HomeEntertainmentFilmHarry Potter ထဲက ယူနီကွန်းဆံခြည်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံများအကြောင်း 

Harry Potter ထဲက ယူနီကွန်းဆံခြည်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံများအကြောင်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြင်းခန္ဓာကိုယ်မှာ ဦးချိုတစ်ချောင်းနဲ့ ယူနီကွန်းတွေဟာ Harry Potter ရဲ့ မှော်လောကထဲမှာတင် မဟုတ်ဘဲ အပြင်လောကမှာလည်း အချစ်ခံရဆုံး မှော်သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ ယူနီကွန်းတွေဟာ စစ်မှန်သန့်ရှင်းမှု၊ ကောင်းမွန်မှု၊ ကျက်သရေရှိ တင့်တယ်မှုတွေနဲ့ ပုံဖော်ခံရလေ့ ရှိပြီး Harry Potter franchise ထဲမှာလည်း ဒီအချက်တွေကိုပဲ ထည့်သွင်းအသုံးပြုထားတာ တွေ့ရပါတယ်။

Harry Potter ဇာတ်ကားတွေထဲမှာတော့ ယူနီကွန်းတွေကို ပထမဆုံး တွေ့မြင်ရချိန်ဟာ အမှောင်သခင်ကြီး Voldemort က သူအသက်ဆက်ရှင်နိုင်ဖို့အတွက် ယူနီကွန်းတွေကို သတ်ဖြတ်နေချိန်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ယူနီကွန်းတွေရဲ့ စွမ်းအားကို အသုံးပြုဖို့ရာ သူတို့ကို သတ်ဖြတ်ဖို့အထိ မလိုအပ်ပါဘူး။ ယူနီကွန်းတွေကို မထိခိုက်စေဘဲ သူတို့ရဲ့ စွမ်းအားကို ရယူသုံးစွဲနိုင်မယ့် နည်းလမ်းတစ်ခုကတော့ သူတို့ရဲ့ ဆံခြည်မွေးကို wand လို့ခေါ်တဲ့ မှော်နှင်တံထဲမှာ အူတိုင်အဖြစ် ထည့်သွင်းသုံးစွဲခြင်းပဲ ဖြစ်ပါတယ်။

မှော်နှင်တံအားလုံးဟာ သူတို့ကို အသုံးပြုထားတဲ့ အူတိုင်အမျိုးအစားပေါ် မူတည်ပြီး စွမ်းအားတွေလည်း ကွဲပြားပါတယ်။ (တကယ်တော့ မှော်နှင်တံတစ်ချောင်းရဲ့ စွမ်းအားဟာ အူတိုင်အပြင် အသုံးပြုထားတဲ့ သစ်အမျိုးအစား၊ အရှည်၊ ပုံသဏ္ဍာန်နဲ့ လိုက်လျောညီထွေညီမှုတွေပေါ်မှာလည်း မူတည်နေပါတယ်။) ယူနီကွန်းဆံခြည်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံတွေကတော့ အလွန်ထူးခြား ကွဲပြားစေပြီး Harry Potter ရဲ့ မှော်လောကထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး အူတိုင်တစ်မျိုးလည်း ဖြစ်ပါတယ်။

မှော်နှင်တံပြုလုပ်ဖို့ ယူနီကွန်းတွေက သူတို့ရဲ့ဆံခြည်မွေးကို ပေးစရာ မလိုအပ်ပါဘူး။
Photo Credit: Warner Bros. Pictures

ဇာတ်လမ်းထဲမှာ ပြောထားတဲ့အတိုင်းဆိုရင် တချို့သော မှော်သတ္တဝါတွေဟာ သူတို့ရဲ့ အမွေး၊အတောင်တွေကို မှော်နှင်တံထဲမှာ အူတိုင်အဖြစ် အသုံးပြုဖို့ ကျေနပ်စွာ ပေးအပ်၊ လှူဒါန်းတတ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ Fawkes the phoenix လို သတ္တဝါမျိုး ဖြစ်ပါတယ်။ တချို့မှော်သတ္တဝါတွေကတော့ ရှားပါးလွန်းတာ၊ ဒါမှမဟုတ် သူတို့ရဲ့ အမွေး၊အတောင်ကို ရရှိဖို့ အန္တရာယ်များလွန်းတာတွေလည်း ရှိပါတယ်။ ဥပမာ Thestral တွေရဲ့ အမွေးလိုမျိုး ဖြစ်ပါတယ်။

သို့သော်လည်း ယူနီကွန်းဆံခြည်မွေးကတော့ ရှာဖွေရ မခက်သလို သူတို့ဆီက တိုက်ရိုက် သွားယူစရာလည်း မလိုအပ်ပါဘူး။ လူတွေ ဆံပင်ကျွတ်တတ်သလိုပဲ ယူနီကွန်းတွေဟာလည်း သူတို့ရဲ့ ဆံခြည်မွေးတွေကို အလိုလျောက် ကျွတ်တတ်ကြပါတယ်။ Hagrid က Harry ကို ပြောပြချက်အရဆိုရင် တောထဲက ချုံပုတ်တွေပေါ်မှာ ယူနီကွန်းဆံခြည်မွေးတွေကို တွေ့ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မှော်နှင်တံထဲမှာ အူတိုင်အဖြစ် ထည့်သွင်းသုံးစွဲဖို့ဆိုရင် ရှာဖွေရ အလွယ်ဆုံး ဖြစ်နေတာပါ။

Harry Potter ထဲမှာ ဒုတိယလူကြိုက်အများဆုံး အူတိုင် ဖြစ်ပါတယ်။
Photo Credit: Warner Bros. Pictures

ဇာတ်လမ်းတလျှောက်မှာ မတူညီတဲ့ မှော်နှင်တံ အူတိုင်များစွာကို ဖော်ပြခဲ့ပြီး ဇာတ်ကောင်အများစုကတော့ နဂါးအသည်းညှာ၊ သို့မဟုတ် ယူနီကွန်းဆံခြည်မွေးကို အူတိုင်အဖြစ် အသုံးပြုထားတဲ့ မှော်နှင်တံတွေကို ပိုင်ဆိုင်ထားကြပါတယ်။

ရုပ်ရှင်ထဲမှာတော့ Hermione ရဲ့ မှော်နှင်တံ အပါအဝင် နဂါးအသည်းညှာနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံ (၁၄)ချောင်းခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ယူနီကွန်းဆံခြည်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံကို ကိုင်ဆောင်သူကတော့ ဇာတ်ကောင် (၁၀)ယောက်ခန့် ရှိပါတယ်။ အဆိုပါ ဇာတ်ကောင်တွေထဲမှာတော့ Ron Weasley ၊ Cedric Diggory နဲ့ Remus Lupin တို့လည်း ပါဝင်ပါတယ်။

ဒီမှော်နှင်တံတွေဟာ တသမတ်တည်းအရှိဆုံး မှော်စွမ်းအားကို ပေးပါတယ်။
Photo Credit: Warner Bros. Pictures

Wizarding World ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ ယေဘူယျအားဖြင့် ယူနီကွန်းဆံခြည်မွေးဟာ တသမတ်တည်း တည်ငြိမ်သော မှော်စွမ်းအားကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မှော်စွမ်းအား မတည်မငြိမ် ဖြစ်စေတာ၊ ပိတ်ဆို့စေတာတွေကို ဖြစ်နိုင်ချေ အနည်းဆုံး မှော်ဝင်ပစ္စည်းတစ်ခုလို့လည်း ဆိုပါတယ်။ ဒါဟာ ယူနီကွန်းသတ္တဝါတွေရဲ့ အေးဆေးတည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ ပင်ကိုသဘာဝကြောင့် ဖြစ်ပေါ်လာတဲ့ အစွမ်းသတ္တိလို့လည်း ပြောနိုင်ပါတယ်။

သစ္စာအရှိဆုံးလည်း ဖြစ်ပါတယ်။
Photo Credit: Warner Bros. Pictures

Dumbledore ၊ Snape ၊ Draco ၊ Voldemort နဲ့ Harry တို့ကြားမှာ အဆင့်ဆင့် ပိုင်ရှင်ကူးပြောင်းခဲ့တဲ့ Elder Wand ရဲ့ ရှုပ်ထွေးတဲ့ ကူးပြောင်းမှုတွေအရ မှော်နှင်တံတွေဟာ လုံးဝမတူညီတဲ့ မှော်ဆရာတွေဆီမှာလည်း တာဝန်ထမ်းရွက်ဖို့ ရွေးချယ်နိုင်ကြောင်း သိခဲ့ရပါတယ်။ သို့‌သော်လည်း မှော်နှင်တံအားလုံးကတော့ အဲဒီလို ပိုင်ရှင်ကူးပြောင်းတာမျိုး မလုပ်တတ်ကြပါဘူး။

ယူနီကွန်းဆံခြည်မွေးနဲ့ မှော်နှင်တံတွေကတော့ ပိုင်ရှင်အပေါ်မှာ သစ္စာစောင့်သိကြပြီး မှော်ဆရာတစ်ယောက်ရဲ့ စွမ်းအားတွေ၊ ကျွမ်းကျင်မှုတွေနဲ့တောင် ဆွဲဆောင် သိမ်းသွင်းလို့ မရနိုင်ဘူးလို့ Wizarding World ဝက်ဘ်ဆိုဒ်က ဖော်ပြထားပါသေးတယ်။ ဒါဟာလည်း ယူနီကွန်းတွေရဲ့ ပင်ကိုသဘာဝနဲ့ ဆက်စပ်နေတဲ့ စွမ်းအားတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ ယူနီကွန်းတွေဟာ သစ္စာအရှိဆုံး သတ္တဝါတွေအဖြစ် ဒဏ္ဍာရီတွေထဲမှာ ပြောစမှတ်ပြုကြတာကြောင့်ပါပဲ။

Dark Magic အဖြစ် ပြောင်းလဲဖို့ အခက်ဆုံး ဖြစ်ပါတယ်။
Photo Credit: Warner Bros. Pictures

ယူနီကွန်းတွေရဲ့ မူလသဘာဝ ကောင်းမွန်မှုနဲ့ သန့်စင်မှုတို့ကြောင့် များသောအားဖြင့် ယူနီကွန်းဆံခြည်မွေးနဲ့ မှော်နှင်တံတွေကို ဆိုးညစ်တဲ့ အောက်လမ်းမှော်အတတ်တွေ ကျင့်သုံးတဲ့ မှော်ဆရာတွေရဲ့လက်ထဲမှာ တွေ့ရလေ့ မရှိပါဘူး။ ဒီမှော်နှင်တံတွေဟာ dark magic အဖြစ် ပြောင်းလဲရအခက်ဆုံး ဖြစ်ပြီး တကယ်လို့ စွမ်းအားကြီးတဲ့ မှော်ဆရာတစ်ယောက်က ရအောင် ပြောင်းလဲလိုက်နိုင်ရင်လည်း တားမြစ်ထားတဲ့ ကျိန်စာတွေနဲ့ dark spell တွေကို အသုံးပြုတဲ့အခါ ဒီမှော်နှင်တံနဲ့ ဘယ်လိုမှ သုံးလို့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

Draco ရဲ့ တကယ့်စိတ်ရင်းအမှန်ကို အရိပ်အမြွက် ပြပေးထားခဲ့ပါတယ်။
Photo Credit: Warner Bros. Pictures

စိတ်ဝင်စားစရာကောင်းတာကတော့ Draco ကို ကိုင်ဆောင်တဲ့ မှော်နှင်တံဟာ ဟော်သွန်းသစ်နဲ့ ပြုလုပ်ထားပြီး ယူနီကွန်းဆံခြည်မွေးကို အူတိုင်အဖြစ် အသုံးပြုထားတာပါ။ ဒါဟာ သူ့ရဲ့ တကယ့် စိတ်ရင်းအမှန်ကို အရိပ်အမြွက် ပြသထားတာလည်း ဖြစ်နိုင်ပါတယ်။

ကနဦးမှာတော့ Draco ကို အောက်လမ်း မှော်ဆရာတစ်ယောက်အဖြစ် ထင်စရာရှိခဲ့ကြပေမယ့် နောက်ပိုင်း ဇာတ်လမ်းတွေ ဆက်လာတာနဲ့အမျှ သူဟာ ဘေးက တချိန်လုံး ပြောကြား၊ လမ်းညွှန်ချက်တွေအရ နေထိုင်ခဲ့ရတဲ့ ပျက်စီးနေတဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်ကြောင်း ရှင်းလင်းစေခဲ့ပါတယ်။

သူဟာ ကျောင်းမှာ သူတစ်ပါးကို အနိုင်ကျင့်တတ်တဲ့ ကလေးဆိုးတစ်ယောက် ဖြစ်ပေမယ့်လည်း လူတွေကို တကယ် နာကျင်အောင် ပြုလုပ်ဖို့အထိတော့ ရုန်းကန်နေရတာကို တွေ့နိုင်ပါတယ်။ နောက်ဆုံးစာအုပ်တွေထဲမှာတော့ Draco ဟာ ရုန်းထွက်ရခက်တဲ့ အခြေအနေ၊ အကျပ်အတည်းတွေထဲ ရောက်နေခဲ့ပြီး ထိတ်လန့်နေခဲ့ကာ Death Eaters တွေဆီကတောင် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ မှော်နှင်တံက သူဟာ လုံးဝဆိုးယုတ်တဲ့ မိစ္ဆာတစ်ယောက် မဟုတ်ဘူးဆိုတာ သက်သေပြနေခဲ့တာ ဖြစ်နိုင်ပါတယ်။

ယူနီကွန်းဆံခြည်မွေးဟာ မှော်နှင်တံထဲမှာ သေဆုံးသွားနိုင်ပါတယ်။
Photo Credit: Warner Bros. Pictures

Harry Potter ပရိသတ်တွေကတော့ မှော်နှင်တံတွေဟာ ကျိုးပဲ့ပျက်စီးနိုင်ကြောင်း သိရှိကြပြီးသားပါ။ သို့သော်လည်း ယူနီကွန်းဆံခြည်မွေးနဲ့ မှော်နှင်တံတွေကတော့ လွဲမှားစွာ အသုံးပြုမိရင် အထဲက အူတိုင်ဟာ သေဆုံးသွားတတ်ပါတယ်။

ဒီမှော်နှင်တံတွေကို လွဲမှားစွာ ကိုင်တွယ်အသုံးပြုမယ်ဆိုရင် အထဲက ယူနီကွန်းဆံခြည်မွေးဟာ ဝမ်းနည်းညှိုးငယ်လာပြီး နောက်ဆုံးမှာတော့ သေဆုံးသွားကာ လုံးဝ အလုပ်မလုပ်တော့ဘူး ဖြစ်သွားတတ်ပါတယ်။ ဘယ်လို လွဲမှားစွာ အသုံးပြုမိလို့ ဆံခြည်မွေးက သေဆုံးတဲ့အထိ ဖြစ်သွားရသလည်းဆိုတာကို တွေးတောကြည့်မယ်ဆိုရင်တော့ မှော်နှင်တံက လက်မခံတဲ့ dark magic တွေကို ထပ်ခါတလဲလဲ ပြုလုပ်တာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကတော့ Harry Potter ထဲက ယူနီကွန်းဆံခြည်မွေး အူတိုင်နဲ့ မှော်နှင်တံတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားအကြောင်းအရာ၊ အချက်အလက်တွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ျမင္းခႏၶာကိုယ္မွာ ဦးခ်ိဳတစ္ေခ်ာင္းနဲ႔ ယူနီကြန္းေတြဟာ Harry Potter ရဲ့ ေမွာ္ေလာကထဲမွာတင္ မဟုတ္ဘဲ အျပင္ေလာကမွာလည္း အခ်စ္ခံရဆုံး ေမွာ္သတၱဝါတစ္မ်ိဳး ျဖစ္ပါတယ္။ ယူနီကြန္းေတြဟာ စစ္မွန္သန႔္ရွင္းမွု၊ ေကာင္းမြန္မွု၊ က်က္သေရရွိ တင့္တယ္မွုေတြနဲ႔ ပုံေဖာ္ခံရေလ့ ရွိၿပီး Harry Potter franchise ထဲမွာလည္း ဒီအခ်က္ေတြကိုပဲ ထည့္သြင္းအသုံးျပဳထားတာ ေတြ႕ရပါတယ္။

Harry Potter ဇာတ္ကားေတြထဲမွာေတာ့ ယူနီကြန္းေတြကို ပထမဆုံး ေတြ႕ျမင္ရခ်ိန္ဟာ အေမွာင္သခင္ႀကီး Voldemort က သူအသက္ဆက္ရွင္နိုင္ဖို႔အတြက္ ယူနီကြန္းေတြကို သတ္ျဖတ္ေနခ်ိန္မွာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ယူနီကြန္းေတြရဲ့ စြမ္းအားကို အသုံးျပဳဖို႔ရာ သူတို႔ကို သတ္ျဖတ္ဖို႔အထိ မလိုအပ္ပါဘူး။ ယူနီကြန္းေတြကို မထိခိုက္ေစဘဲ သူတို႔ရဲ့ စြမ္းအားကို ရယူသုံးစြဲနိုင္မယ့္ နည္းလမ္းတစ္ခုကေတာ့ သူတို႔ရဲ့ ဆံျခည္ေမြးကို wand လို႔ေခၚတဲ့ ေမွာ္ႏွင္တံထဲမွာ အူတိုင္အျဖစ္ ထည့္သြင္းသုံးစြဲျခင္းပဲ ျဖစ္ပါတယ္။

ေမွာ္ႏွင္တံအားလုံးဟာ သူတို႔ကို အသုံးျပဳထားတဲ့ အူတိုင္အမ်ိဳးအစားေပၚ မူတည္ၿပီး စြမ္းအားေတြလည္း ကြဲျပားပါတယ္။ (တကယ္ေတာ့ ေမွာ္ႏွင္တံတစ္ေခ်ာင္းရဲ့ စြမ္းအားဟာ အူတိုင္အျပင္ အသုံးျပဳထားတဲ့ သစ္အမ်ိဳးအစား၊ အရွည္၊ ပုံသ႑ာန္နဲ႔ လိုက္ေလ်ာညီေထြညီမွုေတြေပၚမွာလည္း မူတည္ေနပါတယ္။) ယူနီကြန္းဆံျခည္ေမြးနဲ႔ ျပဳလုပ္ထားတဲ့ ေမွာ္ႏွင္တံေတြကေတာ့ အလြန္ထူးျခား ကြဲျပားေစၿပီး Harry Potter ရဲ့ ေမွာ္ေလာကထဲမွာ ေပၚျပဴလာအျဖစ္ဆုံး အူတိုင္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ေမွာ္ႏွင္တံျပဳလုပ္ဖို႔ ယူနီကြန္းေတြက သူတို႔ရဲ့ဆံျခည္ေမြးကို ေပးစရာ မလိုအပ္ပါဘူး။
Photo Credit: Warner Bros. Pictures

ဇာတ္လမ္းထဲမွာ ေျပာထားတဲ့အတိုင္းဆိုရင္ တခ်ိဳ႕ေသာ ေမွာ္သတၱဝါေတြဟာ သူတို႔ရဲ့ အေမြး၊အေတာင္ေတြကို ေမွာ္ႏွင္တံထဲမွာ အူတိုင္အျဖစ္ အသုံးျပဳဖို႔ ေက်နပ္စြာ ေပးအပ္၊ လွူဒါန္းတတ္ၾကတယ္လို႔ ဆိုပါတယ္။ ဥပမာ Fawkes the phoenix လို သတၱဝါမ်ိဳး ျဖစ္ပါတယ္။ တခ်ိဳ႕ေမွာ္သတၱဝါေတြကေတာ့ ရွားပါးလြန္းတာ၊ ဒါမွမဟုတ္ သူတို႔ရဲ့ အေမြး၊အေတာင္ကို ရရွိဖို႔ အႏၲရာယ္မ်ားလြန္းတာေတြလည္း ရွိပါတယ္။ ဥပမာ Thestral ေတြရဲ့ အေမြးလိုမ်ိဳး ျဖစ္ပါတယ္။

သို႔ေသာ္လည္း ယူနီကြန္းဆံျခည္ေမြးကေတာ့ ရွာေဖြရ မခက္သလို သူတို႔ဆီက တိုက္ရိုက္ သြားယူစရာလည္း မလိုအပ္ပါဘူး။ လူေတြ ဆံပင္ကၽြတ္တတ္သလိုပဲ ယူနီကြန္းေတြဟာလည္း သူတို႔ရဲ့ ဆံျခည္ေမြးေတြကို အလိုေလ်ာက္ ကၽြတ္တတ္ၾကပါတယ္။ Hagrid က Harry ကို ေျပာျပခ်က္အရဆိုရင္ ေတာထဲက ခ်ဳံပုတ္ေတြေပၚမွာ ယူနီကြန္းဆံျခည္ေမြးေတြကို ေတြ႕ရေလ့ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း ေမွာ္ႏွင္တံထဲမွာ အူတိုင္အျဖစ္ ထည့္သြင္းသုံးစြဲဖို႔ဆိုရင္ ရွာေဖြရ အလြယ္ဆုံး ျဖစ္ေနတာပါ။

Harry Potter ထဲမွာ ဒုတိယလူႀကိဳက္အမ်ားဆုံး အူတိုင္ ျဖစ္ပါတယ္။
Photo Credit: Warner Bros. Pictures

ဇာတ္လမ္းတေလၽွာက္မွာ မတူညီတဲ့ ေမွာ္ႏွင္တံ အူတိုင္မ်ားစြာကို ေဖာ္ျပခဲ့ၿပီး ဇာတ္ေကာင္အမ်ားစုကေတာ့ နဂါးအသည္းညႇာ၊ သို႔မဟုတ္ ယူနီကြန္းဆံျခည္ေမြးကို အူတိုင္အျဖစ္ အသုံးျပဳထားတဲ့ ေမွာ္ႏွင္တံေတြကို ပိုင္ဆိုင္ထားၾကပါတယ္။

႐ုပ္ရွင္ထဲမွာေတာ့ Hermione ရဲ့ ေမွာ္ႏွင္တံ အပါအဝင္ နဂါးအသည္းညႇာနဲ႔ ျပဳလုပ္ထားတဲ့ ေမွာ္ႏွင္တံ (၁၄)ေခ်ာင္းခန႔္ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ယူနီကြန္းဆံျခည္ေမြးနဲ႔ ျပဳလုပ္ထားတဲ့ ေမွာ္ႏွင္တံကို ကိုင္ေဆာင္သူကေတာ့ ဇာတ္ေကာင္ (၁၀)ေယာက္ခန႔္ ရွိပါတယ္။ အဆိုပါ ဇာတ္ေကာင္ေတြထဲမွာေတာ့ Ron Weasley ၊ Cedric Diggory နဲ႔ Remus Lupin တို႔လည္း ပါဝင္ပါတယ္။

ဒီေမွာ္ႏွင္တံေတြဟာ တသမတ္တည္းအရွိဆုံး ေမွာ္စြမ္းအားကို ေပးပါတယ္။
Photo Credit: Warner Bros. Pictures

Wizarding World ဝက္ဘ္ဆိုဒ္ရဲ့ ေဖာ္ျပခ်က္အရ ေယဘူယ်အားျဖင့္ ယူနီကြန္းဆံျခည္ေမြးဟာ တသမတ္တည္း တည္ၿငိမ္ေသာ ေမွာ္စြမ္းအားကို ေပးစြမ္းနိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေမွာ္စြမ္းအား မတည္မၿငိမ္ ျဖစ္ေစတာ၊ ပိတ္ဆို႔ေစတာေတြကို ျဖစ္နိုင္ေခ် အနည္းဆုံး ေမွာ္ဝင္ပစၥည္းတစ္ခုလို႔လည္း ဆိုပါတယ္။ ဒါဟာ ယူနီကြန္းသတၱဝါေတြရဲ့ ေအးေဆးတည္ၿငိမ္ၿပီး ၿငိမ္းခ်မ္းတဲ့ ပင္ကိုသဘာဝေၾကာင့္ ျဖစ္ေပၚလာတဲ့ အစြမ္းသတၱိလို႔လည္း ေျပာနိုင္ပါတယ္။

သစၥာအရွိဆုံးလည္း ျဖစ္ပါတယ္။
Photo Credit: Warner Bros. Pictures

Dumbledore ၊ Snape ၊ Draco ၊ Voldemort နဲ႔ Harry တို႔ၾကားမွာ အဆင့္ဆင့္ ပိုင္ရွင္ကူးေျပာင္းခဲ့တဲ့ Elder Wand ရဲ့ ရွုပ္ေထြးတဲ့ ကူးေျပာင္းမွုေတြအရ ေမွာ္ႏွင္တံေတြဟာ လုံးဝမတူညီတဲ့ ေမွာ္ဆရာေတြဆီမွာလည္း တာဝန္ထမ္းရြက္ဖို႔ ေရြးခ်ယ္နိုင္ေၾကာင္း သိခဲ့ရပါတယ္။ သို႔‌ေသာ္လည္း ေမွာ္ႏွင္တံအားလုံးကေတာ့ အဲဒီလို ပိုင္ရွင္ကူးေျပာင္းတာမ်ိဳး မလုပ္တတ္ၾကပါဘူး။

ယူနီကြန္းဆံျခည္ေမြးနဲ႔ ေမွာ္ႏွင္တံေတြကေတာ့ ပိုင္ရွင္အေပၚမွာ သစၥာေစာင့္သိၾကၿပီး ေမွာ္ဆရာတစ္ေယာက္ရဲ့ စြမ္းအားေတြ၊ ကၽြမ္းက်င္မွုေတြနဲ႔ေတာင္ ဆြဲေဆာင္ သိမ္းသြင္းလို႔ မရနိုင္ဘူးလို႔ Wizarding World ဝက္ဘ္ဆိုဒ္က ေဖာ္ျပထားပါေသးတယ္။ ဒါဟာလည္း ယူနီကြန္းေတြရဲ့ ပင္ကိုသဘာဝနဲ႔ ဆက္စပ္ေနတဲ့ စြမ္းအားတစ္ခု ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ယူနီကြန္းေတြဟာ သစၥာအရွိဆုံး သတၱဝါေတြအျဖစ္ ဒ႑ာရီေတြထဲမွာ ေျပာစမွတ္ျပဳၾကတာေၾကာင့္ပါပဲ။

Dark Magic အျဖစ္ ေျပာင္းလဲဖို႔ အခက္ဆုံး ျဖစ္ပါတယ္။
Photo Credit: Warner Bros. Pictures

ယူနီကြန္းေတြရဲ့ မူလသဘာဝ ေကာင္းမြန္မွုနဲ႔ သန႔္စင္မွုတို႔ေၾကာင့္ မ်ားေသာအားျဖင့္ ယူနီကြန္းဆံျခည္ေမြးနဲ႔ ေမွာ္ႏွင္တံေတြကို ဆိုးညစ္တဲ့ ေအာက္လမ္းေမွာ္အတတ္ေတြ က်င့္သုံးတဲ့ ေမွာ္ဆရာေတြရဲ့လက္ထဲမွာ ေတြ႕ရေလ့ မရွိပါဘူး။ ဒီေမွာ္ႏွင္တံေတြဟာ dark magic အျဖစ္ ေျပာင္းလဲရအခက္ဆုံး ျဖစ္ၿပီး တကယ္လို႔ စြမ္းအားႀကီးတဲ့ ေမွာ္ဆရာတစ္ေယာက္က ရေအာင္ ေျပာင္းလဲလိုက္နိုင္ရင္လည္း တားျမစ္ထားတဲ့ က်ိန္စာေတြနဲ႔ dark spell ေတြကို အသုံးျပဳတဲ့အခါ ဒီေမွာ္ႏွင္တံနဲ႔ ဘယ္လိုမွ သုံးလို႔ အဆင္ေျပနိုင္မွာ မဟုတ္ပါဘူး။

Draco ရဲ့ တကယ့္စိတ္ရင္းအမွန္ကို အရိပ္အႁမြက္ ျပေပးထားခဲ့ပါတယ္။
Photo Credit: Warner Bros. Pictures

စိတ္ဝင္စားစရာေကာင္းတာကေတာ့ Draco ကို ကိုင္ေဆာင္တဲ့ ေမွာ္ႏွင္တံဟာ ေဟာ္သြန္းသစ္နဲ႔ ျပဳလုပ္ထားၿပီး ယူနီကြန္းဆံျခည္ေမြးကို အူတိုင္အျဖစ္ အသုံးျပဳထားတာပါ။ ဒါဟာ သူ႔ရဲ့ တကယ့္ စိတ္ရင္းအမွန္ကို အရိပ္အႁမြက္ ျပသထားတာလည္း ျဖစ္နိုင္ပါတယ္။

ကနဦးမွာေတာ့ Draco ကို ေအာက္လမ္း ေမွာ္ဆရာတစ္ေယာက္အျဖစ္ ထင္စရာရွိခဲ့ၾကေပမယ့္ ေနာက္ပိုင္း ဇာတ္လမ္းေတြ ဆက္လာတာနဲ႔အမၽွ သူဟာ ေဘးက တခ်ိန္လုံး ေျပာၾကား၊ လမ္းညႊန္ခ်က္ေတြအရ ေနထိုင္ခဲ့ရတဲ့ ပ်က္စီးေနတဲ့ ေကာင္ေလးတစ္ေယာက္သာ ျဖစ္ေၾကာင္း ရွင္းလင္းေစခဲ့ပါတယ္။

သူဟာ ေက်ာင္းမွာ သူတစ္ပါးကို အနိုင္က်င့္တတ္တဲ့ ကေလးဆိုးတစ္ေယာက္ ျဖစ္ေပမယ့္လည္း လူေတြကို တကယ္ နာက်င္ေအာင္ ျပဳလုပ္ဖို႔အထိေတာ့ ႐ုန္းကန္ေနရတာကို ေတြ႕နိုင္ပါတယ္။ ေနာက္ဆုံးစာအုပ္ေတြထဲမွာေတာ့ Draco ဟာ ႐ုန္းထြက္ရခက္တဲ့ အေျခအေန၊ အက်ပ္အတည္းေတြထဲ ေရာက္ေနခဲ့ၿပီး ထိတ္လန႔္ေနခဲ့ကာ Death Eaters ေတြဆီကေတာင္ ထြက္ခြာခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ့ ေမွာ္ႏွင္တံက သူဟာ လုံးဝဆိုးယုတ္တဲ့ မိစၧာတစ္ေယာက္ မဟုတ္ဘူးဆိုတာ သက္ေသျပေနခဲ့တာ ျဖစ္နိုင္ပါတယ္။

ယူနီကြန္းဆံျခည္ေမြးဟာ ေမွာ္ႏွင္တံထဲမွာ ေသဆုံးသြားနိုင္ပါတယ္။
Photo Credit: Warner Bros. Pictures

Harry Potter ပရိသတ္ေတြကေတာ့ ေမွာ္ႏွင္တံေတြဟာ က်ိဳးပဲ့ပ်က္စီးနိုင္ေၾကာင္း သိရွိၾကၿပီးသားပါ။ သို႔ေသာ္လည္း ယူနီကြန္းဆံျခည္ေမြးနဲ႔ ေမွာ္ႏွင္တံေတြကေတာ့ လြဲမွားစြာ အသုံးျပဳမိရင္ အထဲက အူတိုင္ဟာ ေသဆုံးသြားတတ္ပါတယ္။

ဒီေမွာ္ႏွင္တံေတြကို လြဲမွားစြာ ကိုင္တြယ္အသုံးျပဳမယ္ဆိုရင္ အထဲက ယူနီကြန္းဆံျခည္ေမြးဟာ ဝမ္းနည္းညႇိုးငယ္လာၿပီး ေနာက္ဆုံးမွာေတာ့ ေသဆုံးသြားကာ လုံးဝ အလုပ္မလုပ္ေတာ့ဘူး ျဖစ္သြားတတ္ပါတယ္။ ဘယ္လို လြဲမွားစြာ အသုံးျပဳမိလို႔ ဆံျခည္ေမြးက ေသဆုံးတဲ့အထိ ျဖစ္သြားရသလည္းဆိုတာကို ေတြးေတာၾကည့္မယ္ဆိုရင္ေတာ့ ေမွာ္ႏွင္တံက လက္မခံတဲ့ dark magic ေတြကို ထပ္ခါတလဲလဲ ျပဳလုပ္တာမ်ိဳးေၾကာင့္ ျဖစ္နိုင္ပါတယ္။

ဒါကေတာ့ Harry Potter ထဲက ယူနီကြန္းဆံျခည္ေမြး အူတိုင္နဲ႔ ေမွာ္ႏွင္တံေတြရဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာတခ်ိဳ႕ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိထားတဲ့ အျခားအေၾကာင္းအရာ၊ အခ်က္အလက္ေတြ ရွိရင္လည္း ျပန္လည္ေဝမၽွခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular