HomeEntertainmentFilmမကြာခင်မှာ ထွက်ရှိလာတော့မယ့် Horror ရုပ်ရှင်ကားသစ်များ

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Horror ရုပ်ရှင်ကားသစ်များ

ယခုနှစ်အတွင်းမှာတော့ Horror ရုပ်ရှင်တွေ အများအပြား ထွက်ရှိလာမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်ဟာ Horror ပရိသတ်တွေရဲ့ နှစ်လို့တောင် ပြောလို့ရပါတယ်။ နာမည်ကြီး Horror ရုပ်ရှင် ဒါရိုက်တာတစ်ယောက် ဖြစ်တဲ့ David Cronenberg ရဲ့ ရုပ်ရှင်ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပြီး လာမယ့် သုံးလအတွင်းမှာတင် Horror ရုပ်ရှင်ဇာတ်ကား (၈)ကား ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(1) Firestarter

photo via screenrant

ဒီရုပ်ရှင်ကတော့ နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတဲ့ Sci-Fi ၊ Horror ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့သမီးလေးကို လိုက်လံဖမ်းဆီးနေတဲ့ အဖွဲ့တစ်ခုဆီကနေ နှစ်ပေါင်းများစွာ ရှောင်ပြေးနေရပါတယ်။ အကြောင်းကတော့ အဲဒီကလေးမလေးဟာ စိတ်စွမ်းအားနဲ့ မီးတွေကို ဖန်တီးလို့ရသလို ထိန်းချုပ်လို့ရတဲ့ စွမ်းအားပါ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ မေလ(၁၃)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Keith Thomas က ရိုက်ကူးပေးထားပြီး Zac Efron ၊ Ryan Kiera Armstrong ၊ Sydney Lemmon အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

(2) Watcher

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Julia ဆိုတဲ့ အမျိူးသမီးဟာ သူမရဲ့ရည်းစားနဲ့အတူ Bucharest ကို ပြောင်းလာပြီးတဲ့ နောက်မှာတော့ သူတို့ကို စောင့်ကြည့်နေတယ်လို့ ခံစားလာရပါတယ်။ သူမဟာ အဲဒီနေရာရဲ့ စကားကိုလည်း မပြောတတ်သလို တစ်ယောက်တည်း ဖြစ်နေတာကြောင့် တဖြည်းဖြည်းနဲ့ ကြောက်လန့်လာရပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ဇွန်လ (၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Maika Monroe ၊ Karl Glusman ၊ Burn Gorman တို့က အဓိက ပါဝင်ထားပါတယ်။

(3) Men

photo via screenrant

ဒီရုပ်ရှင်ကတော့ မေလ (၂၀)ရက်နေ့မှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Harper ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ ကိုယ်ရေးကိုယ်တာ ဝမ်းနည်းစရာတစ်ခုကြောင့် သူမကိုယ်သူမ ပြန်လည်ကုစားဖို့အတွက် အင်္ဂလန်နိုင်ငံရဲ့ လှပတဲ့ ကေျးလက်နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာပဲ သူမ နေထိုင်ရာ နေရာရဲ့ ပတ်ပတ်လည် တောအုပ်ထဲမှာ တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်ခုခုက သူမကို နောက်ယောင်ခံလိုက်နေတယ်လို့ ခံစားလာရပါတော့တယ်။

A24 စတူဒီယိုက ဖြန့်ချိထားပြီး ဒါရိုက်တာ Alex Garland က ရိုက်ကူးပေးထားပါတယ်။ အဓိက ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jessie Buckley ၊ Rory Kinnear နဲ့ Paapa Essiedu တို့ ဖြစ်ပါတယ်။

(4) Crimes of the Future

photo via screenrant

ဒီရုပ်ရှင်ကတော့ Sci-Fi ၊ Horror အမျိူးအစားပဲ ဖြစ်ပြီး Kristen Stewart လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူသားတွေဟာ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေကြပါတယ်။ ဒါကြောင့်ပဲ ခန္ဓာကိုယ်တွေလည်း ပြောင်းလဲပြီး သန္ဓေပြောင်းလဲမှုတွေ ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ဇွန်လ (၁၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(5) The Black Phone

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Joe Hill ရဲ့ ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ၁၉၇၀ ကျော်လောက်မှာ ဇာတ်အိမ်တည်ထားပြီး Colorado ပြည်နယ်မှာ ရှိတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဇွန်လ (၂၄)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ Ethan Hawke ၊ Madeleine McGraw နဲ့ Mason Thames တို့က အဓိက ပါဝင်ထားပါတယ်။

(6) Nope

photo via screenrant

ဇာတ်လမ်းကတော့ ကယ်လီဖိုးနီးယားပြည်နယ်က လူသူမနီးတဲ့ နေရာတစ်ခုက မြင်းထိန်းစခန်းတစ်ခုဟာ အမျိုးအမည် မသိရတ‌ဲ့ အရာတစ်ခုရဲ့ စိုးမိုးခြယ်လှယ်ခြင်းကို ခံရတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အမည်တပ်ဖို့ ခက်ခဲတဲ့ အရာတစ်ခုကြောင့် အဲဒီနေရာက လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေ သိသိသာသာ ပြောင်းလဲလာတဲ့ အခါမှာတော့ … ။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jordan Peele ၊ Daniel Kaluuya ၊ Keke Palmer ၊ Steven Yeun နဲ့ Barbie Ferreira တို့ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဇူလိုင်လ (၂၂)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(7) Hypochondriac

photo via screenrant

ဒီရုပ်ရှင်ကတော့ စိတ်ရောဂါအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ Horror ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ချစ်စရာကောင်းတဲ့ ရည်းစားနဲ့အတူ သာယာတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ တစ်ရက်မှာတော့ ရင်းနှီးနွေးထွေးမှု သိပ်မရှိတဲ့ သူမရဲ့မိခင်က သူမရဲ့ဘဝထဲကို ဝင်ရောက်လာတဲ့ အခါမှာတော့ အရာအားလုံးဟာ ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်ပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ဇွန်လ (၂၉)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(8) Bodies Bodies Bodies

photo via screenrant

ဒီရုပ်ရှင်ကတော့ A24 ရဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပြီး ဩဂုတ်လ (၅)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ အချက်တွေ ရှိကြပေမယ့်လည်း ရင်းနှီးကြသူတစ်စုဟာ လူသူမနီးတဲ့ နေရာကို ခရီးထွက်ရင်း တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြတဲ့ အခါမှာတော့…။

Pete Davidson ၊ Chase Sui Wonders ၊ Rachel Sennott နဲ့ Maria Bakalova တို့က အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular