HomeEntertainmentFilm၂၀၂၂ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်လာတဲ့ House of the Dragon

၂၀၂၂ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်လာတဲ့ House of the Dragon

House of the Dragon ဇာတ်လမ်းတွဲကတော့ HBO နဲ့ HBO Max အတွက် စံချိန်တွေများစွာတင်ပြီးတဲ့ နောက်မှာတော့ ၂၀၂၂ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Game of Thrones ရဲ့ Prequel ပဲ ဖြစ်ပြီး စာရေးဆရာကြီး George R.R. Martin ရဲ့ Fire & Blood ဝတ္ထုကို ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Westeros ကို ကြီးစိုးထားတဲ့ Targaryen အိမ်တော်ကြီး ပြိုကွဲသွားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Season 1 ထဲမှာတော့ King Viserys ဟာ Alicent Hightower နဲ့ လက်ဆက်လိုက်ပြီး နောက်ပိုင်းမှာ ပြဿနာတွေများစွာနဲ့ Alicent တို့ကတစ်ဘက်၊ King Viserys ရဲ့ သမီးဖြစ်သူ Rhaenyra တို့ကတစ်ဘက် ကွဲသွားခဲ့ပါတယ်။ Season 1 ရဲ့ အဆုံးသတ်မှာတော့ Alicent ရဲ့ ဒုတိယမြောက် သားဖြစ်သူ Aemond ဟာ Rhaenyra ရဲ့ ဒုတိယသားဖြစ်သူ Lucerys ကို သတ်လိုက်မိတာကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်လာတော့မှာကို မြင်တွေ့ခဲ့ရပါတယ်။

ယခုဆိုရင်တော့ House of the Dragon ဇာတ်လမ်းတွဲဟာ ၂၀၂၂ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်နေတယ်လို့ TorrentFreak က ဖော်ပြထားပါတယ်။ House of the Dragon ရဲ့ နောက်မှာတော့ The Lord of the Rings: The Rings of Power ၊ The Boys Season 3 ၊ Moon Knight ၊ Obi-Wan Kenobi ၊ The Book of Baba Fett ၊ She-Hulk: Attorney at Law ၊ Andor ၊ Stranger Things Season 4 နဲ့ Halo တို့လည်း ပါဝင်နေပါတယ်။

photo via screenrant

House of the Dragon ဇာတ်လမ်းတွဲအနေနဲ့ ၂၀၂၂ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်လာတာဟာ HBO အတွက် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်စေပေမယ့်လည်း ဒါဟာဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ အောင်မြင်မှုတစ်ခုလို့လည်း ပြောလို့ရနိုင်ပါတယ်။ Game of Thrones ဇာတ်လမ်းတွဲ ဆိုရင်လည်း ဇာတ်သိမ်းပြီး သုံးနှစ်အကြာထိ Pirate အလုပ်ခံရဆုံး ဖြစ်နေပါသေးတယ်။ လောလောဆယ်မှာတော့ HBO ဟာ House of the Dragon Season 2 ကို ဆက်လက်ဖန်တီးနေပြီး ဘယ်လိုစိတ်ဝင်စားစရာတွေ မြင်တွေ့ရဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular