HomeEntertainmentFilmအင်တာနက်ပေါ်မှာ ကသောင်းကနင်းတွေ ဖြစ်သွားစေမယ်ဆိုတဲ့ Hawkeye အပိုင်း(၅)

အင်တာနက်ပေါ်မှာ ကသောင်းကနင်းတွေ ဖြစ်သွားစေမယ်ဆိုတဲ့ Hawkeye အပိုင်း(၅)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ ထွက်ရှိလာမယ့် Hawkeye ဇာတ်လမ်းတွဲရဲ့ အပိုင်း(၅)ဟာ အင်တာနက်ကြီးတစ်ခုလုံးကို ဗြောင်းဆန်ပြီး ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားစေလိမ့်မယ်လို့ ပြောနေပါတယ်။

Disney+ က ထုတ်လွှင့်နေတဲ့ Marvel ဇာတ်လမ်းတွဲတွေထဲမှာ Hawkeye ကတော့ ငါးခုမြောက်ဇာတ်လမ်းတွဲ ဖြစ်ပြီး အခုဆိုရင်တော့ အပိုင်းလေးပိုင်း ထွက်ရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စုစုပေါင်း အပိုင်း(၆)ပိုင်းပဲ ထွက်ရှိမှာ ဖြစ်ပြီး နောက်ထပ် နှစ်ပိုင်းပဲ ထွက်ရှိဖို့ ကျန်ပါတော့တယ်။

photo via screenrant

အပိုင်းနှစ်ပိုင်းပဲ ထွက်ရှိဖို့ ကျန်တော့ပေမယ့်လည်း Hawkeye ဇာတ်လမ်းတွဲဟာ ပရိသတ်တွေ သိချင်နေတဲ့ မေးခွန်းတွေကို ဖြေကြားခြင်း မရှိသေးပါဘူး။ ဥပမာပြောရရင် Elenor Bishop နဲ့ Jack Duquesne တို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ Yelena Belova ကရော ဘာကြောင့် လာတိုက်ခိုက်ခဲ့တာလည်းဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်အဝင်စားဆုံးအချက်ကတော့ Kingpin ကရော တကယ် ပါဝင်လာမှာလားဆိုတာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်လောကထဲက နှံ့စပ်သူလည်းဖြစ်၊ TV Line သတင်းဌာနရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ Matt Webb Mitovich ဟာ မကြာသေးခင်ကပဲ Hawkeye ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာအချို့ကို ပြောပြခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ အပိုင်း(၅) ထုတ်လွှင့်ပြီးတာနဲ့ အွန်လိုင်းမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားစေမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေဟာ အပိုင်း(၅)ထဲမှာ ဘာတွေကို မြင်တွေ့ရနိုင်တယ် ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

photo via screenrant

Disney+ က ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲတွေဟာ ဇာတ်သိမ်းနားမှာတော့ ဖုံးကွယ်ထားတဲ့ တစ်ခုခုကို အမြဲတမ်း  ပြသလေ့ရှိပါတယ်။ WandaVision ထဲမှာတော့ Wanda ဟာ Vision ကို ဘယ်လိုမျိူး အသက်ပြန်သွင်းခဲ့တယ်ဆိုတာနဲ့ Westview ကို Hex အဖြစ် ဘယ်လို ပြောင်းလဲခဲ့လည်း ဆိုတာတွေကို ပြသခဲ့ပါတယ်။

Loki ထဲမှာဆိုလည်း He Who Remains ကို မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာ Kang the Conqueror ကို မြင်တွေ့ရနိုင်တဲ့အကြောင်းကို ပြသခဲ့ပါတယ်။ ဒါကြောင့်ပဲ Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ ဘယ်လိုအချက်တွေကို မြင်တွေ့ရမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

ဒီဇင္ဘာလ (၁၅)ရက္ေန႔မွာ ထြက္ရွိလာမယ့္ Hawkeye ဇာတ္လမ္းတြဲရဲ့ အပိုင္း(၅)ဟာ အင္တာနက္ႀကီးတစ္ခုလုံးကို ေျဗာင္းဆန္ၿပီး ႐ုတ္႐ုတ္သဲသဲေတြ ျဖစ္သြားေစလိမ့္မယ္လို႔ ေျပာေနပါတယ္။

Disney+ က ထုတ္လႊင့္ေနတဲ့ Marvel ဇာတ္လမ္းတြဲေတြထဲမွာ Hawkeye ကေတာ့ ငါးခုေျမာက္ဇာတ္လမ္းတြဲ ျဖစ္ၿပီး အခုဆိုရင္ေတာ့ အပိုင္းေလးပိုင္း ထြက္ရွိထားပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ စုစုေပါင္း အပိုင္း(၆)ပိုင္းပဲ ထြက္ရွိမွာ ျဖစ္ၿပီး ေနာက္ထပ္ ႏွစ္ပိုင္းပဲ ထြက္ရွိဖို႔ က်န္ပါေတာ့တယ္။

photo via screenrant

အပိုင္းႏွစ္ပိုင္းပဲ ထြက္ရွိဖို႔ က်န္ေတာ့ေပမယ့္လည္း Hawkeye ဇာတ္လမ္းတြဲဟာ ပရိသတ္ေတြ သိခ်င္ေနတဲ့ ေမးခြန္းေတြကို ေျဖၾကားျခင္း မရွိေသးပါဘူး။ ဥပမာေျပာရရင္ Elenor Bishop နဲ႔ Jack Duquesne တို႔ႏွစ္ေယာက္ရဲ့ လၽွို႔ဝွက္ခ်က္ေတြနဲ႔ Yelena Belova ကေရာ ဘာေၾကာင့္ လာတိုက္ခိုက္ခဲ့တာလည္းဆိုတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ စိတ္အဝင္စားဆုံးအခ်က္ကေတာ့ Kingpin ကေရာ တကယ္ ပါဝင္လာမွာလားဆိုတာပဲ ျဖစ္ပါတယ္။

႐ုပ္ရွင္ေလာကထဲက ႏွံ့စပ္သူလည္းျဖစ္၊ TV Line သတင္းဌာနရဲ့ အယ္ဒီတာခ်ဳပ္လည္း ျဖစ္တဲ့ Matt Webb Mitovich ဟာ မၾကာေသးခင္ကပဲ Hawkeye ဇာတ္လမ္းတြဲနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာအခ်ိဳ႕ကို ေျပာျပခဲ့ပါတယ္။ သူ႔ရဲ့ ေျပာၾကားခ်က္အရ အပိုင္း(၅) ထုတ္လႊင့္ၿပီးတာနဲ႔ အြန္လိုင္းမွာ ႐ုတ္႐ုတ္သဲသဲေတြ ျဖစ္သြားေစမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြဟာ အပိုင္း(၅)ထဲမွာ ဘာေတြကို ျမင္ေတြ႕ရနိုင္တယ္ ဆိုတာကိုေတာ့ မေျပာျပခဲ့ပါဘူး။

photo via screenrant

Disney+ က ထုတ္လႊင့္ေနတဲ့ ဇာတ္လမ္းတြဲေတြဟာ ဇာတ္သိမ္းနားမွာေတာ့ ဖုံးကြယ္ထားတဲ့ တစ္ခုခုကို အျမဲတမ္း  ျပသေလ့ရွိပါတယ္။ WandaVision ထဲမွာေတာ့ Wanda ဟာ Vision ကို ဘယ္လိုမ်ိဴး အသက္ျပန္သြင္းခဲ့တယ္ဆိုတာနဲ႔ Westview ကို Hex အျဖစ္ ဘယ္လို ေျပာင္းလဲခဲ့လည္း ဆိုတာေတြကို ျပသခဲ့ပါတယ္။

Loki ထဲမွာဆိုလည္း He Who Remains ကို ျမင္ေတြ႕ခဲ့ရၿပီး ေနာက္ပိုင္းမွာ Kang the Conqueror ကို ျမင္ေတြ႕ရနိုင္တဲ့အေၾကာင္းကို ျပသခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Hawkeye ဇာတ္လမ္းတြဲထဲမွာေတာ့ ဘယ္လိုအခ်က္ေတြကို ျမင္ေတြ႕ရမလဲ ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular