HomeEntertainmentMusic2022 VMAs ဆုပေးပွဲမှာ ဖျော်ဖြေခွင့်ရရှိကြမယ့် Artist များ

2022 VMAs ဆုပေးပွဲမှာ ဖျော်ဖြေခွင့်ရရှိကြမယ့် Artist များ

၂၀၂၂ ခုနှစ်အတွက် ကျင်းပပြုလုပ်မယ့် VMAs ဆုပေးပွဲမှာတော့ တက်ရောက် ဖျော်ဖြေခွင့် ရရှိမယ့် musical artist တွေကို ကြေညာပေးလိုက်ပြီ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ VMAs မှာတော့ Lizzo နဲ့ Jack Harlow တို့ဟာ ဒုတိယအကြိမ်အဖြစ် ဖျော်ဖြေရမှာ ဖြစ်ပြီး BLACKPINK နဲ့ Måneskin အဖွဲ့ကတော့ ပထမဆုံး ပွဲဦးထွက်အဖြစ် ဖျော်ဖြေခွင့် ရရှိမှာ ဖြစ်ပါတယ်။

MTV က ကြီးမှူးကျင်းပတဲ့ Video Music Awards (VMAs) ဆုပေးပွဲ အခမ်းအနားကိုတော့ လာမယ့် ဩဂုတ်လ(၂၈)ရက်နေ့မှာ နယူးဂျာစီပြည်နယ်၊ Newark မြို့က Prudential Center မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Photo: lizzobeeating/ Instagram

ဒီဆုပေးပွဲမှာတော့ အသက်(၃၄)နှစ် ရှိပြီဖြစ်တဲ့ Lizzo ဟာ သူမရဲ့အယ်လ်ဘမ်သစ် Special ထဲက “2 Be Loved” ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒါဟာ Lizzo အတွက်တော့ VMAs မှာ ဒုတိယအကြိမ် ဖျော်ဖြေရမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းကတော့ “Good as Hell” နဲ့ “Truth Hurts” သီချင်းတွေနဲ့ ပထမဆုံး ဖျော်ဖြေခွင့် ရရှိခဲ့ပါတယ်။ Lizzo နဲ့အလားတူပဲ ဒုတိယအကြိမ်မြောက် ဖျော်ဖြေရမယ့်သူကတော့ ရက်ပ်ပါ Jack Harlow ပဲ ဖြစ်ပါတယ်။

Photo: blackpinkblinkindo/ Instagram

ဒါ့အပြင် ယခုနှစ် VMAs ဆုပေးပွဲမှာတော့ ထူးထူးခြားခြားပဲ အင်တာနေရှင်နယ် အဖွဲ့နှစ်ဖွဲ့ကို ဖျော်ဖြေဖို့ ထည့်သွင်းထားပါတယ်။ ပထမတစ်ဖွဲ့ကတော့ နာမည်ကျော် ကိုရီးယားအဖွဲ့ BLACKPINK အဖွဲ့ ဖြစ်ပြီး VMAs မှာ ပထမဆုံး ပွဲဦးထွက် ဖျော်ဖြေရမှာလည်း ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ကတော့ ယခုနှစ်ရဲ့ Best Metaverse Performance မှာ စံကာတင်လည်း ဝင်ထားပါသေးတယ်။

Photo: maneskinofficial/ Instagram

နောက်တစ်ဖွဲ့ကတော့ အီတလီအဖွဲ့ဖြစ်တဲ့ Måneskin အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ သူတို့ရဲ့နာမည်ကြီးသီချင်း “SUPERMODEL” နဲ့ ဖျော်ဖြေမယ်လို့ သိရပါတယ်။ ဒီအဖွဲ့ကလည်း New Artist နဲ့ Best Alternative category တွေမှာ စံကာတင်ဝင်ထားပါသေးတယ်။ ဒါ့အပြင် သူတို့ဟာ VMAs မှာ ပထမဆုံး စံကာတင်ဝင်လာတဲ့ အီတလီ artist တွေလည်း ဖြစ်ပါတယ်။

နောက်ထပ် ဖျော်ဖြေခွင့် ရရှိထားကြတဲ့ artist တွေကတော့ Anitta ၊ Marshmello × Khalid ၊ J Balvin နဲ့ Panic! at the Disco တို့ပဲ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular