HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲနောက်ကွယ်က ပရိသတ်တွေ မသိသေးတဲ့ အချက်များ

Hawkeye ဇာတ်လမ်းတွဲနောက်ကွယ်က ပရိသတ်တွေ မသိသေးတဲ့ အချက်များ

Hawkeye ဇာတ်လမ်းတွဲဟာ မကြာခင်ကပဲ ဇာတ်သိမ်းသွားပြီ ဖြစ်ပြီး Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲထဲက Kingpin လည်း ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Kate Bishop နဲ့ Echo တို့လို ဇာတ်ကောင်အသစ်တွေကို မြင်တွေ့ခဲ့ရသလို Yelena Belova လည်း ပြန်လည်ပါဝင်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Hawkeye ဇာတ်လမ်းတွဲနောက်ကွယ်က စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) အပိုင်းသုံးထဲက ကားတွေနဲ့ တိုက်ခိုက်ကြတဲ့ အခန်းဟာ တစ်ဆက်တည်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။
photo via screenrant

အပိုင်းသုံးထဲမှာတော့ Clint နဲ့ Kate တို့ကို Tracksuit Mafia တွေက ကားတွေနဲ့ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Jeremy Renner ဟာ အဲ့ဒီဇာတ်ဝင်ခန်းတွေကို မနားဘဲ တစ်ဆက်တည်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီဇာတ်ဝင်ခန်းဟာ ကြည့်လို့ကောင်းနေတာ ဖြစ်ပြီး တော်တော်လေး ပျော်ဖို့ကောင်းပါတယ်လို့ ပြောခဲ့ပါသေးတယ်။

(2) Jeremy Renner ဟာ Live Action Role Playing ဇာတ်ဝင်ခန်းကို တကယ်သဘောကျခဲ့ပါတယ်။
photo via screenrant

Clint ဟာ Ronin ဝတ်စုံကို ပြန်လည်ရယူဖို့ ကြိုးစားနေရင်းနဲ့ Live Action Role Playing ထဲက တစ်ယောက်ဟာ အဲ့ဒီဝတ်စုံကို ရရှိထားတာ သိလိုက်ပါတယ်။ ဒါကြောင့်လည်း သူဟာ အဲ့ဒီဝတ်စုံကို ပြန်လည်ရယူချင်တာကြောင့် LARP ထဲမှာ ပါဝင်ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Clint ဟာ အခုလိုမျိူး ပြုလုပ်ခဲ့ရတာကို စိတ်ရှုပ်တဲ့ပုံစံ ပြနေပေမယ့်လည်း Jeremy Renner ကတော့ ဒီဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်ရတာကို တကယ်သဘောကျခဲ့ပါတယ်။

(3) Hailee Steinfeld ဟာ မြားပစ်ပညာကို လေ့လာစရာ မလိုခဲ့ပါဘူး။
photo via screenrant

Young Avengers တစ်ယောက် ဖြစ်လာနိုင်တဲ့ Kate Bishop နေရာမှာတော့ Hailee Steinfeld ဟာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကောင်ဟာ လေးနဲ့ မြားကို အဓိက အသုံးပြုသူ ဖြစ်ပေမယ့်လည်း Hailee ကတော့ မြားပစ်ပညာကို လေ့လာစရာ မလိုခဲ့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် Jeremy Renner ကလည်း မြားပစ်ပညာကို လေ့လာစရာ မလိုခဲ့ဘူးလို့ ပြောခဲ့ပါသေးတယ်။

(4) သရုပ်ဆောင်တွေဟာ အဆုံးသတ်မှာ သူတို့ရဲ့ ဇာတ်ကောင် ဘာဖြစ်မလဲ ဆိုတာ မသိကြပါဘူး။
photo via screenrant

ပုံမှန်ဆိုရင်တော့ သရုပ်ဆောင်တွေဟာ သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ရဲ့ ဇာတ်လမ်းကို အစအဆုံး သိထားပြီး အဲ့ဒီအချက်ကြောင့်လည်း သရုပ်ဆောင်တဲ့အချိန်မှာ ပိုမိုအဆင်ပြေစေပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ အဆုံးသတ်မှာ သူတို့ရဲ့ ဇာတ်ကောင် ဘာဖြစ်သွားမလဲ ဆိုတာကို မသိခဲ့ဘူးလို့ Jack Duquesne သရုပ်ဆောင်ထားတဲ့ Tony Dalton က ပြောပြခဲ့ပါတယ်။

(5) Rogers: The Musical လည်း မပါဝင်လုနီးပါး ဖြစ်ခဲ့ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲက အပိုင်းတစ်မှာ မြင်တွေ့ခဲ့ရတဲ့ Rogers: The Musical ဇာတ်ဝင်ခန်းကလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ဝင်ခန်းထဲမှာ ပါဝင်ပါတယ်။ တကယ်တော့ အစတုန်းက ဒီဇာတ်ဝင်ခန်းကို ဖန်တီးဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ အဲ့ဒီနေရာမှာတော့ တစ်ခြားဇာတ်ဝင်ခန်းတစ်ခုကို ဖန်တီးဖို့ စီစဉ်ခဲ့ပါတယ်။ (Avengers တွေနဲ့ ပတ်သက်ပြီး ပရောဂျက်လုပ်ဖို့အတွက် Avengers တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Clint ကလွဲရင် ဘယ်သူမှ ရောက်မလာခဲ့ပါဘူး။) နောက်ပိုင်းကျမှသာ ဒီဇာတ်ဝင်ခန်းကနေ Rogers: The Musical ကို ဖန်တီးဖို့ အကြံရသွားတာ ဖြစ်ပါတယ်။

(6) Jeremy Renner ဟာ သူ့ရဲ့သမီးကြောင့် Clint နေရာက နှုတ်ထွက်ဖို့ ပြုလုပ်ခဲ့ဖူးပါတယ်။
photo via screenrant

Jeremy Renner ဟာ သူ့ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Clint လိုပဲ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မိသားစုကို ဦးစားပေးတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Jeremy ဟာ သူ့သမီးဖြစ်သူနဲ့ အတူတူရှိနေဖို့ အချိန်မရရင် ဘယ်ပရောဂျက်ကိုမှ လက်ခံလေ့ မရှိဘဲ MCU ပရောဂျက်တွေမှာ ပါဝင်နေရင်း ရရှိတဲ့ အားလပ်ချိန်အနည်းငယ်ကို သူ့ရဲ့သမီးနဲ့အတူ ကုန်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Jeremy ဟာ သူ့ရဲ့သမီးကို အပတ်တိုင်း မတွေ့ရဘူးဆိုရင် Clint ဇာတ်ကောင်ကို လူစားထိုးလိုက်ပါလို့တောင် Marvel ကို ပြောခဲ့ဖူးပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular