HomeCharacterAvengers အဖွဲ့ဝင် Hawkeye နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

Avengers အဖွဲ့ဝင် Hawkeye နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Clint Barton (ခ) Hawkeye ဟာ ၁၉၆၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ tales of suspense #57 မှာ စတင်ပြီးတော့ Marvel comic ထဲမှာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့အကြောင်းတွေကိုတော့ ရုပ်ရှင်ထဲမှာ ဘာမှသိပ်ပြီးမပြခဲ့တာကြောင့် တော်တော်များများဟာ  သိပ်ပြီးသိကြမယ်လို့ မထင်ပါဘူး။ သူဟာ အံ့ဩဖို့ကောင်းလောက်တဲ့ အစွမ်းတွေ ရထားတဲ့သူမဟုတ်ပေမယ့်လည်း တစ်ခြား Avenger အဖွဲ့ဝင်တွေနဲ့အတူ ရင်ဘောင်တန်းပြီး တိုက်ခိုက်နိုင်ခဲ့တဲ့တာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

သူဟာ အစတုန်းက ဗီလိန်တစ်ယောက်ပါ။
photo via screenrant

သူဟာ စတင်ဖန်တီးရေးဆွဲခဲ့တုန်းက Avenger အဖွဲ့ဝင်တစ်ယောက် မဟုတ်ဘဲနဲ့ Iron Man ရဲ့ ဗီလိန်အဖြစ်နဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အတိတ်က ဖြစ်ရပ်တွေဟာ ခြောက်လှန့်နေခဲ့တာကြောင့် အန္တရာယ်ရှိတဲ့ လူတစ်ယောက်ဆိုတာထက် စိတ်တွေ ရှုပ်ထွေးနေတဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အသိတရားရလာခဲ့ပြီး လူကောင်းတစ်ယောက်အဖြစ် ပြုပြင်ခဲ့ပါတယ်။ သူ့ရဲ့အတိတ်က မကောင်းတဲ့အရာတွေIron Man ဟာ အကုန်လုံးကို ခွင့်လွတ်ပေးခဲ့ပြီးတော့ Avenger အဖွဲ့ထဲကို ဖိတ်ခေါ်ခဲ့တာကြောင့် ၁၉၆၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Avengers Vol. 1 မှာတော့ သူဟာ Avenger အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

သူဟာ ဆွဲအား ပေါင် (၂၅၀)လောက်ရှိတဲ့ လေးကို ပစ်နိုင်ပါတယ်။
photo via screenrant

(၁၅)ရာစုလောက်တုန်းကဆိုရင် လေးနဲ့မြားဟာ အစွမ်းထက်ဆုံး လက်နက်တစ်ခု ဖြစ်ပြီးတော့ အသုံးပြုတဲ့သူပေါ် မူတည်ပြီး အကျိူးသက်ရောက်မှုတွေ ကွဲပြားပါတယ်။ ဒါ့အပြင် လေးနဲ့မြားကို ကျွမ်းကျင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ဘဲ တော်တော်လေးကို သန်မာပြီးတော့ လက်ဖြောင့်မှ အသုံးပြုလို့ရတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ လေးသည်တော်ထဲက အသန်မာဆုံး လူတစ်ယောက်တောင်မှ အများဆုံး (၇၅)ပေါင်လောက်အထိ ဆွဲအားရှိတဲ့ လေးကိုပဲ ကိုင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ဒါပေမဲ့ Clint ကတော့ အသန်မာဆုံး လူတစ်ယောက် သုံးနိုင်တဲ့ ဆွဲအားထက် သုံးဆလောက် ပိုလေးတဲ့ ဆွဲအားနဲ့ လေးကို ပစ်နိုင်ပါတယ်။ ဂဏန်းနဲ့ပြောရမယ်ဆိုရင်တော့ သူဟာ ဆွဲအား ပေါင်(၂၅၀)လောက် အလေးချိန်ရှိတဲ့ လေးကို ပစ်ခွင်းနိုင်သူ ဖြစ်ပါတယ်။ Thor တို့ Hulk တို့လို လူတွေအနေနဲ့ကြည့်ရင်တော့ သူဟာ ဘာမှမဟုတ်ပေမဲ့ လူသားတစ်ယောက်အနေနဲ့ဆိုရင်တော့ တော်တော်လေးကို သန်မာတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့အားနည်းချက်ကတော့ မြားတွေက အကန့်အသတ် ရှိနေပြီး အများဆုံး မြား(၃၂)ချောင်းလောက်ပဲ သယ်ထားနိုင်ပါတယ်။

သူ့ဟာ မိဘမဲ့ တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

သူ့ရဲ့မိဘတွေဟာ ကားမတော်တဆဖြစ်မှုနဲ့ သေဆုံးသွားပြီးတဲ့နောက်မှာတော့ သူနဲ့ သူ့အကို (Barney Barton) ဟာ Iowa မှာ ရှိတဲ့ မိဘမဲ့ကလေးကျောင်းကို ရောက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ နှစ်တွေအကြာကြီး တစ်ပူးတွဲတွဲနဲ့ နေခဲ့ကြပြီး နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်လုံးဟာ အဲ့ဒီနေရာကနေ ထွက်ပြေးလာခဲ့ကြပါတော့တယ်။ သူ့ရဲ့နောက်ကြောင်းတွေကို MCU ထဲမှာ မဖော်ပြခဲ့ပေမယ့် သူ့ရဲ့အတိတ်ကအကြောင်းအရာတွေဟာ တစ်ချိန်လုံး ခြောက်လှန့်နေခဲ့တာကြောင့် သူဟာ အဲ့ဒါတွေကိုမေ့ထားနိုင်ဖို့အတွက် Hawkeye အဖြစ်နဲ့ စွန့်စွန့်စားစားလုပ်ရပ်တွေကို လုပ်နေခဲ့တာ ဖြစ်ပါတယ်။

သူဟာ စက်ကပ်ထဲကို ဝင်ခဲ့ဖူးပါတယ်။
photo via screenrant

သူတို့ညီအကို နှစ်ယောက်ဟာ မိဘမဲ့ဂေဟာကနေ ထွက်လာပြီးတဲ့နောက်မှာတော့ စားဝတ်နေရေးအတွက် စက်ကပ်အဖွဲ့တစ်ခုထဲကို ဝင်ခဲ့ပါတယ်။ စက်ကပ်ထဲကို ဝင်ပြီးတော့ လူတွေဖျော်ဖြေရတဲ့ အလုပ်လုပ်ကို လုပ်နေရင်းနဲ့ Clint ဟာ မြားပစ်တဲ့နေရာမှာ ပါရမီပါတာကို သိခဲ့ရပြီးတော့ ပိုပြီးကျွမ်းကျင်လာအောင် တဖြည်းဖြည်းနဲ့ လေ့ကျင့်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူဟာ Hawkeye ဖြစ်လာပြီးတော့ ကမ္ဘာပေါ်မှာ အကျွမ်းကျင်ဆုံး လေးသမားတစ်ယောက်လို့တောင် ပြောလို့ရတဲ့အထိ ကျွမ်းကျင်လာခဲ့ပါတယ်။

ဓားသမားတစ်ယောက်နဲ့ Trick Shot တို့ဆီမှာ ပညာသင်ယူခဲ့ပါတယ်။
photo via screenrant

အပေါ်မှာ ပြောခဲ့သလို စက်ကပ်ထဲမှာရှိနေတုန်းက သူ့ရဲ့အရည်အချင်းတွေကို ပိုပြီးတိုးတက်အောင် လေ့ကျင့်ခဲ့ပါတယ်။ သူတို့ညီအကို နှစ်ယောက်ကို စောင့်ရှောက်ခဲ့တဲ့ ဓားသမားဟာ သူ့ရဲ့ ဖြစ်နိုင်ချေတွေကို ကြိုမြင်ခဲ့ပြီးတော့ ကိုယ်ခံပညာကို သေချာသင်ပေးခဲ့ပါတယ်။ ဒါ့အပြင် မြားပစ်တဲ့ ပညာကိုတိုးတက်လာအောင် Trick Shot (ခ) Buck Chisholm ဆီမှာလည်း ပညာသင်စေခဲ့ပါတယ်။ သူ့ရဲ့ဆရာဖြစ်သူ ဓားသမားဟာ စက်ကပ်ထဲက ပစ္စည်းတွေ ခိုးနေတာကို သိသွားတဲ့အချိန်မှာတော့ သူဟာ တားဆီးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ဘဲ ဆိုးဆိုးရွားရွားအနိုင်ယူခံလိုက်ရပြီးတော့ အဲ့ဒီဓားသမားဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

Captain America ဟာလည်း သူ့ကို လေ့ကျင့်ပေးခဲ့ဖူးပါသေးတယ်။
photo via screenrant

Cap ဟာ သူ့ရဲ့မှုခင်းတွေကို တိုက်ဖျက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို သင်ပေးလေ့ရှိတဲ့အပြင် လက်ချည်းသက်သက် တိုက်ခိုက်ရေးနည်းတွေနဲ့ ကိုယ်ခံပညာတွေကိုလည်း သင်ပေးခဲ့ပါသေးတယ်။ အဲ့လိုအတွေ့အကြုံတွေကြောင့်ပဲ သူဟာ တဖြည်းဖြည်းနဲ့ အဆင့်မြင့်တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိရှိနဲ့ ဆက်ဆံလေ့ရှိကြပြီးတော့ ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက်နဲ့ အထင်သေးတာမျိုး မရှိခဲ့ဖူးပါဘူး။

Black Widow ဟာ သူ့ကို မြူဆွယ်ပြီးတော့ ကြိုးကိုင်ခဲ့ဖူးပါတယ်။
photo via screenrant

Natasha ဟာ အစကတော့ Avenger အဖွဲ့ထဲကို စပိုင်အနေနဲ့ ဝင်ရောက်လာခဲ့ပြီးတော့ Iron Man ကို သတ်ဖို့အတွက် ကြိုးစားခဲ့ဖူးပါသေးတယ်။ အဲ့လိုလုပ်ဖို့အတွက် သူတစ်ယောက်တည်းကြိုးစားခဲ့တာမဟုတ်ဘဲနဲ့ Clint ကိုပါ မြူဆွယ်ခဲ့ပြီးတော့ Iron Man ကို လုပ်ကြံဖို့အစီအစဉ်မှာ ပါဝင်ဖို့အတွက် ကြိုးကိုင်ခဲ့ဖူးပါသေးတယ်။

အဲ့ဒီနောက်မှာတော့ Natasha ရဲ့သရုပ်အမှန်ကို သိသွားကြပြီးတော့ Iron Man နဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာ သူမဟာ ရှုံးနိမ့်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Clint ဟာ သူမကို ကယ်တင်ခဲ့ပေမယ့် သူမကတော့ သူ့ကိုအရူးလုပ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ နောက်ပိုင်းမှသာ သူတို့နှစ်ယောက်လုံးဟာ အမြင်မှန်ရပြီးတော့ Avenger အဖွဲ့ဝင်စစ်စစ်တွေ ဖြစ်လာခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Clint Barton (ခ) Hawkeye ဟာ ၁၉၆၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ tales of suspense #57 မွာ စတင္ၿပီးေတာ့ Marvel comic ထဲမွာ ပါဝင္ခဲ့ပါတယ္။ သူ႔ရဲ႕အေၾကာင္းေတြကိုေတာ့ ႐ုပ္ရွင္ထဲမွာ ဘာမွသိပ္ၿပီးမျပခဲ့တာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားဟာ  သိပ္ၿပီးသိၾကမယ္လို႔ မထင္ပါဘူး။ သူဟာ အံ့ဩဖို႔ေကာင္းေလာက္တဲ့ အစြမ္းေတြ ရထားတဲ့သူမဟုတ္ေပမယ့္လည္း တစ္ျခား Avenger အဖြဲ႕ဝင္ေတြနဲ႔အတူ ရင္ေဘာင္တန္းၿပီး တိုက္ခိုက္ႏိုင္ခဲ့တဲ့တာေၾကာင့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သူ႔ရဲ႕အေၾကာင္း အနည္းငယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။

သူဟာ အစတုန္းက ဗီလိန္တစ္ေယာက္ပါ။
photo via screenrant

သူဟာ စတင္ဖန္တီးေရးဆြဲခဲ့တုန္းက Avenger အဖြဲ႕ဝင္တစ္ေယာက္ မဟုတ္ဘဲနဲ႔ Iron Man ရဲ႕ ဗီလိန္အျဖစ္နဲ႔ ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕အတိတ္က ျဖစ္ရပ္ေတြဟာ ေျခာက္လွန႔္ေနခဲ့တာေၾကာင့္ အႏၲရာယ္ရွိတဲ့ လူတစ္ေယာက္ဆိုတာထက္ စိတ္ေတြ ရႈပ္ေထြးေနတဲ့ လူတစ္ေယာက္ ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ အသိတရားရလာခဲ့ၿပီး လူေကာင္းတစ္ေယာက္အျဖစ္ ျပဳျပင္ခဲ့ပါတယ္။ သူ႔ရဲ႕အတိတ္က မေကာင္းတဲ့အရာေတြIron Man ဟာ အကုန္လုံးကို ခြင့္လြတ္ေပးခဲ့ၿပီးေတာ့ Avenger အဖြဲ႕ထဲကို ဖိတ္ေခၚခဲ့တာေၾကာင့္ ၁၉၆၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Avengers Vol. 1 မွာေတာ့ သူဟာ Avenger အဖြဲ႕ဝင္ တစ္ေယာက္ ျဖစ္သြားခဲ့ပါတယ္။

သူဟာ ဆြဲအား ေပါင္ (၂၅၀)ေလာက္ရွိတဲ့ ေလးကို ပစ္ႏိုင္ပါတယ္။
photo via screenrant

(၁၅)ရာစုေလာက္တုန္းကဆိုရင္ ေလးနဲ႔ျမားဟာ အစြမ္းထက္ဆုံး လက္နက္တစ္ခု ျဖစ္ၿပီးေတာ့ အသုံးျပဳတဲ့သူေပၚ မူတည္ၿပီး အက်ိဴးသက္ေရာက္မႈေတြ ကြဲျပားပါတယ္။ ဒါ့အျပင္ ေလးနဲ႔ျမားကို ကြၽမ္းက်င္ဖို႔ဆိုတာ လြယ္ကူတဲ့ ကိစၥတစ္ခု မဟုတ္ဘဲ ေတာ္ေတာ္ေလးကို သန္မာၿပီးေတာ့ လက္ေျဖာင့္မွ အသုံးျပဳလို႔ရတဲ့ လက္နက္တစ္ခု ျဖစ္ပါတယ္။ ေလးသည္ေတာ္ထဲက အသန္မာဆုံး လူတစ္ေယာက္ေတာင္မွ အမ်ားဆုံး (၇၅)ေပါင္ေလာက္အထိ ဆြဲအားရွိတဲ့ ေလးကိုပဲ ကိုင္ႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကပါတယ္။

ဒါေပမဲ့ Clint ကေတာ့ အသန္မာဆုံး လူတစ္ေယာက္ သုံးႏိုင္တဲ့ ဆြဲအားထက္ သုံးဆေလာက္ ပိုေလးတဲ့ ဆြဲအားနဲ႔ ေလးကို ပစ္ႏိုင္ပါတယ္။ ဂဏန္းနဲ႔ေျပာရမယ္ဆိုရင္ေတာ့ သူဟာ ဆြဲအား ေပါင္(၂၅၀)ေလာက္ အေလးခ်ိန္ရွိတဲ့ ေလးကို ပစ္ခြင္းႏိုင္သူ ျဖစ္ပါတယ္။ Thor တို႔ Hulk တို႔လို လူေတြအေနနဲ႔ၾကည့္ရင္ေတာ့ သူဟာ ဘာမွမဟုတ္ေပမဲ့ လူသားတစ္ေယာက္အေနနဲ႔ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို သန္မာတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕အားနည္းခ်က္ကေတာ့ ျမားေတြက အကန႔္အသတ္ ရွိေနၿပီး အမ်ားဆုံး ျမား(၃၂)ေခ်ာင္းေလာက္ပဲ သယ္ထားႏိုင္ပါတယ္။

သူ႔ဟာ မိဘမဲ့ တစ္ေယာက္ ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

သူ႔ရဲ႕မိဘေတြဟာ ကားမေတာ္တဆျဖစ္မႈနဲ႔ ေသဆုံးသြားၿပီးတဲ့ေနာက္မွာေတာ့ သူနဲ႔ သူ႔အကို (Barney Barton) ဟာ Iowa မွာ ရွိတဲ့ မိဘမဲ့ကေလးေက်ာင္းကို ေရာက္သြားခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ႏွစ္ေတြအၾကာႀကီး တစ္ပူးတြဲတြဲနဲ႔ ေနခဲ့ၾကၿပီး ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ အဲ့ဒီေနရာကေန ထြက္ေျပးလာခဲ့ၾကပါေတာ့တယ္။ သူ႔ရဲ႕ေနာက္ေၾကာင္းေတြကို MCU ထဲမွာ မေဖာ္ျပခဲ့ေပမယ့္ သူ႔ရဲ႕အတိတ္ကအေၾကာင္းအရာေတြဟာ တစ္ခ်ိန္လုံး ေျခာက္လွန႔္ေနခဲ့တာေၾကာင့္ သူဟာ အဲ့ဒါေတြကိုေမ့ထားႏိုင္ဖို႔အတြက္ Hawkeye အျဖစ္နဲ႔ စြန႔္စြန႔္စားစားလုပ္ရပ္ေတြကို လုပ္ေနခဲ့တာ ျဖစ္ပါတယ္။

သူဟာ စက္ကပ္ထဲကို ဝင္ခဲ့ဖူးပါတယ္။
photo via screenrant

သူတို႔ညီအကို ႏွစ္ေယာက္ဟာ မိဘမဲ့ေဂဟာကေန ထြက္လာၿပီးတဲ့ေနာက္မွာေတာ့ စားဝတ္ေနေရးအတြက္ စက္ကပ္အဖြဲ႕တစ္ခုထဲကို ဝင္ခဲ့ပါတယ္။ စက္ကပ္ထဲကို ဝင္ၿပီးေတာ့ လူေတြေဖ်ာ္ေျဖရတဲ့ အလုပ္လုပ္ကို လုပ္ေနရင္းနဲ႔ Clint ဟာ ျမားပစ္တဲ့ေနရာမွာ ပါရမီပါတာကို သိခဲ့ရၿပီးေတာ့ ပိုၿပီးကြၽမ္းက်င္လာေအာင္ တျဖည္းျဖည္းနဲ႔ ေလ့က်င့္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ သူဟာ Hawkeye ျဖစ္လာၿပီးေတာ့ ကမာၻေပၚမွာ အကြၽမ္းက်င္ဆုံး ေလးသမားတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရတဲ့အထိ ကြၽမ္းက်င္လာခဲ့ပါတယ္။

ဓားသမားတစ္ေယာက္နဲ႔ Trick Shot တို႔ဆီမွာ ပညာသင္ယူခဲ့ပါတယ္။
photo via screenrant

အေပၚမွာ ေျပာခဲ့သလို စက္ကပ္ထဲမွာရွိေနတုန္းက သူ႔ရဲ႕အရည္အခ်င္းေတြကို ပိုၿပီးတိုးတက္ေအာင္ ေလ့က်င့္ခဲ့ပါတယ္။ သူတို႔ညီအကို ႏွစ္ေယာက္ကို ေစာင့္ေရွာက္ခဲ့တဲ့ ဓားသမားဟာ သူ႔ရဲ႕ ျဖစ္ႏိုင္ေခ်ေတြကို ႀကိဳျမင္ခဲ့ၿပီးေတာ့ ကိုယ္ခံပညာကို ေသခ်ာသင္ေပးခဲ့ပါတယ္။ ဒါ့အျပင္ ျမားပစ္တဲ့ ပညာကိုတိုးတက္လာေအာင္ Trick Shot (ခ) Buck Chisholm ဆီမွာလည္း ပညာသင္ေစခဲ့ပါတယ္။ သူ႔ရဲ႕ဆရာျဖစ္သူ ဓားသမားဟာ စက္ကပ္ထဲက ပစၥည္းေတြ ခိုးေနတာကို သိသြားတဲ့အခ်ိန္မွာေတာ့ သူဟာ တားဆီးဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့လည္း ကံမေကာင္းစြာနဲ႔ဘဲ ဆိုးဆိုး႐ြား႐ြားအႏိုင္ယူခံလိုက္ရၿပီးေတာ့ အဲ့ဒီဓားသမားဟာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။

Captain America ဟာလည္း သူ႔ကို ေလ့က်င့္ေပးခဲ့ဖူးပါေသးတယ္။
photo via screenrant

Cap ဟာ သူ႔ရဲ႕မႈခင္းေတြကို တိုက္ဖ်က္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံေတြကို သင္ေပးေလ့ရွိတဲ့အျပင္ လက္ခ်ည္းသက္သက္ တိုက္ခိုက္ေရးနည္းေတြနဲ႔ ကိုယ္ခံပညာေတြကိုလည္း သင္ေပးခဲ့ပါေသးတယ္။ အဲ့လိုအေတြ႕အႀကဳံေတြေၾကာင့္ပဲ သူဟာ တျဖည္းျဖည္းနဲ႔ အဆင့္ျမင့္တိုက္ခိုက္ေရးသမားတစ္ေယာက္ ျဖစ္လာခဲ့တာပါ။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ဟာ အၿမဲတမ္း တစ္ေယာက္နဲ႔တစ္ေယာက္ ေလးစားမႈရွိရွိနဲ႔ ဆက္ဆံေလ့ရွိၾကၿပီးေတာ့ ဘယ္ေတာ့မွ တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ အထင္ေသးတာမ်ိဳး မရွိခဲ့ဖူးပါဘူး။

Black Widow ဟာ သူ႔ကို ျမဴဆြယ္ၿပီးေတာ့ ႀကိဳးကိုင္ခဲ့ဖူးပါတယ္။
photo via screenrant

Natasha ဟာ အစကေတာ့ Avenger အဖြဲ႕ထဲကို စပိုင္အေနနဲ႔ ဝင္ေရာက္လာခဲ့ၿပီးေတာ့ Iron Man ကို သတ္ဖို႔အတြက္ ႀကိဳးစားခဲ့ဖူးပါေသးတယ္။ အဲ့လိုလုပ္ဖို႔အတြက္ သူတစ္ေယာက္တည္းႀကိဳးစားခဲ့တာမဟုတ္ဘဲနဲ႔ Clint ကိုပါ ျမဴဆြယ္ခဲ့ၿပီးေတာ့ Iron Man ကို လုပ္ႀကံဖို႔အစီအစဥ္မွာ ပါဝင္ဖို႔အတြက္ ႀကိဳးကိုင္ခဲ့ဖူးပါေသးတယ္။

အဲ့ဒီေနာက္မွာေတာ့ Natasha ရဲ႕သ႐ုပ္အမွန္ကို သိသြားၾကၿပီးေတာ့ Iron Man နဲ႔တိုက္ခိုက္ၿပီးတဲ့ေနာက္မွာ သူမဟာ ရႈံးနိမ့္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Clint ဟာ သူမကို ကယ္တင္ခဲ့ေပမယ့္ သူမကေတာ့ သူ႔ကိုအ႐ူးလုပ္ၿပီး ထြက္ေျပးသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွသာ သူတို႔ႏွစ္ေယာက္လုံးဟာ အျမင္မွန္ရၿပီးေတာ့ Avenger အဖြဲ႕ဝင္စစ္စစ္ေတြ ျဖစ္လာခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular