HomeEntertainmentFilm၂၀၀၀ ခုနှစ်ဝန်းကျင်လောက်တုန်းက ထွက်ခဲ့တဲ့ horror ဇာတ်ကားကောင်း (၅) ကား

၂၀၀၀ ခုနှစ်ဝန်းကျင်လောက်တုန်းက ထွက်ခဲ့တဲ့ horror ဇာတ်ကားကောင်း (၅) ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ဇာတ်ကားတွေဟာ နှစ်တိုင်းမှာ ထွက်နေပေမယ့် အခုနောက်ပိုင်းမှာ ထွက်တဲ့ ကားတွေတော်တော်များများဟာ ထင်ထားသလောက် ဖြစ်မလာခဲ့ပါဘူး။ ကိုယ်ကအများကြီး မျှော်လင့်ထားပေမယ့်လည်း မျှော်လင့်ထားသလို ဖြစ်မလာဘဲ တကယ်ကောင်းတဲ့ horror ဇာတ်ကားဆိုတာ အခုချိန်မှာ နည်းပါးလာခဲ့ပါပြီ။ အဲ့ဒါကြောင့် ၂၀၀၀ ခုနှစ်က ဝန်းကျင်က ထွက်ခဲ့တဲ့ horror ကားတွေထဲက မကြည့်ရသေးရင် ကြည့်သင့်တဲ့ ဇာတ်ကားလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(5) The Mist
photo via screenrant

ဒီကားကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.1) ရထားပြီးတော့ Stephen King ရေးထားတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မြို့ငယ်လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီးတော့ တစ်နေ့မှာတော့ အဲ့ဒီမြို့တစ်မြို့လုံးကို မြူတွေက ဖုံးအုပ်သွားခဲ့ပါတယ်။ အဲ့ဒီမြူတွေဟာ ရိုးရိုးမြူတွေ မဟုတ်ဘဲနဲ့ အဲ့လိုမြူတွေ ထူနေတဲ့နေရာမှာ သူတို့လမ်းမှာ ရှိနေတဲ့ အရာမှန်သမျှကို တိုက်ခိုက်တတ်တဲ့ သတ္တဝါကြီးတွေလည်း ရှိနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စူပါမားကတ်တစ်ခုမှာ ပိတ်မိနေတဲ့ သူတွေအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပြီးတော့ သူတို့တွေ အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်ကြတာကို ကြည့်ရှုရမှာပါ။

(4) The Descent
photo via screenrant

ဒီကားကတော့ ၂၀၀၅ ခုနှစ်က ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.2) ရထားပါတယ်။ သူငယ်ချင်းတွေ စုပြီးတော့ စူးစမ်းလေ့လာဖို့အတွက် ဂူတစ်ခုထဲကို ဝင်သွားခဲ့ကြပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုခုကြောင့် အဲ့ဒီဂူထဲမှာ ပိတ်မိသွားတဲ့ အခါမှာတော့ ဘယ်သူမှ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ကြရပြီးတော့ သူတို့အားလုံး လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(3) The Orphanage
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၇ ခုနှစ်က ထွက်ထားပြီးတော့ IMDb (7.4) ရထားပြီးတော့ ဒီဇာတ်ကားကို ရိုက်ဖို့အတွက် ဇာတ်ညွှန်းရေးတာဟာ (၁၁) နှစ်တောင် ကြာခဲ့ပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ သူ့ရဲ့မိသားစုနဲ့အတူ သူငယ်ငယ်ကနေခဲ့တဲ့ အိမ်ကို ပြန်လာခဲ့ပါတယ်။ အဲ့ဒီအိမ်ဟာ အရင်တုန်းက မိဘမဲ့ဂေဟာ တစ်ခုဖြစ်ခဲ့ပြီး အဲ့ဒီအိမ်ကိုပြောင်းပြီးတဲ့နောက်မှာတော့ သူမွေးစားထားတဲ့ သားလေးဟာ သူမ,မမြင်နိုင်တဲ့ လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘယ်လိုကြောက်စရာ ဖြစ်ရပ်တွေ ဆက်ပြီး ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာပါ။

(2) 28 Days Later
photo via screenrant

ဒီကားကတော့ ၂၀၀၂ ခုနှစ်က ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.6) ရထားပါတယ်။ အင်္ဂလန်နိုင်ငံကို ထူးဆန်းတဲ့ ဗိုင်းရပ်တစ်မျိုးက ကူးစက်ပြီးတော့ ကမ္ဘာပျက်သလိုကို ဖြစ်သွားခဲ့ပါတယ်။ Cillian Murphy ကအဓိက သရုပ်ဆောင်ထားပြီးတော့ အဲ့လိုဖြစ်ပျက်နေတဲ့အချိန်မှာ ဆေးရုံတက်နေရတာကြောင့် အသက်ရှင်ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီနောက်မှာတော့ သူဟာ ဆက်လက်ပြီး အသက်ရှင်သန်ဖို့အတွက် ကြိုးစားရုန်းကန်ရပါတော့တယ်။

(1) Saw
photo via screenrant

ဒီကားကတော့ ၂၀၀၄ ခုနှစ်က ထွက်ထားပြီးတော့ IMDb (7.6) ရထားတဲ့အပြင် မသိသူ ရှိမယ်မထင်ပါဘူး။ ဇာတ်လမ်းအစမှာတော့ လူနှစ်ယောက်ဟာ အခန်းတစ်ခုထဲမှာ နိုးလာပြီးတော့ အဲ့ဒီနေရာကို သူတို့ဘယ်လိုရောက်လာမှန်းတောင် မသိကြပါဘူး။ နောက်တော့မှ သူတို့ဟာ ကွင်းဆက်လူသတ်သမား တစ်ယောက် ဖန်တီးထားတဲ့ အသက်နဲ့လောင်းကြေးထပ်ပြီးဆော့ရတဲ့ ကစားပွဲတစ်ခုထဲကို ရောက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့…..။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Horror ဇာတ္ကားေတြဟာ ႏွစ္တိုင္းမွာ ထြက္ေနေပမယ့္ အခုေနာက္ပိုင္းမွာ ထြက္တဲ့ ကားေတြေတာ္ေတာ္မ်ားမ်ားဟာ ထင္ထားသေလာက္ ျဖစ္မလာခဲ့ပါဘူး။ ကိုယ္ကအမ်ားႀကီး ေမွ်ာ္လင့္ထားေပမယ့္လည္း ေမွ်ာ္လင့္ထားသလို ျဖစ္မလာဘဲ တကယ္ေကာင္းတဲ့ horror ဇာတ္ကားဆိုတာ အခုခ်ိန္မွာ နည္းပါးလာခဲ့ပါၿပီ။ အဲ့ဒါေၾကာင့္ ၂၀၀၀ ခုႏွစ္က ဝန္းက်င္က ထြက္ခဲ့တဲ့ horror ကားေတြထဲက မၾကည့္ရေသးရင္ ၾကည့္သင့္တဲ့ ဇာတ္ကားေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(5) The Mist
photo via screenrant

ဒီကားကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.1) ရထားၿပီးေတာ့ Stephen King ေရးထားတဲ့ ဝတၳဳကို အေျခခံၿပီး ႐ိုက္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ၿပီးေတာ့ တစ္ေန႔မွာေတာ့ အဲ့ဒီၿမိဳ႕တစ္ၿမိဳ႕လုံးကို ျမဴေတြက ဖုံးအုပ္သြားခဲ့ပါတယ္။ အဲ့ဒီျမဴေတြဟာ ႐ိုး႐ိုးျမဴေတြ မဟုတ္ဘဲနဲ႔ အဲ့လိုျမဴေတြ ထူေနတဲ့ေနရာမွာ သူတို႔လမ္းမွာ ရွိေနတဲ့ အရာမွန္သမွ်ကို တိုက္ခိုက္တတ္တဲ့ သတၱဝါႀကီးေတြလည္း ရွိေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ စူပါမားကတ္တစ္ခုမွာ ပိတ္မိေနတဲ့ သူေတြအေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ၿပီးေတာ့ သူတို႔ေတြ အသက္ရွင္သန္ႏိုင္ဖို႔အတြက္ ႀကိဳးစား႐ုန္းကန္ၾကတာကို ၾကည့္ရႈရမွာပါ။

(4) The Descent
photo via screenrant

ဒီကားကေတာ့ ၂၀၀၅ ခုႏွစ္က ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.2) ရထားပါတယ္။ သူငယ္ခ်င္းေတြ စုၿပီးေတာ့ စူးစမ္းေလ့လာဖို႔အတြက္ ဂူတစ္ခုထဲကို ဝင္သြားခဲ့ၾကပါတယ္။ သူတို႔ဟာ အေၾကာင္းတစ္ခုခုေၾကာင့္ အဲ့ဒီဂူထဲမွာ ပိတ္မိသြားတဲ့ အခါမွာေတာ့ ဘယ္သူမွ မထင္ထားတဲ့ အႏၲရာယ္ေတြနဲ႔ ႀကဳံေတြ႕ၾကရၿပီးေတာ့ သူတို႔အားလုံး လြတ္ေျမာက္ႏိုင္ပါ့မလားဆိုတာကို ရင္တထိတ္ထိတ္နဲ႔ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(3) The Orphanage
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၇ ခုႏွစ္က ထြက္ထားၿပီးေတာ့ IMDb (7.4) ရထားၿပီးေတာ့ ဒီဇာတ္ကားကို ႐ိုက္ဖို႔အတြက္ ဇာတ္ၫႊန္းေရးတာဟာ (၁၁) ႏွစ္ေတာင္ ၾကာခဲ့ပါတယ္။ အမ်ိဳးသမီး တစ္ေယာက္ဟာ သူ႔ရဲ႕မိသားစုနဲ႔အတူ သူငယ္ငယ္ကေနခဲ့တဲ့ အိမ္ကို ျပန္လာခဲ့ပါတယ္။ အဲ့ဒီအိမ္ဟာ အရင္တုန္းက မိဘမဲ့ေဂဟာ တစ္ခုျဖစ္ခဲ့ၿပီး အဲ့ဒီအိမ္ကိုေျပာင္းၿပီးတဲ့ေနာက္မွာေတာ့ သူေမြးစားထားတဲ့ သားေလးဟာ သူမ,မျမင္ႏိုင္တဲ့ လူတစ္ေယာက္နဲ႔ သူငယ္ခ်င္းျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဘယ္လိုေၾကာက္စရာ ျဖစ္ရပ္ေတြ ဆက္ၿပီး ျဖစ္လာမလဲဆိုတာကို ၾကည့္ရႈရမွာပါ။

(2) 28 Days Later
photo via screenrant

ဒီကားကေတာ့ ၂၀၀၂ ခုႏွစ္က ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ အဂၤလန္ႏိုင္ငံကို ထူးဆန္းတဲ့ ဗိုင္းရပ္တစ္မ်ိဳးက ကူးစက္ၿပီးေတာ့ ကမာၻပ်က္သလိုကို ျဖစ္သြားခဲ့ပါတယ္။ Cillian Murphy ကအဓိက သ႐ုပ္ေဆာင္ထားၿပီးေတာ့ အဲ့လိုျဖစ္ပ်က္ေနတဲ့အခ်ိန္မွာ ေဆး႐ုံတက္ေနရတာေၾကာင့္ အသက္ရွင္က်န္ေနခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီေနာက္မွာေတာ့ သူဟာ ဆက္လက္ၿပီး အသက္ရွင္သန္ဖို႔အတြက္ ႀကိဳးစား႐ုန္းကန္ရပါေတာ့တယ္။

(1) Saw
photo via screenrant

ဒီကားကေတာ့ ၂၀၀၄ ခုႏွစ္က ထြက္ထားၿပီးေတာ့ IMDb (7.6) ရထားတဲ့အျပင္ မသိသူ ရွိမယ္မထင္ပါဘူး။ ဇာတ္လမ္းအစမွာေတာ့ လူႏွစ္ေယာက္ဟာ အခန္းတစ္ခုထဲမွာ ႏိုးလာၿပီးေတာ့ အဲ့ဒီေနရာကို သူတို႔ဘယ္လိုေရာက္လာမွန္းေတာင္ မသိၾကပါဘူး။ ေနာက္ေတာ့မွ သူတို႔ဟာ ကြင္းဆက္လူသတ္သမား တစ္ေယာက္ ဖန္တီးထားတဲ့ အသက္နဲ႔ေလာင္းေၾကးထပ္ၿပီးေဆာ့ရတဲ့ ကစားပြဲတစ္ခုထဲကို ေရာက္ေနမွန္းသိလိုက္ရတဲ့အခါမွာေတာ့…..။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular