HomeCelebs Update NewsInternationalလေလံတင်ပြီး လှူဒါန်းသွားမယ့် Harry Potter ရဲ့ မျက်မှန်နဲ့ မှော်နှင်တံများ 

လေလံတင်ပြီး လှူဒါန်းသွားမယ့် Harry Potter ရဲ့ မျက်မှန်နဲ့ မှော်နှင်တံများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Harry Potter ဇာတ်ကားတွေထဲမှာ မင်းသား Daniel Radcliffe အသုံးပြုခဲ့တဲ့ မျက်မှန်တွေနဲ့ မှော်နှင်တံတွေကို ယခုလ နှောင်းပိုင်းမှာ လေလံတင်သွားမှာ ဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Harry Potter ဇာတ်ကားတွေထဲမှာ ဇာတ်လိုက် Harry Potter ဝတ်ဆင် အသုံးပြုခဲ့တဲ့ မျက်မှန်တွေနဲ့ မှော်နှင်တံတွေကို ဒေါ်လာထောင်နဲ့ချီပြီး လေလံတင်သွားဖို့ စီစဉ်ထားပါတယ်။ Harry Potter ဇာတ်လမ်းတွေဟာ ဝတ္ထုတွေအဖြစ်နဲ့လည်း သောက်သောက်လဲ အောင်မြင်ခဲ့သလို ရုပ်ရှင် ပြန်ရိုက်တဲ့အခါမှာလည်း တခဲနက် အားပေးမှုတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါတင်မက ဗွီဒီယိုဂိမ်းအဖြစ် ထုတ်လုပ်တော့လည်း အားပေးသူ ပရိသတ်များစွာကို ရရှိခဲ့ပါသေးတယ်။

Photo via IMDb

ဇာတ်ကောင်နဲ့ သရုပ်ဆောင်မှုတို့ ထပ်တူကျခဲ့တာကြောင့် ပရိသတ်တွေဟာ Harry Potter လို့ ဆိုလိုက်တာနဲ့ Daniel Radcliffe ကို ပြေးမြင်မိကြတဲ့အထိ ဆွဲဆောင်စေခဲ့တဲ့ ဒီဇာတ်လမ်းမှာ ဇာတ်လိုက် Harry ရဲ့ မျက်မှန်နဲ့ မှော်နှင်တံတွေဟာလည်း အဓိကကျတဲ့ နေရာက ပါဝင်နေပါတယ်။

The Irish News သတင်းဌာနရဲ့ ဖော်ပြချက်အရ Daniel Radcliffe ဝတ်ဆင် အသုံးပြုခဲ့တဲ့ မျက်မှန်တွေနဲ့ မှော်နှင်တံတွေကို ယခုလကုန်မှာ လော့စ်အိန်ဂျလိစ်က The Prop Store မှာ လေလံတင်သွားမယ်လို့ သိရပါတယ်။ လေလံတင်ရာက ရရှိမယ့် ငွေကြေးတွေကိုတော့ J. K. Rowling ရဲ့ Lumos charity ကို လှူဒါန်းသွားမယ်လို့ ဆိုထားပြီး ခန့်မှန်းချေ ဒေါ်လာ ရှစ်ထောင်ကနေ ဒေါ်လာ တစ်သောင်းဝန်းကျင်ခန့် ရရှိမယ်လို့ မျှော်မှန်းထားကြပါတယ်။

Photo via IMDb

Lumos charity ကတော့ ၂၀၀၅ခုနှစ်မှာ J. K. Rowling တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကတော့ မိဘနဲ့၊ မိသားစုနဲ့အတူ မနေနိုင်ဘဲ အစိုးရဂေဟာတွေမှာ နေထိုင်ကြီးပြင်းရတဲ့ တစ်ကမ္ဘာလုံးက ကလေးသူငယ်တွေအတွက် ပြုစုစောင့်ရှောက်မှု ပေးပြီး ချစ်ခြင်းမေတ္တာနဲ့ အိမ်တစ်ခု ပိုင်ဆိုင်စေဖို့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Linda December

Source: screenrant

(Zawgyi Version)

Harry Potter ဇာတ္ကားေတြထဲမွာ မင္းသား Daniel Radcliffe အသုံးျပဳခဲ့တဲ့ မ်က္မွန္ေတြနဲ႔ ေမွာ္ႏွင္တံေတြကို ယခုလ ေႏွာင္းပိုင္းမွာ ေလလံတင္သြားမွာ ျဖစ္ၿပီး ရရွိလာတဲ့ ေငြေၾကးေတြကို လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

Harry Potter ဇာတ္ကားေတြထဲမွာ ဇာတ္လိုက္ Harry Potter ဝတ္ဆင္ အသုံးျပဳခဲ့တဲ့ မ်က္မွန္ေတြနဲ႔ ေမွာ္ႏွင္တံေတြကို ေဒၚလာေထာင္နဲ႔ခ်ီၿပီး ေလလံတင္သြားဖို႔ စီစဥ္ထားပါတယ္။ Harry Potter ဇာတ္လမ္းေတြဟာ ဝတၳဳေတြအျဖစ္နဲ႔လည္း ေသာက္ေသာက္လဲ ေအာင္ျမင္ခဲ့သလို ႐ုပ္ရွင္ ျပန္႐ိုက္တဲ့အခါမွာလည္း တခဲနက္ အားေပးမႈေတြနဲ႔ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ ဒါတင္မက ဗြီဒီယိုဂိမ္းအျဖစ္ ထုတ္လုပ္ေတာ့လည္း အားေပးသူ ပရိသတ္မ်ားစြာကို ရရွိခဲ့ပါေသးတယ္။

Photo via IMDb

ဇာတ္ေကာင္နဲ႔ သ႐ုပ္ေဆာင္မႈတို႔ ထပ္တူက်ခဲ့တာေၾကာင့္ ပရိသတ္ေတြဟာ Harry Potter လို႔ ဆိုလိုက္တာနဲ႔ Daniel Radcliffe ကို ေျပးျမင္မိၾကတဲ့အထိ ဆြဲေဆာင္ေစခဲ့တဲ့ ဒီဇာတ္လမ္းမွာ ဇာတ္လိုက္ Harry ရဲ႕ မ်က္မွန္နဲ႔ ေမွာ္ႏွင္တံေတြဟာလည္း အဓိကက်တဲ့ ေနရာက ပါဝင္ေနပါတယ္။

The Irish News သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Daniel Radcliffe ဝတ္ဆင္ အသုံးျပဳခဲ့တဲ့ မ်က္မွန္ေတြနဲ႔ ေမွာ္ႏွင္တံေတြကို ယခုလကုန္မွာ ေလာ့စ္အိန္ဂ်လိစ္က The Prop Store မွာ ေလလံတင္သြားမယ္လို႔ သိရပါတယ္။ ေလလံတင္ရာက ရရွိမယ့္ ေငြေၾကးေတြကိုေတာ့ J. K. Rowling ရဲ႕ Lumos charity ကို လႉဒါန္းသြားမယ္လို႔ ဆိုထားၿပီး ခန႔္မွန္းေခ် ေဒၚလာ ရွစ္ေထာင္ကေန ေဒၚလာ တစ္ေသာင္းဝန္းက်င္ခန႔္ ရရွိမယ္လို႔ ေမွ်ာ္မွန္းထားၾကပါတယ္။

Photo via IMDb

Lumos charity ကေတာ့ ၂၀၀၅ခုႏွစ္မွာ J. K. Rowling တည္ေထာင္ထားတဲ့ ပရဟိတအဖြဲ႕အစည္းတစ္ခု ျဖစ္ပါတယ္။ ဒီအဖြဲ႕အစည္းကေတာ့ မိဘနဲ႔၊ မိသားစုနဲ႔အတူ မေနႏိုင္ဘဲ အစိုးရေဂဟာေတြမွာ ေနထိုင္ႀကီးျပင္းရတဲ့ တစ္ကမာၻလုံးက ကေလးသူငယ္ေတြအတြက္ ျပဳစုေစာင့္ေရွာက္မႈ ေပးၿပီး ခ်စ္ျခင္းေမတၱာနဲ႔ အိမ္တစ္ခု ပိုင္ဆိုင္ေစဖို႔ ေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။

Linda December

Source: screenrant

 

RELATED ARTICLES

Most Popular