HomeCelebs Update NewsBollywoodဒုတိယရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့ Saif Ali Khan နဲ့ Kareena Kapoor တို့မောင်နှံ

ဒုတိယရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့ Saif Ali Khan နဲ့ Kareena Kapoor တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်စုံတွဲဖြစ်တဲ့ Saif Ali Khan နဲ့ Kareena Kapoor တို့ဇနီးမောင်နှံဟာ ဒုတိယရင်သွေးလေးကို လွယ်ထားရပြီလို့ သိရပါတယ်။

ဒီသတင်းကိုတော့ မင်းသားနဲ့ မင်းသမီးတို့မောင်နှံက မနေ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ကြေညာချက်မှာတော့ “ကျွန်တော်တို့ရဲ့မိသားစုလေးမှာ နောက်ထပ် ထပ်တိုးလေး ရောက်ရှိလာတော့မယ့်အကြောင်း ပျော်ရွှင်စွာ သတင်းကောင်းပါးလိုက်ရပါတယ်။ ကျွန်တော်တို့မိသားစုကို ဆုမွန်ကောင်းတွေ တောင်းပေးပြီး အားပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်…. ” လို့ ပြောကြားထားပါတယ်။

Photo: kareenakapoorkhan/ Instagram

ပရိသတ်တွေက Saifeena လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Ali Saif Khan နဲ့ Kareena Kapoor တို့ ဇနီးမောင်နှံဟာ Tashan ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း ဆုံဆည်းခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူဘဝနဲ့ အတန်ကြာ နေပြီးနောက် ၂၀၁၂ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သားဦးလေး Taimur Ali Khan ကိုတော့ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

အခုဆိုရင်တော့ မိသားစုဝင်သုံးယောက်နဲ့ ပျော်ရွှင်နေတဲ့ မိသားစုကမ္ဘာလေးဟာ နောက်ထပ် ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မှာမို့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပိုပြီးပျော်ရွှင်စရာကောင်းတော့မှာပါ။

Photo: kareenakapoorkhan/ Instagram

အလုပ်နဲ့ပတ်သက်ရင်တော့ Kareena Kapoor ဟာ နာမည်ကျော် Forrest Gump ဇာတ်ကားကို ဟင်ဒီဗားရှင်းနဲ့ တရားဝင် ပြန်လည်မှီငြမ်းရိုက်ကူးမယ့် Laal Singh Chaddha ရုပ်ရှင်ဇာတ်ကားမှာ မင်းသား Aamir Khan နဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။

Glasgow

Source: indianexpress

(Zawgyi Version)

ေဘာလိဝုဒ္ရဲ႕ နာမည္ေက်ာ္သ႐ုပ္ေဆာင္စုံတြဲျဖစ္တဲ့ Saif Ali Khan နဲ႔ Kareena Kapoor တို႔ဇနီးေမာင္ႏွံဟာ ဒုတိယရင္ေသြးေလးကို လြယ္ထားရၿပီလို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ မင္းသားနဲ႔ မင္းသမီးတို႔ေမာင္ႏွံက မေန႔က ဗုဒၶဟူးေန႔မွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ေၾကညာခ်က္မွာေတာ့ “ကြၽန္ေတာ္တို႔ရဲ႕မိသားစုေလးမွာ ေနာက္ထပ္ ထပ္တိုးေလး ေရာက္ရွိလာေတာ့မယ့္အေၾကာင္း ေပ်ာ္႐ႊင္စြာ သတင္းေကာင္းပါးလိုက္ရပါတယ္။ ကြၽန္ေတာ္တို႔မိသားစုကို ဆုမြန္ေကာင္းေတြ ေတာင္းေပးၿပီး အားေပးၾကသူမ်ားအားလုံးကို ေက်းဇူးအထူးတင္ရွိပါတယ္…. ” လို႔ ေျပာၾကားထားပါတယ္။

Photo: kareenakapoorkhan/ Instagram

ပရိသတ္ေတြက Saifeena လို႔ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ Ali Saif Khan နဲ႔ Kareena Kapoor တို႔ ဇနီးေမာင္ႏွံဟာ Tashan ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးရင္း ဆုံဆည္းခဲ့ၾကတာ ျဖစ္ပါတယ္။ ခ်စ္သူဘဝနဲ႔ အတန္ၾကာ ေနၿပီးေနာက္ ၂၀၁၂ခုႏွစ္မွာေတာ့ လက္ထပ္ခဲ့ၾကပါတယ္။ ဒီလိုနဲ႔ သူတို႔ရဲ႕သားဦးေလး Taimur Ali Khan ကိုေတာ့ ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလ(၂၀)ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။

အခုဆိုရင္ေတာ့ မိသားစုဝင္သုံးေယာက္နဲ႔ ေပ်ာ္႐ႊင္ေနတဲ့ မိသားစုကမာၻေလးဟာ ေနာက္ထပ္ ကေလးေလးတစ္ေယာက္ ထပ္ေရာက္လာေတာ့မွာမို႔ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ပိုၿပီးေပ်ာ္႐ႊင္စရာေကာင္းေတာ့မွာပါ။

Photo: kareenakapoorkhan/ Instagram

အလုပ္နဲ႔ပတ္သက္ရင္ေတာ့ Kareena Kapoor ဟာ နာမည္ေက်ာ္ Forrest Gump ဇာတ္ကားကို ဟင္ဒီဗားရွင္းနဲ႔ တရားဝင္ ျပန္လည္မွီျငမ္း႐ိုက္ကူးမယ့္ Laal Singh Chaddha ႐ုပ္ရွင္ဇာတ္ကားမွာ မင္းသား Aamir Khan နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ထားပါတယ္။

Glasgow

Source: indianexpress

 

 

RELATED ARTICLES

Most Popular