HomeCelebs Update NewsInternationalလူအများစု မသိကြပေမယ့် အမျိုးတော်စပ်နေကြတဲ့ ဟောလိဝုဒ်ဆယ်လီများ

လူအများစု မသိကြပေမယ့် အမျိုးတော်စပ်နေကြတဲ့ ဟောလိဝုဒ်ဆယ်လီများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

ဟောလိဝုဒ်မှာ လူတိုင်းကသိနေတဲ့ နာမည်ကြီးဆယ်လီမိသားစုတွေ၊ ဆယ်လီမောင်နှမတွေ ရှိနေသလိုပဲ လူတွေ သိပ်သတိမထားမိပေမယ့် အချင်းချင်း အမျိုးအဆွေ တော်စပ်နေကြတဲ့ ဆယ်လီတွေလည်း ရှိပါတယ်။ အမျိုးတော်စပ်ကြောင်း လူအများစု သိပ်မသိကြသေးတဲ့ ဆယ်လီတွေကတော့ …

Ashlee Simpson နဲ့ Diana Ross
Photo: ashleesimpsonross/ Instagram

နာမည်ကျော် အမေရိကန်အဆိုတော် Ashlee Simpson ဟာ ဂီတလောကရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးနဲ့ အမျိုးတော်စပ်ပါတယ်။ Ashlee ရဲ့ခင်ပွန်းသည် Evan Ross ဟာ ဂန္ထဝင်အဆိုတော်ကြီး Diana Ross ရဲ့သားဖြစ်တာကြောင့် Ashlee ဟာ Diana Ross ရဲ့ ချွေးမတော်စပ်ပါတယ်။

Lily Allen နဲ့ Alfie Allen
Photo: alfieeallen/ Instagram

နာမည်ကျော် ဗြိတိန်အဆိုတော် Lily Allen ကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်နဲ့ မောင်နှမတော်စပ်ပါတယ်။ Theon Greyjoy ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသား Alfie Allen ဟာ အဆိုတော် Lily Allen ရဲ့ မောင်အရင်း ဖြစ်ပါတယ်။ Lily ဟာ Alfie ဆိုတဲ့နာမည်နဲ့ သီချင်းတစ်ပုဒ်ကိုတောင် မောင်ဖြစ်သူအတွက် ရည်ညွှန်းပြီး သီဆိုခဲ့ဖူးပါသေးတယ်။

Nicolas Cage နဲ့ Sofia Coppola
Photo: sofiacoppolafans/ nicolascagefans/ Instagram

နာမည်ကျော် မင်းသားကြီး Nicolas Cage နဲ့ နာမည်ကျော်ဒါရိုက်တာ Sofia Coppola တို့ဟာလည်း မောင်နှမတစ်ဝမ်းကွဲ တော်စပ်ပါတယ်။ မင်းသားကြီးကိုတော့ Face Off ၊ Con Air ၊ National Treasure စတဲ့ ဇာတ်ကားတွေနဲ့ သိကြမှာပါ။ သူ့ရဲ့တစ်ဝမ်းကွဲအစ်မ တော်စပ်တဲ့ ဒါရိုက်တာ Sofia ကတော့ နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Lost in Translation ၊ Marie Antoinette တို့လို ဇာတ်ကားတွေကို ရိုက်ကူးထားသူ ဖြစ်ပါတယ်။

Elle Fanning ၊ Dakota Fanning တို့ညီအစ်မနဲ့ Kate Middleton
Photo: kate.middleton.official/ ellefanning/ Instagram

သရုပ်ဆောင်လောကရဲ့ ချစ်စရာညီအစ်မနှစ်ယောက် ဖြစ်ကြတဲ့ Elle Fanning နဲ့ Dakota Fanning တို့ကတော့ အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်နဲ့ သွေးသားတော်စပ်နေပါတယ်။ ညီအစ်မနှစ်ယောက်ဟာ Kate Middleton နဲ့ အမျိုးတော်စပ်နေကြတာပါ။ သို့ပေမယ့် သူတို့တော်စပ်ပုံကတော့ အရမ်းကြီး သွေးမနီးပါဘူး။ ancestry ဝက်ဘ်ဆိုဒ်မှာ ထည့်သွင်းပြီး ဆွေမျိုးသားချင်းတွေကို ရှာကြည့်တဲ့အခါ ပေါ်လာတာဖြစ်လို့ ဝမ်းကွဲကိုမှ တော်တော်ကို ဝေးဝေး တော်စပ်တယ်လို့ ပြောရမှာပါ။

Julia Roberts နဲ့ Emma Roberts
Photo: emmaroberts/ Instagram

ဟောလိဝုဒ်ရဲ့ကြေးအမြင့်ဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Julia Roberts ဟာ မင်းသမီးချောလေး Emma Roberts ရဲ့ အဒေါ်တော်စပ်ပါတယ်။ Julia Roberts ကိုတော့ Pretty Woman ၊ Runaway Bride ၊ Eat Pray Love စတဲ့ ဇာတ်ကားတွေနဲ့ သိထားကြမှာပါ။ Emma ကိုတော့ American Horror Story ၊ Scream Queens စတဲ့ ဇာတ်လမ်းတွဲနဲ့ ရင်းနှီးကြမယ် ထင်ပါတယ်။

ဒါကတော့ လူအများစု မသိကြပေမယ့် အမျိုးတော်စပ်နေကြတဲ့ ဟောလိဝုဒ်ဆယ်လီတွေပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္မွာ လူတိုင္းကသိေနတဲ့ နာမည္ႀကီးဆယ္လီမိသားစုေတြ၊ ဆယ္လီေမာင္ႏွမေတြ ရွိေနသလိုပဲ လူေတြ သိပ္သတိမထားမိေပမယ့္ အခ်င္းခ်င္း အမ်ိဳးအေဆြ ေတာ္စပ္ေနၾကတဲ့ ဆယ္လီေတြလည္း ရွိပါတယ္။ အမ်ိဳးေတာ္စပ္ေၾကာင္း လူအမ်ားစု သိပ္မသိၾကေသးတဲ့ ဆယ္လီေတြကေတာ့ …

Ashlee Simpson နဲ႔ Diana Ross
Photo: ashleesimpsonross/ Instagram

နာမည္ေက်ာ္ အေမရိကန္အဆိုေတာ္ Ashlee Simpson ဟာ ဂီတေလာကရဲ႕ အထင္ကရပုဂၢိဳလ္တစ္ဦးနဲ႔ အမ်ိဳးေတာ္စပ္ပါတယ္။ Ashlee ရဲ႕ခင္ပြန္းသည္ Evan Ross ဟာ ဂႏၴဝင္အဆိုေတာ္ႀကီး Diana Ross ရဲ႕သားျဖစ္တာေၾကာင့္ Ashlee ဟာ Diana Ross ရဲ႕ ေခြၽးမေတာ္စပ္ပါတယ္။

Lily Allen နဲ႔ Alfie Allen
Photo: alfieeallen/ Instagram

နာမည္ေက်ာ္ ၿဗိတိန္အဆိုေတာ္ Lily Allen ကေတာ့ Game of Thrones ဇာတ္လမ္းတြဲထဲက သ႐ုပ္ေဆာင္တစ္ေယာက္နဲ႔ ေမာင္ႏွမေတာ္စပ္ပါတယ္။ Theon Greyjoy ဇာတ္ေကာင္နဲ႔ လူသိမ်ားတဲ့ မင္းသား Alfie Allen ဟာ အဆိုေတာ္ Lily Allen ရဲ႕ ေမာင္အရင္း ျဖစ္ပါတယ္။ Lily ဟာ Alfie ဆိုတဲ့နာမည္နဲ႔ သီခ်င္းတစ္ပုဒ္ကိုေတာင္ ေမာင္ျဖစ္သူအတြက္ ရည္ၫႊန္းၿပီး သီဆိုခဲ့ဖူးပါေသးတယ္။

Nicolas Cage နဲ႔ Sofia Coppola
Photo: sofiacoppolafans/ nicolascagefans/ Instagram

နာမည္ေက်ာ္ မင္းသားႀကီး Nicolas Cage နဲ႔ နာမည္ေက်ာ္ဒါ႐ိုက္တာ Sofia Coppola တို႔ဟာလည္း ေမာင္ႏွမတစ္ဝမ္းကြဲ ေတာ္စပ္ပါတယ္။ မင္းသားႀကီးကိုေတာ့ Face Off ၊ Con Air ၊ National Treasure စတဲ့ ဇာတ္ကားေတြနဲ႔ သိၾကမွာပါ။ သူ႔ရဲ႕တစ္ဝမ္းကြဲအစ္မ ေတာ္စပ္တဲ့ ဒါ႐ိုက္တာ Sofia ကေတာ့ နာမည္ေက်ာ္႐ုပ္ရွင္ေတြျဖစ္တဲ့ Lost in Translation ၊ Marie Antoinette တို႔လို ဇာတ္ကားေတြကို ႐ိုက္ကူးထားသူ ျဖစ္ပါတယ္။

Elle Fanning ၊ Dakota Fanning တို႔ညီအစ္မနဲ႔ Kate Middleton
Photo: kate.middleton.official/ ellefanning/ Instagram

သ႐ုပ္ေဆာင္ေလာကရဲ႕ ခ်စ္စရာညီအစ္မႏွစ္ေယာက္ ျဖစ္ၾကတဲ့ Elle Fanning နဲ႔ Dakota Fanning တို႔ကေတာ့ အဂၤလန္ႏိုင္ငံရဲ႕ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္နဲ႔ ေသြးသားေတာ္စပ္ေနပါတယ္။ ညီအစ္မႏွစ္ေယာက္ဟာ Kate Middleton နဲ႔ အမ်ိဳးေတာ္စပ္ေနၾကတာပါ။ သို႔ေပမယ့္ သူတို႔ေတာ္စပ္ပုံကေတာ့ အရမ္းႀကီး ေသြးမနီးပါဘူး။ ancestry ဝက္ဘ္ဆိုဒ္မွာ ထည့္သြင္းၿပီး ေဆြမ်ိဳးသားခ်င္းေတြကို ရွာၾကည့္တဲ့အခါ ေပၚလာတာျဖစ္လို႔ ဝမ္းကြဲကိုမွ ေတာ္ေတာ္ကို ေဝးေဝး ေတာ္စပ္တယ္လို႔ ေျပာရမွာပါ။

Julia Roberts နဲ႔ Emma Roberts
Photo: emmaroberts/ Instagram

ေဟာလိဝုဒ္ရဲ႕ေၾကးအျမင့္ဆုံး သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ မင္းသမီး Julia Roberts ဟာ မင္းသမီးေခ်ာေလး Emma Roberts ရဲ႕ အေဒၚေတာ္စပ္ပါတယ္။ Julia Roberts ကိုေတာ့ Pretty Woman ၊ Runaway Bride ၊ Eat Pray Love စတဲ့ ဇာတ္ကားေတြနဲ႔ သိထားၾကမွာပါ။ Emma ကိုေတာ့ American Horror Story ၊ Scream Queens စတဲ့ ဇာတ္လမ္းတြဲနဲ႔ ရင္းႏွီးၾကမယ္ ထင္ပါတယ္။

ဒါကေတာ့ လူအမ်ားစု မသိၾကေပမယ့္ အမ်ိဳးေတာ္စပ္ေနၾကတဲ့ ေဟာလိဝုဒ္ဆယ္လီေတြပဲ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular