HomeEntertainmentFilmဇနီးဖြစ်သူကို ထုတ်လိုက်တာကြောင့် ကိုယ်တိုင်နှုတ်ထွက်သွားတဲ့ House of the Dragon ရဲ့ဖန်တီးသူ

ဇနီးဖြစ်သူကို ထုတ်လိုက်တာကြောင့် ကိုယ်တိုင်နှုတ်ထွက်သွားတဲ့ House of the Dragon ရဲ့ဖန်တီးသူ

House of the Dragon ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူဖြစ်တဲ့ Miguel Sapochnik ကတော့ မကြာသေးခင်ကပဲ ရှိုးကနေ နှုတ်ထွက်သွားပါတယ်။ အကြောင်းကတော့ HBO ဟာ Miguel ရဲ့ဇနီးဖြစ်သူကို Producer အဖြစ် ခန့်အပ်ဖို့ ငြင်းဆန်ခဲ့တာကြောင့်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Season 1 ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ ဇာတ်သိမ်းသွားပြီး ယခုအချိန်မှာတော့ HBO ဟာ Season 2 ကို ဆက်လက်ဖန်တီးနေပါတယ်။

photo via screenrant

Season 1 အပြီးမှာတော့ Aemond ဟာ Lucerys ကို သတ်မိလိုက်တာကြောင့် Alicent နဲ့ Rhaenyra တို့နှစ်ယောက်ရဲ့ ပြည်တွင်းစစ်ကြီး စတင်တော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Season 2 ထဲမှာတော့ Dance of the Dragons ဖြစ်ရပ်ကို မြင်တွေ့ရတော့မှာ ဖြစ်ပြီး Season 1 ထဲကလိုလည်း Timeskip တွေများစွာ ပါဝင်လာတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Season 2 ကတော့ အစောဆုံးဆိုရင်တောင်မှ ၂၀၂၄ ခုနှစ်လောက်မှ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Miguel ဟာ သူ့ရဲ့ဇနီးဖြစ်သူ Alexis Raben ကို Season 2 မှာလည်း Producer အနေနဲ့ ဆက်လက် ပါဝင်စေချင်ပေမယ့်လည်း HBO ဘက်ကတော့ သူမဟာ အတွေ့အကြုံ နည်းသေးတယ်လို့ ယူဆတာကြောင့် ခန့်အပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Miguel ဟာ သူကိုယ်တိုင် ဒီဇာတ်လမ်းတွဲကနေ ထွက်ခွာခဲ့တယ်လို့ IndieWire သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် HBO နဲ့ Miguel တို့ရဲ့ အခြေအတင်ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ တာဝန်ရှိသူတစ်ယောက်ကတောင် ကြားဝင်ဖြန်ဖြေပေးခဲ့ရတယ်လို့ ဆိုပါတယ်။

photo via screenrant

Miguel ရဲ့ဇနီးဖြစ်သူ Alexis Raben ကတော့ Season 1 ထဲမှာ Alicent ရဲ့ Lady-in-waiting ဖြစ်တဲ့ Talya ဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ ယခုလိုပြဿနာတွေ ဖြစ်ပြီး Miguel တစ်ယောက် ထွက်ခွာသွားတာဟာ ဒီဇာတ်လမ်းတွဲအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမယ် ဆိုတာတော့ ပြောလို့မရသေးပါဘူး။ အစကတည်းက ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူအဖြစ် နှစ်ယောက်ရှိတာကြောင့် Miguel ထွက်သွားရင်တောင်မှ နောက်ထပ်တစ်ယောက် ဖြစ်တဲ့ Ryan Condal ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့တော့ ဒီဇာတ်လမ်းတွဲရဲ့ အနာဂတ်ကို သိပ်ပြီးစိတ်ပူစရာလိုမယ် မထင်ပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular