HomeEntertainmentFilmSecret Invasion အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Secret Invasion အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

Secret Invasion ဇာတ်လမ်းတွဲရဲ့ အပိုင်း(၃)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ အပိုင်း(၂)ရဲ့ Cliffhanger အဆုံးသတ်ကိုလည်း ဖြေရှင်းသွားပါတယ်။ အဲဒါကတော့ Nick Fury ဟာ သူ့ရဲ့ဇနီးကို Skrull မှန်းသိသိရက်နဲ့ ယူထားခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအပိုင်းထဲမှာတော့ Nick Fury ရဲ့ဇနီးကလည်း Gravik ရဲ့လူ ဖြစ်နေနိုင်ကြောင်း အရိပ်အမြွက်တွေကို တွေ့ခဲ့ရပါသေးတယ်။

Super Skrull

photo credit Marvel Studios

ဒီအပိုင်းထဲမှာတော့ ပိုအန္တရာယ်များတဲ့ Skrull ဗားရှင်းဖြစ်တဲ့ Super Skrull တွေကို ပြသွားပါပြီ။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Gravik ဟာ Skrull Council အဖွဲ့ဝင်တွေကို ဖိတ်ခေါ်ခဲ့ပြီး Super Skrull တွေအကြောင်းကို ပြောသွားပါတယ်။ အပိုင်း(၂)ထဲမှာ မြင်တွေ့ခဲ့ရတဲ့ DNA တွေကိုတော့ Super Skrull တွေ ဖြစ်လာအောင် ပြုလုပ်ဖို့ စုဆောင်းထားတာပဲ ဖြစ်ပါတယ်။

လောလောဆယ်အချိန်ထိတော့ Gravik ဟာ သူကိုယ်တိုင်ကလွဲရင် ဘယ်သူ့ကိုမှ Super Skrull ဖြစ်အောင် မလုပ်ရသေးပါဘူး။ Gravik နဲ့ Talos တို့ စကားပြောကြတဲ့ ဇာတ်ဝင်ခန်းမှာတော့ Talos ဟာ Gravik ရဲ့လက်ကို ဓားနဲ့ထိုးလိုက်ပါတယ်။ ဒါပေမယ့်လည်း Gravik ရဲ့လက်ကတော့ မီးခဲတစ်ခုလို နီရဲလာပြီး ချက်ချင်းဆိုသလို အကောင်းအတိုင်း ပြန်ဖြစ်သွားတာ တွေ့ရပါတယ်။ ဒီစွမ်းအားကတော့ Iron Man 3 ထဲမှာ ပါဝင်ခဲ့တဲ့ Extremis ရဲ့စွမ်းအားလည်း ဖြစ်ပါတယ်။

Black Widow ရုပ်ရှင်ထဲက Dreykov

photo credit Marvel Studios

အပိုင်း(၂)ထဲကလိုပဲ ဒီအပိုင်းထဲမှာလည်း ၁၉၉၀ ကျော်ကအချိန်ကို Flashback ပြန်ပြသွားပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Nick Fury ဟာ သူ့ရဲ့ဇနီးဖြစ်လာမယ့် Varra နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအခန်းမှာတော့ Varra ဟာ Nick Fury ကို အညိုရောင်စာအိတ်တစ်အိတ် ပေးလိုက်ပြီး “ဒါက Dreykov ရဲ့လူတွေကို အံ့ဩသွားစေမှာပါ” လို့ ပြောလိုက်ပါတယ်။

Dreykov ကတော့ Red Room ရဲ့ခေါင်းဆောင် ဖြစ်ပြီး Black Widow ရုပ်ရှင်ထဲက အဓိကဗီလိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ S.H.I.E.L.D နဲ့ Red Room တို့ဟာ ထိပ်တိုက်တွေ့ခဲ့ကြပုံရပြီး Red Room ကတော့ တနည်းနည်းနဲ့ လွတ်မြောက်သွားခဲ့ပုံ ပေါ်ပါတယ်။

Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြသနေတဲ့အချက်

photo credit Marvel Studios

ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Nick Fury ရဲ့ဇနီး Varra ဟာ ဖုန်းပြောနေတာကို တွေ့ရပြီး သူမဟာ Gravik အတွက် အလုပ်လုပ်နေပုံ ရပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ Varra နဲ့ ဖုန်းပြောနေတဲ့လူက Rhodey ကိုယ်တိုင် ဖြစ်နေတာပါပဲ။ အပိုင်း(၂)မှာကတည်းက Rhodey ဟာ Skrull ဖြစ်နေနိုင်တယ်လို့ ပရိသတ်တွေက သံသယဝင်ခဲ့ကြပြီး ဒီအချက်ဟာလည်း ပရိသတ်တွေရဲ့သီအိုရီကို ပံ့ပိုးပေးနေပါတယ်။ ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် အပိုင်းတွေမှာတော့ Nick Fury နဲ့ Talos တို့ဟာ Skrull တွေရဲ့ ကျူးကျော်မှုကို ဘယ်လိုရပ်တန့်သွားမှာလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular