကောမစ်ထဲမှာတော့ Harley Quinn ဟာ Joker နဲ့ ပြတ်သွားခဲ့ပြီး Poison Ivy နဲ့ တွဲနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အသစ်ထွက်လာမယ့် Harley Quinn #9 ရဲ့ Preview ထဲမှာတော့ Harley ဟာ အရင်တုန်းက လူပြက်တွေကို ကြောက်ခဲ့ဖူးတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ Preview ထဲမှာတော့ Harley ရဲ့ Arkham Asylum မှာ စိတ်ရောဂါကု ဆရာဝန်အနေနဲ့ နေထိုင်ခဲ့တဲ့ အချိန်တွေကို ပြန်လည်ပြသခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ Doctor Harleen Quinzel ဆိုတဲ့ နာမည်နဲ့ ဖြစ်ပြီး ပရိသတ်တိုင်းက သူမနဲ့ Joker တို့ Arkham Asylum ထဲမှာ ပထမဆုံး တွေ့ဆုံခဲ့ကြတဲ့ အချိန်ကို မှတ်မိနေဆဲပါ။ အဲ့ဒီအခိုက်အတန့်ကိုတော့ Harley ရဲ့ ဆိုလိုကောမစ်တွေနဲ့ Animation တွေအပြင် ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Suicide Squad ရုပ်ရှင်တို့မှာလည်း ဗားရှင်းအမျိူးမျိူးနဲ့ ပြသခဲ့ကြပါတယ်။

photo via screenrant
photo via screenrant
photo via screenrant

ဒီ Preview မှာ မြင်တွေ့ခဲ့ရသလိုဆိုရင် အဲ့ဒီအချိန်တုန်းက Harley မှာ Coulrophobia လို့ခေါ်တဲ့ လူပြက်တွေကို ကြောက်တတ်ပါတယ်လို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ Joker နဲ့ ပထမဦးဆုံး တွေ့ဆုံရတော့မယ့် အချိန်မှာတော့ Joker နဲ့ တွေ့ပြီးသွားရင် သူမကိုယ်တိုင်တောင် စိတ်ရောဂါပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးဖို့ လိုလောက်တယ်လို့ စဉ်းစားနေပါတယ်။

ကျန်တဲ့ အဖြစ်အပျက်တွေကတော့ အားလုံးသိကြတဲ့အတိုင်းပဲ သူမဟာ သူ့ရဲ့အကြောက်တရားကို ကျော်လွှားနိုင်ရုံတင် မဟုတ်ဘဲ Joker နဲ့ ချစ်ကြိုက်သွားပြီး သူမကိုယ်တိုင်ပါ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Harley Quinn #9 ကတော့ နိုဝင်ဘာ (၂၃) ရက်နေ့ ကတည်းက စတင်ပြီး ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒီကောမစ်ရဲ့ ဇာတ်လမ်းတွေကိုတော့ Stephanie Phillips က ရေးသားထားတာ ဖြစ်ပြီး Riley Rossmo က အဓိကရေးဆွဲထားတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူတိုင္းနီးပါးဟာ Harley Quinn လို႔ ေျပာလိုက္တာနဲ႔ Joker နဲ႔ တြဲျမင္ေလာက္ေအာင္ကို သူတို႔ႏွစ္ေယာက္အတြဲဟာ ပရိသတ္ၾကားမွာ ေအာင္ျမင္ခဲ့ပါတယ္။ ယခုလက္ရွိ  DC ေကာမစ္ထဲမွာေတာ့ Harley Quinn ဟာ Joker နဲ႔ ျပတ္သြားခဲ့ၿပီး Poison Ivy နဲ႔ တြဲေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ အသစ္ထြက္လာမယ့္ Harley Quinn #9 ရဲ႕ Preview ထဲမွာေတာ့ Harley ဟာ အရင္တုန္းက လူျပက္ေတြကို ေၾကာက္ခဲ့ဖူးတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီ Preview ထဲမွာေတာ့ Harley ရဲ႕ Arkham Asylum မွာ စိတ္ေရာဂါကု ဆရာဝန္အေနနဲ႔ ေနထိုင္ခဲ့တဲ့ အခ်ိန္ေတြကို ျပန္လည္ျပသခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ Doctor Harleen Quinzel ဆိုတဲ့ နာမည္နဲ႔ ျဖစ္ၿပီး ပရိသတ္တိုင္းက သူမနဲ႔ Joker တို႔ Arkham Asylum ထဲမွာ ပထမဆုံး ေတြ႕ဆုံခဲ့ၾကတဲ့ အခ်ိန္ကို မွတ္မိေနဆဲပါ။ အဲ့ဒီအခိုက္အတန႔္ကိုေတာ့ Harley ရဲ႕ ဆိုလိုေကာမစ္ေတြနဲ႔ Animation ေတြအျပင္ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Suicide Squad ႐ုပ္ရွင္တို႔မွာလည္း ဗားရွင္းအမ်ိဴးမ်ိဴးနဲ႔ ျပသခဲ့ၾကပါတယ္။

photo via screenrant
photo via screenrant
photo via screenrant

ဒီ Preview မွာ ျမင္ေတြ႕ခဲ့ရသလိုဆိုရင္ အဲ့ဒီအခ်ိန္တုန္းက Harley မွာ Coulrophobia လို႔ေခၚတဲ့ လူျပက္ေတြကို ေၾကာက္တတ္ပါတယ္လို႔ ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ Joker နဲ႔ ပထမဦးဆုံး ေတြ႕ဆုံရေတာ့မယ့္ အခ်ိန္မွာေတာ့ Joker နဲ႔ ေတြ႕ၿပီးသြားရင္ သူမကိုယ္တိုင္ေတာင္ စိတ္ေရာဂါပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး တိုင္ပင္ေဆြးေႏြးဖို႔ လိုေလာက္တယ္လို႔ စဥ္းစားေနပါတယ္။

က်န္တဲ့ အျဖစ္အပ်က္ေတြကေတာ့ အားလုံးသိၾကတဲ့အတိုင္းပဲ သူမဟာ သူ႔ရဲ႕အေၾကာက္တရားကို ေက်ာ္လႊားႏိုင္႐ုံတင္ မဟုတ္ဘဲ Joker နဲ႔ ခ်စ္ႀကိဳက္သြားၿပီး သူမကိုယ္တိုင္ပါ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Harley Quinn #9 ကေတာ့ ႏိုဝင္ဘာ (၂၃) ရက္ေန႔ ကတည္းက စတင္ၿပီး ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ ဒီေကာမစ္ရဲ႕ ဇာတ္လမ္းေတြကိုေတာ့ Stephanie Phillips က ေရးသားထားတာ ျဖစ္ၿပီး Riley Rossmo က အဓိကေရးဆြဲထားတာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular