HomeEntertainmentFilmHouse of Dragon အပိုင်း(၅)ထဲက Alicent ရဲ့ အစိမ်းရောင်ဂါဝန်ဟာ ဘာကိုဆိုလိုတာလဲ?

House of Dragon အပိုင်း(၅)ထဲက Alicent ရဲ့ အစိမ်းရောင်ဂါဝန်ဟာ ဘာကိုဆိုလိုတာလဲ?

House of Dragon အပိုင်း(၅)ထဲက Rhaenyra Targaryen နဲ့ Laenor Velaryon တို့ရဲ့ မင်္ဂလာဆောင်မှာတော့ Alicent Hightower ဟာ အစိမ်းရောင်ဂါဝန်ကို ဝတ်ဆင်လာတာ တွေ့ရပါတယ်။ သူမကို ဒီဝတ်စုံနဲ့ မြင်တွေ့လိုက်ရချိန်မှာ မင်္ဂလာပွဲကို တက်ရောက်လာကြသူအားလုံးဟာ အံ့အားသင့်သွားကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Alicent Hightower ရဲ့ အစိမ်းရောင်ဂါဝန်က ဘာကိုဆိုလိုတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Alicent ဟာ ဘုရင်ကြီး Viserys က မင်္ဂလာပွဲတက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေကို စကားပြောကြားနေတဲ့ အချိန်မှာပဲ မင်္ဂလာခန်းမထဲကို ဝင်ရောက်လာခဲ့ပြီး သူမ ဝတ်ဆင်လာတဲ့ ဝတ်စုံအရောင်ကြောင့် လူတိုင်းက အံ့အားသင့်သွားကြပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းထဲမှာ Larys Strong ပြောသွားသလိုပဲ Hightower တွေဟာ စစ်တိုက်တော့မယ်ဆိုရင် အစိမ်းရောင် Banner ကို လွှင့်ထူလေ့ ရှိပါတယ်။ ဒီအချက်ကြောင့်လည်း လူတွေအားလုံးဟာ Alicent ကို မြင်ပြီး အံ့ဩသွားကြတာ ဖြစ်ပါတယ်။

ဒီအစိမ်းရောင်ဂါဝန်ကတော့ Alicent ဟာ ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ သူမဟာ အရင်အပိုင်းတွေတုန်းကတော့ အနီရောင်နဲ့ အမည်းရောင်တို့ကို ဝတ်ဆင်တာကို မြင်တွေ့ခဲ့ရပြီး ယခုအချိန်မှသာ အစိမ်းရောင်ကို ရွေးချယ်ခဲ့တယ် ဆိုတာကတော့ သူမဟာ Targaryen မိသားစုထက် Hightower ဘက်ကို ရွေးချယ်လိုက်တယ်လို့ ဆိုလိုပါတယ်။ Rhaenyra ရဲ့ သူမအပေါ် လိမ်ညာမှု၊ သူမရဲ့ သားဖြစ်သူ Aegon ရဲ့အနာဂတ်နဲ့ Viserys နဲ့ သူမရဲ့ အိမ်ထောင်ရေးတို့ကြောင့် သူမဟာ ဒီလမ်းကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Alicent ဟာ Rhaenyra ကို တောက်လျှောက် ကာကွယ် ပြောဆိုပေးခဲ့ပေမယ့်လည်း ယခုအချိန်မှာတော့ သူမဟာ Rhaenyra ဘက်ကို မလိုက်တော့ဘဲ သူမရဲ့သားဖြစ်သူ Aegon ကိုပဲ ဘုရင်ဖြစ်လာအောင် ကြိုးစားတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ မကြာခင်မှာ ဖြစ်လာတော့မယ့် Dance of the Dragons ဆိုတဲ့ Targaryen ပြည်တွင်းစစ်ကို Setup ပြုလုပ်ထားတာ ဖြစ်ပြီး ဒီပြည်တွင်းစစ်အတွင်းမှာတော့ Rhaenyra နဲ့ Aegon တို့ရဲ့ နန်းလုပွဲကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular