HomeCelebs Update NewsInternationalဟောလိဝုဒ်မင်းသားတွေရဲ့ နာမည်မကြီးခင်ဘဝက ပုံရိပ်များ

ဟောလိဝုဒ်မင်းသားတွေရဲ့ နာမည်မကြီးခင်ဘဝက ပုံရိပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယနေ့အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်း ဟောလိဝုဒ်သရုပ်ဆောင်တွေဟာ အခုလိုဘဝကို ရောက်လာဖို့ နေ့ချင်းညချင်း ကြိုးစားလို့ ရခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့ထဲက တော်တော်များများဟာ ကလေးဘဝမှာတည်းက ဟောလိဝုဒ်မှာ ကျင်လည်နေခဲ့ကြပြီး ကလေးသရုပ်ဆောင်၊ ဆယ်ကျော်သက် သရုပ်ဆောင်တွေအဖြစ်နဲ့ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အောင်မြင်နေတဲ့ အမျိုးသား သရုပ်ဆောင်များစွာထဲက မင်းသားအချို့ရဲ့ နာမည်မကြီးသေးခင် ငယ်ဘဝက ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Leonardo DiCaprio (This Boys Life)
Photo via IMDb

ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Leonardo ဟာ This Boys Life ဆိုတဲ့ ရုပ်ရှင်ကားမှာ ဆယ်ကျော်သက် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တုန်းက အသက်(၁၉)နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဒီဇာတ်ကားမှာ Toby ဆိုတဲ့ ပထွေးရဲ့ နှိပ်စက်မှုကို ခံရတဲ့ ကောင်လေးနေရာမှာ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၃ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။

Ben Affleck (Mallrats)
Photo via IMDb

မင်းသား Ben Affleck ဟာ Mallrats ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တုန်းက အသက်(၂၃)နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဒီဇာတ်ကားမှာတော့ Shannon Hamilton ဆိုတဲ့ ဇာတ်ရုပ်ကနေ ဇာတ်ပို့တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။

Daniel Craig (Obsession)
Photo via IMDb

James Bond ဇာတ်ကားတွေနဲ့ လူသိများလာခဲ့တဲ့ မင်းသား Daniel Craig ဟာ ဒီ Obsession ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်တုန်းက အသက်(၂၉)နှစ်ပဲ ရှိပါသေးတယ်။ ဒီဇာတ်ကားဟာ ၁၉၉၇ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (5.2) ရရှိထားပါတယ်။ သူဟာ ဒီဇာတ်ကားထဲမှာ ချစ်သူရှိပြီးသား ဂီတပညာရှင် မိန်းကလေးတစ်ယောက်ကို စွဲလမ်းမိတဲ့ ကျောက်ဆစ်အလုပ်သမားလေးနေရာကနေ သရုပ်ဆောင်ထားပါတယ်။

Jim Carrey (Once Bitten)
Photo via IMDb

Jim Carrey ဟာ Once Bitten ဆိုတဲ့ ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တုန်းက အသက်(၂၃)နှစ်သာ ရှိပါသေးတယ်။ ဒီဇာတ်ကားဟာ ၁၉၈၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (5.5) ရရှိထားပါတယ်။ Jim ဟာ ဒီဇာတ်ကားထဲမှာတော့ ရာစုနှစ်နဲ့ချီ အသက်ရှင်နေတဲ့ သွေးစုပ်ဖုတ်ကောင် အမျိုးသမီးတစ်ဦးရဲ့ ဖြားယောင်းသွေးဆောင်မှုကို ခံလိုက်ရတဲ့ လူငယ်လေး Mark Kendall အဖြစ် သရုပ်ဆောင်ထားပါတယ်။

Jake Gyllenhaal (City Slickers)
Photo via IMDb

Jake ဟာ ကလေးသရုပ်ဆောင်ဘဝတည်းက ဟောလိဝုဒ်မှာ ကျင်လည်နေခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ ပါဝင်ပါတယ်။ သူဟာ City Slickers ဆိုတဲ့ ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တုန်းက အသက်(၁၁)နှစ်သာ ရှိပါသေးတယ်။ ဒီကားဟာ ၁၉၉၁ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (6.8) ရရှိထားပါတယ်။ သူဟာ ဒီကားထဲမှာတော့ Danny Robbins ဆိုတဲ့ ကလေးလေးနေရာမှာ သရုပ်ဆောင်ထားပါတယ်။

Jeremy Runner (Senior Trip)
Photo via IMDb

Jeremy ဟာ Senior Trip ဆိုတဲ့ ရုပ်ရှင်ထဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တုန်းက အသက်(၂၄)နှစ်သာ ရှိပါသေးတယ်။ သူဟာ ဒီဇာတ်ကားထဲမှာတော့ Mark ‘Dags’ D’Agastino ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၅ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (5.8) ရရှိထားပါတယ်။

Jason Momoa (Baywatch)
Photo via IMDb

Jason Momoa ဟာ Game of Thrones ဇာတ်လမ်းတွဲမှာ Khal Drogo အဖြစ် ပါဝင်ပြီးနောက်မှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဘဝကို ရရှိလာသူ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာလည်း Aquaman အဖြစ်နဲ့ DCEU ရဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်ပြီး အောင်မြင်ကျော်ကြားလာပါတယ်။

သူ နာမည်မကြီးခင်က သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်တစ်ခုကို ပြောပါဆိုရင်တော့ Baywatch ထဲက Jason Loane လို့ ပြောလို့ရပါတယ်။ Baywatch စီးရီးဟာ ၁၉၈၉ခုနှစ်က စတင်ထွက်ရှိခဲ့ပြီး ၂၀၀၀ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ သူဟာ စုစုပေါင်း season (၁၁)ခု ရှိခဲ့တဲ့ Baywatch ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ သူဟာ Baywatch စီးရီးရဲ့ season (10) နဲ့ season (11) တို့မှာ အဓိက သရုပ်ဆောင်နေရာက ပါဝင်ခဲ့ပြီး အဲ့ဒီ့တုန်းက အသက်(၂၁)နှစ်သာ ရှိပါသေးတယ်။

Tom Hardy (Star Trek: Nemesis)
Photo via IMDb

ယနေ့လို အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ဘဝကို မရောက်ခင်တုန်းက မင်းသား Tom Hardy ဟာ Star Trek: Nemesis ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ဖူးပါတယ်။ သူဟာ အဲ့ဒီ့ဇာတ်ကားထဲမှာ Shinzon ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ ပါဝင်ထားတာ ဖြစ်ပြီး အဲ့ဒီ့တုန်းက အသက်(၂၅)နှစ်သာ ရှိပါသေးတယ်။ အဲ့ဒီဇာတ်ကားဟာ ၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (6.4) ရရှိထားပါတယ်။

ဒါကတော့ အောင်မြင်ကျော်ကြားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်ဘဝကို မရောက်ခင်တုန်းက မင်းသားအချို့ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဘယ်မင်းသားက စာဖတ်သူတို့ရဲ့ အကြိုက်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ယေန႔ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ထိပ္တန္း ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြဟာ အခုလိုဘဝကို ေရာက္လာဖို႔ ေန႔ခ်င္းညခ်င္း ႀကိဳးစားလို႔ ရခဲ့တာေတာ့ မဟုတ္ပါဘူး။ သူတို႔ထဲက ေတာ္ေတာ္မ်ားမ်ားဟာ ကေလးဘဝမွာတည္းက ေဟာလိဝုဒ္မွာ က်င္လည္ေနခဲ့ၾကၿပီး ကေလးသ႐ုပ္ေဆာင္၊ ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္ေတြအျဖစ္နဲ႔ ႀကိဳးစားခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ယေန႔ေအာင္ျမင္ေနတဲ့ အမ်ိဳးသား သ႐ုပ္ေဆာင္မ်ားစြာထဲက မင္းသားအခ်ိဳ႕ရဲ႕ နာမည္မႀကီးေသးခင္ ငယ္ဘဝက ပုံရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Leonardo DiCaprio (This Boys Life)
Photo via IMDb

ေဟာလိဝုဒ္ရဲ႕ ထိပ္တန္းမင္းသားတစ္လက္ျဖစ္တဲ့ Leonardo ဟာ This Boys Life ဆိုတဲ့ ႐ုပ္ရွင္ကားမွာ ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့တုန္းက အသက္(၁၉)ႏွစ္ပဲ ရွိပါေသးတယ္။ သူဟာ ဒီဇာတ္ကားမွာ Toby ဆိုတဲ့ ပေထြးရဲ႕ ႏွိပ္စက္မႈကို ခံရတဲ့ ေကာင္ေလးေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ ၁၉၉၃ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.3) ရရွိထားပါတယ္။

Ben Affleck (Mallrats)
Photo via IMDb

မင္းသား Ben Affleck ဟာ Mallrats ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့တုန္းက အသက္(၂၃)ႏွစ္ပဲ ရွိပါေသးတယ္။ သူဟာ ဒီဇာတ္ကားမွာေတာ့ Shannon Hamilton ဆိုတဲ့ ဇာတ္႐ုပ္ကေန ဇာတ္ပို႔တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ ၁၉၉၅ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။

Daniel Craig (Obsession)
Photo via IMDb

James Bond ဇာတ္ကားေတြနဲ႔ လူသိမ်ားလာခဲ့တဲ့ မင္းသား Daniel Craig ဟာ ဒီ Obsession ဆိုတဲ့ ဇာတ္ကားမွာ သ႐ုပ္ေဆာင္တုန္းက အသက္(၂၉)ႏွစ္ပဲ ရွိပါေသးတယ္။ ဒီဇာတ္ကားဟာ ၁၉၉၇ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (5.2) ရရွိထားပါတယ္။ သူဟာ ဒီဇာတ္ကားထဲမွာ ခ်စ္သူရွိၿပီးသား ဂီတပညာရွင္ မိန္းကေလးတစ္ေယာက္ကို စြဲလမ္းမိတဲ့ ေက်ာက္ဆစ္အလုပ္သမားေလးေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။

Jim Carrey (Once Bitten)
Photo via IMDb

Jim Carrey ဟာ Once Bitten ဆိုတဲ့ ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ခဲ့တုန္းက အသက္(၂၃)ႏွစ္သာ ရွိပါေသးတယ္။ ဒီဇာတ္ကားဟာ ၁၉၈၅ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (5.5) ရရွိထားပါတယ္။ Jim ဟာ ဒီဇာတ္ကားထဲမွာေတာ့ ရာစုႏွစ္နဲ႔ခ်ီ အသက္ရွင္ေနတဲ့ ေသြးစုပ္ဖုတ္ေကာင္ အမ်ိဳးသမီးတစ္ဦးရဲ႕ ျဖားေယာင္းေသြးေဆာင္မႈကို ခံလိုက္ရတဲ့ လူငယ္ေလး Mark Kendall အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Jake Gyllenhaal (City Slickers)
Photo via IMDb

Jake ဟာ ကေလးသ႐ုပ္ေဆာင္ဘဝတည္းက ေဟာလိဝုဒ္မွာ က်င္လည္ေနခဲ့တဲ့ သ႐ုပ္ေဆာင္ေတြထဲမွာ ပါဝင္ပါတယ္။ သူဟာ City Slickers ဆိုတဲ့ ဇာတ္ကားမွာ ကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့တုန္းက အသက္(၁၁)ႏွစ္သာ ရွိပါေသးတယ္။ ဒီကားဟာ ၁၉၉၁ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (6.8) ရရွိထားပါတယ္။ သူဟာ ဒီကားထဲမွာေတာ့ Danny Robbins ဆိုတဲ့ ကေလးေလးေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။

Jeremy Runner (Senior Trip)
Photo via IMDb

Jeremy ဟာ Senior Trip ဆိုတဲ့ ႐ုပ္ရွင္ထဲမွာ အဓိကဇာတ္ေကာင္အျဖစ္ ပါဝင္ခဲ့တုန္းက အသက္(၂၄)ႏွစ္သာ ရွိပါေသးတယ္။ သူဟာ ဒီဇာတ္ကားထဲမွာေတာ့ Mark ‘Dags’ D’Agastino ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ ၁၉၉၅ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (5.8) ရရွိထားပါတယ္။

Jason Momoa (Baywatch)
Photo via IMDb

Jason Momoa ဟာ Game of Thrones ဇာတ္လမ္းတြဲမွာ Khal Drogo အျဖစ္ ပါဝင္ၿပီးေနာက္မွာ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ဘဝကို ရရွိလာသူ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းမွာလည္း Aquaman အျဖစ္နဲ႔ DCEU ရဲ႕ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ပါဝင္ၿပီး ေအာင္ျမင္ေက်ာ္ၾကားလာပါတယ္။

သူ နာမည္မႀကီးခင္က သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္႐ုပ္တစ္ခုကို ေျပာပါဆိုရင္ေတာ့ Baywatch ထဲက Jason Loane လို႔ ေျပာလို႔ရပါတယ္။ Baywatch စီးရီးဟာ ၁၉၈၉ခုႏွစ္က စတင္ထြက္ရွိခဲ့ၿပီး ၂၀၀၀ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ပါတယ္။ သူဟာ စုစုေပါင္း season (၁၁)ခု ရွိခဲ့တဲ့ Baywatch ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့ဖူးတာ ျဖစ္ပါတယ္။ သူဟာ Baywatch စီးရီးရဲ႕ season (10) နဲ႔ season (11) တို႔မွာ အဓိက သ႐ုပ္ေဆာင္ေနရာက ပါဝင္ခဲ့ၿပီး အဲ့ဒီ့တုန္းက အသက္(၂၁)ႏွစ္သာ ရွိပါေသးတယ္။

Tom Hardy (Star Trek: Nemesis)
Photo via IMDb

ယေန႔လို ေအာင္ျမင္ေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္ဘဝကို မေရာက္ခင္တုန္းက မင္းသား Tom Hardy ဟာ Star Trek: Nemesis ဆိုတဲ့ ႐ုပ္ရွင္မွာ ပါဝင္ခဲ့ဖူးပါတယ္။ သူဟာ အဲ့ဒီ့ဇာတ္ကားထဲမွာ Shinzon ဆိုတဲ့ ဇာတ္႐ုပ္ေနရာကေန ပါဝင္ထားတာ ျဖစ္ၿပီး အဲ့ဒီ့တုန္းက အသက္(၂၅)ႏွစ္သာ ရွိပါေသးတယ္။ အဲ့ဒီဇာတ္ကားဟာ ၂၀၀၂ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (6.4) ရရွိထားပါတယ္။

ဒါကေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ဘဝကို မေရာက္ခင္တုန္းက မင္းသားအခ်ိဳ႕ရဲ႕ ပုံရိပ္ေတြပဲ ျဖစ္ပါတယ္။ ဘယ္မင္းသားက စာဖတ္သူတို႔ရဲ႕ အႀကိဳက္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular