HomeEntertainmentFilmHenry Cavill ရဲ့ Superman ကို DCEU ထဲမှာ ပြန်လည်မြင်တွေ့ရမယ်လို့ သတင်းထွက်နေ

Henry Cavill ရဲ့ Superman ကို DCEU ထဲမှာ ပြန်လည်မြင်တွေ့ရမယ်လို့ သတင်းထွက်နေ

ယခုအချိန်မှာတော့ ၂၀၂၂ ခုနှစ်အတွက် Comic-Con ပွဲကို ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီပွဲမှာပဲ Henry Cavill ဟာ WB ရဲ့ Wall H Panel ကို ရောက်လာပြီး DCEU ကို Superman အနေနဲ့ ပြန်လာမယ်လို့ ကြေညာသွားမယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။

Henry Cavill ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Man of Steel ရုပ်ရှင်ထဲမှာ Superman အနေနဲ့ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး ဒီရုပ်ရှင်ဟာ DCEU ကို စတင်ဖန်တီးခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Superman vs. Batman: Dawn of Justice နဲ့ Justice League ဗားရှင်းနှစ်မျိုးလုံးမှာ ပါဝင်ခဲ့ပါတယ်။ Henry Cavill ဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ Superman ဖြစ်ပေမယ့်လည်း ယခုအထိတော့ သူ့ရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

photo via screenrant

Henry Cavill ရဲ့ Superman အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေပေါင်းစုံ ဆက်တိုက် ထွက်ပေါ်လာနေပါတယ်။ အချို့သတင်းတွေကတော့ Henry Cavill ဟာ Justice League အပြီးမှာ ဒီဇာတ်ကောင်ကနေ အပြီးတိုင် ထွက်ခွာသွားပြီလို့ ဖော်ပြကြသလို တချို့သတင်းတွေမှာတော့ သူဟာ Cameo တွေ ပါဝင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သတင်းတွေလည်း ထွက်လာပါသေးတယ်။

အသစ်ထွက်ရှိလာမယ့် The Flash ရုပ်ရှင်ထဲမှာတော့ Supergirl ဟာ အဓိကနေရာက ပါဝင်လာမယ်လို့ ကြေညာထားပါတယ်။ သို့သော်လည်း ယခုအချိန်ထိ Henry Cavill ကတော့ Superman အနေနဲ့ ပြန်လာမှာလား၊ အပြီးတိုင်ထွက်သွားပြီလားဆိုတာ သေချာမသိရသေးပါဘူး။

Deadline သတင်းဌာနကတော့ မကြာသေးခင်ကပဲ Comic-Con ပွဲထဲမှာ ဘယ်လိုကြေညာမှုမျိူးတွေကို မြင်တွေ့ရနိုင်မလည်းလို့ ဖော်ပြခဲ့ပါတယ်။ အဲဒီထဲက တစ်ခုကတော့ Henry Cavill ဟာ Comic-Con ပွဲရဲ့ စနေနေ့မှာ Surprise Appearance ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာတော့ Henry Cavill ဟာ DCEU ရဲ့ Superman ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ပြောပြသွားမယ်လို့ ဖော်ပြထားပြီး ဒီသတင်းသာ အမှန်ဖြစ်လာမယ် ဆိုရင်တော့ Henry Cavill ရဲ့ Superman ကို ပြန်လည် မြင်တွေ့ရတော့မှာလားဆိုတာ မကြာခင်မှာ သိရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Henry Cavill ဟာ Superman အနေနဲ့ ပြန်လာမယ်ဆိုတဲ့ သတင်းဟာ ပရိသတ်တွေအတွက်ရော Warner Bros. အတွက်ပါ ကြီးမားတဲ့ သတင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် WB ဟာ Comic-Con ပွဲမှာ DCEU ရုပ်ရှင်ထဲက Black Adam နဲ့ Shazam: Fury of the Gods ရုပ်ရှင်နှစ်ကားအကြောင်းပဲ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း Black Adam ရဲ့ ရုပ်ရှင်အဆုံးသတ်မှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ Black Adam နဲ့ Superman တို့ နှစ်ယောက်ရဲ့ တိုက်ပွဲကို အရိပ်အမြွက် ပြသသွားဖို့ စီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Henry Cavill ရဲ့ Superman သာ တကယ်ပြန်လာမယ် ဆိုရင်တော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Man of Steel 2 ဟာလည်း တချိန်ချိန်မှာ ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular