HomeCelebs Update NewsKoreaSeungri ကို BIGBANG အဖြဲ႔ထဲက ထုတ္ပယ္ေပးရန္ ပရိသတ္မ်ားေတာင္းဆို

Seungri ကို BIGBANG အဖြဲ႔ထဲက ထုတ္ပယ္ေပးရန္ ပရိသတ္မ်ားေတာင္းဆို

(အောက်တွင် Unicode ဖြင့်ဖတ်ရှုပါ။)
နာမည္ႀကီးေကေပါ့ပ္ boy band တစ္ခုျဖစ္တဲ့ BIGBANG အဖြဲ႕ရဲ႕ အြန္လိုင္းပရိသတ္မ်ားအဖြဲ႔အစည္း DC BIGBANG Gallery ကေန Seungri ကို BIGBANG အဖြဲ႔ထဲကေန ထုတ္ပယ္ဖို႔ ေၾကျငာခ်က္တစ္ခု ထုတ္ျပန္ခဲ့ရာ fan မ်ားအၾကား အျငင္းပြားမႈေတြ ျမင့္တက္ေနပါတယ္။

“YG Entertainment အေနနဲ႔ Seungri ကို ထုတ္ပယ္ေပးရန္”ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေၾကျငာခ်က္တစ္ခုကို မတ္လ(၉)ရက္ေန႔ ရက္စြဲနဲ႔ အြန္လိုင္းပရိသတ္မ်ားအဖြဲ႔အစည္းက ထုတ္ျပန္ေၾကျငာလိုက္တာပါ။ “လူမႈကြန္ယက္ေတြေပၚမွာ ဂယက္ရိုက္ေစခဲ့တဲ့ Burning Sun ကိစၥမွာ ပါ၀င္ခဲ့ၿပီး သူ႔ရဲ႕ကိုယ္ပိုင္အက်ိဳးစီးပြားအတြက္ BIGBANG အဖြဲ႔ရဲ႕နာမည္ကို ခုတုံးလုပ္အသုံးျပဳခဲ့ၿပီး အဖြဲ႔နဲ႔ ေအဂ်င္စီရဲ႕နာမည္ဂုဏ္သိကၡာကို ထိခိုက္က်ဆင္းေစတဲ့အတြက္ Seungri ကို အဖြဲ႔ထဲကေန ထုတ္ပယ္ဖို႔ အျပင္းအထန္ တိုက္တြန္းပါတယ္”လို႔ ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

Photo: pinterest

အဆိုပါေၾကျငာခ်က္ဟာ မၾကာေသးခင္ကမွ ပြက္ေလာရိုက္ခဲ့တဲ့ စြပ္စြဲခ်က္ေတြေပၚမွာလည္း မူတည္ထားပါတယ္။ မၾကာေသးခင္အခ်ိန္တုန္းကပဲ ႏိုင္ငံရပ္ျခားက ဆယ္လီအေက်ာ္အေမာ္ေတြ၊ ၄င္းရဲ႕စီးပြားေရးေတြမွာ ရင္းႏွီးျမွဳပ္ႏွံသူ ျဖစ္လာႏိုင္ေခ်ရိွသူေတြကို ဖိတ္ၾကားၿပီး ဖိလစ္ပိုင္ႏိုင္ငံမွာ ေမြးေန႔ပါတီ က်င္းပခဲ့ရာ အဆိုပါ ႏိုင္ငံျခားသား ရင္းႏွီးျမွဳပ္ႏွံသူေတြအတြက္ ျပည့္တန္ဆာနဲ႔ ဇိမ္မယ္၀န္ေဆာင္မႈေတြ ငွားရမ္းေပးခဲ့တယ္လို႔ စြပ္စြဲမႈေတြ ထြက္ေပၚလာခဲ့ၿပီး Burning Sun ကိစၥရပ္မွာ ပါ၀င္ေနခဲ့တယ္လို႔လည္း စြပ္စြဲခံထားရတာ ျဖစ္ပါတယ္။

တရားမ၀င္တဲ့လုပ္ရပ္ေတြ မဟုတ္ေပမယ့္ အျခားေသာ က်င့္၀တ္ပိုင္းဆိုင္ရာမွာ မေစာင့္ထိန္းမႈနဲ႔ သူရရိွထားတဲ့ အဆိုေတာ္တစ္ေယာက္ရဲ႕ေနရာကို မေလးမစားျပဳလုပ္တယ္ဆိုတဲ့ အျခား ေ၀ဖန္ေထာက္ျပမႈေတြကိုလည္း ပရိသတ္ေတြက ေျပာဆိုေနၾကတာပါ။ ပရိသတ္ေတြကို ေ၀ဖန္မႈေတြ ျမင့္တက္ေစခဲ့တဲ့ Seungri ရဲ႕လုပ္ရပ္ေတြကေတာ့ အမ်ားအျပားပါ။ tvN ရုပ္သံလိုင္းက ထုတ္လႊင့္တဲ့ Salty Tour ဆိုတဲ့အစီအစဥ္မွာ အိုင္ေဒါေကာင္မေလးတစ္ေယာက္ကို ဘီယာငွဲ႕ခိုင္းခဲ့တဲ့လုပ္ရပ္၊ သူ႔ရဲ႕ ပါဆင္နယ္ Instagram အေကာင့္မွာ အေဖာ္အခၽြတ္မဂၢဇင္းတစ္ခုျဖစ္တဲ့ Maxim မွာ ပါ၀င္ယွဥ္ၿပိဳင္ထားတဲ့ သူ႔သူငယ္ခ်င္းမရဲ႕ပုံေတြကို ပရိသတ္ေတြကို မဲေပးခိုင္းတဲ့လုပ္ရပ္သာမက သူ႔ရဲ႕ကိုယ္က်ိဳးစီးပြားေရးေတြမွာ BIGBANG အဖြဲ႕ရဲ႕ နာမည္ကိုအသုံးခ်ၿပီး ပရိုမုိးရွင္းဆင္းတာမ်ိဳးေတြလည္း ပါ၀င္ခဲ့ပါတယ္။

Photo: pinterest

သူ႔ရဲ႕အျပဳအမူေတြနဲ႔ တရားမ၀င္လုပ္ရပ္ေတြဟာ စုံစမ္းစစ္ေဆးၿပီး အေရးယူလို႔ရႏိုင္ေပမယ့္ သူ႔ေၾကာင့္ ထိခိုက္ခဲ့ရတဲ့ အဖြဲ႔ရဲ႕ဂုဏ္သိကၡာက်ဆင္းမႈေတြကေတာ့ ျပန္လည္ျပင္ဆင္လို႔ မရႏိုင္ေတာ့ပါဘူး။ BIGBANG Gallery ဟာ Seungri ကို လုံး၀ေထာက္ခံအားေပးျခင္း ရိွေတာ့မွာမဟုတ္ပါဘူးလို႔ မတ္လ (၉)ရက္ေန႔အထိ သတင္းမ်ားအရ သိရပါတယ္။

အဆိုပါ ထုတ္ျပန္ေၾကျငာခ်က္နဲ႔ ပတ္သက္လို႔ ပရိသတ္အားလုံးကေတာ့ သေဘာတူညီျခင္း မရိွပါဘူး။ အခ်ိဳ႕ကလည္း ဒီေၾကျငာခ်က္ဟာ BIGBANG ပရိသတ္ထုႀကီးတစ္ခုလုံးကို ကိုယ္စားမျပဳဘူးလို႔ အျငင္းပြားေနၾကပါတယ္။ အခ်ိဳ႕ကလည္း အြန္လိုင္းပရိသတ္အဖြဲ႔အစည္းအေနနဲ႔ ဒီလိုထုတ္ျပန္ခ်က္ လုပ္လိုက္တာဟာ BIGBANG အဖြဲ႔အေပၚ မေကာင္းတဲ့ တုံ႔ျပန္ခ်က္ေတြသာ ပိုၿပီးရလာႏိုင္ေစတယ္လို႔ ေထာက္ျပေနၾကပါတယ္။

Photo: pinterest

Seungri ကေတာ့ ႏိုင္ငံျခားသား ရင္းနွီးျမွဳပ္ႏွံသူမ်ားအတြက္ လိင္ေဖ်ာ္ေျဖမႈ ၀န္ေဆာင္မႈေတြ ပ့ံပိုးေပးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈခံယူခဲ့ၿပီး ျဖစ္ပါတယ္။ ေဖေဖာ္၀ါရီလ (၂၇)ရက္ေန႔က ဆိုးလ္ၿမိဳ႕ရဲဌာနမွာ စစ္ေဆးမႈခံယူခဲ့ၿပီး သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ မူးယစ္ေဆး၀ါး သုံးစြဲထားမႈ ရိွမရိွကိုလည္း အစစ္ခံခဲ့ရပါတယ္။ စစ္ေဆးမႈရလဒ္အေနနဲ႔ မူးယစ္ေဆးသုံးစြဲထားမႈ လကၡဏာတစ္ခုမွ် မေတြ႕ခဲ့ရဘူးလို႔လည္း သိရပါတယ္။

YG Entertainment ကေတာ့ Seungri ဟာ သူ႔ရဲ႕ဆႏၵအရ မတ္လ(၂၅)ရက္ေန႔မွာ စစ္မႈထမ္းဖို႔အတြက္ စာရင္းေပးၿပီးျဖစ္ေၾကာင္း ေၾကျငာထားပါတယ္။ ရဲဌာနကေတာ့ Seungri ရဲ႕ အမႈကို ဆက္လက္ကိုင္တြယ္သြားမွာျဖစ္ၿပီး သူ႔ရဲ႕စစ္မႈထမ္းကာလ စတင္တဲ့အခ်ိန္က်မွ သာမန္စုံစမ္းစစ္ေဆးေရးအဆင့္ကေန သံသယတရားခံအျဖစ္ ကူးေျပာင္းသြားခဲ့မယ္ဆိုရင္ေတာ့ သူ႔ရဲ႕အမႈကို စစ္ဘက္ဆိုင္ရာဆီ လႊဲေျပာင္းေပးရႏိုင္ေခ် ရိွတယ္လို႔ ရွင္းျပထားပါတယ္။

Source:soompi

နာမည်ကြီးကေပေါ့ပ် boy band တစ်ခုဖြစ်တဲ့ BIGBANG အဖွဲ့ရဲ့ အွန်လိုင်းပရိသတ်များအဖွဲ့အစည်း DC BIGBANG Gallery ကနေ Seungri ကို BIGBANG အဖွဲ့ထဲကနေ ထုတ်ပယ်ဖို့ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ fan များအကြား အငြင်းပွားမှုတွေ မြင့်တက်နေပါတယ်။

“YG Entertainment အနေနဲ့ Seungri ကို ထုတ်ပယ်ပေးရန်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာချက်တစ်ခုကို မတ်လ(၉)ရက်နေ့ ရက်စွဲနဲ့ အွန်လိုင်းပရိသတ်များအဖွဲ့အစည်းက ထုတ်ပြန်ကြေငြာလိုက်တာပါ။ “လူမှုကွန်ယက်တွေပေါ်မှာ ဂယက်ရိုက်စေခဲ့တဲ့ Burning Sun ကိစ္စမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် BIGBANG အဖွဲ့ရဲ့နာမည်ကို ခုတုံးလုပ်အသုံးပြုခဲ့ပြီး အဖွဲ့နဲ့ အေဂျင်စီရဲ့နာမည်ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတဲ့အတွက် Seungri ကို အဖွဲ့ထဲကနေ ထုတ်ပယ်ဖို့ အပြင်းအထန် တိုက်တွန်းပါတယ်”လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Photo: pinterest

အဆိုပါကြေငြာချက်ဟာ မကြာသေးခင်ကမှ ပွက်လောရိုက်ခဲ့တဲ့ စွပ်စွဲချက်တွေပေါ်မှာလည်း မူတည်ထားပါတယ်။ မကြာသေးခင်အချိန်တုန်းကပဲ နိုင်ငံရပ်ခြားက ဆယ်လီအကျော်အမော်တွေ၊ ၎င်းရဲ့စီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာနိုင်ချေရှိသူတွေကို ဖိတ်ကြားပြီး ဖိလစ်ပိုင်နိုင်ငံမှာ မွေးနေ့ပါတီ ကျင်းပခဲ့ရာ အဆိုပါ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာနဲ့ ဇိမ်မယ်ဝန်ဆောင်မှုတွေ ငှားရမ်းပေးခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပြီး Burning Sun ကိစ္စရပ်မှာ ပါဝင်နေခဲ့တယ်လို့လည်း စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

တရားမဝင်တဲ့လုပ်ရပ်တွေ မဟုတ်ပေမယ့် အခြားသော ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ မစောင့်ထိန်းမှုနဲ့ သူရရှိထားတဲ့ အဆိုတော်တစ်ယောက်ရဲ့နေရာကို မလေးမစားပြုလုပ်တယ်ဆိုတဲ့ အခြား ဝေဖန်ထောက်ပြမှုတွေကိုလည်း ပရိသတ်တွေက ပြောဆိုနေကြတာပါ။ ပရိသတ်တွေကို ဝေဖန်မှုတွေ မြင့်တက်စေခဲ့တဲ့ Seungri ရဲ့လုပ်ရပ်တွေကတော့ အများအပြားပါ။ tvN ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Salty Tour ဆိုတဲ့အစီအစဉ်မှာ အိုင်ဒေါကောင်မလေးတစ်ယောက်ကို ဘီယာငှဲ့ခိုင်းခဲ့တဲ့လုပ်ရပ်၊ သူ့ရဲ့ ပါဆင်နယ် Instagram အကောင့်မှာ အဖော်အချွတ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Maxim မှာ ပါဝင်ယှဉ်ပြိုင်ထားတဲ့ သူ့သူငယ်ချင်းမရဲ့ပုံတွေကို ပရိသတ်တွေကို မဲပေးခိုင်းတဲ့လုပ်ရပ်သာမက သူ့ရဲ့ကိုယ်ကျိုးစီးပွားရေးတွေမှာ BIGBANG အဖွဲ့ရဲ့ နာမည်ကိုအသုံးချပြီး ပရိုမိုးရှင်းဆင်းတာမျိုးတွေလည်း ပါဝင်ခဲ့ပါတယ်။

Photo: pinterest

သူ့ရဲ့အပြုအမူတွေနဲ့ တရားမဝင်လုပ်ရပ်တွေဟာ စုံစမ်းစစ်ဆေးပြီး အရေးယူလို့ရနိုင်ပေမယ့် သူ့ကြောင့် ထိခိုက်ခဲ့ရတဲ့ အဖွဲ့ရဲ့ဂုဏ်သိက္ခာကျဆင်းမှုတွေကတော့ ပြန်လည်ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ BIGBANG Gallery ဟာ Seungri ကို လုံးဝထောက်ခံအားပေးခြင်း ရှိတော့မှာမဟုတ်ပါဘူးလို့ မတ်လ (၉)ရက်နေ့အထိ သတင်းများအရ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်နဲ့ ပတ်သက်လို့ ပရိသတ်အားလုံးကတော့ သဘောတူညီခြင်း မရှိပါဘူး။ အချို့ကလည်း ဒီကြေငြာချက်ဟာ BIGBANG ပရိသတ်ထုကြီးတစ်ခုလုံးကို ကိုယ်စားမပြုဘူးလို့ အငြင်းပွားနေကြပါတယ်။ အချို့ကလည်း အွန်လိုင်းပရိသတ်အဖွဲ့အစည်းအနေနဲ့ ဒီလိုထုတ်ပြန်ချက် လုပ်လိုက်တာဟာ BIGBANG အဖွဲ့အပေါ် မကောင်းတဲ့ တုံ့ပြန်ချက်တွေသာ ပိုပြီးရလာနိုင်စေတယ်လို့ ထောက်ပြနေကြပါတယ်။

Photo: pinterest

Seungri ကတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအတွက် လိင်ဖျော်ဖြေမှု ဝန်ဆောင်မှုတွေ ပံ့ပိုးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုခံယူခဲ့ပြီး ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ဆိုးလ်မြို့ရဲဌာနမှာ စစ်ဆေးမှုခံယူခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲထားမှု ရှိမရှိကိုလည်း အစစ်ခံခဲ့ရပါတယ်။ စစ်ဆေးမှုရလဒ်အနေနဲ့ မူးယစ်ဆေးသုံးစွဲထားမှု လက္ခဏာတစ်ခုမျှ မတွေ့ခဲ့ရဘူးလို့လည်း သိရပါတယ်။

YG Entertainment ကတော့ Seungri ဟာ သူ့ရဲ့ဆန္ဒအရ မတ်လ(၂၅)ရက်နေ့မှာ စစ်မှုထမ်းဖို့အတွက် စာရင်းပေးပြီးဖြစ်ကြောင်း ကြေငြာထားပါတယ်။ ရဲဌာနကတော့ Seungri ရဲ့ အမှုကို ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပြီး သူ့ရဲ့စစ်မှုထမ်းကာလ စတင်တဲ့အချိန်ကျမှ သာမန်စုံစမ်းစစ်ဆေးရေးအဆင့်ကနေ သံသယတရားခံအဖြစ် ကူးပြောင်းသွားခဲ့မယ်ဆိုရင်တော့ သူ့ရဲ့အမှုကို စစ်ဘက်ဆိုင်ရာဆီ လွှဲပြောင်းပေးရနိုင်ချေ ရှိတယ်လို့ ရှင်းပြထားပါတယ်။

Source:soompi

RELATED ARTICLES

Most Popular