HomeAnimeSeven Deadly Sins: Hawk နဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့အချက်များ 

Seven Deadly Sins: Hawk နဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့အချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Seven Deadly Sins ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်အများစုဟာ အင်မတန် ကြမ်းတမ်းပြီး ပရိသတ်တွေကို ဟင်ခနဲဟာခနဲ ဖြစ်သွားစေလောက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုမျိူး ကြမ်းတမ်းလွန်းတဲ့ ဇာတ်ကောင်တွေကြားထဲမှာမှ ဘာစွမ်းအားမှ သိပ်မရှိဘဲ အမြဲတမ်းဟာသတွေပဲ ဖြစ်နေပြီး လူစကားပြောတတ်တဲ့ Hawk ဆိုတဲ့ ဝက်တစ်ကောင်လည်း ပါဝင်ပါတယ်။ သူ ပါဝင်တဲ့အခန်းတွေဆိုရင် အမြဲလိုလို ရယ်နေရပေမယ့်လည်း Hawk ဟာ တကယ်အခက်အခဲတွေနဲ့ ကြုံတွေ့လာရရင် အားကိုးရသူတစ်ဦး ဖြစ်ပါတယ်။ သူငယ်ချင်းတွေရဲ့ အသက်ကို ကယ်တင်ဖို့ဆိုရင်လည်း သူ့အသက်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဝက်ကလေး Hawk အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

သူဟာ Purgatory မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
photo via cbr

Purgatory ဆိုတာကတော့ သက်ရှိတွေနေထိုင်တဲ့ နေရာနဲ့ တမလွန်ရဲ့ ကြားထဲမှာ တည်ရှိနေတဲ့ ဒိုင်မေးရှင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီနေရာကတော့ ဘယ်လိုသက်ရှိမဆို အသက်ရှင်သန် နေထိုင်ဖို့အတွက် မဖြစ်နိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း ဘယ်လိုမှကို အသက်ရှင်သန်ဖို့အတွက် မသင့်တော်တဲ့ နေရာ ဖြစ်ပါတယ်။ Merlin ရဲ့ အဖေဆိုရင် Purgatory ထဲကို မိနစ်ပိုင်းလေး ဝင်ရောက်သွားပြီး ပြန်ထွက်လာနိုင်ခဲ့တာတောင် နှစ်ပေါင်းများစွာ အသက်ကြီးတဲ့ ပုံစံဖြစ်နေပြီး နောက်ဆုံးမှာ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ပုံမှန်သက်ရှိတွေ နေထိုင်တဲ့နေရာနဲ့ Purgatory ရဲ့ အချိန်ကုန်ဆုံးပုံချင်းလည်း မတူပါဘူး။ ဒါ့အပြင် Merlin ရဲ့ ပြောစကားအရဆိုရင် Purgatory ထဲကို ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့သူဟာ သူ့ရဲ့အဖေတစ်ယောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Hawk ဟာ Purgatory မှာ မွေးဖွားခဲ့ပြီး ရှင်သန်နိုင်ခဲ့တယ် ဆိုတာကတော့ ယုံချင်စရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။

သူဟာ အသက်(၁၆)နှစ် ရှိပြီ ဖြစ်ပါတယ်။
photo via cbr

Hawk ရဲ့ မွေးဖွားတဲ့ နေရာကို ပြောပြပြီးပြီ ဖြစ်တာကြောင့် အခုတော့ သူ့ရဲ့ အသက်ကို ပြောဖို့ပဲ ကျန်ပါတော့တယ်။ သူ့ရဲ့အသက်ဟာ (၁၆)နှစ် ဖြစ်ပြီးတော့ မင်းသမီး Elizabeth နဲ့ အသက်တူတူပဲ ဖြစ်ပါတယ်။ Seven Deadly Sins ထဲမှာဆိုရင်တော့ သူဟာ အသက်ငယ်ဆုံး အဖွဲ့ဝင် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အဲ့ဒီအဖွဲ့ထဲမှာ စွမ်းအားအနည်းဆုံးနဲ့ အရယ်ရဆုံး ဇာတ်ကောင် ဆိုတာကတော့ ငြင်းလို့မရတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ နာမည်အရင်းဟာ Mild ဖြစ်ပါတယ်။
photo via cbr

Hawk ဟာ သူ့ရဲ့ နာမည်အရင်း မဟုတ်ဘဲ တကယ့်နာမည်အစစ်ကတော့ Mild ပဲ ဖြစ်ပါတယ်။ ဒီနာမည်ဟာ သူ့ကို မွေးပြီးပြီးချင်းမှာ ပေးခဲ့တဲ့ နာမည်တစ်ခု ဖြစ်ပြီး Purgatory ကနေ သက်ရှိတွေ နေထိုင်တဲ့ နေရာကို သူ့ရဲ့အမေက ခေါ်လာတဲ့ အချိန်မှသာ Hawk လို့ ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Purgatory ကနေ ထွက်လာပြီးကတည်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောထဲမှာ နေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူဟာ လမ်းဘေးမှာ သတိလစ်နေတဲ့အချိန်မှာ Meliodas နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ စွန့်စားခန်း အစပြုခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် (၃၀၉)ပေါင် ရှိပါတယ်။
photo via cbr

သူ့ရဲ့ အရွယ်အစားဟာ အရမ်းမကြီးမားပေမယ့်လည်း အလေးချိန် (၃၀၉)ပေါင်တောင် ရှိပါတယ်။ (၃၀၉)ပေါင်ဆိုတဲ့အလေးချိန်ဟာ သာမန်လူတွေအတွက်ဆိုရင် အင်မတန် လေးတာကြောင့် သူ့ကိုမ,ဖို့တောင် ခက်ခဲနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Meliodas နဲ့ Escanor တို့လို အရမ်းစွမ်းအားကြီးသူတွေအတွက်ကျတော့ Hawk ကို ငှက်မွေးလေးတစ်ခုကို မ,သလို လွယ်လွယ်ကူကူ မ,နိုင်တာ ဖြစ်ပါတယ်။

သူ့မှာ အစ်ကိုတစ်ယောက် ရှိပါသေးတယ်။
photo via cbr

တကယ်တော့ Hawk ဟာ တစ်ဦးတည်းသော ကလေးတစ်ယောက် မဟုတ်ဘဲနဲ့ Wild လို့ ခေါ်တဲ့ အစ်ကိုတစ်ယောက် ရှိပါသေးတယ်။ သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ အရမ်းချစ်ကြပြီးတော့ Wild ကတော့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ အမြဲတမ်း ကာကွယ်ပေးလေ့ရှိပါတယ်။ တစ်ရက်မှာတော့ စိတ်မကောင်းစရာပဲ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ Demon King ကြောင့် ကွဲကွာသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Wild ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ညီဖြစ်သူကို Purgatory ထဲမှာ ရှာဖွေနေခဲ့ပါတယ်။

သူကိုယ်တိုင်တောင် မသိဘဲ Demon King ရဲ့ စပိုင်တစ်ယောက် ဖြစ်နေပါတယ်။
photo via cbr

Hawk ဟာ Purgatory ကနေ ထွက်လာခဲ့ရတဲ့ အကြောင်းအရင်းတစ်ခု ရှိပါတယ်။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒကြောင့်တော့ မဟုတ်ပါဘူး။ Demon King ဟာ Hawk ကို သူ့ရဲ့အစ်ကိုလက်ထဲကနေ ပြန်ပေးဆွဲခဲ့ပြီး Meliodas ကို စပိုင်လုပ်လို့ရအောင် လူတွေနေထိုင်တဲ့ နေရာကို ပို့ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Demon King ဟာ Hawk ကနေတစ်ဆင့် Meliodas ကို အမြဲစောင့်ကြည့်နေပြီး သူဟာ Purgatory နဲ့ လူတွေနေထိုင်တဲ့ ကမ္ဘာကို ဆက်သွယ်ထားတဲ့ သက်ရှိ portal တစ်ခု ဖြစ်နေခဲ့ပါတယ်။

သူဟာ ဝက်တစ်ကောင် မဟုတ်ပါဘူး။
photo via cbr

သူရဲ့ပုံစံဟာ ဝက်နဲ့ဆင်တူပြီး ဝက်တစ်ကောင်လို စားသောက်ပေမယ့်လည်း တကယ်တော့ သူဟာ ဝက်မဟုတ်ပါဘူး။ သူဟာ Purgatory မှာ နေထိုင်တဲ့ ဝက်နဲ့ဆင်တူတဲ့ သတ္တဝါတစ်ကောင် ဖြစ်ပါတယ်။ သူဟာ စွမ်းအားနည်းပေမယ့်လည်း သေစေနိုင်လောက်တဲ့ အခြေအနေတစ်ချို့ကနေ လွတ်မြောက်လာခဲ့ဖူးပြီး ထင်ထားတာထက် ပိုပြီး အကြမ်းခံတာကို မြင်တွေ့ခဲ့ရပါတယ်။

အကြောင်းကတော့ သူဟာ Purgatory မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး Purgatory ရဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရတာကြောင့် တော်ရုံတန်ရုံလောက်ကို ခံနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပုံစံပြောင်းနိုင်တဲ့ စွမ်းအားနဲ့ Hendrickson ရဲ့ သေစေနိုင်တဲ့ တိုက်ခိုက်မှုမှာ ရှင်သန်နိုင်ခဲ့တဲ့ အကြောင်းတွေရဲ့ အဖြေကတော့ သူဟာ ဝက်တစ်ကောင်မဟုတ်ဘဲ ဝက်နဲ့တူတဲ့ Purgatory မှာ နေထိုင်တဲ့ သတ္တဝါ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Seven Deadly Sins ဇာတ္လမ္းတြဲထဲက ဇာတ္ေကာင္အမ်ားစုဟာ အင္မတန္ ၾကမ္းတမ္းၿပီး ပရိသတ္ေတြကို ဟင္ခနဲဟာခနဲ ျဖစ္သြားေစေလာက္တဲ့ စြမ္းအားေတြကို ပိုင္ဆိုင္ထားၾကပါတယ္။ ဒီလိုမ်ိဴး ၾကမ္းတမ္းလြန္းတဲ့ ဇာတ္ေကာင္ေတြၾကားထဲမွာမွ ဘာစြမ္းအားမွ သိပ္မရွိဘဲ အၿမဲတမ္းဟာသေတြပဲ ျဖစ္ေနၿပီး လူစကားေျပာတတ္တဲ့ Hawk ဆိုတဲ့ ဝက္တစ္ေကာင္လည္း ပါဝင္ပါတယ္။ သူ ပါဝင္တဲ့အခန္းေတြဆိုရင္ အၿမဲလိုလို ရယ္ေနရေပမယ့္လည္း Hawk ဟာ တကယ္အခက္အခဲေတြနဲ႔ ႀကဳံေတြ႕လာရရင္ အားကိုးရသူတစ္ဦး ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြရဲ႕ အသက္ကို ကယ္တင္ဖို႔ဆိုရင္လည္း သူ႔အသက္ကိုေတာင္ စြန႔္လႊတ္ဖို႔ ဝန္မေလးသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ဝက္ကေလး Hawk အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

သူဟာ Purgatory မွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။
photo via cbr

Purgatory ဆိုတာကေတာ့ သက္ရွိေတြေနထိုင္တဲ့ ေနရာနဲ႔ တမလြန္ရဲ႕ ၾကားထဲမွာ တည္ရွိေနတဲ့ ဒိုင္ေမးရွင္းတစ္ခု ျဖစ္ပါတယ္။ အဲ့ဒီေနရာကေတာ့ ဘယ္လိုသက္ရွိမဆို အသက္ရွင္သန္ ေနထိုင္ဖို႔အတြက္ မျဖစ္ႏိုင္တဲ့ ေနရာတစ္ခုျဖစ္ၿပီး ပတ္ဝန္းက်င္ကလည္း ဘယ္လိုမွကို အသက္ရွင္သန္ဖို႔အတြက္ မသင့္ေတာ္တဲ့ ေနရာ ျဖစ္ပါတယ္။ Merlin ရဲ႕ အေဖဆိုရင္ Purgatory ထဲကို မိနစ္ပိုင္းေလး ဝင္ေရာက္သြားၿပီး ျပန္ထြက္လာႏိုင္ခဲ့တာေတာင္ ႏွစ္ေပါင္းမ်ားစြာ အသက္ႀကီးတဲ့ ပုံစံျဖစ္ေနၿပီး ေနာက္ဆုံးမွာ ေသဆုံးသြားခဲ့ပါတယ္။

ဒါ့အျပင္ ပုံမွန္သက္ရွိေတြ ေနထိုင္တဲ့ေနရာနဲ႔ Purgatory ရဲ႕ အခ်ိန္ကုန္ဆုံးပုံခ်င္းလည္း မတူပါဘူး။ ဒါ့အျပင္ Merlin ရဲ႕ ေျပာစကားအရဆိုရင္ Purgatory ထဲကို ဝင္သြားၿပီး အသက္ရွင္လ်က္ ျပန္ထြက္လာႏိုင္တဲ့သူဟာ သူ႔ရဲ႕အေဖတစ္ေယာက္ပဲ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ Hawk ဟာ Purgatory မွာ ေမြးဖြားခဲ့ၿပီး ရွင္သန္ႏိုင္ခဲ့တယ္ ဆိုတာကေတာ့ ယုံခ်င္စရာ ေကာင္းခ်င္မွ ေကာင္းပါလိမ့္မယ္။

သူဟာ အသက္(၁၆)ႏွစ္ ရွိၿပီ ျဖစ္ပါတယ္။
photo via cbr

Hawk ရဲ႕ ေမြးဖြားတဲ့ ေနရာကို ေျပာျပၿပီးၿပီ ျဖစ္တာေၾကာင့္ အခုေတာ့ သူ႔ရဲ႕ အသက္ကို ေျပာဖို႔ပဲ က်န္ပါေတာ့တယ္။ သူ႔ရဲ႕အသက္ဟာ (၁၆)ႏွစ္ ျဖစ္ၿပီးေတာ့ မင္းသမီး Elizabeth နဲ႔ အသက္တူတူပဲ ျဖစ္ပါတယ္။ Seven Deadly Sins ထဲမွာဆိုရင္ေတာ့ သူဟာ အသက္ငယ္ဆုံး အဖြဲ႕ဝင္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ အဲ့ဒီအဖြဲ႕ထဲမွာ စြမ္းအားအနည္းဆုံးနဲ႔ အရယ္ရဆုံး ဇာတ္ေကာင္ ဆိုတာကေတာ့ ျငင္းလို႔မရတဲ့ အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕ နာမည္အရင္းဟာ Mild ျဖစ္ပါတယ္။
photo via cbr

Hawk ဟာ သူ႔ရဲ႕ နာမည္အရင္း မဟုတ္ဘဲ တကယ့္နာမည္အစစ္ကေတာ့ Mild ပဲ ျဖစ္ပါတယ္။ ဒီနာမည္ဟာ သူ႔ကို ေမြးၿပီးၿပီးခ်င္းမွာ ေပးခဲ့တဲ့ နာမည္တစ္ခု ျဖစ္ၿပီး Purgatory ကေန သက္ရွိေတြ ေနထိုင္တဲ့ ေနရာကို သူ႔ရဲ႕အေမက ေခၚလာတဲ့ အခ်ိန္မွသာ Hawk လို႔ ေျပာင္းလဲေပးခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ Purgatory ကေန ထြက္လာၿပီးကတည္းက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေတာထဲမွာ ေနထိုင္ခဲ့ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ လမ္းေဘးမွာ သတိလစ္ေနတဲ့အခ်ိန္မွာ Meliodas နဲ႔ ေတြ႕ဆုံခဲ့ၿပီး သူတို႔ရဲ႕ စြန႔္စားခန္း အစျပဳခဲ့တာ ျဖစ္ပါတယ္။

အေလးခ်ိန္ (၃၀၉)ေပါင္ ရွိပါတယ္။
photo via cbr

သူ႔ရဲ႕ အ႐ြယ္အစားဟာ အရမ္းမႀကီးမားေပမယ့္လည္း အေလးခ်ိန္ (၃၀၉)ေပါင္ေတာင္ ရွိပါတယ္။ (၃၀၉)ေပါင္ဆိုတဲ့အေလးခ်ိန္ဟာ သာမန္လူေတြအတြက္ဆိုရင္ အင္မတန္ ေလးတာေၾကာင့္ သူ႔ကိုမ,ဖို႔ေတာင္ ခက္ခဲေနမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Meliodas နဲ႔ Escanor တို႔လို အရမ္းစြမ္းအားႀကီးသူေတြအတြက္က်ေတာ့ Hawk ကို ငွက္ေမြးေလးတစ္ခုကို မ,သလို လြယ္လြယ္ကူကူ မ,ႏိုင္တာ ျဖစ္ပါတယ္။

သူ႔မွာ အစ္ကိုတစ္ေယာက္ ရွိပါေသးတယ္။
photo via cbr

တကယ္ေတာ့ Hawk ဟာ တစ္ဦးတည္းေသာ ကေလးတစ္ေယာက္ မဟုတ္ဘဲနဲ႔ Wild လို႔ ေခၚတဲ့ အစ္ကိုတစ္ေယာက္ ရွိပါေသးတယ္။ သူတို႔ ညီအစ္ကိုႏွစ္ေယာက္ဟာ အရမ္းခ်စ္ၾကၿပီးေတာ့ Wild ကေတာ့ အစ္ကိုႀကီးတစ္ေယာက္အေနနဲ႔ အၿမဲတမ္း ကာကြယ္ေပးေလ့ရွိပါတယ္။ တစ္ရက္မွာေတာ့ စိတ္မေကာင္းစရာပဲ သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ Demon King ေၾကာင့္ ကြဲကြာသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Wild ဟာ သူ႔ရဲ႕ ေပ်ာက္ဆုံးသြားတဲ့ ညီျဖစ္သူကို Purgatory ထဲမွာ ရွာေဖြေနခဲ့ပါတယ္။

သူကိုယ္တိုင္ေတာင္ မသိဘဲ Demon King ရဲ႕ စပိုင္တစ္ေယာက္ ျဖစ္ေနပါတယ္။
photo via cbr

Hawk ဟာ Purgatory ကေန ထြက္လာခဲ့ရတဲ့ အေၾကာင္းအရင္းတစ္ခု ရွိပါတယ္။ ဒါဟာ သူ႔ရဲ႕ ကိုယ္ပိုင္ဆႏၵေၾကာင့္ေတာ့ မဟုတ္ပါဘူး။ Demon King ဟာ Hawk ကို သူ႔ရဲ႕အစ္ကိုလက္ထဲကေန ျပန္ေပးဆြဲခဲ့ၿပီး Meliodas ကို စပိုင္လုပ္လို႔ရေအာင္ လူေတြေနထိုင္တဲ့ ေနရာကို ပို႔ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Demon King ဟာ Hawk ကေနတစ္ဆင့္ Meliodas ကို အၿမဲေစာင့္ၾကည့္ေနၿပီး သူဟာ Purgatory နဲ႔ လူေတြေနထိုင္တဲ့ ကမာၻကို ဆက္သြယ္ထားတဲ့ သက္ရွိ portal တစ္ခု ျဖစ္ေနခဲ့ပါတယ္။

သူဟာ ဝက္တစ္ေကာင္ မဟုတ္ပါဘူး။
photo via cbr

သူရဲ႕ပုံစံဟာ ဝက္နဲ႔ဆင္တူၿပီး ဝက္တစ္ေကာင္လို စားေသာက္ေပမယ့္လည္း တကယ္ေတာ့ သူဟာ ဝက္မဟုတ္ပါဘူး။ သူဟာ Purgatory မွာ ေနထိုင္တဲ့ ဝက္နဲ႔ဆင္တူတဲ့ သတၱဝါတစ္ေကာင္ ျဖစ္ပါတယ္။ သူဟာ စြမ္းအားနည္းေပမယ့္လည္း ေသေစႏိုင္ေလာက္တဲ့ အေျခအေနတစ္ခ်ိဳ႕ကေန လြတ္ေျမာက္လာခဲ့ဖူးၿပီး ထင္ထားတာထက္ ပိုၿပီး အၾကမ္းခံတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အေၾကာင္းကေတာ့ သူဟာ Purgatory မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး Purgatory ရဲ႕ ၾကမ္းတမ္းတဲ့ ပတ္ဝန္းက်င္မွာ ရွင္သန္ခဲ့ရတာေၾကာင့္ ေတာ္႐ုံတန္႐ုံေလာက္ကို ခံႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ ပုံစံေျပာင္းႏိုင္တဲ့ စြမ္းအားနဲ႔ Hendrickson ရဲ႕ ေသေစႏိုင္တဲ့ တိုက္ခိုက္မႈမွာ ရွင္သန္ႏိုင္ခဲ့တဲ့ အေၾကာင္းေတြရဲ႕ အေျဖကေတာ့ သူဟာ ဝက္တစ္ေကာင္မဟုတ္ဘဲ ဝက္နဲ႔တူတဲ့ Purgatory မွာ ေနထိုင္တဲ့ သတၱဝါ ျဖစ္ေနတာေၾကာင့္ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular