HomeEntertainmentFilmThe Suicide Squad ကို PG-13 အနေနဲ့ ရိုက်ကူးစေချင်ခဲ့တဲ့ Warner Bros

The Suicide Squad ကို PG-13 အနေနဲ့ ရိုက်ကူးစေချင်ခဲ့တဲ့ Warner Bros

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Suicide Squad ရုပ်ရှင်ကို R-Rated အဖြစ် ရိုက်ကူးခွင့် မပြုခင်တုန်းက Warner Bros ဟာ ဒီရုပ်ရှင်ကို PG-13 အနေနဲ့ ရိုက်ကူးစေချင်ခဲ့တယ်လို့ ဒါရိုက်တာ James Gunn က ပြောပြလာပါတယ်။

The Suicide Squad ရဲ့ Adult Joke တွေ၊ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေနဲ့ ထူးခြားတဲ့ ဇာတ်ကောင်တွေဟာ ပရိသတ်တွေရဲ့ အကြိုက် ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Suicide Squad နဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အသစ်ထွက်ရှိထားတဲ့ ဒီရုပ်ရှင်ဟာ ပိုပြီးလူကြိုက်များသလို ကောင်းမွန်တဲ့ ဝေဖန်ချက်တွေကိုလည်း ရရှိထားပါတယ်။ ၂၀၁၆ က Suicide Squad ကိုတော့ ဒါရိုက်တာ David Ayer က ရိုက်ကူးခဲ့ပြီး WB ရဲ့ ခြယ်လှယ်မှုတွေကြောင့် အဲ့ဒီရုပ်ရှင်ဟာ PG-13 ဖြစ်ခဲ့သလို ဆိုးရွားတဲ့ ဝေဖန်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။

photo via screenrant

Collider သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဒါရိုက်တာ James Gunn ဟာ WB က ဒီရုပ်ရှင်ကို PG-13 အနေနဲ့ ဖန်တီးစေချင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း James Gunn ကတော့ စတူဒီယိုရဲ့ တောင်းဆိုမှုကို ပြတ်ပြတ်သားသားပဲ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် WB ဟာ James Gunn ရိုက်ကူးထားတာ မဟုတ်တဲ့ PG-13 ထက် James Gunn ရဲ့ R-Rated က ပိုပြီးကောင်းမွန်မယ်လို့ ယူဆကာ R-Rated အဖြစ် ဖန်တီးခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

” ဒီလိုကိစ္စမျိူးမှာတော့ ကျွန်တော်က ခေါင်းမာတယ်ဗျ။ ကျွန်တော်က ဒီရုပ်ရှင်အတွက် တစ်ချိန်လုံး ဇာတ်ညွှန်းတွေ ရေးပြီးမှ သူတို့က PG-13 ရိုက်လို့ရမလားဆိုပြီး မေးတယ်လေ။ အဲ့ဒါနဲ့ ကျွန်တော်လည်း မရဘူးလို့ ငြင်းလိုက်တာပေါ့။ PG-13 ရိုက်ချင်ရင် တခြားဒါရိုက်တာတွေနဲ့ ရိုက်လိုက်ပါ။ ဒါပေမယ့် ကျွန်တော်ရိုက်ရမယ်ဆိုရင်တော့ R-Rated ပဲ ရိုက်ချင်တယ်လို့ ပြောလိုက်တယ် …  “

photo via screenrant

အခုချိန်မှာတော့ WB ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ပြောလို့ရပြီး James Gunn ရဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာရော ဝေဖန်ရေးသမားတွေကြားမှာပါ အောင်မြင်ခဲ့ပါတယ်။  ဒါ့အပြင် WB ဟာ James Gunn လိုပဲ ၂၀၁၆ Suicide Squad ကိုလည်း ဒါရိုက်တာ David Ayer ရဲ့ စိတ်တိုင်းကျ ဖန်တီးခွင့်ပြုခဲ့မယ်ဆိုရင် အခုလောက်ထိ ဆိုးရွားတဲ့ ဝေဖန်ချက်တွေ ရလာမှာ မဟုတ်ပါဘူး။

အခုချိန်မှာတော့ ပရိသတ်တွေဟာ Snyder’s Cut ကို တောင်းဆိုခဲ့သလိုပဲ Ayer’s Cut ကိုလည်း တောင်းဆိုနေကြပါပြီ။ လောလောဆယ်မှာတော့ ပရိသတ်တွေ တောင်းဆိုနေကြတဲ့ Ayer’s Cut တကယ်ထွက်ရှိလာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

The Suicide Squad ႐ုပ္ရွင္ကို R-Rated အျဖစ္ ႐ိုက္ကူးခြင့္ မျပဳခင္တုန္းက Warner Bros ဟာ ဒီ႐ုပ္ရွင္ကို PG-13 အေနနဲ႔ ႐ိုက္ကူးေစခ်င္ခဲ့တယ္လို႔ ဒါ႐ိုက္တာ James Gunn က ေျပာျပလာပါတယ္။

The Suicide Squad ရဲ႕ Adult Joke ေတြ၊ ေသြးထြက္သံယို ဇာတ္ဝင္ခန္းေတြနဲ႔ ထူးျခားတဲ့ ဇာတ္ေကာင္ေတြဟာ ပရိသတ္ေတြရဲ႕ အႀကိဳက္ ျဖစ္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Suicide Squad နဲ႔ ယွဥ္ၾကည့္လိုက္မယ္ဆိုရင္ အသစ္ထြက္ရွိထားတဲ့ ဒီ႐ုပ္ရွင္ဟာ ပိုၿပီးလူႀကိဳက္မ်ားသလို ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြကိုလည္း ရရွိထားပါတယ္။ ၂၀၁၆ က Suicide Squad ကိုေတာ့ ဒါ႐ိုက္တာ David Ayer က ႐ိုက္ကူးခဲ့ၿပီး WB ရဲ႕ ျခယ္လွယ္မႈေတြေၾကာင့္ အဲ့ဒီ႐ုပ္ရွင္ဟာ PG-13 ျဖစ္ခဲ့သလို ဆိုး႐ြားတဲ့ ေဝဖန္မႈေတြကိုလည္း ရရွိခဲ့ပါတယ္။

photo via screenrant

Collider သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ ဒါ႐ိုက္တာ James Gunn ဟာ WB က ဒီ႐ုပ္ရွင္ကို PG-13 အေနနဲ႔ ဖန္တီးေစခ်င္ခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္လည္း James Gunn ကေတာ့ စတူဒီယိုရဲ႕ ေတာင္းဆိုမႈကို ျပတ္ျပတ္သားသားပဲ ျငင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ WB ဟာ James Gunn ႐ိုက္ကူးထားတာ မဟုတ္တဲ့ PG-13 ထက္ James Gunn ရဲ႕ R-Rated က ပိုၿပီးေကာင္းမြန္မယ္လို႔ ယူဆကာ R-Rated အျဖစ္ ဖန္တီးခြင့္ေပးခဲ့တာ ျဖစ္ပါတယ္။

” ဒီလိုကိစၥမ်ိဴးမွာေတာ့ ကြၽန္ေတာ္က ေခါင္းမာတယ္ဗ်။ ကြၽန္ေတာ္က ဒီ႐ုပ္ရွင္အတြက္ တစ္ခ်ိန္လုံး ဇာတ္ၫႊန္းေတြ ေရးၿပီးမွ သူတို႔က PG-13 ႐ိုက္လို႔ရမလားဆိုၿပီး ေမးတယ္ေလ။ အဲ့ဒါနဲ႔ ကြၽန္ေတာ္လည္း မရဘူးလို႔ ျငင္းလိုက္တာေပါ့။ PG-13 ႐ိုက္ခ်င္ရင္ တျခားဒါ႐ိုက္တာေတြနဲ႔ ႐ိုက္လိုက္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္႐ိုက္ရမယ္ဆိုရင္ေတာ့ R-Rated ပဲ ႐ိုက္ခ်င္တယ္လို႔ ေျပာလိုက္တယ္ …  “

photo via screenrant

အခုခ်ိန္မွာေတာ့ WB ရဲ႕ ဆုံးျဖတ္ခ်က္ဟာ မွန္ကန္တယ္လို႔ ေျပာလို႔ရၿပီး James Gunn ရဲ႕ စိတ္ႀကိဳက္ဖန္တီးထားတဲ့ ဒီ႐ုပ္ရွင္ဟာ ပရိသတ္ေတြၾကားမွာေရာ ေဝဖန္ေရးသမားေတြၾကားမွာပါ ေအာင္ျမင္ခဲ့ပါတယ္။  ဒါ့အျပင္ WB ဟာ James Gunn လိုပဲ ၂၀၁၆ Suicide Squad ကိုလည္း ဒါ႐ိုက္တာ David Ayer ရဲ႕ စိတ္တိုင္းက် ဖန္တီးခြင့္ျပဳခဲ့မယ္ဆိုရင္ အခုေလာက္ထိ ဆိုး႐ြားတဲ့ ေဝဖန္ခ်က္ေတြ ရလာမွာ မဟုတ္ပါဘူး။

အခုခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ Snyder’s Cut ကို ေတာင္းဆိုခဲ့သလိုပဲ Ayer’s Cut ကိုလည္း ေတာင္းဆိုေနၾကပါၿပီ။ ေလာေလာဆယ္မွာေတာ့ ပရိသတ္ေတြ ေတာင္းဆိုေနၾကတဲ့ Ayer’s Cut တကယ္ထြက္ရွိလာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular