HomeEntertainmentFilmJump Scare သုံးတာချင်းတူတူ horror movie တွေကို အရသာကွဲသွားစေတဲ့အကြောင်းရင်း 

Jump Scare သုံးတာချင်းတူတူ horror movie တွေကို အရသာကွဲသွားစေတဲ့အကြောင်းရင်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror movie ပရိသတ်တွေဆိုရင် jump scare ဆိုတဲ့ စကားလုံးကို ကောင်းကောင်းသိကြမှာပါ။ jump scare ဆိုတာဟာ နောက်ခံတေးဂီတအသံနဲ့ “ဝုန်း” “ဒိုင်း” ဆိုပြီး ရုပ်ရှင်ကြည့်ပရိသတ်ကို လန့်သွားအောင် လုပ်တဲ့ ရုပ်ရှင်ပညာရပ်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ jump scare ဟာ horror movie တွေရဲ့ အမှတ်အသားတစ်ခုလိုတောင် ‌ဖြစ်နေခဲ့တာ ကြာပါပြီ။ သို့ပေမယ့် ရုပ်ရှင်ကြည့်ပရိသတ်ကို တကယ် ထိတ်လန့်ခြောက်ခြားရတဲ့ ခံစားချက်ကို ပေးဖို့ဆိုရင်တော့ ရုတ်တရက် လန့်သွားအောင် လုပ်တာထက် ပိုပြီးကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။

အပေါစား horror movie တွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် တည်ဆောက်ဖွဲ့စည်းပုံ ခိုင်ခိုင်မာမာနဲ့ ထိတ်လန့်ခြောက်ခြားရတဲ့ ခံစားချက်ကို ပေးတာမျိုးထက် jump scare တွေ ဖောဖောသီသီသုံးပြီး ပရိသတ်ကို ခဏခဏလန့်အောင် လုပ်တတ်ကြပါတယ်။ ဒီအခါ ရုပ်ရှင်ကြည့်ပရိသတ်အချို့အနေနဲ့ horror movie တစ်ကား ရိုက်တော့မယ်ဆိုရင် jump scare ကို အလွယ်လေးသုံးပြီး ပရိသတ် ထိတ်လန့်အောင် လုပ်နိုင်တယ်လို့ ထင်စရာလည်း ရှိပါတယ်။

Photo via IMDb

သို့ပေမယ့် ရုပ်ရှင်အမျိုးအစားတစ်ခုစီတိုင်းမှာ လိုက်နာကျင့်သုံးရတဲ့ အလေ့အထ၊ နည်းစနစ်တွေ ရှိသလို horror movie တွေမှာလည်း jump scare ကို စိတ်ထင်သလို ပြီးပြီးရော သုံးလို့မရပါဘူး။ သုံးတတ်ရင် အပြင်လောကနဲ့ ပိုနီးစပ်မှုရှိပြီး ပရိသတ်ကို ကိုယ်တိုင် ဒီဖြစ်ရပ်နဲ့ကြုံနေရသလို ခံစားရအောင် ရသပေးနိုင်ပေမယ့် မသုံးတတ်ရင်တော့ စိတ်ပျက်စရာ horror ရုပ်ရှင်တစ်ကားအဖြစ်သာ သတ်မှတ်ခံရမှာပါ။ jump scare ကို အလွန်အကျူးသုံးမယ်၊ ဒါမှမဟုတ် သေသေချာချာ ပြင်ဆင်မှုမရှိဘဲ သုံးမယ်ဆိုရင်တော့ ဇာတ်ကားပြီးတဲ့အထိတောင် ကြည့်ချင်လာအောင် ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

မှောင်မည်းနေတဲ့ အခန်းတစ်ခန်းထဲကို ဇာတ်ကောင်တစ်ယောက်က ဝင်သွားပြီဆိုပါစို့။ အဲ့ဒီ့အခန်းထဲမှာ ဘာမှန်းမသိတဲ့အရာကြီးတစ်ခုက စောင့်နေတယ်ဆိုရင် အမှောင်ထဲမှာ ဇာတ်ကောင်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ အဲ့ဒီ့ရုပ်ရှင်ရဲ့ အလှည့်အပြောင်းတစ်ခုကို ပေးစွမ်းရမှာ ဖြစ်သလို ထိတ်လန့်စရာ နောက်ခံအသံကိုလည်း ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ jump scare တစ်ခုရဲ့ အခြေခံ ဖွဲ့စည်းပုံ ဖြစ်ပါတယ်။

Photo via IMDb

သို့ပေမယ့် လန့်အောင် လုပ်ပြလိုက်လို့ သဘာဝအရ ပရိသတ်က အံ့ဩမှုနဲ့ တုံ့ပြန်တိုင်း အဲ့ဒီ့ဇာတ်ကားက တကယ် ထိတ်လန့်ခြောက်ခြားမှုကို ပေးစွမ်းနိုင်မှာတော့ မဟုတ်ပါဘူး။ တကယ် အံ့ဩထိုက်တဲ့ ဇာတ်ကွက်တစ်ခု မလုပ်ပြနိုင်ဘဲနဲ့ အသံနဲ့ပဲ ခြောက်ပြလိုက်မယ်ဆိုရင်တော့ စိတ်ပျက်စရာသာ ဖြစ်စေမှာပါ။ jump scare ကောင်းကောင်း လုပ်နိုင်ဖို့ ဖျတ်ခနဲ လှုပ်ရှားမှုတွေပဲ လိုအပ်တယ်ဆိုခဲ့ရင် တကယ်ကွာလတီရှိတဲ့ horror ရုပ်ရှင်တစ်ကား ဖန်တီးဖို့ လွယ်လွယ်လေး ဖြစ်နေမှာပါ။

လိုအပ်တဲ့ အစိတ်အပိုင်းတွေအားလုံး ပါဝင်ပြီး တကယ် ထိတ်လန့်ခြောက်ခြားဖွယ်ရာကောင်းတဲ့ horror ရုပ်ရှင်တစ်ကားမှာတော့ jump scare တွေဟာ ကောင်းမွန်စွာ အချိန်ကိုက်ထားတတ်ပြီး သေသပ်တဲ့ ဆက်တင်တွေနဲ့လည်း ပံ့ပိုးထားလေ့ ရှိပါတယ်။ သေသပ်စွာ ပြင်ဆင်ထားတဲ့ jump scare တစ်ခုဟာ ကြည့်ရှုသူကို တစ်ခုခုတော့ မှားနေပြီဆိုတဲ့ စိတ်ခံစားချက်နဲ့ မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ရမှာ ဖြစ်ပါတယ်။

Photo via IMDb

ပရိသတ် ရင်ထဲမှာ သံသယ သဲလွန်စကို ချန်ထားပြီး မမျှော်လင့်ထားတဲ့ အခြားတစ်ခုကို ထုတ်ပြလိုက်ချိန်မှာ jump scare ကို သုံးလိုက်မယ်ဆိုရင်တော့ တကယ် ထိတ်လန့်ခြောက်ခြားမှုကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ရုပ်ရှင်ကား ပြီးဆုံးသည်အထိ အဲ့ဒီ့ခြောက်ခြားမှုကို သယ်ဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။

သေချာစွာ ပြင်ဆင်ဖန်တီးထားတဲ့ jump scare တစ်ခုဟာ ဇာတ်ဝင်ခန်းရဲ့ ဆိုလိုရင်း သဘောသဘာဝနဲ့ ကိုက်ညီမှုရှိဖို့လည်း လိုအပ်ပါတယ်။ ဒါဟာ ဘယ်ဒါရိုက်တာ၊ ဘယ်ဝေဖန်ရေးသမားတွေကမှ ချမှတ်ထားတဲ့ စံနှုန်းတွေ မဟုတ်ပေမယ့်လို့ ကြည့်ရှုသူ ပရိသတ်ရဲ့ လက်တွေ့ဘဝက မြင်ကွင်းနဲ့ အတတ်နိုင်ဆုံး ထပ်တူကျမှုမှာ ဖြစ်ပေါ်လာတတ်တဲ့ လူသားရဲ့ မသိစိတ်ကို ဖန်တီးပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းရခက်လာစေပြီး ရုပ်ရှင်ကို သဘာဝပိုဆန်လာစေမှာ ဖြစ်သလို သူပြတာထက် ပိုပြီးကြောက်စရာကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

Photo via IMDb

ဥပမာယှဉ်ပြရရင် ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ It ရုပ်ရှင်ထဲမှာဆိုရင် loser club က ကလေးတွေ အကုန်လုံးစုပြီး ပရော့ဂျက်တာကို သုံးနေတဲ့အချိန်မှာ Pennywise ကြီး ခုန်ထွက်လာတဲ့ အခန်းမျိုးဟာ ရုပ်ရှင်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ကလေးတွေအားလုံးဟာ ဒီ Pennywise ကြီးရဲ့ ခြောက်လှန့်မှုကို ခံနေရတယ်ဆိုတာ သိရှိသွားစေပါတယ်။ အလားတူပဲ The Nun ရုပ်ရှင်ထဲက မိစ္ဆာကြီး အရိပ်ထဲက ထွက်လာချိန်တိုင်းမှာတော့ ပရိသတ်က လန့်တဲ့ခံစားချက်ကိုပဲ ခံစားရစေပါတယ်။ မိစ္ဆာကြီးထွက်လာတာ မြင်ရပေမယ့် ကြောက်လန့်မှု၊ ခြောက်ခြားမှုကို မဖြစ်စေဘဲ jump scare က ပေးတဲ့ နောက်ခံအသံကြောင့်သာ လန့်သွားတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပါတယ်။

ဒါဟာ jump scare ကို စနစ်တကျ သုံးစွဲခြင်းနဲ့ သက်ဆိုင်ပြီး ရုပ်ရှင်တွေရဲ့ ခံစားမှုရသတွေကို ကွဲပြားသွားစေတာ ဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့ရော Jump scare သုံးတဲ့ horror movie တွေအပေါ် ဘယ်လိုအမြင်တွေ ရှိမလည်းဆိုတာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror movie ပရိသတ္ေတြဆိုရင္ jump scare ဆိုတဲ့ စကားလုံးကို ေကာင္းေကာင္းသိၾကမွာပါ။ jump scare ဆိုတာဟာ ေနာက္ခံေတးဂီတအသံနဲ႔ “ဝုန္း” “ဒိုင္း” ဆိုၿပီး ႐ုပ္ရွင္ၾကည့္ပရိသတ္ကို လန႔္သြားေအာင္ လုပ္တဲ့ ႐ုပ္ရွင္ပညာရပ္ကို ေခၚဆိုတာ ျဖစ္ပါတယ္။ jump scare ဟာ horror movie ေတြရဲ႕ အမွတ္အသားတစ္ခုလိုေတာင္ ‌ျဖစ္ေနခဲ့တာ ၾကာပါၿပီ။ သို႔ေပမယ့္ ႐ုပ္ရွင္ၾကည့္ပရိသတ္ကို တကယ္ ထိတ္လန႔္ေျခာက္ျခားရတဲ့ ခံစားခ်က္ကို ေပးဖို႔ဆိုရင္ေတာ့ ႐ုတ္တရက္ လန႔္သြားေအာင္ လုပ္တာထက္ ပိုၿပီးႀကိဳးစားအားထုတ္ရမွာ ျဖစ္ပါတယ္။

အေပါစား horror movie ေတြကေတာ့ ဇာတ္လမ္း၊ ဇာတ္အိမ္ တည္ေဆာက္ဖြဲ႕စည္းပုံ ခိုင္ခိုင္မာမာနဲ႔ ထိတ္လန႔္ေျခာက္ျခားရတဲ့ ခံစားခ်က္ကို ေပးတာမ်ိဳးထက္ jump scare ေတြ ေဖာေဖာသီသီသုံးၿပီး ပရိသတ္ကို ခဏခဏလန႔္ေအာင္ လုပ္တတ္ၾကပါတယ္။ ဒီအခါ ႐ုပ္ရွင္ၾကည့္ပရိသတ္အခ်ိဳ႕အေနနဲ႔ horror movie တစ္ကား ႐ိုက္ေတာ့မယ္ဆိုရင္ jump scare ကို အလြယ္ေလးသုံးၿပီး ပရိသတ္ ထိတ္လန႔္ေအာင္ လုပ္ႏိုင္တယ္လို႔ ထင္စရာလည္း ရွိပါတယ္။

Photo via IMDb

သို႔ေပမယ့္ ႐ုပ္ရွင္အမ်ိဳးအစားတစ္ခုစီတိုင္းမွာ လိုက္နာက်င့္သုံးရတဲ့ အေလ့အထ၊ နည္းစနစ္ေတြ ရွိသလို horror movie ေတြမွာလည္း jump scare ကို စိတ္ထင္သလို ၿပီးၿပီးေရာ သုံးလို႔မရပါဘူး။ သုံးတတ္ရင္ အျပင္ေလာကနဲ႔ ပိုနီးစပ္မႈရွိၿပီး ပရိသတ္ကို ကိုယ္တိုင္ ဒီျဖစ္ရပ္နဲ႔ႀကဳံေနရသလို ခံစားရေအာင္ ရသေပးႏိုင္ေပမယ့္ မသုံးတတ္ရင္ေတာ့ စိတ္ပ်က္စရာ horror ႐ုပ္ရွင္တစ္ကားအျဖစ္သာ သတ္မွတ္ခံရမွာပါ။ jump scare ကို အလြန္အက်ဴးသုံးမယ္၊ ဒါမွမဟုတ္ ေသေသခ်ာခ်ာ ျပင္ဆင္မႈမရွိဘဲ သုံးမယ္ဆိုရင္ေတာ့ ဇာတ္ကားၿပီးတဲ့အထိေတာင္ ၾကည့္ခ်င္လာေအာင္ ဆြဲေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။

ေမွာင္မည္းေနတဲ့ အခန္းတစ္ခန္းထဲကို ဇာတ္ေကာင္တစ္ေယာက္က ဝင္သြားၿပီဆိုပါစို႔။ အဲ့ဒီ့အခန္းထဲမွာ ဘာမွန္းမသိတဲ့အရာႀကီးတစ္ခုက ေစာင့္ေနတယ္ဆိုရင္ အေမွာင္ထဲမွာ ဇာတ္ေကာင္နဲ႔ ထိပ္တိုက္ေတြ႕တဲ့အခါ အဲ့ဒီ့႐ုပ္ရွင္ရဲ႕ အလွည့္အေျပာင္းတစ္ခုကို ေပးစြမ္းရမွာ ျဖစ္သလို ထိတ္လန႔္စရာ ေနာက္ခံအသံကိုလည္း ထည့္သြင္းေပးရမွာ ျဖစ္ပါတယ္။ ဒါဟာ jump scare တစ္ခုရဲ႕ အေျခခံ ဖြဲ႕စည္းပုံ ျဖစ္ပါတယ္။

Photo via IMDb

သို႔ေပမယ့္ လန႔္ေအာင္ လုပ္ျပလိုက္လို႔ သဘာဝအရ ပရိသတ္က အံ့ဩမႈနဲ႔ တုံ႔ျပန္တိုင္း အဲ့ဒီ့ဇာတ္ကားက တကယ္ ထိတ္လန႔္ေျခာက္ျခားမႈကို ေပးစြမ္းႏိုင္မွာေတာ့ မဟုတ္ပါဘူး။ တကယ္ အံ့ဩထိုက္တဲ့ ဇာတ္ကြက္တစ္ခု မလုပ္ျပႏိုင္ဘဲနဲ႔ အသံနဲ႔ပဲ ေျခာက္ျပလိုက္မယ္ဆိုရင္ေတာ့ စိတ္ပ်က္စရာသာ ျဖစ္ေစမွာပါ။ jump scare ေကာင္းေကာင္း လုပ္ႏိုင္ဖို႔ ဖ်တ္ခနဲ လႈပ္ရွားမႈေတြပဲ လိုအပ္တယ္ဆိုခဲ့ရင္ တကယ္ကြာလတီရွိတဲ့ horror ႐ုပ္ရွင္တစ္ကား ဖန္တီးဖို႔ လြယ္လြယ္ေလး ျဖစ္ေနမွာပါ။

လိုအပ္တဲ့ အစိတ္အပိုင္းေတြအားလုံး ပါဝင္ၿပီး တကယ္ ထိတ္လန႔္ေျခာက္ျခားဖြယ္ရာေကာင္းတဲ့ horror ႐ုပ္ရွင္တစ္ကားမွာေတာ့ jump scare ေတြဟာ ေကာင္းမြန္စြာ အခ်ိန္ကိုက္ထားတတ္ၿပီး ေသသပ္တဲ့ ဆက္တင္ေတြနဲ႔လည္း ပံ့ပိုးထားေလ့ ရွိပါတယ္။ ေသသပ္စြာ ျပင္ဆင္ထားတဲ့ jump scare တစ္ခုဟာ ၾကည့္ရႈသူကို တစ္ခုခုေတာ့ မွားေနၿပီဆိုတဲ့ စိတ္ခံစားခ်က္နဲ႔ ေမွ်ာ္လင့္ခ်က္ကို ေပးစြမ္းႏိုင္ရမွာ ျဖစ္ပါတယ္။

Photo via IMDb

ပရိသတ္ ရင္ထဲမွာ သံသယ သဲလြန္စကို ခ်န္ထားၿပီး မေမွ်ာ္လင့္ထားတဲ့ အျခားတစ္ခုကို ထုတ္ျပလိုက္ခ်ိန္မွာ jump scare ကို သုံးလိုက္မယ္ဆိုရင္ေတာ့ တကယ္ ထိတ္လန႔္ေျခာက္ျခားမႈကို ေပးစြမ္းႏိုင္မွာျဖစ္ၿပီး ႐ုပ္ရွင္ကား ၿပီးဆုံးသည္အထိ အဲ့ဒီ့ေျခာက္ျခားမႈကို သယ္ေဆာင္သြားႏိုင္မွာလည္း ျဖစ္ပါတယ္။

ေသခ်ာစြာ ျပင္ဆင္ဖန္တီးထားတဲ့ jump scare တစ္ခုဟာ ဇာတ္ဝင္ခန္းရဲ႕ ဆိုလိုရင္း သေဘာသဘာဝနဲ႔ ကိုက္ညီမႈရွိဖို႔လည္း လိုအပ္ပါတယ္။ ဒါဟာ ဘယ္ဒါ႐ိုက္တာ၊ ဘယ္ေဝဖန္ေရးသမားေတြကမွ ခ်မွတ္ထားတဲ့ စံႏႈန္းေတြ မဟုတ္ေပမယ့္လို႔ ၾကည့္ရႈသူ ပရိသတ္ရဲ႕ လက္ေတြ႕ဘဝက ျမင္ကြင္းနဲ႔ အတတ္ႏိုင္ဆုံး ထပ္တူက်မႈမွာ ျဖစ္ေပၚလာတတ္တဲ့ လူသားရဲ႕ မသိစိတ္ကို ဖန္တီးေပးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ ဒါမွသာ ေရွ႕ဆက္ ဘာျဖစ္မယ္ဆိုတာ ခန႔္မွန္းရခက္လာေစၿပီး ႐ုပ္ရွင္ကို သဘာဝပိုဆန္လာေစမွာ ျဖစ္သလို သူျပတာထက္ ပိုၿပီးေၾကာက္စရာေကာင္းတဲ့ ခံစားခ်က္ကို ေပးစြမ္းႏိုင္မွာလည္း ျဖစ္ပါတယ္။

Photo via IMDb

ဥပမာယွဥ္ျပရရင္ ၂၀၁၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ It ႐ုပ္ရွင္ထဲမွာဆိုရင္ loser club က ကေလးေတြ အကုန္လုံးစုၿပီး ပေရာ့ဂ်က္တာကို သုံးေနတဲ့အခ်ိန္မွာ Pennywise ႀကီး ခုန္ထြက္လာတဲ့ အခန္းမ်ိဳးဟာ ႐ုပ္ရွင္ရဲ႕ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ ဖြဲ႕စည္းသြားၿပီး ကေလးေတြအားလုံးဟာ ဒီ Pennywise ႀကီးရဲ႕ ေျခာက္လွန႔္မႈကို ခံေနရတယ္ဆိုတာ သိရွိသြားေစပါတယ္။ အလားတူပဲ The Nun ႐ုပ္ရွင္ထဲက မိစာၦႀကီး အရိပ္ထဲက ထြက္လာခ်ိန္တိုင္းမွာေတာ့ ပရိသတ္က လန႔္တဲ့ခံစားခ်က္ကိုပဲ ခံစားရေစပါတယ္။ မိစာၦႀကီးထြက္လာတာ ျမင္ရေပမယ့္ ေၾကာက္လန႔္မႈ၊ ေျခာက္ျခားမႈကို မျဖစ္ေစဘဲ jump scare က ေပးတဲ့ ေနာက္ခံအသံေၾကာင့္သာ လန႔္သြားတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ျဖစ္ပါတယ္။

ဒါဟာ jump scare ကို စနစ္တက် သုံးစြဲျခင္းနဲ႔ သက္ဆိုင္ၿပီး ႐ုပ္ရွင္ေတြရဲ႕ ခံစားမႈရသေတြကို ကြဲျပားသြားေစတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔အေနနဲ႔ေရာ Jump scare သုံးတဲ့ horror movie ေတြအေပၚ ဘယ္လိုအျမင္ေတြ ရွိမလည္းဆိုတာ ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular