HomeEntertainmentFilm၂၀၁၉ခုနှစ်ရဲ့ အကောင်းဆုံး horror ဇာတ်ကား(၇)ကား

၂၀၁၉ခုနှစ်ရဲ့ အကောင်းဆုံး horror ဇာတ်ကား(၇)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ဇာတ်လမ်းတွေဟာ ဟိုးအရင်နှစ်တွေကတည်းက ဇာတ်ကားတွေအများကြီး ထွက်ခဲ့ပြီး အောင်မြင်မှုတွေ အများကြီး ရခဲ့တဲ့ ဇာတ်လမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်တွေအဆက်ဆက်ပြောင်းလဲသွားပေမယ့်လည်း horror ဇာတ်လမ်းအမျိုးအစားဟာ လူကြိုက်အများဆုံးဇာတ်လမ်းအမျိုးအစားတွေထဲမှာ အခုချိန်ထိ ရပ်တည်နေနိုင်တုန်းပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ ၂၀၁၉ခုနှစ်တုန်းက ထွက်ခဲ့တဲ့ horror ဇာတ်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) It: Chapter Two
photo via screenrant

ဒီဇာတ်ကားကတော့ IMDb (6.5) ရထားပြီးတော့ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ It ရဲ့ အဆက်ဖြစ်ပြီးတော့ Stephen King ရေးသားထားတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Pennywise နဲ့တွေ့ဆုံပြီး (၂၇) နှစ်ကြာသွားတဲ့အချိန်မှာ ဒီဇာတ်လမ်းဟာ စတင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Loser Club ဟာ အကုန်လုံး လူကြီးတွေဖြစ်နေကြပြီးတော့ တစ်ယောက်တစ်နေရာဆီ ရောက်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း Pennywise ကြီးပြန်လာပြီ ဆိုပြီးတော့ သူ့တို့အားလုံးကို ဖုန်းဆက်ပြီး ပြန်ခေါ်လိုက်တဲ့အခါမှာတော့…..။

သရုပ်ဆောင်တွေအနေနဲ့ Jessica Chastain ၊ Bill Hader ၊ James McAvoy နဲ့ Bill Skarsgard တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုလည်း ပထမဇာတ်ကား It ကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ Andrés Muschietti က ရိုက်ကူးပေးထားပါတယ်။

(6) I Am Mother
photo via screenrant

ဒီကားကတော့ IMDb (6.7) ရထားပြီးတော့ လူသားမျိုးနွယ်တွေ မျိုးတုန်းခါနီးဖြစ်နေတဲ့အချိန်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီအချိန်မှာတော့ ကမ္ဘာကြီးပေါ်မှာ လူဦးရေပြန်လည်များပြားလားဖို့အတွက် ပရိုဂရမ်ရေးထားတဲ့ စက်ရုပ်တစ်ခုဟာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေပါတယ်။ ဒါပေမယ့်လည်း လူစိမ်းတစ်ယောက်ဟာ ထိတ်လန့်စရာသတင်းတစ်ခုနဲ့အတူ သူ့တို့ဆီကို ရောက်လာတဲ့အချိန်မှာတော့ ဘာတွေဖြစ်ဆက်လာမှာလဲ။

ဒါရိုက်တာ Grant Sputore ရိုက်ကူးထားတဲ့ ဇာတ်လမ်းကို Clara Rugaard-Larsen ၊ Hilary Swank ၊ Rose Byrne နဲ့ Luke Hawker တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Zombieland: Double Tap
photo via screenrant

ဒီဇာတ်ကားကလည်း IMDb (6.7) ရထားပြီးတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Zombieland ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ပဲ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ပထမဇာတ်ကားပြီးသွားတဲ့အချိန်ရဲ့ နောက်ထပ် ဆယ်နှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Columbus ၊ Tallahassee ၊ Wichita နဲ့ Little Rock တို့ဟာ သူ့တို့ရဲ့စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေကို တိုက်ခိုက်နေရင်းနဲ့ ဇွန်ဘီတွေကိုလည်း သတ်ဖြတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အဓိက ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Emma Stone ၊ Abigail Breslin ၊ Woody Harrelson နဲ့ Jesse Eisenberg တို့ဖြစ်ပြီး ဒါရိုက်တာ Ruben Fleischer က ရိုက်ကူးပေးထားပါတယ်။

(4) Us
photo via screenrant

ဒီကားကတော့ IMDb (6.9) ရထားပြီးတော့ ဒါရိုက်တာ Jordan Peele ရိုက်ကူးထားတဲ့ horrror ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Adelaide Wilson ဟာ သူ့အမျိုးသားနဲ့ သမီးဖြစ်သူတို့နဲ့ အတူတူ သူမကြီးပြင်းလာတဲ့ ကမ်းခြေနားက အိမ်ကလေးကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမငယ်ငယ်တုန်းက အဲ့ဒီနေရာမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် အဲ့ဒီနေရာကိုပြန်သွားရင် မကောင်းတာတစ်ခုခု ဖြစ်လာမယ်ဆိုပြီးတော့ ထင်နေခဲ့ပါတယ်။ မကြာခင်မှာပဲ မျက်နှာဖုံးတွေဝတ်ထားတဲ့ လူတစ်စုဟာ သူတို့မိသားစုကို အကြမ်းဖက်ဖို့အတွက် ရောက်လာတဲ့အချိန်မှာတော့ သူမထင်နေတာ တကယ်ဖြစ်လာပါတော့တယ်။

ဒါရိုက်တာ Jordan Peele ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Jordan Peele ၊ Lupita Nyong’o ၊ Elizabeth Moss နဲ့ Winston Duke တို့က အဓိက ပါဝင်ထားပါတယ်။

(3) Midsommar
photo via screenrant

ဒီဇာတ်လမ်းကတော့ IMDb (7.1) ရထားတဲ့ horror ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတွဲတစ်တွဲဟာ ဆွီဒင်နိုင်ငံမှာရှိတဲ့ သူ့တို့သူငယ်ချင်းရဲ့မွေးရပ်မြေဖြစ်တဲ့ ကျေးလက်ဒေသတစ်ခုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဒေသရဲ့ နွေရာသီအလည်မှာ ကျင်းပလေ့ရှိတဲ့ နာမည်ကြီးပွဲတစ်ခုလည်း ရှိတာကြောင့် သူတို့ဟာ သွားရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပျော်စရာကောင်းတဲ့ပွဲတော်ကြီးဟာ နောက်ပိုင်းမှာတော့ ထူးထူးဆန်းဆန်းနဲ့ ကြောက်စရာဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့……။

အဓိက သရုပ်ဆောင်တွေအနေနဲ့ Florence Pugh ၊ Will Poulter ၊ Jack Reynor နဲ့ Isabelle Grill တို့က ပါဝင်ထားပါတယ်။ ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Ari Aster ဖြစ်ပါတယ်။

(2) Doctor Sleep
photo via screenrant

ဒီဇာတ်ကားကတော့ IMDb (7.4) ရထားပြီးတော့ ၁၉၈၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Shining ဇာတ်ကားရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ The Shining ထဲမှာပါခဲ့တဲ့ Dan Torrance ဟာ ဒီကားထဲမှာတော့ လူကြီးတစ်ယောက် ဖြစ်နေပြီးတော့ ကောင်မလေးတစ်ယောက်ကို The True Knot လို့ခေါ်တဲ့ ဘာသာရေးဂိုဏ်းတစ်ခုဆီကနေ ကာကွယ်ပေးရပါတော့တယ်။ အဲ့ဒီဂိုဏ်းဝင်တွေဟာ ထာဝရအသက်ရှင်နိုင်တဲ့ စွမ်းအားကိုရရှိဖို့အတွက် မွေးရာပါစိတ်စွမ်းအင်ပါတဲ့ ကလေးတွေရဲ့ စွမ်းအားတွေကို အသုံးချနေကြတာကြောင့် ဖြစ်ပါတယ်။

ဒါရိုက်တာ Mike Flanagan ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Ewan McGregor ၊ Rebecca Ferguson ၊ Kyliegh Curran နဲ့ Zahn McClarnon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) The Lighthouse
photo via screenrant

ဒီကားကတော့ IMDb (7.5) ရထားပြီး ထူးခြားတဲ့အချက်ကတော့ ဟိုးအရင်ခေတ်တုန်းကလိုမျိုး အဖြူအမဲနဲ့ပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၉၀ နောက်ပိုင်းလောက်မှာ အင်္ဂလန်နိုင်ငံထဲမှာရှိပြီး လူသူမနီးတဲ့ကျွန်းတစ်ခုမှာ ရှိနေတဲ့ မီးပြတိုက်စောင့်အရာရှိ နှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီကျွန်းမှာရှိတဲ့ မီးပြတိုက်ထဲမှာ သူတို့နှစ်ယောက်ပဲ ရှိတာကြောင့် နှစ်ယောက်လုံးဟာ အသိစိတ်ရှိနေစေဖို့အတွက် ကြိုးစားကြရပါတော့တယ်။

Robert Pattinson ၊ Willem Dafoe ၊ Valeriia Karaman နဲ့ Logan Hwakes တို့က အဓိက ပါဝင်ထားပါတယ်။ ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Robert Eggers ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror ဇာတ္လမ္းေတြဟာ ဟိုးအရင္ႏွစ္ေတြကတည္းက ဇာတ္ကားေတြအမ်ားႀကီး ထြက္ခဲ့ၿပီး ေအာင္ျမင္မႈေတြ အမ်ားႀကီး ရခဲ့တဲ့ ဇာတ္လမ္းအမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ ေခတ္ေတြအဆက္ဆက္ေျပာင္းလဲသြားေပမယ့္လည္း horror ဇာတ္လမ္းအမ်ိဳးအစားဟာ လူႀကိဳက္အမ်ားဆုံးဇာတ္လမ္းအမ်ိဳးအစားေတြထဲမွာ အခုခ်ိန္ထိ ရပ္တည္ေနႏိုင္တုန္းပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါေတာ့ ၂၀၁၉ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ horror ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) It: Chapter Two
photo via screenrant

ဒီဇာတ္ကားကေတာ့ IMDb (6.5) ရထားၿပီးေတာ့ ၂၀၁၇ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ It ရဲ႕ အဆက္ျဖစ္ၿပီးေတာ့ Stephen King ေရးသားထားတဲ့ ဝတၳဳကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Pennywise နဲ႔ေတြ႕ဆုံၿပီး (၂၇) ႏွစ္ၾကာသြားတဲ့အခ်ိန္မွာ ဒီဇာတ္လမ္းဟာ စတင္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Loser Club ဟာ အကုန္လုံး လူႀကီးေတြျဖစ္ေနၾကၿပီးေတာ့ တစ္ေယာက္တစ္ေနရာဆီ ေရာက္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း Pennywise ႀကီးျပန္လာၿပီ ဆိုၿပီးေတာ့ သူ႔တို႔အားလုံးကို ဖုန္းဆက္ၿပီး ျပန္ေခၚလိုက္တဲ့အခါမွာေတာ့…..။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Jessica Chastain ၊ Bill Hader ၊ James McAvoy နဲ႔ Bill Skarsgard တို႔က အဓိက ပါဝင္ထားပါတယ္။ ဒီဇာတ္ကားကိုလည္း ပထမဇာတ္ကား It ကို ႐ိုက္ကူးေပးထားတဲ့ ဒါ႐ိုက္တာ Andrés Muschietti က ႐ိုက္ကူးေပးထားပါတယ္။

(6) I Am Mother
photo via screenrant

ဒီကားကေတာ့ IMDb (6.7) ရထားၿပီးေတာ့ လူသားမ်ိဳးႏြယ္ေတြ မ်ိဳးတုန္းခါနီးျဖစ္ေနတဲ့အခ်ိန္ကာလတစ္ခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ကမာၻႀကီးေပၚမွာ လူဦးေရျပန္လည္မ်ားျပားလားဖို႔အတြက္ ပ႐ိုဂရမ္ေရးထားတဲ့ စက္႐ုပ္တစ္ခုဟာ ဆယ္ေက်ာ္သက္ ေကာင္မေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးေနပါတယ္။ ဒါေပမယ့္လည္း လူစိမ္းတစ္ေယာက္ဟာ ထိတ္လန႔္စရာသတင္းတစ္ခုနဲ႔အတူ သူ႔တို႔ဆီကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဘာေတြျဖစ္ဆက္လာမွာလဲ။

ဒါ႐ိုက္တာ Grant Sputore ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းကို Clara Rugaard-Larsen ၊ Hilary Swank ၊ Rose Byrne နဲ႔ Luke Hawker တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Zombieland: Double Tap
photo via screenrant

ဒီဇာတ္ကားကလည္း IMDb (6.7) ရထားၿပီးေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Zombieland ဆိုတဲ့ ဇာတ္ကားရဲ႕အဆက္ပဲ ျဖစ္ပါတယ္။ အခ်ိန္ကာလကေတာ့ ပထမဇာတ္ကားၿပီးသြားတဲ့အခ်ိန္ရဲ႕ ေနာက္ထပ္ ဆယ္ႏွစ္ေလာက္မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Columbus ၊ Tallahassee ၊ Wichita နဲ႔ Little Rock တို႔ဟာ သူ႔တို႔ရဲ႕စိတ္ပိုင္းဆိုင္ရာတိုက္ပြဲေတြကို တိုက္ခိုက္ေနရင္းနဲ႔ ဇြန္ဘီေတြကိုလည္း သတ္ျဖတ္ရတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားမွာ အဓိက ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Emma Stone ၊ Abigail Breslin ၊ Woody Harrelson နဲ႔ Jesse Eisenberg တို႔ျဖစ္ၿပီး ဒါ႐ိုက္တာ Ruben Fleischer က ႐ိုက္ကူးေပးထားပါတယ္။

(4) Us
photo via screenrant

ဒီကားကေတာ့ IMDb (6.9) ရထားၿပီးေတာ့ ဒါ႐ိုက္တာ Jordan Peele ႐ိုက္ကူးထားတဲ့ horrror ဇာတ္ကားေကာင္း တစ္ကားျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Adelaide Wilson ဟာ သူ႔အမ်ိဳးသားနဲ႔ သမီးျဖစ္သူတို႔နဲ႔ အတူတူ သူမႀကီးျပင္းလာတဲ့ ကမ္းေျခနားက အိမ္ကေလးကို အလည္အပတ္ ထြက္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမငယ္ငယ္တုန္းက အဲ့ဒီေနရာမွာျဖစ္ခဲ့တဲ့ အျဖစ္အပ်က္တစ္ခုေၾကာင့္ အဲ့ဒီေနရာကိုျပန္သြားရင္ မေကာင္းတာတစ္ခုခု ျဖစ္လာမယ္ဆိုၿပီးေတာ့ ထင္ေနခဲ့ပါတယ္။ မၾကာခင္မွာပဲ မ်က္ႏွာဖုံးေတြဝတ္ထားတဲ့ လူတစ္စုဟာ သူတို႔မိသားစုကို အၾကမ္းဖက္ဖို႔အတြက္ ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူမထင္ေနတာ တကယ္ျဖစ္လာပါေတာ့တယ္။

ဒါ႐ိုက္တာ Jordan Peele ႐ိုက္ကူးထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Jordan Peele ၊ Lupita Nyong’o ၊ Elizabeth Moss နဲ႔ Winston Duke တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Midsommar
photo via screenrant

ဒီဇာတ္လမ္းကေတာ့ IMDb (7.1) ရထားတဲ့ horror ဇာတ္ကားေကာင္း တစ္ကားပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အတြဲတစ္တြဲဟာ ဆြီဒင္ႏိုင္ငံမွာရွိတဲ့ သူ႔တို႔သူငယ္ခ်င္းရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ေက်းလက္ေဒသတစ္ခုကို သြားေရာက္လည္ပတ္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီေဒသရဲ႕ ေႏြရာသီအလည္မွာ က်င္းပေလ့ရွိတဲ့ နာမည္ႀကီးပြဲတစ္ခုလည္း ရွိတာေၾကာင့္ သူတို႔ဟာ သြားေရာက္ လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီလို ေပ်ာ္စရာေကာင္းတဲ့ပြဲေတာ္ႀကီးဟာ ေနာက္ပိုင္းမွာေတာ့ ထူးထူးဆန္းဆန္းနဲ႔ ေၾကာက္စရာျဖစ္ရပ္ေတြ ျဖစ္လာတဲ့အခါမွာေတာ့……။

အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ Florence Pugh ၊ Will Poulter ၊ Jack Reynor နဲ႔ Isabelle Grill တို႔က ပါဝင္ထားပါတယ္။ ႐ိုက္ကူးေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ Ari Aster ျဖစ္ပါတယ္။

(2) Doctor Sleep
photo via screenrant

ဒီဇာတ္ကားကေတာ့ IMDb (7.4) ရထားၿပီးေတာ့ ၁၉၈၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Shining ဇာတ္ကားရဲ႕ အဆက္ပဲ ျဖစ္ပါတယ္။ The Shining ထဲမွာပါခဲ့တဲ့ Dan Torrance ဟာ ဒီကားထဲမွာေတာ့ လူႀကီးတစ္ေယာက္ ျဖစ္ေနၿပီးေတာ့ ေကာင္မေလးတစ္ေယာက္ကို The True Knot လို႔ေခၚတဲ့ ဘာသာေရးဂိုဏ္းတစ္ခုဆီကေန ကာကြယ္ေပးရပါေတာ့တယ္။ အဲ့ဒီဂိုဏ္းဝင္ေတြဟာ ထာဝရအသက္ရွင္ႏိုင္တဲ့ စြမ္းအားကိုရရွိဖို႔အတြက္ ေမြးရာပါစိတ္စြမ္းအင္ပါတဲ့ ကေလးေတြရဲ႕ စြမ္းအားေတြကို အသုံးခ်ေနၾကတာေၾကာင့္ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ Mike Flanagan ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားမွာ Ewan McGregor ၊ Rebecca Ferguson ၊ Kyliegh Curran နဲ႔ Zahn McClarnon တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) The Lighthouse
photo via screenrant

ဒီကားကေတာ့ IMDb (7.5) ရထားၿပီး ထူးျခားတဲ့အခ်က္ကေတာ့ ဟိုးအရင္ေခတ္တုန္းကလိုမ်ိဳး အျဖဴအမဲနဲ႔ပဲ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၁၈၉၀ ေနာက္ပိုင္းေလာက္မွာ အဂၤလန္ႏိုင္ငံထဲမွာရွိၿပီး လူသူမနီးတဲ့ကြၽန္းတစ္ခုမွာ ရွိေနတဲ့ မီးျပတိုက္ေစာင့္အရာရွိ ႏွစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီကြၽန္းမွာရွိတဲ့ မီးျပတိုက္ထဲမွာ သူတို႔ႏွစ္ေယာက္ပဲ ရွိတာေၾကာင့္ ႏွစ္ေယာက္လုံးဟာ အသိစိတ္ရွိေနေစဖို႔အတြက္ ႀကိဳးစားၾကရပါေတာ့တယ္။

Robert Pattinson ၊ Willem Dafoe ၊ Valeriia Karaman နဲ႔ Logan Hwakes တို႔က အဓိက ပါဝင္ထားပါတယ္။ ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာကေတာ့ Robert Eggers ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular