HomeCelebs Update NewsInternationalStranger Things Season 3 အထူးပြဲမွာ ေတြ႕လိုက္ရတဲ့ Hawkins ရဲ႕အသည္းႏွလုံးေလးမ်ား

Stranger Things Season 3 အထူးပြဲမွာ ေတြ႕လိုက္ရတဲ့ Hawkins ရဲ႕အသည္းႏွလုံးေလးမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Netflix ရဲ႕ Stranger Things ဇာတ္လမ္းတြဲမွာ Eleven ဇာတ္ေကာင္ေနရာမွာ သရုပ္ေဆာင္ၿပီး နဲ႔ ပရိသတ္ရဲ႕အသည္းႏွလုံးကို အပိုင္သိမ္းသြားခဲ့တဲ့ Millie Bobby Brown ကေတာ့ ကတုံးမေလးအျဖစ္ကေန အပ်ိဳႀကီးဖားဖားအရြယ္ကို ေရာက္လာခဲ့ပါၿပီ။

Eggos မုန္႔ေတြ သိပ္ႀကိဳက္တဲ့ ကေလးမေလးကေတာ့ အခုခ်ိန္မွာ အသက္(၁၅)ႏွစ္အရြယ္ လွေသြးၾကြယ္တဲ့ ပန္းေလးတစ္ပြင့္ ျဖစ္ေနပါၿပီ။ Millie ဟာ ဇြန္လ (၂၈)ရက္ေန႔က ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ Stranger Things Season 3 အထူးပြဲကို ပန္းေရာင္ေဖ်ာ႔ေဖ်ာ႔ ဂါ၀န္ေလးနဲ႔ တက္ေရာက္လာတာ  ျဖစ္ပါတယ္။ Stranger Things ရဲ႕အထူးပြဲေတြကို တက္ေရာက္တိုင္း ပန္းေရာင္၀တ္စုံကို ၀တ္ဆင္ေလ့ရိွတဲ့ သူမဟာ အခုလည္း Eggos ေတြ ခိုးစားတဲ့အခန္းက ဂါ၀န္ေလးရဲ႕ ဒီဇိုင္းနဲ႔အေရာင္ကို မွီျငမ္းၿပီး ပြဲတက္ဆင္ျမန္းလာတာ ေတြ႕ရပါတယ္။

Photo Credit: hollywoodlife.com

ဇာတ္လမ္းတြဲ ရိုက္ကူးရင္း အရြယ္ေရာက္လာတာကို ေကာ္ေဇာနီထက္က သူမရဲ႕ သြင္ျပင္ဟန္ပန္ကို ၾကည့္ရုံနဲ႔ သိႏိုင္ပါတယ္။ တကယ္ေတာ့ Millie တစ္ေယာက္တည္းတင္ မဟုတ္ဘဲ အဓိကသရုပ္ေဆာင္ ကေလးအားလုံးဟာ အၿပိဳင္းအရိုင္းကို အရြယ္ေရာက္ၿပီး ၾကည့္ေကာင္းလာၾကတာပါ။

Millie ရဲ႕ဂါ၀န္ေနာက္ၿမီးက ရွည္လြန္းေနတဲ့အတြက္ စတားေတြနဲ႔ ျပည့္က်ပ္ေနတဲ့ ေကာ္ေဇာနီေပၚမွာ စတိုင္လ္မပ်က္ရေလေအာင္ သူငယ္ခ်င္းလည္းျဖစ္၊ သရုပ္ေဆာင္ဖက္လည္းျဖစ္တဲ့ Noah Schnapp က ကူညီေဆာင္မေပးခဲ့ပါေသးတယ္။ အသက္(၁၄)ႏွစ္ရိွၿပီျဖစ္တဲ့ Noah ကေတာ့ ေခ်ာေမာၿပီးသန္႔ျပန္႔လြန္းလာတဲ့အတြက္ ေကာင္မေလးေတြ ၀ိုင္း၀ိုင္းလည္ေနဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

Photo Credit: hollywoodlife.com

ေကာ္ေဇာနီေပၚမွာ ေနာက္ထပ္အသက္ရႈမွားေအာင္ ျပဳစားလိုက္သူေလးကေတာ့ အသက္(၁၇)ႏွစ္ရိွၿပီျဖစ္တဲ့ Sadie Sink ပါပဲ။ ခရစ္စတယ္လ္ေလးေတြနဲ႔ အလွဆင္ထားတဲ့ လက္ျပတ္အက်ႌေလးကို Business Chic ဆန္ဆန္ စတိုင္လ္ပန္႔ေလးနဲ႔ ထိပ္ခၽြန္ေဒါက္ဖိနပ္ေလးကို တြဲဖက္ဆင္ျမန္းထားတာဟာ တကယ့္မီလ်ံနာေပါက္စေလးမွန္း သိသာေစပါတယ္။

Photo Credit: hollywoodlife.com

ဒါ့အျပင္ Hawkins ၿမိဳ႕က အျခားကေလးေတြျဖစ္တဲ့ Finn Wolfhard (၁၆)ႏွစ္၊ Caleb MaLaughlin (၁၇)ႏွစ္နဲ႔ Gaten Matarazzo (၁၆)ႏွစ္တို႔ဟာ တကယ့္လူႀကီးလူေကာင္းေတြအလား သပ္ရပ္ခန္႔ျငားစြာနဲ႔ ပြဲတက္လာၾကတာကို ေက်နပ္ဖြယ္ရာ ေတြ႕ရပါတယ္။ ကေလးေပါက္စေလးေတြကေန ၿမီးေကာင္ေပါက္အရြယ္ေတြ ျဖစ္လာၾကတဲ့ Hawkins ရဲ႕ ကေလးတစ္သိုက္ကို ေတြ႕လိုက္ရတာဟာ လာမယ့္ Stranger Things ရဲ႕ Season အသစ္ကိုလည္း ပိုၿပီးရင္ခုန္စိတ္လႈပ္ရွားမိေစပါတယ္။

https://www.youtube.com/watch?v=YEG3bmU_WaI

ဇူလိုင္လ (၄)ရက္ေန႔မွာ Netflix က စတင္ထုတ္လႊင့္ေတာ့မယ့္ Stranger Things Season 3 ကေတာ့ ေထြလာနဲ႔တင္ စိတ္လႈပ္ရွားစရာမ်ားစြာကို ယူေဆာင္လာၿပီ ျဖစ္ပါတယ္။ ကေလးေတြရဲ႕ ခ်စ္စရာ သဘာ၀က်တဲ့ သရုပ္ေဆာင္မႈေတြနဲ႔ Season အသစ္ကိုလည္း ပရိသတ္ေတြ ႏွစ္ၿခိဳက္ၾကဦးမွာပါပဲလို႔ ခန္႔မွန္းရင္း …။

Xei

Source: hollywoodlife

(Unicode Version)

Netflix ရဲ့ Stranger Things ဇာတ်လမ်းတွဲမှာ Eleven ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ပြီး နဲ့ ပရိသတ်ရဲ့အသည်းနှလုံးကို အပိုင်သိမ်းသွားခဲ့တဲ့ Millie Bobby Brown ကတော့ ကတုံးမလေးအဖြစ်ကနေ အပျိုကြီးဖားဖားအရွယ်ကို ရောက်လာခဲ့ပါပြီ။

Eggos မုန့်တွေ သိပ်ကြိုက်တဲ့ ကလေးမလေးကတော့ အခုချိန်မှာ အသက်(၁၅)နှစ်အရွယ် လှသွေးကြွယ်တဲ့ ပန်းလေးတစ်ပွင့် ဖြစ်နေပါပြီ။ Millie ဟာ ဇွန်လ (၂၈)ရက်နေ့က လော့စ်အိန်ဂျယ်လိစ်မြို့မှာ ပြုလုပ်တဲ့ Stranger Things Season 3 အထူးပွဲကို ပန်းရောင်ဖျော့ဖျော့ ဂါဝန်လေးနဲ့ တက်ရောက်လာတာ  ဖြစ်ပါတယ်။ Stranger Things ရဲ့အထူးပွဲတွေကို တက်ရောက်တိုင်း ပန်းရောင်ဝတ်စုံကို ဝတ်ဆင်လေ့ရှိတဲ့ သူမဟာ အခုလည်း Eggos တွေ ခိုးစားတဲ့အခန်းက ဂါဝန်လေးရဲ့ ဒီဇိုင်းနဲ့အရောင်ကို မှီငြမ်းပြီး ပွဲတက်ဆင်မြန်းလာတာ တွေ့ရပါတယ်။

Photo Credit: hollywoodlife.com

ဇာတ်လမ်းတွဲ ရိုက်ကူးရင်း အရွယ်ရောက်လာတာကို ကော်ဇောနီထက်က သူမရဲ့ သွင်ပြင်ဟန်ပန်ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ တကယ်တော့ Millie တစ်ယောက်တည်းတင် မဟုတ်ဘဲ အဓိကသရုပ်ဆောင် ကလေးအားလုံးဟာ အပြိုင်းအရိုင်းကို အရွယ်ရောက်ပြီး ကြည့်ကောင်းလာကြတာပါ။

Millie ရဲ့ဂါဝန်နောက်မြီးက ရှည်လွန်းနေတဲ့အတွက် စတားတွေနဲ့ ပြည့်ကျပ်နေတဲ့ ကော်ဇောနီပေါ်မှာ စတိုင်လ်မပျက်ရလေအောင် သူငယ်ချင်းလည်းဖြစ်၊ သရုပ်ဆောင်ဖက်လည်းဖြစ်တဲ့ Noah Schnapp က ကူညီဆောင်မပေးခဲ့ပါသေးတယ်။ အသက်(၁၄)နှစ်ရှိပြီဖြစ်တဲ့ Noah ကတော့ ချောမောပြီးသန့်ပြန့်လွန်းလာတဲ့အတွက် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေဦးမယ်ဆိုတာ အသေအချာပါပဲ။

Photo Credit: hollywoodlife.com

ကော်ဇောနီပေါ်မှာ နောက်ထပ်အသက်ရှုမှားအောင် ပြုစားလိုက်သူလေးကတော့ အသက်(၁၇)နှစ်ရှိပြီဖြစ်တဲ့ Sadie Sink ပါပဲ။ ခရစ်စတယ်လ်လေးတွေနဲ့ အလှဆင်ထားတဲ့ လက်ပြတ်အင်္ကျီလေးကို Business Chic ဆန်ဆန် စတိုင်လ်ပန့်လေးနဲ့ ထိပ်ချွန်ဒေါက်ဖိနပ်လေးကို တွဲဖက်ဆင်မြန်းထားတာဟာ တကယ့်မီလျံနာပေါက်စလေးမှန်း သိသာစေပါတယ်။

Photo Credit: hollywoodlife.com

ဒါ့အပြင် Hawkins မြို့က အခြားကလေးတွေဖြစ်တဲ့ Finn Wolfhard (၁၆)နှစ်၊ Caleb MaLaughlin (၁၇)နှစ်နဲ့ Gaten Matarazzo (၁၆)နှစ်တို့ဟာ တကယ့်လူကြီးလူကောင်းတွေအလား သပ်ရပ်ခန့်ငြားစွာနဲ့ ပွဲတက်လာကြတာကို ကျေနပ်ဖွယ်ရာ တွေ့ရပါတယ်။ ကလေးပေါက်စလေးတွေကနေ မြီးကောင်ပေါက်အရွယ်တွေ ဖြစ်လာကြတဲ့ Hawkins ရဲ့ ကလေးတစ်သိုက်ကို တွေ့လိုက်ရတာဟာ လာမယ့် Stranger Things ရဲ့ Season အသစ်ကိုလည်း ပိုပြီးရင်ခုန်စိတ်လှုပ်ရှားမိစေပါတယ်။

https://www.youtube.com/watch?v=YEG3bmU_WaI

ဇူလိုင်လ (၄)ရက်နေ့မှာ Netflix က စတင်ထုတ်လွှင့်တော့မယ့် Stranger Things Season 3 ကတော့ ထွေလာနဲ့တင် စိတ်လှုပ်ရှားစရာများစွာကို ယူဆောင်လာပြီ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ချစ်စရာ သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေနဲ့ Season အသစ်ကိုလည်း ပရိသတ်တွေ နှစ်ခြိုက်ကြဦးမှာပါပဲလို့ ခန့်မှန်းရင်း …။

Xei

Source: hollywoodlife

 

 

RELATED ARTICLES

Most Popular