HomeEntertainmentFilmDCU ကို Henry Cavill ပြန်မလာတော့ပါ။

DCU ကို Henry Cavill ပြန်မလာတော့ပါ။

ယခုအချိန်မှာတော့ Henry Cavill ဟာ DCU ရဲ့ Superman အဖြစ်ကနေ တရားဝင် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ James Gunn ဟာ ပိုမိုငယ်ရွယ်တဲ့ Clark Kent ဗားရှင်းကို ဖန်တီးချင်တာကြောင့်လို့ သိရပါတယ်။ Henry Cavill ရဲ့ Superman အနာဂတ်ဟာ ရေရေရာရာ မရှိခဲ့တာ နှစ်နဲ့ချီနေပြီ ဆိုပေမယ့်လည်း မကြာခင်ကပဲ Black Adam ရုပ်ရှင်ထဲမှာ Surprise အနေနဲ့ Cameo ပါဝင်ခဲ့ပါသေးတယ်။

photo via screenrant

အဲဒီနောက်မှာတော့ Henry Cavill ကိုယ်တိုင်က အင်စတာဂရမ်ပေါ်ကနေ DCU ရဲ့ Superman အနေနဲ့ ပြန်လာပါပြီလို့ ကြေညာခဲ့ပါတယ်။ ဒီသတင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Man of Steel 2 ကို ဖန်တီးနေပါဆိုတဲ့ ကောလာဟလတွေပါ ထွက်ရှိလာပါသေးတယ်။ သို့သော်လည်း စိတ်မကောင်းစရာနဲ့ပဲ ယခုအချိန်မှာတော့ ဒီသတင်းတွေအားလုံးဟာ မမှန်ကန်ဘူးဆိုတာ သိလိုက်ရပါတယ်။

James Gunn နဲ့ Peter Safran တို့ဟာ DC စတူဒီယိုရဲ့ Co-CEO ဖြစ်လာတဲ့ အချိန်မှာတော့ Henry Cavill ရဲ့ Superman အနာဂတ်ဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။ မကြာသေးခင်ကပဲ Henry Cavill ကိုယ်တိုင်ရော၊ James Gunn ကပါ ဒီသတင်းကို အတည်ပြုပေးထားပါတယ်။ James Gunn ကတော့ ပိုမိုငယ်ရွယ်တဲ့ Superman ကို ဖန်တီးချင်တာကြောင့် သရုပ်ဆောင် ပြောင်းလဲသွားမယ်လို့ ဆိုရှယ်မီဒီယာကနေ ပြောထားပါတယ်။

 

View this post on Instagram

 

A post shared by Henry Cavill (@henrycavill)

Henry Cavill ဟာ Black Adam မှာ ပါဝင်ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ DCU က ထွက်ခွာမှုကို ကြေညာခဲ့တာဟာ အတော်လေးတော့ အံ့ဩဖို့ကောင်းပါတယ်။ James Gunn တစ်ယောက် DC စတူဒီယိုရဲ့ Co-CEO ဖြစ်ပြီးနောက်မှာတော့ အပြောင်းအလဲတွေများစွာ ပြုလုပ်နေပြီး Universe တစ်ခုလုံးကိုတောင် Reboot ပြန်လည် ပြုလုပ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Henry Cavill ကို Superman အနေနဲ့ ထပ်တွေ့ရဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular