HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ Chicken Run 2 ထွက်ရှိလာမယ်လို့ အတည်ပြုလိုက်တဲ့ Netflix

၂၀၂၃ ခုနှစ်မှာ Chicken Run 2 ထွက်ရှိလာမယ်လို့ အတည်ပြုလိုက်တဲ့ Netflix

နာမည်ကျော် animated ရုပ်ရှင်တစ်ကားဖြစ်တဲ့ Chicken Run ရဲ့အဆက် Chicken Run 2 ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ Netflix က ကြေညာလိုက်ပါတယ်။

Chicken Run ကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒီ Animation ဟာ ဝင်ငွေအများဆုံး Stop-Motion Animation အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအများစုဟာ ငယ်ဘဝတုန်းက ဒီ Animation ကို အကြိမ်ကြိမ် ပြန်လည် ကြည့်ရှုခဲ့ကြဖူးပါတယ်။ ဒီလိုအောင်မြင်ခဲ့တဲ့ Chicken Run ဇာတ်ကားကတော့ (၂၃)နှစ်အကြာမှာ Sequel ထွက်လာတော့မှာ ဖြစ်ပါတယ်။

Photo Credit: Dreamworks Animation

Chicken Run 2 ကိုတော့ Netflix က ဖန်တီးသွားမှာ ဖြစ်ပြီး ဒီ Sequel ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ Netflix ရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီ Sequel ရဲ့ အမည်ကတော့ Chicken Run: Dawn of the Nugget လို့ သိရပြီး First Look ကိုလည်း ပြသထားပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံကတော့ First Look ဖြစ်ပါတယ်။

photo via screenrant

First Look မှာ မြင်တွေ့ရတဲ့ ပုံစံအတိုင်း ဆိုရင်တော့ Ginger နဲ့ Rocky တို့နှစ်ယောက်ဟာ မိဘတွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး သားပေါက်လေးကိုတော့ Molly လို့ အမည်ပေးသွားမယ့်အကြောင်း သိရပြီး Netflix ရဲ့ ဖော်ပြချက်အရ ဒီ Sequel ဟာ ပထမကားရဲ့ အဖြစ်အပျက်တွေအပြီးမှာပဲ ဇာတ်အိမ်တည်ထားတယ်လို့ ဆိုပါတယ်။

Photo Credit: Dreamworks Animation

ပထမကားရဲ့ အဆုံးသတ်မှာတော့ ကြက်တွေဟာ ကြက်ခြံက လွတ်မြောက်လာပြီး ကျွန်းတစ်ခုဆီကို ရောက်သွားပါတယ်။ ယခု အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ထဲမှာတော့ ကြက်တွေဟာ အဲ့ဒီကျွန်းပေါ်မှာပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြရင်း သူတို့မျိူးနွယ်တွေအတွက် အန္တရာယ်တစ်ခု ကျရောက်လာတာကြောင့် သူတို့ ထွက်ပြေးလာခဲ့တဲ့ ကြက်ခြံထဲကိုပဲ ပြန်လည်ခိုးဝင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Sequel ထဲမှာတော့ ကြက်ပေါက်လေး Molly က အဓိကဇာတ်ကောင်အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေကတော့ Zachary Levi ၊ Imelda Staunton ၊ Thandie Newton ၊ David Bradley ၊ Bella Ramsey နဲ့ Jane Horrocks တို့ ဖြစ်ပါတယ်။ ဘယ်လိုမျိူး စိတ်ဝင်စားစရာတွေ မြင်တွေ့ရမလည်းဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular