HomeDramaHan So Hee နဲ့ Park Hyung Sik တို့ကို သူငယ်ချင်းချစ်သူတွေအဖြစ် မြင်တွေ့ရမယ့် Soundtrack #1

Han So Hee နဲ့ Park Hyung Sik တို့ကို သူငယ်ချင်းချစ်သူတွေအဖြစ် မြင်တွေ့ရမယ့် Soundtrack #1

ဒရာမာပရိသတ်တွေကတော့ မင်းသမီးချော Han So Hee နဲ့ မင်းသား Park Hyun Sik တို့ကို သူငယ်ချင်းအဖြစ်ကနေ ချစ်သူတွေဘဝ ရောက်သွားကြသူတွေအဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Soundtrack #1 လို့ အမည်ရတဲ့ ဒီဒရာမာအသစ်ကိုတော့ မကြာခင် ယခုလအတွင်းမှာပဲ ကြည့်ရှုရတော့မှာပါ။

ဒီဇာတ်လမ်းကိုတော့ Vincenzo နဲ့ The Crowned Clown တို့ကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ Kim Hee Won က ရိုက်ကူးပေးထားပြီး ဂီတနောက်ခံ အချစ်ရိုမန့်စ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နှစ်ပေါင်း နှစ်ဆယ်ကျော် သူငယ်ချင်းတွေအဖြစ် နေလာခဲ့ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ နှစ်ပတ်လောက်ကြာအောင် အတူတူနေဖို့ ဖြစ်လာတဲ့အခါမှာတော့ ရင်ထဲက အချစ်တွေ ပေါက်ဖွားလာပုံကို တင်ဆက်ထားပါတယ်။

Photo via soompi

Park Hyun Sik ကတော့ ဒီဒရာမာထဲမှာ Han Sun Woo ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Han Sun Woo ကတော့ စကားနည်းတဲ့ ဓာတ်ပုံဆရာတစ်ယောက် ဖြစ်ပြီး စိတ်ထားနူးညံ့ သိမ်မွေ့ကာ ကြင်နာတတ်တဲ့ စိတ်ရင်းရှိသူ ဖြစ်ပါတယ်။ Han So Hee ကတော့ Han Sun Woo နဲ့ ဆန့်ကျင်ဘက် စရိုက်ရှိတဲ့ ဇာတ်ကောင် Lee Eun Soo အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lee Eun Soo ကတော့ ပျော်ပျော်နေတတ်ပြီး ရိုးသားကြိုးစားတဲ့ သီချင်းရေးဆရာမလေး ဖြစ်ကာ သူမရဲ့စိတ်ထဲက ခံစားချက်အတိုင်း မတွန့်မဆုတ် ထုတ်ပြောတတ်သူလည်း ဖြစ်ပါတယ်။

Han Sun Woo ကတော့ သူငယ်ချင်းမလေး Lee Eun Soo အပေါ် ခံစားချက်တွေ ရှိနေပေမယ့် နှစ်ကာလ ကြာမြင့်စွာ ခင်မင်ရင်းနှီးလာခဲ့ကြတဲ့ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးမိမှာ ကြောက်တာကြောင့် ဖွင့်မပြောရဲဘဲ တိတ်တိတ်လေး ချစ်နေသူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ နှစ်တွေအကြာကြီး သူငယ်ချင်း ဖြစ်လာကြတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ကြားက ငုပ်လျှိုးနေတဲ့ အချစ်တွေ တဖြည်းဖြည်း ဖူးပွင့်ဝေဆာလာကြပုံကို ကြည်နူးဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

Soundtrack #1 ဒရာမာကိုတော့ လာမယ့် (၂၃)ရက်နေ့မှာ Disney က ပြသသွားမှာ ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း(၄)ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပိုင်းကို ကြာမြင့်ချိန် (၃၀)မိနစ်ဝန်းကျင် ဖြစ်ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြသသွားမယ်လို့ သိရပါတယ်။

RELATED ARTICLES

Most Popular