HomeEntertainmentFilmHouse of the Dragon Season 2 ထဲမှာ ပါဝင်လာမှာ မဟုတ်တော့တဲ့ Milly Alcock

House of the Dragon Season 2 ထဲမှာ ပါဝင်လာမှာ မဟုတ်တော့တဲ့ Milly Alcock

House of the Dragon Season 1 ထဲမှာ Rhaenyra ရဲ့ ငယ်ဘဝအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Milly Alcock ဟာ Season 2 ထဲမှာ ပြန်လည်ပါဝင်လာဦးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ Milly Alcock ဟာ Rhaenyra အနေနဲ့ ပထမဆုံး အပိုင်းငါးပိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အပိုင်း(၆)မှာတော့ Timeskip ဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ Emma D’Arcy ဟာ Rhaenyra ရဲ့ အရွယ်ရောက်သွားတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။ အလားတူပဲ Alicent နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Emily Carey နေရာမှာလည်း Olivia Cooke က အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

photo credit HBO

Emma D’Arcy နဲ့ Olivia Cooke တို့ကလည်း သူတို့ရဲ့ ဇာတ်ကောင်တွေနေရာမှာ တသားတည်း ဖြစ်နေအောင် သရုပ်ဆောင်နိုင်ခဲ့ကြပြီး ဇာတ်လမ်းအရှိန်ဟာလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဒီဇာတ်ကောင်တွေကို Recast ပြုလုပ်ထားတယ် ဆိုတာကိုတောင် မေ့လျော့သွားစေတဲ့အထိ သရုပ်ဆောင်ကောင်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ငယ်ဘဝမှာ သရုပ်ဆောင်ခဲ့ကြတဲ့ Milly Alcock နဲ့ Emily Carey တို့ဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီး Season 2 ထဲမှာတော့ နောက်ကြောင်းပြန်တဲ့ ပုံစံမျိူးနဲ့ဖြစ်ဖြစ် သူတို့နှစ်ယောက်ကို ပြန်လည် မြင်တွေ့ချင်နေကြပါတယ်။

စိတ်မကောင်းစရာကတော့ Season 2 ထဲမှာ Rhaenyra နဲ့ Alicent တို့ရဲ့ ငယ်ဘဝကို ပြန်လည်ပြသမယ့် နောက်ကြောင်းပြန်တဲ့ ဇာတ်ဝင်ခန်းမျိူး မပါဝင်ဘူးလို့ သိရပါတယ်။ မကြာသေးခင်ကပဲ Deadline သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Rhaenyra အနေနဲ့ ပြန်လည်သရုပ်ဆောင်ဦးမလားလို့ Milly Alcock ကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ “သရုပ်မဆောင်တော့ပါဘူး။ ဒါက ပြီးသွားပါပြီ …” လို့ သူမက ပြန်လည်ဖြေကြားထားပါတယ်။

photo credit HBO

House of the Dragon ဇာတ်လမ်းတွဲဟာ ရှေ့ဆက်ဖန်တီးစရာတွေများစွာ ကျန်ရှိနေသေးတာကြောင့် ယခုလိုငယ်ဘဝအနေနဲ့ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေ ပြန်လည်မပါဝင်တော့တာဟာ သိပ်ပြီးအံ့ဩစရာတော့ မကောင်းလှပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ Rhaenyra ဇာတ်ကောင်ကို Milly Alcock နဲ့ပဲ စတင်သိကျွမ်းခဲ့တာဖြစ်လို့ သူမကို သံယောဇဉ်တွယ်နေတာကလည်း သဘာဝကျပါတယ်။ ဒါပေမယ့်လည်း သူမကို ထပ်မတွေ့ရတော့ဘူးဆိုတဲ့ ဒီသတင်းက HOTD ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာတစ်ခုပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular