HomeEntertainmentFilmHorror ဇာတ်လမ်းတွေထဲက စွမ်းအားအကြီးဆုံး ဗီလိန်များ

Horror ဇာတ်လမ်းတွေထဲက စွမ်းအားအကြီးဆုံး ဗီလိန်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ဇာတ်လမ်းတွေအတွက် အရေးကြီးဆုံး ဇာတ်ကောင်ကတော့ ဗီလိန်တွေပဲ ဖြစ်ပါတယ်။ Horror ဇာတ်လမ်းအများစုမှာ ဇွန်ဘီတေွ၊ ဂြိုဟ်သားတွေ၊ သရဲတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ဆိုးရွားလွန်းတဲ့ လူသားတွေက ဗီလိန်အဖြစ်နဲ့ ပါဝင်ကြပါတယ်။ အဲ့ဒီဗီလိန်တစ်ယောက်စီတိုင်းမှာ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေနဲ့ နောက်ကြောင်းဇာတ်လမ်းတွေလည်း ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်ကလည်း စွမ်းအားချင်းတေွ မတူညီကြပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ horror ဇာတ်လမ်းတွေထဲမှာ ပါဝင်တဲ့ ဗီလိန်တွေထဲက စွမ်းအားအကြီးဆုံး ဗီလိန်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Sadako – The Ring
photo via screenrant

ဟောလိဝုဒ်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားထဲမှာတော့ Samara လို့ သိကြပြီး သူမဟာ ဝတ္ထုတွေနဲ့ ရုပ်ရှင်တွေထဲမှာ အဓိကဗီလိန်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ မတူညီတဲ့ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေထဲမှာ ပါဝင်ခဲ့တာကြောင့် ဇာတ်လမ်းတစ်ခုနဲ့ တစ်ခုမှာတော့ ကွာခြားတဲ့ အချက်လေးတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းတိုင်းမှာ တူညီတဲ့ အချက်တစ်ချက်တော့ ပါဝင်ပါတယ်။ အဲ့ဒါကတော့ သူမဟာ ရေတွင်းထဲကို ပစ်ချပြီး သတ်ခံခဲ့ရတဲ့ စိတ်စွမ်းအားရှိတဲ့ ကောင်မလေးရဲ့ ဝိဉာဉ်ပဲ ဖြစ်ပါတယ်။ သရဲတစ်ယောက်အနေနဲ့ သူမရဲ့ လက်စားချေမှုတွေကတော့ ဗွီဒီယိုနဲ့ အစပြုတာ ဖြစ်ပါတယ်။

အဲ့ဒီဗွီဒီယိုဟာ ဗိုင်းရပ်စ်တစ်ခုလိုပဲ အလုပ်လုပ်ပြီး အဲ့ဒီဗွီဒီယိုကို ကြည့်ပြီးသွားရင် တစ်ပတ်အတွင်းမှာ သင်ဟာ သေဆုံးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဗွီဒီယိုကို တစ်ခြားတစ်ယောက်ကို ပြလိုက်ရင်တော့ သင်ဟာ သေဆုံးမယ့်ကံကနေ လွတ်မြောက်နိုင်ပါတယ်။ သူမဟာ ငယ်ငယ်လေးနဲ့ အသတ်ခံလိုက်ရတာကြောင့် သနားကြတဲ့သူတွေလည်း ရှိပါတယ်။ သင်ဟာ အဲ့ဒီဗွီဒီယိုကို တစ်ခြားသူတွေကို ပြသပြီးတော့ သူမရဲ့ လက်စားချေခြင်းကနေ ရှောင်ရှားနိုင်ပေမယ့်လည်း လူမဆန်တဲ့သူတစ်ယောက် ဖြစ်သွားမှာ ဖြစ်ပါတယ်။

(6) The Demon – Annabelle
photo via screenrant

Annabelle အရုပ်ဟာ Conjuring ထဲမှာ စတင်ပါဝင်လာခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ Annabelle ဆိုပြီးတော့ spin-off ထွက်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Annabelle: Creation ထဲမှာတော့ ဒီအရုပ်ဟာ ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာကို ဖော်ပြခဲ့ပါတယ်။ အရုပ်ပြုလုပ်သူတစ်ယောက်ဟာ Annabelle လို့ခေါ်တဲ့ သူ့ရဲ့သမီးလေးအတွက် အရုပ်တစ်ရုပ်ကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ သိပ်မကြာခင်မှာ အဲ့ဒီကောင်မလေးဟာ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။

ဒီမှာတင် အဲ့ဒီကောင်မလေးရဲ့ မိဘတွေဟာ ယူကျုံးမရ ဝမ်းနည်းသွားပြီး သူတို့သမီးလေးကို ထပ်မံမြင်တွေ့ခွင့်ရဖို့အတွက် ဆုတောင်းခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ရဲ့ဆုတောင်းဟာ ပြည့်သွားပြီး အဲ့ဒီကောင်မလေးဟာ ပြန်လည်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ အဲ့ဒါဟာ သူတို့ရဲ့သမီးလေးမဟုတ်ဘဲ အရုပ်ထဲမှာပူးကပ်နေတဲ့ မကောင်းဆိုးဝါးဆိုတာကို သိလာခဲ့ရပါတယ်။ အဲ့ဒီမကောင်းဆိုးဝါးဟာ အလွန်စွမ်းအားကြီးပြီးတော့ သူ့ရဲ့ပုံသဏ္ဍာန်ကိုလည်း အမျိူးမျိူး ပြောင်းလဲဖန်တီးနိုင်ပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ သူဟာ အနိုင်ယူဖို့အတွက် ခက်ခဲတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေပါတယ်။

(5) Pennywise – It
photo via screenrant

Pennywise ရဲ့ အဓိကစွမ်းအားကတော့ သူ့ရဲ့ပုံသဏ္ဍာန်ကို အမျိူးမျိူး ပြောင်းလဲနိုင်တာ ဖြစ်ပြီးတော့ အဲ့ဒီစွမ်းအားကိုပဲ အဓိကထားပြီးတော့ အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် သူဟာ နေရာပေါင်းစုံမှာလည်း ပေါ်လာနိုင်ပြီးတော့ It ရုပ်ရှင်ထဲမှာဆိုရင်လည်း သူ့ကိုဇာတ်ဝင်ခန်း အများစုရဲ့ အနောက်မှာ မြင်တွေ့နိုင်ပါတယ်။ သူဟာ ပုံရိပ်ယောင်တွေကိုလည်း ဖန်တီးနိုင်သလို တစ်ခြားသူတွေကိုလည်း ပူးကပ်နိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒီစွမ်းအားတွေကြောင့်ပဲ သူဟာ အတော်လေးကို စွမ်းအားကြီးတဲ့ ဗီလိန်တစ်ယောက် ဖြစ်နေတာပါ။

(4) The Monster – It Follows
photo via screenrant

ဒီဟာကိုတော့ မကောင်းဆိုးဝါးလို့ပဲ ပြောလို့ရပြီး ဒီသတ္တဝါဟာ ဘာကြီးလည်း ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ဒီမကောင်းဆိုးဝါးနဲ့ပတ်သက်ပြီး သိထားတဲ့အချက်ကတော့ ဒီအကောင်ကြီး ခြောက်လန့်တာ ခံနေရတဲ့သူနဲ့ လိင်ဆက်ဆံမိသွားရင် ကျိန်စာလိုမျိူး ကူးစက်သွားတာပဲ ဖြစ်ပါတယ်။ အဲ့လိုမျိူး ကူးစက်သွားရင်တော့ ဒီမကောင်းဆိုးဝါးကြီးဟာ လူတစ်ယောက်လိုပုံစံနဲ့ သင့်ရဲ့အနောက်ကို အမြဲတမ်းလိုက်နေမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီမကောင်းဆိုးဝါးဟာ အနောက်ကနေပဲ လိုက်နေပြီးတော့ သင်တစ်ယောက်တည်းကပဲ သူ့ကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီမကောင်းဆိုးဝါးဟာ အခုလိုမျိူး ဒီစာရင်းရဲ့ အမြင့်ပိုင်းမှာ ရောက်နေတဲ့အချက်ကတော့ သူဟာ ဘာကြီးမှန်းလည်း မသိသလို သူ့ကို ဘယ်လိုအနိုင်ယူရမလည်း ဆိုတာကိုလည်း မသိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီမကောင်းဆိုးဝါးဟာ အလွန်ကြီးမားတဲ့ ခွန်အားတွေလည်း ရှိသလို ကူးစက်မိသွားပြီဆိုတာနဲ့ ကူးစက်ခံရသူ ခြေကုန်လက်ပန်းကျတဲ့အထိ အနောက်ကနေ တောက်လျှောက်လိုက်နေမှာပဲ ဖြစ်ပါတယ်။

(3) The Xenomorph – Alien
photo via screenrant

ဒီဂြိုဟ်သားတွေကတော့ ဒီစာရင်းထဲက တစ်ခြားဗီလိန်တွေနဲ့ အတော်လေးကို ကွာခြားပါတယ်။ အကြောင်းကတော့ သူတို့ဟာ လူပုံစံကို မဟုတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ မျက်လုံးတွေလည်း မရှိသလို အမြဲတမ်း သတ်ဖြတ်နေတဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုမျိူး နံပါတ်သုံးနေရာမှာ ရောက်နေရတဲ့ အကြောင်းကတော့ သူတို့ဟာ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဘဲ အမြဲတမ်း အသက်ရှင်သန်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသက်ရှင်သန်နိုင်တာကြောင့် ဘယ်နေရာမှာမဆို နေထိုင်နိုင်ကြပါတယ်။ သားပေါက်တွေအနေနဲ့ ဆိုရင်တော့ သူတို့တွေဟာ ကပ်ပါးကောင်တွေ ဖြစ်ကြပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့လက်ခံကောင်ကို သတ်ပစ်ကာ ကြောက်ဖို့ကောင်းတဲ့ လူသတ်စက်ကြီးအဖြစ် ကြီးပြင်းလာကြပါတယ်။

(2) သေခြင်းတရား – Final Destination
photo via screenrant

Final Destination ဇာတ်လမ်းတွေထဲမှာတော့ သေခြင်းတရားနဲ့ သေမင်းတို့ကို အကောင်အထည်လိုက်ကြီး မမြင်ရပေမယ့်လည်း ဒီထဲက ဇာတ်ကောင်တွေကတော့ သေခြင်းတရားကို သက်ရှိတစ်ယောက်လိုမျိူး မကြာခဏ ပြောဆိုကြပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အများစုဟာ သေခြင်းတရားရဲ့ လက်ကနေမလွတ်ဘဲ နည်းလမ်းပေါင်းစုံနဲ့ သေဆုံးကြတာကိုတော့ ဒီကားတွေ ကြည့်ထားတဲ့သူဆို သိကြမှာပါ။

ဇာတ်လမ်းအရတော့ တချို့ဇာတ်ကောင်တွေဟာ သေခြင်းတရားကနေ လွတ်မြောက်နိုင်ပြီး အသက်ရှင်နိုင်ခဲ့တာတွေ ရှိကြပါတယ်။ ဒီလိုလွတ်မြောက်ပြီး အသက်ရှင်နိုင်တယ်ဆိုပေမယ့်လည်း သူတို့ဟာ လူကောင်းအတိုင်း ရှင်သန်နိုင်တာ မဟုတ်ဘဲ စိတ်ရောဂါကုဆေးရုံတို့လို နေရာတွေကို ရောက်သွားပြီး ရှင်လျက် သေနေသလို နေထိုင်ခဲ့ရတဲ့အပြင် နောက်ဆုံးမှာတော့ သူတို့ဟာလည်း သေခြင်းတရားလက်ထဲကို ကျရောက်သွားကြရတာ ဖြစ်ပါတယ်။

(1) Kayako – The Grudge
photo via screenrant

Kayako ကတော့ ခင်ပွန်းဖြစ်သူရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ကာ ကံဆိုးပြီး သူမနဲ့တွေ့ဆုံလာသမျှ လူအားလုံးကို ကျိန်စာတိုက်ပြီး လက်စားချေ သတ်ဖြတ်တတ်သူ ဖြစ်ပါတယ်။ သူမနဲ့ပတ်သက်ပြီး ကြောက်ဖို့ကောင်းတဲ့ အချက်ကတော့ လူတွေကို နှိပ်စက်ပြီး သတ်ပစ်ချင်တဲ့ သူမရဲ့ရည်ရွယ်ချက်ဟာ အောင်မြင်သွားလို့ပဲ ဖြစ်ပါတယ်။ သူမ ပါဝင်တဲ့ ရုပ်ရှင်ကားတိုင်းဟာလည်း ပျော်စရာဇာတ်သိမ်းဆိုတာ မရှိခဲ့ပါဘူး။ ဒါ့အပြင် သူမဟာ လုံးဝကိုရှုံးနိမ့်ခဲ့ခြင်း မရှိတာကြောင့် အခုလို နံပါတ်တစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

စွမ်းအားအရဆိုရင်လည်း သူမဟာ သရဲတစ်ကောင်အနေနဲ့ဆို အင်မတန် စွမ်းအားကြီးလွန်းနေပါတယ်။ သူမဟာ reality တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တာကြောင့် သင်ဟာ သူမကို တိုက်ခိုက်လို့လည်း မရသလို၊ ထွက်ပြေးလို့လည်း မရပါဘူး။ ဒါ့အပြင် သူမဟာ လူတွေကို ပူးကပ်နိုင်သလို အကြောသေသွားအောင်လည်း ပြုလုပ်နိုင်ပါတယ်။ သာမန်လူတွေထက် အများကြီးသာလွန်တဲ့ အလျင်၊ တယ်လီပို့လုပ်နိုင်ခြင်း၊ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်ခြင်း၊ လုံးဝမသေဆုံးနိုင်ခြင်းနဲ့ တစ်ခြားသူတွေကို စိတ်ဖတ်နိုင်တဲ့အစွမ်းတွေ ရှိပါတယ်။ ဒီလိုစွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ သရဲတစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ သင်ဟာ ဘယ်လိုမှ ပြေးလို့လွတ်နိုင်မှာ မဟုတ်ပါဘူး။

ဒါကတော့ horror ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ဗီလိန်တွေထဲက စွမ်းအားအကြီးဆုံး ဗီလိန်တွေကို ရွေးချယ်ဖော်ပြထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ထည့်သွင်းချင်တဲ့ တစ်ခြားစွမ်းအားကြီး ဗီလိန်တွေရှိရင်လည်း comment မှာ ဖြည့်စွက်ပေးခဲ့ကြပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror ဇာတ္လမ္းေတြအတြက္ အေရးႀကီးဆုံး ဇာတ္ေကာင္ကေတာ့ ဗီလိန္ေတြပဲ ျဖစ္ပါတယ္။ Horror ဇာတ္လမ္းအမ်ားစုမွာ ဇြန္ဘီေတြ၊ ၿဂိဳဟ္သားေတြ၊ သရဲေတြ၊ မေကာင္းဆိုးဝါးေတြနဲ႔ ဆိုး႐ြားလြန္းတဲ့ လူသားေတြက ဗီလိန္အျဖစ္နဲ႔ ပါဝင္ၾကပါတယ္။ အဲ့ဒီဗီလိန္တစ္ေယာက္စီတိုင္းမွာ သူတို႔ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြနဲ႔ ေနာက္ေၾကာင္းဇာတ္လမ္းေတြလည္း ရွိၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း စြမ္းအားခ်င္းေတြ မတူညီၾကပါဘူး။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ horror ဇာတ္လမ္းေတြထဲမွာ ပါဝင္တဲ့ ဗီလိန္ေတြထဲက စြမ္းအားအႀကီးဆုံး ဗီလိန္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Sadako – The Ring
photo via screenrant

ေဟာလိဝုဒ္က ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားထဲမွာေတာ့ Samara လို႔ သိၾကၿပီး သူမဟာ ဝတၳဳေတြနဲ႔ ႐ုပ္ရွင္ေတြထဲမွာ အဓိကဗီလိန္အျဖစ္ ပါဝင္ခဲ့ဖူးပါတယ္။ မတူညီတဲ့ ႐ုပ္ရွင္ေတြနဲ႔ ဝတၳဳေတြထဲမွာ ပါဝင္ခဲ့တာေၾကာင့္ ဇာတ္လမ္းတစ္ခုနဲ႔ တစ္ခုမွာေတာ့ ကြာျခားတဲ့ အခ်က္ေလးေတြ ရွိပါတယ္။ ဒါေပမယ့္လည္း ဇာတ္လမ္းတိုင္းမွာ တူညီတဲ့ အခ်က္တစ္ခ်က္ေတာ့ ပါဝင္ပါတယ္။ အဲ့ဒါကေတာ့ သူမဟာ ေရတြင္းထဲကို ပစ္ခ်ၿပီး သတ္ခံခဲ့ရတဲ့ စိတ္စြမ္းအားရွိတဲ့ ေကာင္မေလးရဲ႕ ဝိဉာဥ္ပဲ ျဖစ္ပါတယ္။ သရဲတစ္ေယာက္အေနနဲ႔ သူမရဲ႕ လက္စားေခ်မႈေတြကေတာ့ ဗြီဒီယိုနဲ႔ အစျပဳတာ ျဖစ္ပါတယ္။

အဲ့ဒီဗြီဒီယိုဟာ ဗိုင္းရပ္စ္တစ္ခုလိုပဲ အလုပ္လုပ္ၿပီး အဲ့ဒီဗြီဒီယိုကို ၾကည့္ၿပီးသြားရင္ တစ္ပတ္အတြင္းမွာ သင္ဟာ ေသဆုံးရမွာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီဗြီဒီယိုကို တစ္ျခားတစ္ေယာက္ကို ျပလိုက္ရင္ေတာ့ သင္ဟာ ေသဆုံးမယ့္ကံကေန လြတ္ေျမာက္ႏိုင္ပါတယ္။ သူမဟာ ငယ္ငယ္ေလးနဲ႔ အသတ္ခံလိုက္ရတာေၾကာင့္ သနားၾကတဲ့သူေတြလည္း ရွိပါတယ္။ သင္ဟာ အဲ့ဒီဗြီဒီယိုကို တစ္ျခားသူေတြကို ျပသၿပီးေတာ့ သူမရဲ႕ လက္စားေခ်ျခင္းကေန ေရွာင္ရွားႏိုင္ေပမယ့္လည္း လူမဆန္တဲ့သူတစ္ေယာက္ ျဖစ္သြားမွာ ျဖစ္ပါတယ္။

(6) The Demon – Annabelle
photo via screenrant

Annabelle အ႐ုပ္ဟာ Conjuring ထဲမွာ စတင္ပါဝင္လာခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ Annabelle ဆိုၿပီးေတာ့ spin-off ထြက္ခဲ့ပါတယ္။ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Annabelle: Creation ထဲမွာေတာ့ ဒီအ႐ုပ္ဟာ ဘယ္လိုျဖစ္ေပၚလာတယ္ ဆိုတာကို ေဖာ္ျပခဲ့ပါတယ္။ အ႐ုပ္ျပဳလုပ္သူတစ္ေယာက္ဟာ Annabelle လို႔ေခၚတဲ့ သူ႔ရဲ႕သမီးေလးအတြက္ အ႐ုပ္တစ္႐ုပ္ကို ျပဳလုပ္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစြာနဲ႔ပဲ သိပ္မၾကာခင္မွာ အဲ့ဒီေကာင္မေလးဟာ ကားတိုက္ခံရၿပီး ေသဆုံးသြားပါတယ္။

ဒီမွာတင္ အဲ့ဒီေကာင္မေလးရဲ႕ မိဘေတြဟာ ယူက်ဳံးမရ ဝမ္းနည္းသြားၿပီး သူတို႔သမီးေလးကို ထပ္မံျမင္ေတြ႕ခြင့္ရဖို႔အတြက္ ဆုေတာင္းခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ရဲ႕ဆုေတာင္းဟာ ျပည့္သြားၿပီး အဲ့ဒီေကာင္မေလးဟာ ျပန္လည္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အဲ့ဒါဟာ သူတို႔ရဲ႕သမီးေလးမဟုတ္ဘဲ အ႐ုပ္ထဲမွာပူးကပ္ေနတဲ့ မေကာင္းဆိုးဝါးဆိုတာကို သိလာခဲ့ရပါတယ္။ အဲ့ဒီမေကာင္းဆိုးဝါးဟာ အလြန္စြမ္းအားႀကီးၿပီးေတာ့ သူ႔ရဲ႕ပုံသ႑ာန္ကိုလည္း အမ်ိဴးမ်ိဴး ေျပာင္းလဲဖန္တီးႏိုင္ပါတယ္။ အဲ့ဒီအခ်က္ေတြေၾကာင့္ပဲ သူဟာ အႏိုင္ယူဖို႔အတြက္ ခက္ခဲတဲ့ မေကာင္းဆိုးဝါးတစ္ေကာင္ ျဖစ္ေနပါတယ္။

(5) Pennywise – It
photo via screenrant

Pennywise ရဲ႕ အဓိကစြမ္းအားကေတာ့ သူ႔ရဲ႕ပုံသ႑ာန္ကို အမ်ိဴးမ်ိဴး ေျပာင္းလဲႏိုင္တာ ျဖစ္ၿပီးေတာ့ အဲ့ဒီစြမ္းအားကိုပဲ အဓိကထားၿပီးေတာ့ အသုံးျပဳေလ့ရွိပါတယ္။ ဒါ့အျပင္ သူဟာ ေနရာေပါင္းစုံမွာလည္း ေပၚလာႏိုင္ၿပီးေတာ့ It ႐ုပ္ရွင္ထဲမွာဆိုရင္လည္း သူ႔ကိုဇာတ္ဝင္ခန္း အမ်ားစုရဲ႕ အေနာက္မွာ ျမင္ေတြ႕ႏိုင္ပါတယ္။ သူဟာ ပုံရိပ္ေယာင္ေတြကိုလည္း ဖန္တီးႏိုင္သလို တစ္ျခားသူေတြကိုလည္း ပူးကပ္ႏိုင္တဲ့ စြမ္းအား ရွိပါတယ္။ ဒီစြမ္းအားေတြေၾကာင့္ပဲ သူဟာ အေတာ္ေလးကို စြမ္းအားႀကီးတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ေနတာပါ။

(4) The Monster – It Follows
photo via screenrant

ဒီဟာကိုေတာ့ မေကာင္းဆိုးဝါးလို႔ပဲ ေျပာလို႔ရၿပီး ဒီသတၱဝါဟာ ဘာႀကီးလည္း ဆိုတာကိုေတာ့ အတိအက် မသိရပါဘူး။ ဒီမေကာင္းဆိုးဝါးနဲ႔ပတ္သက္ၿပီး သိထားတဲ့အခ်က္ကေတာ့ ဒီအေကာင္ႀကီး ေျခာက္လန႔္တာ ခံေနရတဲ့သူနဲ႔ လိင္ဆက္ဆံမိသြားရင္ က်ိန္စာလိုမ်ိဴး ကူးစက္သြားတာပဲ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး ကူးစက္သြားရင္ေတာ့ ဒီမေကာင္းဆိုးဝါးႀကီးဟာ လူတစ္ေယာက္လိုပုံစံနဲ႔ သင့္ရဲ႕အေနာက္ကို အၿမဲတမ္းလိုက္ေနမွာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ အဲ့ဒီမေကာင္းဆိုးဝါးဟာ အေနာက္ကေနပဲ လိုက္ေနၿပီးေတာ့ သင္တစ္ေယာက္တည္းကပဲ သူ႔ကို ျမင္ရမွာ ျဖစ္ပါတယ္။ ဒီမေကာင္းဆိုးဝါးဟာ အခုလိုမ်ိဴး ဒီစာရင္းရဲ႕ အျမင့္ပိုင္းမွာ ေရာက္ေနတဲ့အခ်က္ကေတာ့ သူဟာ ဘာႀကီးမွန္းလည္း မသိသလို သူ႔ကို ဘယ္လိုအႏိုင္ယူရမလည္း ဆိုတာကိုလည္း မသိတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီမေကာင္းဆိုးဝါးဟာ အလြန္ႀကီးမားတဲ့ ခြန္အားေတြလည္း ရွိသလို ကူးစက္မိသြားၿပီဆိုတာနဲ႔ ကူးစက္ခံရသူ ေျခကုန္လက္ပန္းက်တဲ့အထိ အေနာက္ကေန ေတာက္ေလွ်ာက္လိုက္ေနမွာပဲ ျဖစ္ပါတယ္။

(3) The Xenomorph – Alien
photo via screenrant

ဒီၿဂိဳဟ္သားေတြကေတာ့ ဒီစာရင္းထဲက တစ္ျခားဗီလိန္ေတြနဲ႔ အေတာ္ေလးကို ကြာျခားပါတယ္။ အေၾကာင္းကေတာ့ သူတို႔ဟာ လူပုံစံကို မဟုတ္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ သူတို႔ေတြဟာ မ်က္လုံးေတြလည္း မရွိသလို အၿမဲတမ္း သတ္ျဖတ္ေနတဲ့ သတၱဝါေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုလိုမ်ိဴး နံပါတ္သုံးေနရာမွာ ေရာက္ေနရတဲ့ အေၾကာင္းကေတာ့ သူတို႔ဟာ ဘယ္တုန္းကမွ မရႈံးနိမ့္ခဲ့ဘဲ အၿမဲတမ္း အသက္ရွင္သန္ႏိုင္ခဲ့လို႔ပဲ ျဖစ္ပါတယ္။ သူတို႔ေတြဟာ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အသက္ရွင္သန္ႏိုင္တာေၾကာင့္ ဘယ္ေနရာမွာမဆို ေနထိုင္ႏိုင္ၾကပါတယ္။ သားေပါက္ေတြအေနနဲ႔ ဆိုရင္ေတာ့ သူတို႔ေတြဟာ ကပ္ပါးေကာင္ေတြ ျဖစ္ၾကၿပီး ေနာက္ပိုင္းမွာေတာ့ သူတို႔ရဲ႕လက္ခံေကာင္ကို သတ္ပစ္ကာ ေၾကာက္ဖို႔ေကာင္းတဲ့ လူသတ္စက္ႀကီးအျဖစ္ ႀကီးျပင္းလာၾကပါတယ္။

(2) ေသျခင္းတရား – Final Destination
photo via screenrant

Final Destination ဇာတ္လမ္းေတြထဲမွာေတာ့ ေသျခင္းတရားနဲ႔ ေသမင္းတို႔ကို အေကာင္အထည္လိုက္ႀကီး မျမင္ရေပမယ့္လည္း ဒီထဲက ဇာတ္ေကာင္ေတြကေတာ့ ေသျခင္းတရားကို သက္ရွိတစ္ေယာက္လိုမ်ိဴး မၾကာခဏ ေျပာဆိုၾကပါတယ္။ ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္အမ်ားစုဟာ ေသျခင္းတရားရဲ႕ လက္ကေနမလြတ္ဘဲ နည္းလမ္းေပါင္းစုံနဲ႔ ေသဆုံးၾကတာကိုေတာ့ ဒီကားေတြ ၾကည့္ထားတဲ့သူဆို သိၾကမွာပါ။

ဇာတ္လမ္းအရေတာ့ တခ်ိဳ႕ဇာတ္ေကာင္ေတြဟာ ေသျခင္းတရားကေန လြတ္ေျမာက္ႏိုင္ၿပီး အသက္ရွင္ႏိုင္ခဲ့တာေတြ ရွိၾကပါတယ္။ ဒီလိုလြတ္ေျမာက္ၿပီး အသက္ရွင္ႏိုင္တယ္ဆိုေပမယ့္လည္း သူတို႔ဟာ လူေကာင္းအတိုင္း ရွင္သန္ႏိုင္တာ မဟုတ္ဘဲ စိတ္ေရာဂါကုေဆး႐ုံတို႔လို ေနရာေတြကို ေရာက္သြားၿပီး ရွင္လ်က္ ေသေနသလို ေနထိုင္ခဲ့ရတဲ့အျပင္ ေနာက္ဆုံးမွာေတာ့ သူတို႔ဟာလည္း ေသျခင္းတရားလက္ထဲကို က်ေရာက္သြားၾကရတာ ျဖစ္ပါတယ္။

(1) Kayako – The Grudge
photo via screenrant

Kayako ကေတာ့ ခင္ပြန္းျဖစ္သူရဲ႕ သတ္ျဖတ္မႈကို ခံခဲ့ရတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ကာ ကံဆိုးၿပီး သူမနဲ႔ေတြ႕ဆုံလာသမွ် လူအားလုံးကို က်ိန္စာတိုက္ၿပီး လက္စားေခ် သတ္ျဖတ္တတ္သူ ျဖစ္ပါတယ္။ သူမနဲ႔ပတ္သက္ၿပီး ေၾကာက္ဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ လူေတြကို ႏွိပ္စက္ၿပီး သတ္ပစ္ခ်င္တဲ့ သူမရဲ႕ရည္႐ြယ္ခ်က္ဟာ ေအာင္ျမင္သြားလို႔ပဲ ျဖစ္ပါတယ္။ သူမ ပါဝင္တဲ့ ႐ုပ္ရွင္ကားတိုင္းဟာလည္း ေပ်ာ္စရာဇာတ္သိမ္းဆိုတာ မရွိခဲ့ပါဘူး။ ဒါ့အျပင္ သူမဟာ လုံးဝကိုရႈံးနိမ့္ခဲ့ျခင္း မရွိတာေၾကာင့္ အခုလို နံပါတ္တစ္ေနရာကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

စြမ္းအားအရဆိုရင္လည္း သူမဟာ သရဲတစ္ေကာင္အေနနဲ႔ဆို အင္မတန္ စြမ္းအားႀကီးလြန္းေနပါတယ္။ သူမဟာ reality တစ္ခုလုံးကို ေျပာင္းလဲပစ္ႏိုင္တာေၾကာင့္ သင္ဟာ သူမကို တိုက္ခိုက္လို႔လည္း မရသလို၊ ထြက္ေျပးလို႔လည္း မရပါဘူး။ ဒါ့အျပင္ သူမဟာ လူေတြကို ပူးကပ္ႏိုင္သလို အေၾကာေသသြားေအာင္လည္း ျပဳလုပ္ႏိုင္ပါတယ္။ သာမန္လူေတြထက္ အမ်ားႀကီးသာလြန္တဲ့ အလ်င္၊ တယ္လီပို႔လုပ္ႏိုင္ျခင္း၊ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္ျခင္း၊ လုံးဝမေသဆုံးႏိုင္ျခင္းနဲ႔ တစ္ျခားသူေတြကို စိတ္ဖတ္ႏိုင္တဲ့အစြမ္းေတြ ရွိပါတယ္။ ဒီလိုစြမ္းအားေတြကို ပိုင္ဆိုင္ထားတဲ့ သရဲတစ္ေယာက္နဲ႔ ရင္ဆိုင္ရမယ္ဆိုရင္ေတာ့ သင္ဟာ ဘယ္လိုမွ ေျပးလို႔လြတ္ႏိုင္မွာ မဟုတ္ပါဘူး။

ဒါကေတာ့ horror ဇာတ္ကားေတြမွာ ပါဝင္ခဲ့တဲ့ ဗီလိန္ေတြထဲက စြမ္းအားအႀကီးဆုံး ဗီလိန္ေတြကို ေ႐ြးခ်ယ္ေဖာ္ျပထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ထည့္သြင္းခ်င္တဲ့ တစ္ျခားစြမ္းအားႀကီး ဗီလိန္ေတြရွိရင္လည္း comment မွာ ျဖည့္စြက္ေပးခဲ့ၾကပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular