HomeEntertainmentFilmDisney ရဲ့ အသစ်ထွက်ရှိလာမယ့် Haunted Mansion ရုပ်ရှင်

Disney ရဲ့ အသစ်ထွက်ရှိလာမယ့် Haunted Mansion ရုပ်ရှင်

Haunted Mansion ရုပ်ရှင်ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ Reboot ပြန်လည်ဖန်တီးထားတဲ့ ရုပ်ရှင်အသစ် ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Single Mother တစ်ယောက်ဟာ ဇိမ်ခံစံအိမ်ကြီးတစ်လုံးကို ဝယ်ယူပြီးနောက်မှာ အဲဒီစံအိမ်ကြီးက သရဲခြောက်နေတာကို သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ ရနိုင်သမျှ လူတွေအားလုံးကိုခေါ်ပြီး အကူအညီတောင်းပါတော့တယ်။ ဒီမှာတင် ဘုန်းတော်ကြီးတစ်ပါး၊ သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ သမိုင်းပါမောက္ခတစ်ယောက်တို့ ပူးပေါင်းပြီး ဒီအိမ်ကြီးထဲက သရဲတွေနဲ့ ရင်ဆိုင်ကြပါတော့တယ်။

photo credit Disney

ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်ထားပါတယ်။ Single Mother နဲ့ သူမရဲ့သားဖြစ်သူတို့ နေရာမှာတော့ Rosario Dawson နဲ့ Chase Dillon တို့က ပါဝင်ထားပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီးအဖြစ် Owen Wilson ၊ သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်သူအဖြစ် LaKeith Stanfield နဲ့ သမိုင်းပါမောက္ခအဖြစ် Danny DeVito တို့က အသီးသီး ပါဝင်ထားကြပါတယ်။ ဒါတင်မကသေးဘဲ Jared Leto ကတော့ သရဲနေရာက ပါဝင်ထားပါသေးတယ်။

ယခုအချိန်မှာတော့ Disney ဟာ ဒီရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကို ထုတ်ပေးထားပါတယ်။ ဒီထွေလာထဲမှာတော့ Single Mother တစ်ယောက်နဲ့ သူမရဲ့သားကို ကူညီပေးဖို့ ရောက်လာတဲ့ လူတွေကပါ ဒီစံအိမ်ကြီးထဲက သရဲတွေပေါင်းစုံနဲ့တွေ့ပြီး ဒုက္ခရောက်နေတာကို တွေ့ရပါတယ်။ ဒီထွေလာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဒီရုပ်ရှင်ကတော့ သရဲခြောက်တဲ့ အိမ်အကြောင်း ဆိုပေမယ့်လည်း Disney ရဲ့ ဖန်တီးမှုဖြစ်တာကြောင့် တကယ်ကြီး Horror ဆန်ဆန် မြင်တွေ့ရမှာ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ကြည့်ရှုနိုင်မယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ အားလပ်ချိန်မှာ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး လာမယ့် ဇူလိုင်လအတွင်းမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular