HomeCelebs Update NewsInternationalThe Flash အပါအဝင် နောက်ထပ် ဘယ် DC ရုပ်ရှင်မှာမှ ပါဝင်လာဖို့ မရှိသေးတဲ့ Henry Cavill

The Flash အပါအဝင် နောက်ထပ် ဘယ် DC ရုပ်ရှင်မှာမှ ပါဝင်လာဖို့ မရှိသေးတဲ့ Henry Cavill

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Henry Cavill ရဲ့ Superman ဟာ ၂၀၂၂ ခုနှစ်မှာ အသစ်ထွက်ရှိလာမယ့် The Flash ရုပ်ရှင်အပါအဝင် တခြားအသစ်ထွက်ရှိလာဦးမယ့် DCEU ပရော့ဂျက်တွေမှာ မပါဝင်တော့ဘူးလို့ သိရပါတယ်။

Henry Cavill ဟာ Zack Snyder ရိုက်ကူးပြီး ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Man of Steel ရုပ်ရှင်မှာ Superman အနေနဲ့ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Henry ဟာ Batman v Superman: Dawn of Justice နဲ့ Justice League တို့မှာ ထပ်မံပါဝင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း လောလောဆယ်မှာတော့ Henry ရဲ့ Superman ကို မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။

photo via screenrant

Warner Bros. ဟာ Box-Office မှာ အောင်မြင်ခဲ့တဲ့ Aquaman နဲ့ Wonder Woman တို့လို ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့ပြီး The Flash ၊ Aquaman 2 နဲ့ Wonder Woman 3 တို့လို ရုပ်ရှင်တွေကိုလည်း ထပ်မံထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Warner Bros. ဟာ DCEU ပရိသတ်တွေ အလိုချင်ဆုံးဖြစ်တဲ့ SnyderVerse ကို မျက်ကွယ်ပြုထားပြီး သရုပ်ဆောင်တွေကလည်း မတည်မငြိမ် ဖြစ်နေတာကြောင့် အခုချိန်မှာတော့ DCEU ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

The Warp သတင်းဌာနရဲ့ Umberto Gonzales ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး တွစ်တာစာမျက်နှာပေါ်မှာ ပြောပြထားပါတယ်။ ဒါကတော့ တွစ်တာပေါ်က အကောင့်တစ်ခုဟာ အသစ်ထွက်ရှိလာမယ့် The Flash ရုပ်ရှင်ထဲမှာ Henry Cavill သေချာပေါက် ပါဝင်လာမယ်လို့ ပြောထားတာကို Umberto က ပြန်လည်ငြင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပြောစကားအရ Henry ဟာ လောလောဆယ်မှာ တခြား ဘယ် DCEU ပရောဂျက်မှာမှ ပါဝင်လာဖို့ သဘောတူထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

photo via screenrant

တချို့ပရိသတ်တွေအတွက်တော့ Henry ရဲ့ Superman ကို ထပ်ပြီး မမြင်ရတော့ဘူးဆိုတဲ့ သတင်းဟာ သိပ်ပြီး အံ့ဩစရာ မဟုတ်ပါဘူး။ အရင်တစ်ခေါက်တုန်းကလည်း Warner Bros. နဲ့ ပြဿနာ အနည်းငယ် ရှိခဲ့ပြီး Henry ဟာ Superman ဇာတ်ကောင်ကနေ နှုတ်ထွက်သွားတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ဒါတင်မကသေးဘဲ Warner Bros. က လူမည်း Superman ဆိုပြီး Reboot ပြန်ရိုက်ဖို့အတွက် Michael B. Jordan ကို ရွေးချယ်ထားပါသေးတယ်။ ဒီအချက်တွေကြောင့်လည်း Henry ရဲ့ Superman ကို DCEU ထဲမှာ ထပ်မတွေ့ရတော့မှာ ဖြစ်နိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Henry Cavill ရဲ႕ Superman ဟာ ၂၀၂၂ ခုႏွစ္မွာ အသစ္ထြက္ရွိလာမယ့္ The Flash ႐ုပ္ရွင္အပါအဝင္ တျခားအသစ္ထြက္ရွိလာဦးမယ့္ DCEU ပေရာ့ဂ်က္ေတြမွာ မပါဝင္ေတာ့ဘူးလို႔ သိရပါတယ္။

Henry Cavill ဟာ Zack Snyder ႐ိုက္ကူးၿပီး ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Man of Steel ႐ုပ္ရွင္မွာ Superman အေနနဲ႔ ပထမဆုံးပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Henry ဟာ Batman v Superman: Dawn of Justice နဲ႔ Justice League တို႔မွာ ထပ္မံပါဝင္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ Henry ရဲ႕ Superman ကို ျမင္ေတြ႕ရဦးမွာ မဟုတ္ပါဘူး။

photo via screenrant

Warner Bros. ဟာ Box-Office မွာ ေအာင္ျမင္ခဲ့တဲ့ Aquaman နဲ႔ Wonder Woman တို႔လို ႐ုပ္ရွင္ေတြကို ထုတ္လုပ္ခဲ့ၿပီး The Flash ၊ Aquaman 2 နဲ႔ Wonder Woman 3 တို႔လို ႐ုပ္ရွင္ေတြကိုလည္း ထပ္မံထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Warner Bros. ဟာ DCEU ပရိသတ္ေတြ အလိုခ်င္ဆုံးျဖစ္တဲ့ SnyderVerse ကို မ်က္ကြယ္ျပဳထားၿပီး သ႐ုပ္ေဆာင္ေတြကလည္း မတည္မၿငိမ္ ျဖစ္ေနတာေၾကာင့္ အခုခ်ိန္မွာေတာ့ DCEU ရဲ႕ အနာဂတ္ဟာ မေရမရာ ျဖစ္ေနပါတယ္။

The Warp သတင္းဌာနရဲ႕ Umberto Gonzales ကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး တြစ္တာစာမ်က္ႏွာေပၚမွာ ေျပာျပထားပါတယ္။ ဒါကေတာ့ တြစ္တာေပၚက အေကာင့္တစ္ခုဟာ အသစ္ထြက္ရွိလာမယ့္ The Flash ႐ုပ္ရွင္ထဲမွာ Henry Cavill ေသခ်ာေပါက္ ပါဝင္လာမယ္လို႔ ေျပာထားတာကို Umberto က ျပန္လည္ျငင္းဆိုထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ေျပာစကားအရ Henry ဟာ ေလာေလာဆယ္မွာ တျခား ဘယ္ DCEU ပေရာဂ်က္မွာမွ ပါဝင္လာဖို႔ သေဘာတူထားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

photo via screenrant

တခ်ိဳ႕ပရိသတ္ေတြအတြက္ေတာ့ Henry ရဲ႕ Superman ကို ထပ္ၿပီး မျမင္ရေတာ့ဘူးဆိုတဲ့ သတင္းဟာ သိပ္ၿပီး အံ့ဩစရာ မဟုတ္ပါဘူး။ အရင္တစ္ေခါက္တုန္းကလည္း Warner Bros. နဲ႔ ျပႆနာ အနည္းငယ္ ရွိခဲ့ၿပီး Henry ဟာ Superman ဇာတ္ေကာင္ကေန ႏႈတ္ထြက္သြားတယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။

ဒါတင္မကေသးဘဲ Warner Bros. က လူမည္း Superman ဆိုၿပီး Reboot ျပန္႐ိုက္ဖို႔အတြက္ Michael B. Jordan ကို ေ႐ြးခ်ယ္ထားပါေသးတယ္။ ဒီအခ်က္ေတြေၾကာင့္လည္း Henry ရဲ႕ Superman ကို DCEU ထဲမွာ ထပ္မေတြ႕ရေတာ့မွာ ျဖစ္ႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular