HomeCharacterHomelander ဟာ ဘာကြောင့် နို့ကို အလွန်စွဲလမ်းနေရတာလဲ?

Homelander ဟာ ဘာကြောင့် နို့ကို အလွန်စွဲလမ်းနေရတာလဲ?

Homelander ဟာ နို့ကို စွဲလမ်းနေတဲ့အချက်ကို The Boys Season 1 မှာကတည်းက မြင်တွေ့ခဲ့ရပြီး ဒီစွဲလမ်းမှုဟာ ကြည့်ရှုသူတွေအတွက် Creepy ဖြစ်စေပေမယ့်လည်း Homelander မှာတော့ သူ့အကြောင်းပြချက်နဲ့သူ ရှိပါတယ်။ Homelander ဟာ အလွန်ရက်စက်တတ်သူ တစ်ယောက်လည်း ဖြစ်ပြီး သူ့ရဲ့ လုပ်ရပ်တွေအားလုံးဟာ သူ့ရဲ့ငယ်ဘဝက ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့ ဆက်စပ်နေပါတယ်။

Season 1 ထဲမှာတော့ Homelander ဟာ Madelyn Stillwell ဆီက နို့ရည်တွေကို ကလေးတစ်ယောက်လိုပုံစံမျိူးနဲ့ သောက်သုံးနေတာကို တွေ့ခဲ့ရပါတယ်။ ဒီလိုအမေနဲ့သားလိုမျိူး Sexual Dynamic ဟာ ဘယ်ဘက်ကကြည့်ကြည့် မသင့်တော်ဘူး ဆိုပေမယ့်လည်း Madelyn ကတော့ Homelander လိုမျိူး Supe ကို ဒါတွေနဲ့ ထိန်းချုပ်ထားနိုင်မယ်လို့ ထင်ခဲ့ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း စိတ်ဒဏ်ရာတွေများစွာ ရှိနေတဲ့သူဟာ ထိန်းချုပ်ဖို့ ခက်ခဲသလို Homelander ကတော့ မထင်ရင် မထင်သလို လုပ်တတ်သူလည်း ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ Madelyn ဟာ Homelander ရဲ့ လက်ထဲမှာပဲ သေဆုံးသွားခဲ့ရပါတယ်။ Homelander ရဲ့ နို့အပေါ် စွဲလမ်းမှုကတော့ ဇာတ်ကောင်ရဲ့ အကျင့်တစ်ခု ဆိုတာထက် ပိုပါတယ်။ သူဟာ အစမ်းသပ်ခံအဖြစ် မွေးဖွားလာတာ ဖြစ်သလို ငယ်ငယ်ကတည်းက မိခင်တစ်ယောက်ရဲ့ စောင့်ရှောက်မှုကို မရရှိခဲ့ဘဲ အစမ်းသပ်ခံတစ်ခုလိုဘဲ ဆက်ဆံခံခဲ့ရပါတယ်။

ဒီစိတ်ဒဏ်ရာကြောင့်ပဲ ကြီးပြင်းလာတဲ့အချိန်မှာတော့ Homelander ဟာ တစ်ခုခုကြောင့် အခက်အခဲကြုံလာတိုင်း နို့တွေ သောက်တာကို မြင်တွေ့ခဲ့ရပြီး Mother Figure တစ်ယောက်ကိုလည်း လိုအပ်နေပါတယ်။ သာမန်လူတွေဆိုရင်တော့ အခက်အခဲတွေ ကြုံလာရင် ကိုယ့်ရဲ့မိဘ၊ မိသားစုနဲ့ ချစ်ရသူတွေနားမှာ နေထိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ရရှိလာအောင် ပြုလုပ်လေ့ရှိကြပါတယ်။ သို့ပေမယ့်လည်း Homelander မှာတော့ ဒီလိုစိတ်ပိုင်းဆိုင်ရာ မှီခိုအားထားစရာ မရှိတာကြောင့် နို့သောက်လိုက်တာဟာ သူ့အတွက် မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ အနီးစပ်ဆုံး ဆင်တူတဲ့အရာ ဖြစ်နေပါတယ်။

photo via screenrant

Homelander ဟာ အမျိုးသမီးတွေအပေါ်မှာ Toxic ဖြစ်တဲ့ အမူအကျင့်တွေ ရှိပေမယ့်လည်း တကယ်တော့ အဲဒီအမျိုးသမီးတွေအားလုံးဟာ သူ့မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အမေတွေလို့ပဲ ခံယူထားတာကြောင့် သန်မာတဲ့ အမျိူးသမီးတွေဆိုရင် Support ပေးချင်စိတ် ရှိပါတယ်။ ဒါပေမယ့်လည်း ဒီစိတ်ထက် သူ့ရဲ့အလွန်အတ္တကြီးခြင်း၊ အနိုင်ယူလိုခြင်းတို့လို Toxic ဖြစ်တဲ့ စိတ်အခြေအနေတွေက ပိုမိုကြီးစိုးနေတာကြောင့် သူဟာ ဘယ်တုန်းကမှ Healthy Relationship ကို မပိုင်ဆိုင်ခဲ့ပါဘူး။

Homelander ဟာ တကယ်တော့ ဒီစိတ်ဒဏ်ရာတွေကြောင့် ဖြစ်လာတဲ့ ခံစားချက်တွေကို မကောင်းတဲ့ဘက်မှာ ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ အကယ်၍ သူဟာ သူ့ရဲ့စိတ်ခံစားချက်တွေကို သာမန်လူတွေလို ဖွင့်ထုတ်ပြနိုင်မယ် ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ စိတ်ဒဏ်ရာတွေ ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း သူဟာ မွေးကတည်းက အစမ်းသပ်ခံအနေနဲ့ မွေးဖွားလာတာ ဖြစ်တာကြောင့် ဒီလိုအခွင့်အရေးမျိူး ဘယ်တုန်းကမှ မရရှိခဲ့ပါဘူး။

photo via screenrant

ဒါကြောင့်ပဲ သူဟာ အခုလိုထူးဆန်းပြီး ခန့်မှန်းရခက်တဲ့အပြင် ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်နေရတာပါပဲ။ ဒီအချက်တွေကြောင့်လည်း Homelander ဟာ The Boys ဇာတ်လမ်းတွဲထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်နေတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular