HomeCelebs Update NewsInternationalဘီလျံနာခင်ပွန်းတွေကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော်အမျိုးသမီးများ 

ဘီလျံနာခင်ပွန်းတွေကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော်အမျိုးသမီးများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်၊ ဂီတ၊ မော်ဒယ်လ်စတဲ့ နယ်ပယ်အသီးသီးမှာ ကိုယ့်ထူးကိုယ်ချွန်ပြီး အောင်မြင်လာတဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေး ရှိပါတယ်။ ကိုယ်တိုင်က အောင်မြင်ပြီး ချစ်သူ၊ အိမ်ထောင်ဖက်တွေကလည်း အလားတူ အောင်မြင်နေတဲ့အခါ လူအများက စံထား အားကျရတဲ့ နာမည်ကျော် မောင်နှံစုံတွဲတွေ ဖြစ်လာတာပါပဲ။ သို့ပေမယ့် ဒီထက် တဆင့်ပိုပြီး ဂုဏ်သတင်းရော၊ ငွေကြေးစည်းစိမ်မှာပါ များစွာသာလွန်တဲ့ ချစ်သူ၊ အိမ်ထောင်ဖက်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ နာမည်ကျော် အမျိုးသမီးတွေကတော့ ကံကောင်းတယ်ဆိုတာထက် ပိုပါတယ်။ မိမိကိုယ်တိုင်က ငွေကြေးစည်းစိမ်၊ ဂုဏ်သိက္ခာတို့မှာ ပြောစရာမလိုအောင် အောင်မြင်နေပြီး ပိုအောင်မြင်တဲ့ ဘီလျံနာချစ်သူတွေကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် ဆယ်လီမမတွေကတော့ …

Nicky Hilton Rothschild
Photo: nickyhilton/ Instagram

Nicky Hilton ဟာ မွေးတည်းက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့နာမည်ကြီး Hilton ဟိုတယ်လုပ်ငန်းစုရဲ့ မြေးဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် Paris Hilton နဲ့ ညီအစ်မ တော်စပ်သူလည်း ဖြစ်ပါတယ်။ ဒါတင်မက Nicky ဟာ မော်ဒယ်လ်၊ ဖက်ရှင်ဒီဇိုင်နာနဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်မှာတော့ သူမတို့ မိသားစုထက် ပိုပြီးဂုဏ်ရှိန်ဝါ ကြီးမားချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ James Rothschild နဲ့ လက်ထပ်ခဲ့ပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်တဲ့ James Rothschild ကတော့ နာမည်ကျော် Rothschild မိသားစုက ဆင်းသက်လာသူ ဖြစ်ပါတယ်။ Rothschild မိသားစုကတော့ ၁၇၀၀ ပြည့်နှစ်ဝန်းကျင်တည်းက ဥရောပတလွှားမှာ နာမည်ကျော်ကြားခဲ့တဲ့ မိသားစုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဘဏ်လုပ်ငန်းတွေထဲမှာ ပါဝင်တဲ့ Rothschild ဘဏ်လုပ်ငန်းကို ပိုင်ဆိုင်ပါတယ်။ James Rothschild တစ်ဦးတည်းရဲ့  ၂၀၂၁ ခုနှစ်အထိ ငွေကြေးကြွယ်ဝမှုဟာ ဒေါ်လာ (၁.၃)ဘီလျံခန့် ရှိပါတယ်။

Miranda Kerr
Photo: mirandakerr/ Instagram

Miranda Kerr ကတော့ နာမည်ကျော် ကမ္ဘာ့ထိပ်တန်း မော်ဒယ်လ်တစ်ယောက် ဖြစ်ပြီး Victoria’s Secret မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါတင်မက သူမဟာ ဩစတျေးလျနိုင်ငံရဲ့ ပထမဆုံး Victoria’s Secret မော်ဒယ်လ်ဖြစ်ပြီး Forbes က ဖော်ပြတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မော်ဒယ်လ်တွေရဲ့ စာရင်းမှာ အမြဲထိပ်ဆုံးက ပါဝင်နေခဲ့သူ ဖြစ်ပါတယ်။

သူမဟာ ယခင်ကတော့ နာမည်ကျော် ဟောလိဝုဒ်မင်းသားချော Orlando Bloom နဲ့ ၂၀၁၀ ကနေ ၂၀၁၃ အထိ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bloom နဲ့ ကွာရှင်းပြီးနောက် ၂၀၁၇ ခုနှစ်မှာတော့ Evan Spiegel နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းသည် Evan Spiegel ကတော့ Snapchat ရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပြီး စီအီးအိုလည်း ဖြစ်ပါတယ်။ Evan Spiegel ဟာ ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ (၁၁.၂)ဘီလျံခန့် ရှိနေပါတယ်။

Salma Hayek
Photo: salmahayek/ Instagram

မက္ကဆီကန်ဖွား မင်းသမီးချော Salma Hayek ကတော့ သူမရဲ့ အောင်မြင်တဲ့ သရုပ်ဆောင်မှုကြောင့် ဟောလိဝုဒ်မှာ ဆယ်စုနှစ် သုံးခုကြာအောင် ရပ်တည်နေနိုင်သူ ဖြစ်ပါတယ်။ သူမဟာ ကိုယ်တိုင်သရုပ်ဆောင်ရုံတင် မဟုတ်ဘဲ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်ပါသေးတယ်။ သူမရဲ့ မြင့်မားပြီးသား ဘဝဟာ ၂၀၀၉ ခုနှစ်မှာ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် François-Henri Pinault နဲ့ လက်ထပ်လိုက်ချိန်မှာတော့ အတိုင်းထက်အလွန် မြင့်မားသွားခဲ့ပါတယ်။

Pinault ဟာ စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ Kering လုပ်ငန်းစုရဲ့ စီအီးအိုနဲ့ ဥက္ကဌ ဖြစ်ပါတယ်။ Kering လုပ်ငန်းစုရဲ့ လက်အောက်မှာ နာမည်ကျော်ကုမ္ပဏီပေါင်းများစွာ ရှိပြီး Yves Saint Laurent နဲ့ Gucci တို့လို ဇိမ်ခံ brand များစွာ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ်အထိ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ခန့်မှန်းချေ ဒေါ်လာ(၄၃)ဘီလျံခန့် ရှိပါတယ်။

Jerry Hall
Photo: thejerryhall/ Instagram

Jerry Hall ကတော့ အမေရိကန် မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး နာမည်ကျော် အဆိုတော်ကြီး Mick Jagger ရဲ့ ကာလကြာရှည် တွဲခဲ့တဲ့ ချစ်သူဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ်မှာတော့ မီဒီယာလောကရဲ့ ဂုရုကြီးတစ်ယောက်ဖြစ်တဲ့ Rupert Murdoch နဲ့ လက်ထပ်ခဲ့ပါတယ်။

Rupert Murdoch ကတော့ နာမည်ကျော် သတင်းစာတိုက်တွေဖြစ်တဲ့ The Times (UK) ၊ The Wall Street Journal (USA) ၊ The Daily Telegraph (Australia) တို့လို သတင်းစာတိုက်တွေ အပါအဝင် သတင်းစာတိုက်ပေါင်းများစွာကို ပိုင်ဆိုင်သူ ဖြစ်ပြီး အကြီးအကဲနေရာက တာဝန်ယူ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုကတော့ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ (၂၁)ဘီလျံခန့် ရှိပါတယ်။

Grimes
Photo via buzzfeed

Grimes ကတော့ ကနေဒါလူမျိုး ဂီတ artist တစ်ယောက် ဖြစ်ပြီး အမည်ရင်းကတော့ Claire Elise Boucher လို့ ခေါ်ပါတယ်။ သူမဟာ တေးရေး၊ တေးဆို၊ တေးထုတ်လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ဂီတအမျိုးအစားကတော့ များသောအားဖြင့် dream pop ၊ synth pop ၊ art pop ၊ electronic ၊ experimental pop နဲ့ hip hop တို့ပဲ ဖြစ်ပါတယ်။

သူမဟာ ၂၀၁၈ခုနှစ်က စတင်ပြီး နည်းပညာသူဌေးကြီး Elon Musk နဲ့ တွဲနေတာ ဖြစ်ပါတယ်။ သူမတို့နှစ်ယောက်ဟာ လက်တော့မထပ်ရသေးပေမယ့် X AE A-12 လို့ အမည်ပေးထားတဲ့ သားလေးတစ်ယောက် မကြာသေးခင်ကပဲ ထွန်းကားထားပါတယ်။ သူမရဲ့ ချစ်သူ Elon Musk ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ(၁၆၂.၄)ဘီလျံခန့် ရှိပါတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္၊ ဂီတ၊ ေမာ္ဒယ္လ္စတဲ့ နယ္ပယ္အသီးသီးမွာ ကိုယ့္ထူးကိုယ္ခြၽန္ၿပီး ေအာင္ျမင္လာတဲ့ အမ်ိဳးသမီးေတြ ဒုနဲ႔ေဒး ရွိပါတယ္။ ကိုယ္တိုင္က ေအာင္ျမင္ၿပီး ခ်စ္သူ၊ အိမ္ေထာင္ဖက္ေတြကလည္း အလားတူ ေအာင္ျမင္ေနတဲ့အခါ လူအမ်ားက စံထား အားက်ရတဲ့ နာမည္ေက်ာ္ ေမာင္ႏွံစုံတြဲေတြ ျဖစ္လာတာပါပဲ။ သို႔ေပမယ့္ ဒီထက္ တဆင့္ပိုၿပီး ဂုဏ္သတင္းေရာ၊ ေငြေၾကးစည္းစိမ္မွာပါ မ်ားစြာသာလြန္တဲ့ ခ်စ္သူ၊ အိမ္ေထာင္ဖက္ေတြကို ရရွိပိုင္ဆိုင္ထားတဲ့ နာမည္ေက်ာ္ အမ်ိဳးသမီးေတြကေတာ့ ကံေကာင္းတယ္ဆိုတာထက္ ပိုပါတယ္။ မိမိကိုယ္တိုင္က ေငြေၾကးစည္းစိမ္၊ ဂုဏ္သိကၡာတို႔မွာ ေျပာစရာမလိုေအာင္ ေအာင္ျမင္ေနၿပီး ပိုေအာင္ျမင္တဲ့ ဘီလ်ံနာခ်စ္သူေတြကို ပိုင္ဆိုင္ထားတဲ့ နာမည္ေက်ာ္ ဆယ္လီမမေတြကေတာ့ …

Nicky Hilton Rothschild
Photo: nickyhilton/ Instagram

Nicky Hilton ဟာ ေမြးတည္းက ေ႐ႊဇြန္းကိုက္ၿပီး ေမြးဖြားလာတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ ကမာၻ႔နာမည္ႀကီး Hilton ဟိုတယ္လုပ္ငန္းစုရဲ႕ ေျမးျဖစ္ၿပီး ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ အဆိုေတာ္ Paris Hilton နဲ႔ ညီအစ္မ ေတာ္စပ္သူလည္း ျဖစ္ပါတယ္။ ဒါတင္မက Nicky ဟာ ေမာ္ဒယ္လ္၊ ဖက္ရွင္ဒီဇိုင္နာနဲ႔ စီးပြားေရးလုပ္ငန္းရွင္ အမ်ိဳးသမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမဟာ ၂၀၁၅ ခုႏွစ္မွာေတာ့ သူမတို႔ မိသားစုထက္ ပိုၿပီးဂုဏ္ရွိန္ဝါ ႀကီးမားခ်မ္းသာတဲ့ မိသားစုက ဆင္းသက္လာတဲ့ James Rothschild နဲ႔ လက္ထပ္ခဲ့ပါတယ္။

သူမရဲ႕ ခင္ပြန္းျဖစ္တဲ့ James Rothschild ကေတာ့ နာမည္ေက်ာ္ Rothschild မိသားစုက ဆင္းသက္လာသူ ျဖစ္ပါတယ္။ Rothschild မိသားစုကေတာ့ ၁၇၀၀ ျပည့္ႏွစ္ဝန္းက်င္တည္းက ဥေရာပတလႊားမွာ နာမည္ေက်ာ္ၾကားခဲ့တဲ့ မိသားစုျဖစ္ၿပီး ကမာၻ႔အႀကီးဆုံး ဘဏ္လုပ္ငန္းေတြထဲမွာ ပါဝင္တဲ့ Rothschild ဘဏ္လုပ္ငန္းကို ပိုင္ဆိုင္ပါတယ္။ James Rothschild တစ္ဦးတည္းရဲ႕  ၂၀၂၁ ခုႏွစ္အထိ ေငြေၾကးႂကြယ္ဝမႈဟာ ေဒၚလာ (၁.၃)ဘီလ်ံခန႔္ ရွိပါတယ္။

Miranda Kerr
Photo: mirandakerr/ Instagram

Miranda Kerr ကေတာ့ နာမည္ေက်ာ္ ကမာၻ႔ထိပ္တန္း ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္ၿပီး Victoria’s Secret ေမာ္ဒယ္လ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါတင္မက သူမဟာ ဩစေတ်းလ်ႏိုင္ငံရဲ႕ ပထမဆုံး Victoria’s Secret ေမာ္ဒယ္လ္ျဖစ္ၿပီး Forbes က ေဖာ္ျပတဲ့ ကမာၻ႔ဝင္ေငြအေကာင္းဆုံး ေမာ္ဒယ္လ္ေတြရဲ႕ စာရင္းမွာ အၿမဲထိပ္ဆုံးက ပါဝင္ေနခဲ့သူ ျဖစ္ပါတယ္။

သူမဟာ ယခင္ကေတာ့ နာမည္ေက်ာ္ ေဟာလိဝုဒ္မင္းသားေခ်ာ Orlando Bloom နဲ႔ ၂၀၁၀ ကေန ၂၀၁၃ အထိ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ Bloom နဲ႔ ကြာရွင္းၿပီးေနာက္ ၂၀၁၇ ခုႏွစ္မွာေတာ့ Evan Spiegel နဲ႔ လက္ထပ္ခဲ့ပါတယ္။ သူမရဲ႕ ခင္ပြန္းသည္ Evan Spiegel ကေတာ့ Snapchat ရဲ႕ ပူးတြဲတည္ေထာင္သူ ျဖစ္ၿပီး စီအီးအိုလည္း ျဖစ္ပါတယ္။ Evan Spiegel ဟာ ၂၀၁၅ ခုႏွစ္မွာေတာ့ ကမာၻ႔အသက္အငယ္ဆုံး ဘီလ်ံနာအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၂၀၂၁ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ ခ်မ္းသာႂကြယ္ဝမႈဟာ ေဒၚလာ (၁၁.၂)ဘီလ်ံခန႔္ ရွိေနပါတယ္။

Salma Hayek
Photo: salmahayek/ Instagram

မကၠဆီကန္ဖြား မင္းသမီးေခ်ာ Salma Hayek ကေတာ့ သူမရဲ႕ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္မႈေၾကာင့္ ေဟာလိဝုဒ္မွာ ဆယ္စုႏွစ္ သုံးခုၾကာေအာင္ ရပ္တည္ေနႏိုင္သူ ျဖစ္ပါတယ္။ သူမဟာ ကိုယ္တိုင္သ႐ုပ္ေဆာင္႐ုံတင္ မဟုတ္ဘဲ ႐ုပ္ရွင္ထုတ္လုပ္သူအျဖစ္လည္း လုပ္ကိုင္ပါေသးတယ္။ သူမရဲ႕ ျမင့္မားၿပီးသား ဘဝဟာ ၂၀၀၉ ခုႏွစ္မွာ ျပင္သစ္စီးပြားေရးလုပ္ငန္းရွင္ François-Henri Pinault နဲ႔ လက္ထပ္လိုက္ခ်ိန္မွာေတာ့ အတိုင္းထက္အလြန္ ျမင့္မားသြားခဲ့ပါတယ္။

Pinault ဟာ စီးပြားေရးလုပ္ငန္းေပါင္းမ်ားစြာ ပိုင္ဆိုင္တဲ့ Kering လုပ္ငန္းစုရဲ႕ စီအီးအိုနဲ႔ ဥကၠဌ ျဖစ္ပါတယ္။ Kering လုပ္ငန္းစုရဲ႕ လက္ေအာက္မွာ နာမည္ေက်ာ္ကုမၸဏီေပါင္းမ်ားစြာ ရွိၿပီး Yves Saint Laurent နဲ႔ Gucci တို႔လို ဇိမ္ခံ brand မ်ားစြာ ပါဝင္ပါတယ္။ ၂၀၂၁ ခုႏွစ္အထိ သူ႔ရဲ႕ ႂကြယ္ဝခ်မ္းသာမႈဟာ ခန႔္မွန္းေခ် ေဒၚလာ(၄၃)ဘီလ်ံခန႔္ ရွိပါတယ္။

Jerry Hall
Photo: thejerryhall/ Instagram

Jerry Hall ကေတာ့ အေမရိကန္ ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး နာမည္ေက်ာ္ အဆိုေတာ္ႀကီး Mick Jagger ရဲ႕ ကာလၾကာရွည္ တြဲခဲ့တဲ့ ခ်စ္သူေဟာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမဟာ ၂၀၁၆ ခုႏွစ္မွာေတာ့ မီဒီယာေလာကရဲ႕ ဂု႐ုႀကီးတစ္ေယာက္ျဖစ္တဲ့ Rupert Murdoch နဲ႔ လက္ထပ္ခဲ့ပါတယ္။

Rupert Murdoch ကေတာ့ နာမည္ေက်ာ္ သတင္းစာတိုက္ေတြျဖစ္တဲ့ The Times (UK) ၊ The Wall Street Journal (USA) ၊ The Daily Telegraph (Australia) တို႔လို သတင္းစာတိုက္ေတြ အပါအဝင္ သတင္းစာတိုက္ေပါင္းမ်ားစြာကို ပိုင္ဆိုင္သူ ျဖစ္ၿပီး အႀကီးအကဲေနရာက တာဝန္ယူ လုပ္ကိုင္ေနသူလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ လက္ရွိ ႂကြယ္ဝခ်မ္းသာမႈကေတာ့ ခန႔္မွန္းေခ် အေမရိကန္ေဒၚလာ (၂၁)ဘီလ်ံခန႔္ ရွိပါတယ္။

Grimes
Photo via buzzfeed

Grimes ကေတာ့ ကေနဒါလူမ်ိဳး ဂီတ artist တစ္ေယာက္ ျဖစ္ၿပီး အမည္ရင္းကေတာ့ Claire Elise Boucher လို႔ ေခၚပါတယ္။ သူမဟာ ေတးေရး၊ ေတးဆို၊ ေတးထုတ္လုပ္သူတစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ ဂီတအမ်ိဳးအစားကေတာ့ မ်ားေသာအားျဖင့္ dream pop ၊ synth pop ၊ art pop ၊ electronic ၊ experimental pop နဲ႔ hip hop တို႔ပဲ ျဖစ္ပါတယ္။

သူမဟာ ၂၀၁၈ခုႏွစ္က စတင္ၿပီး နည္းပညာသူေဌးႀကီး Elon Musk နဲ႔ တြဲေနတာ ျဖစ္ပါတယ္။ သူမတို႔ႏွစ္ေယာက္ဟာ လက္ေတာ့မထပ္ရေသးေပမယ့္ X AE A-12 လို႔ အမည္ေပးထားတဲ့ သားေလးတစ္ေယာက္ မၾကာေသးခင္ကပဲ ထြန္းကားထားပါတယ္။ သူမရဲ႕ ခ်စ္သူ Elon Musk ရဲ႕ လက္ရွိ ႂကြယ္ဝခ်မ္းသာမႈကေတာ့ ေဒၚလာ(၁၆၂.၄)ဘီလ်ံခန႔္ ရွိပါတယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular