HomeEntertainmentFilmResident Evil ဇာတ်လမ်းတွဲအသစ် ဖန်တီးပေးဖို့ HBO ကို တောင်းဆိုနေကြတဲ့ပရိသတ်များ

Resident Evil ဇာတ်လမ်းတွဲအသစ် ဖန်တီးပေးဖို့ HBO ကို တောင်းဆိုနေကြတဲ့ပရိသတ်များ

The Last of Us ဇာတ်လမ်းတွဲ ထွက်ရှိလာပြီးမှာတော့ Resident Evil ပရိသတ်တွေဟာလည်း Resident Evil ကို ဇာတ်လမ်းတွဲအသစ် ဖန်တီးပေးဖို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ HBO ကို တောင်းဆိုနေကြပါတယ်။ Resident Evil ဂိမ်း Franchise ကတော့ ၁၉၉၆ ခုနှစ်မှာ စတင်ထွက်ရှိလာခဲ့ပြီး ယခုအချိန်ထိလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ပထမဆုံး Live Action ကတော့ ၂၀၀၂ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းကလည်း Netflix ကနေ Live Action ထပ်မံ ထွက်ရှိခဲ့ပါသေးတယ်။

photo via screenrant

Netflix ရဲ့ Resident Evil Live Action ကတော့ ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အလားတူပဲ ရုပ်ရှင်သမိုင်းတလျှောက်မှာလည်း ဂိမ်းတွေကို Live Action အဖြစ် ပြန်လည်ဖန်တီးတဲ့အခါ အများစုဟာ ပရိသတ်တွေရဲ့ မျှော်မှန်းထားမှုကို လိုက်မမီနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း HBO ကတော့ The Last of Us ဂိမ်းကို ပြန်လည်ဖန်တီးတဲ့ အချိန်မှာ ပထမဆုံးတစ်ပိုင်းတည်းမှာတင် အောင်မြင်မှုတွေ ရရှိထားပါတယ်။

ယခုအချိန်မှာတော့ Netflix ဟာလည်း Resident Evil ဇာတ်လမ်းတွဲကို Cancel သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Resident Evil ပရိသတ်တွေဟာ ဒီ Franchise ကို ဇာတ်လမ်းတွဲအဖြစ် ဖန်တီးပေးဖို့ HBO ကို ဆိုရှယ်မီဒီယာပေါ်ကနေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ HBO ကတော့ The Last of Us ဇာတ်လမ်းတွဲရဲ့ ပထမအပိုင်း ထွက်ရှိအပြီးမှာတင် ရုပ်ရှင်ဝေဖန်ရေးတွေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိထားပါတယ်။

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဂိမ်းတွေကို Live Action အဖြစ် ပြန်လည်ဖန်တီးတာဟာ ဟောလိဝုဒ်အတွက် ခက်ခဲနေပုံ ရပါတယ်။ ရုပ်ရှင်သမိုင်းတလျှောက်မှာ ဂိမ်းတွေများစွာကို Live Action တွေ ဖန်တီးခဲ့ကြပေမယ့်လည်း အများစုကတော့ မူလဂိမ်းလောက် အောင်မြင်မှုတွေ မရရှိခဲ့ပါဘူး။ Warcraft နဲ့ Assassin’s Creed တို့လို Franchise အကြီးကြီးတွေပင်လျှင် Live Action အဖြစ် ဖန်တီးတဲ့ အချိန်မှာတော့ ဆိုးရွားတဲ့ ဝေဖန်ချက်တွေပဲ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း HBO ကတော့ ဒီအစဉ်အလာကို ချိူးဖျက်ခဲ့ပြီး အပိုင်း(၁)နဲ့တင် ပရိသတ်အဟောင်းနဲ့ အသစ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular