HomeEntertainmentFilmHawkeye အပိုင်း(၄)ထဲမှာ Kate Bishop ဟာ Yelena ကို ဘာကြောင့် မြားနဲ့မပစ်ခဲ့တာလဲ

Hawkeye အပိုင်း(၄)ထဲမှာ Kate Bishop ဟာ Yelena ကို ဘာကြောင့် မြားနဲ့မပစ်ခဲ့တာလဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

***Spoiler Alert***

Hawkeye ဇာတ်လမ်းတွဲရဲ့ အပိုင်း(၄)ထဲမှာတော့ Yelena Belova စတင်ပါဝင်လာပြီ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ Hawkeye ရဲ့ ပထမဆုံး ဆိုလိုပရောဂျက် ဖြစ်ပြီး Kate Bishop ကိုလည်း ပရိသတ်တွေနဲ့ ပထမဆုံး မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ တဖြည်းဖြည်း တိုးတက်လာတာကို မြင်တွေ့ခဲ့ရပြီး အခုနောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းထဲမှာတော့ Black Widow ရုပ်ရှင်ရဲ့ Credit-Scene ထဲမှာ ပြသသွားတဲ့ နောက်ဆက်တွဲအဖြစ် Yelena လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

photo via screenrant

အပိုင်း(၄) ပြီးဆုံးခါနီးအချိန်မှာတော့ Clint နဲ့ Kate တို့ဟာ Echo ရဲ့ နေအိမ်ဆီကိုသွားပြီး ပထမပိုင်းမှာ ခိုးယူခံလိုက်ရတဲ့ နာရီကို ပြန်သွားယူကြပါတယ်။ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာဘဲ Kate ဟာ Echo နဲ့ အိမ်ထဲမှာ တိုက်ခိုက်နေရပြီး Clint ကတော့ မျက်နှာချင်းဆိုင်က အိမ်ခေါင်မိုးပေါ်မှာ Yelena နဲ့ တိုက်ခိုက်နေရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့လေးယောက်လုံး ခေါင်မိုးပေါ်ကို ရောက်သွားပြီး တိုက်ခိုက်ကြပါတော့တယ်။ ဇာတ်ဝင်ခန်းရဲ့ တစ်နေရာမှာတော့ Kate ဟာ Yelena ကို မြားနဲ့ ပစ်ခွင့်ရခဲ့ပေမယ့်လည်း မပစ်ခဲ့ဘဲ လွတ်‌မြောက်စေခဲ့ပါတယ်။

Kate ဟာ Yelena ကို မပစ်ခဲ့ပေမယ့်လည်း Echo ကိုတော့ ပုခုံးကို ထိမှန်သွားအောင် ပစ်ခဲ့ပြီး ခေါင်မိုးပေါ်က ထွက်ပြေးသွားစေခဲ့ပါတယ်။ ဒါကြောင့်ပဲ Kate ဟာ Yelena ကိုလည်း အလားတူပဲ ပြုလုပ်နိုင်ခဲ့ပေမယ့် မြားနဲ့မပစ်ခဲ့တဲ့ အချက်ကတော့ မေးစရာ ဖြစ်လာပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ အစောပိုင်းမှာ Clint က Kate ကို ပြောပြခဲ့တဲ့ စကားတစ်ခွန်းကြောင့် ဖြစ်နိုင်ပါတယ်။

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Kate ဟာ Clint ပစ်ခဲ့တဲ့ မြားချက်တွေထဲမှာ ဘယ်တစ်ခုက အကောင်းဆုံးလည်းလို့ မေးမြန်းခဲ့ပြီး Clint ကတော့ လုံးဝမပစ်ခဲ့တဲ့ မြားချက်က အကောင်းဆုံးပဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ Clint ပြောသွားတာကတော့ သူဟာ Natasha ကို သတ်ပစ်ဖို့ အမိန့်ရခဲ့တုန်းက မသတ်နိုင်ခဲ့တဲ့ အချက်ကို ဆိုလိုတာဖြစ်ပြီး Natasha ဟာ Black Widow အနေနဲ့ မနေချင်တော့ဘူးလို့ သူ ခံစားခဲ့ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။

ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ Kate ဟာလည်း Yelena ကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာ အလားတူပဲ ခံစားမိသွားတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း Kate ဟာ Yelena ကို မြားနဲ့မပစ်ခဲ့တာလို့ ယူဆနိုင်ပြီး နောက်ပိုင်းမှာတော့ Kate နဲ့ Yelena တို့ဟာ ရန်သူတွေ ဖြစ်လာမလား၊ မိတ်ဆွေတွေ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Hawkeye ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၄)ထဲမွာေတာ့ Yelena Belova စတင္ပါဝင္လာၿပီ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကေတာ့ Hawkeye ရဲ႕ ပထမဆုံး ဆိုလိုပေရာဂ်က္ ျဖစ္ၿပီး Kate Bishop ကိုလည္း ပရိသတ္ေတြနဲ႔ ပထမဆုံး မိတ္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။ အေစာပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးေတြ တျဖည္းျဖည္း တိုးတက္လာတာကို ျမင္ေတြ႕ခဲ့ရၿပီး အခုေနာက္ဆုံးထြက္ရွိထားတဲ့ အပိုင္းထဲမွာေတာ့ Black Widow ႐ုပ္ရွင္ရဲ႕ Credit-Scene ထဲမွာ ျပသသြားတဲ့ ေနာက္ဆက္တြဲအျဖစ္ Yelena လည္း ပါဝင္လာၿပီ ျဖစ္ပါတယ္။

photo via screenrant

အပိုင္း(၄) ၿပီးဆုံးခါနီးအခ်ိန္မွာေတာ့ Clint နဲ႔ Kate တို႔ဟာ Echo ရဲ႕ ေနအိမ္ဆီကိုသြားၿပီး ပထမပိုင္းမွာ ခိုးယူခံလိုက္ရတဲ့ နာရီကို ျပန္သြားယူၾကပါတယ္။ စီစဥ္ထားတဲ့အတိုင္း မျဖစ္လာဘဲ Kate ဟာ Echo နဲ႔ အိမ္ထဲမွာ တိုက္ခိုက္ေနရၿပီး Clint ကေတာ့ မ်က္ႏွာခ်င္းဆိုင္က အိမ္ေခါင္မိုးေပၚမွာ Yelena နဲ႔ တိုက္ခိုက္ေနရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ေလးေယာက္လုံး ေခါင္မိုးေပၚကို ေရာက္သြားၿပီး တိုက္ခိုက္ၾကပါေတာ့တယ္။ ဇာတ္ဝင္ခန္းရဲ႕ တစ္ေနရာမွာေတာ့ Kate ဟာ Yelena ကို ျမားနဲ႔ ပစ္ခြင့္ရခဲ့ေပမယ့္လည္း မပစ္ခဲ့ဘဲ လြတ္‌ေျမာက္ေစခဲ့ပါတယ္။

Kate ဟာ Yelena ကို မပစ္ခဲ့ေပမယ့္လည္း Echo ကိုေတာ့ ပုခုံးကို ထိမွန္သြားေအာင္ ပစ္ခဲ့ၿပီး ေခါင္မိုးေပၚက ထြက္ေျပးသြားေစခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Kate ဟာ Yelena ကိုလည္း အလားတူပဲ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ျမားနဲ႔မပစ္ခဲ့တဲ့ အခ်က္ကေတာ့ ေမးစရာ ျဖစ္လာပါတယ္။ ျဖစ္ႏိုင္ေခ်ရွိတာကေတာ့ အေစာပိုင္းမွာ Clint က Kate ကို ေျပာျပခဲ့တဲ့ စကားတစ္ခြန္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Kate ဟာ Clint ပစ္ခဲ့တဲ့ ျမားခ်က္ေတြထဲမွာ ဘယ္တစ္ခုက အေကာင္းဆုံးလည္းလို႔ ေမးျမန္းခဲ့ၿပီး Clint ကေတာ့ လုံးဝမပစ္ခဲ့တဲ့ ျမားခ်က္က အေကာင္းဆုံးပဲလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ Clint ေျပာသြားတာကေတာ့ သူဟာ Natasha ကို သတ္ပစ္ဖို႔ အမိန႔္ရခဲ့တုန္းက မသတ္ႏိုင္ခဲ့တဲ့ အခ်က္ကို ဆိုလိုတာျဖစ္ၿပီး Natasha ဟာ Black Widow အေနနဲ႔ မေနခ်င္ေတာ့ဘူးလို႔ သူ ခံစားခဲ့ရတယ္လို႔လည္း ေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ျဖစ္ႏိုင္တာကေတာ့ Kate ဟာလည္း Yelena ကို ျမင္ေတြ႕လိုက္ရတဲ့ အခ်ိန္မွာ အလားတူပဲ ခံစားမိသြားတာ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္လည္း Kate ဟာ Yelena ကို ျမားနဲ႔မပစ္ခဲ့တာလို႔ ယူဆႏိုင္ၿပီး ေနာက္ပိုင္းမွာေတာ့ Kate နဲ႔ Yelena တို႔ဟာ ရန္သူေတြ ျဖစ္လာမလား၊ မိတ္ေဆြေတြ ျဖစ္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular