HomeLifestyleအၿပံဳးတုနဲ႔ အေယာင္ေဆာင္မိတ္ေဆြမွန္း သိႏိုင္မယ့္ လကၡဏာရပ္(၅)ခု

အၿပံဳးတုနဲ႔ အေယာင္ေဆာင္မိတ္ေဆြမွန္း သိႏိုင္မယ့္ လကၡဏာရပ္(၅)ခု

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

ကိုယ့္ေရွ႕မွာေတာ့ ပ်ားသကာထက္ခ်ိဳတဲ့ စကားေလးေတြနဲ႔ လိုတာထက္ပိုၿပီး ကိုယ့္အေပၚ ေကာင္းျပေနေပမယ့္ ကိုယ့္ေနာက္ကြယ္မွာ ကိုယ့္မေကာင္းသတင္းေတြကို လိုက္ျဖန္႔ေနသူေတြ၊ ေနာက္ေက်ာက ဓားနဲ႔ထိုးေနသူေတြကို ေတြ႕ဖူးပါသလား? သင္ကေတာ့ စိတ္ထဲက အရင္းခံ၊ အစစ္အမွန္ ခံစားခ်က္နဲ႔ ဆက္ဆံတာမ်ိဳးကို လိုခ်င္ေပမယ့္ မ်က္ႏွာဖုံးေတြနဲ႔ ေနသားက်ေနသူေတြကေတာ့ သူတို႔ရဲ႕ အလိမ္အညာ၊ ပရိယာယ္ေတြနဲ႔ လွည့္စားသြားတတ္ၾကပါတယ္။ ဒီလိုကိစၥမ်ိဳးအတြက္ သင္လုပ္ရမွာကေတာ့ ကိုယ့္ရဲ႕ပတ္၀န္းက်င္ထဲက ဘယ္သူဟာ မိတ္ေဆြမ်က္ႏွာဖုံးနဲ႔ ယုတ္မာဖို႔ ျပင္ေနသလည္းဆိုတာ သိရိွၿပီး သူတို႔နဲ႔ ခပ္ကင္းကင္း ေနႏိုင္ဖို႔ပါပဲ။ မိတ္ေဆြေယာင္ေဆာင္ထားတဲ့ လူလိမ္၊လူညာေတြကို သိႏိုင္မယ့္အခ်က္ေတြကေတာ့ …

(၁) အၿမဲတမ္း ဦးစားေပးခံခ်င္တယ္။

အေယာင္ေဆာင္မိတ္ေဆြမွန္း သိသာေစတဲ့ လကၡဏာတစ္ခုကေတာ့ သူတို႔ဟာ သင့္ဘ၀ရဲ႕ အေရးႀကီးဆုံးေသာလူေတြအျဖစ္ ေနရာယူခ်င္တာပါပဲ။ သူတို႔ကိုပဲ အၿမဲေရွ႕တန္းတင္ရတယ္။ အၿမဲအေလးေပးရတယ္။ ဒါေပမယ့္ သူတို႔ကေတာ့ တူညီတဲ့ ဂရုစိုက္၊အေလးေပးမႈမ်ိဳးနဲ႔ ဘယ္ေတာ့မွ ျပန္လည္ေပးဆပ္ၾကေလ့ မရိွပါဘူး။

(၂) အခ်ိန္အားတာနဲ႔ အတင္းေျပာတယ္။

အခ်ိန္ေလး မအားလိုက္နဲ႔၊ အားၿပီဆိုတာနဲ႔ သင့္နားထဲကို ပတ္၀န္းက်င္ အရပ္ဆယ္မ်က္ႏွာက လူေတြရဲ႕ အတင္းေတြ၊ မေကာင္းသတင္းေတြကို အားရပါးရ လာေျပာေလ့ ရိွပါတယ္။ ဒီလိုလူေတြဟာ သင့္ကြယ္ရာမွာလည္း သင့္မေကာင္းေၾကာင္းကို ေသခ်ာေပါက္ အားရပါးရ လိုက္ေျပာေနတတ္တယ္ဆိုတာ မေမ့လိုက္ပါနဲ႔။

Photo: flickr
(၃) အေၾကာင္းျပခ်က္မရိွဘဲ ေထ့ေငါ့ေနတတ္တယ္။

မိတ္ေဆြတုမွန္း သိႏိုင္တဲ့ ေနာက္လကၡဏာတစ္ခုကေတာ့ သူတို႔လိုခ်င္တဲ့အရာကို ကိုယ့္ဆီကေန မရရေအာင္ ယူတတ္ၾကတာပါပဲ။ အကူအညီေတြ ယူထားေပမယ့္လည္း ကိုယ့္ကိုတစ္ခ်က္ေလးမွ အေကာင္းမေျပာတတ္ဘဲ စသလို ေနာက္သလိုနဲ႔ အၿမဲတမ္း ေထ့ေငါ့ေနတတ္ပါတယ္။

(၄) အၿမဲတမ္း လိုက္ၿပိဳင္ေနတတ္တယ္။

ဘယ္သူ႔ကိုမွ စိတ္ရင္းေစတနာေကာင္းနဲ႔ ပြင့္ပြင့္လင္းလင္း မဆက္ဆံတတ္တဲ့လူေတြအေနနဲ႔ အရာရာတိုင္းက သူတို႔အတြက္ ၿပိဳင္ပြဲလိုမ်ိဳး ျဖစ္ေနတာပါ။ သူတို႔ဟာ သူတို႔ကိုယ္သူတို႔ အေကာင္းဆုံး၊ အေတာ္ဆုံးလူလို႔ စိတ္ထဲမွာ စြဲေနေအာင္ ေတြးထားတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း သင္နဲ႔ယွဥ္လိုက္ရင္ မသာသာေအာင္ သူ႔ဘက္ကေန အၿမဲလိုက္ၿပိဳင္ၿပီး မနာလိုျဖစ္ေနတတ္ပါတယ္။

(၅) ပ်က္စီးရာပ်က္စီးေၾကာင္းျဖစ္ေအာင္ အၿမဲတမ္း လုပ္တတ္တယ္။

ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ေစ သင္ေမွ်ာ္လင့္ထားတာေတြ၊ စီစဥ္ထားတာေတြ ျဖစ္မလာေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးသုံးၿပီး ဖ်က္လိုဖ်က္ဆီး လုပ္တတ္ၾကပါတယ္။ သင့္အေရွ႕မွာေတာ့ ကတိေတြေပး၊ အစီအစဥ္ေတြ အတူတူဆြဲၿပီး ရႊန္းရႊန္းေ၀ေအာင္ ေျပာတတ္ၾကေပမယ့္ တကယ္တမ္း ျဖစ္လာေအာင္ ဘယ္ေတာ့မွ မလုပ္ေပးတတ္ၾကပါဘူး။ ျဖစ္ေအာင္မလုပ္တဲ့အျပင္ ရိွၿပီးသား အေျခအေနေလးကိုပါ ပ်က္စီးသြားေအာင္ တြန္းခ်တတ္ၾကပါေသးတယ္။ ဒီလိုလူေတြနဲ႔အတူတူ စပ္တူရွယ္ယာတို႔၊ စီးပြားေရးတို႔ လုပ္မိလိုက္မယ္ဆိုရင္ေတာ့ လူေရာ စီးပြားပါ ၿခံဳးၿခံဳးက်သြားေစႏိုင္ပါတယ္။

ဒါေတြကေတာ့ ေတြ႕ရအမ်ားဆုံးေသာ ေကာင္းခ်င္ေယာင္ေဆာင္ထားတဲ့ မိတ္ေဆြအတုအေယာင္ေတြရဲ႕ စရိုက္လကၡဏာေတြပါပဲ။ ေစာေစာစီးစီး သိရိွ၊ရိပ္မိၿပီး ကင္းကင္းေနႏိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

Xei

(Unicode Version)

ကိုယ့်ရှေ့မှာတော့ ပျားသကာထက်ချိုတဲ့ စကားလေးတွေနဲ့ လိုတာထက်ပိုပြီး ကိုယ့်အပေါ် ကောင်းပြနေပေမယ့် ကိုယ့်နောက်ကွယ်မှာ ကိုယ့်မကောင်းသတင်းတွေကို လိုက်ဖြန့်နေသူတွေ၊ နောက်ကျောက ဓားနဲ့ထိုးနေသူတွေကို တွေ့ဖူးပါသလား? သင်ကတော့ စိတ်ထဲက အရင်းခံ၊ အစစ်အမှန် ခံစားချက်နဲ့ ဆက်ဆံတာမျိုးကို လိုချင်ပေမယ့် မျက်နှာဖုံးတွေနဲ့ နေသားကျနေသူတွေကတော့ သူတို့ရဲ့ အလိမ်အညာ၊ ပရိယာယ်တွေနဲ့ လှည့်စားသွားတတ်ကြပါတယ်။ ဒီလိုကိစ္စမျိုးအတွက် သင်လုပ်ရမှာကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ထဲက ဘယ်သူဟာ မိတ်ဆွေမျက်နှာဖုံးနဲ့ ယုတ်မာဖို့ ပြင်နေသလည်းဆိုတာ သိရှိပြီး သူတို့နဲ့ ခပ်ကင်းကင်း နေနိုင်ဖို့ပါပဲ။ မိတ်ဆွေယောင်ဆောင်ထားတဲ့ လူလိမ်၊လူညာတွေကို သိနိုင်မယ့်အချက်တွေကတော့ …

(၁) အမြဲတမ်း ဦးစားပေးခံချင်တယ်။

အယောင်ဆောင်မိတ်ဆွေမှန်း သိသာစေတဲ့ လက္ခဏာတစ်ခုကတော့ သူတို့ဟာ သင့်ဘဝရဲ့ အရေးကြီးဆုံးသောလူတွေအဖြစ် နေရာယူချင်တာပါပဲ။ သူတို့ကိုပဲ အမြဲရှေ့တန်းတင်ရတယ်။ အမြဲအလေးပေးရတယ်။ ဒါပေမယ့် သူတို့ကတော့ တူညီတဲ့ ဂရုစိုက်၊အလေးပေးမှုမျိုးနဲ့ ဘယ်တော့မှ ပြန်လည်ပေးဆပ်ကြလေ့ မရှိပါဘူး။

(၂) အချိန်အားတာနဲ့ အတင်းပြောတယ်။

အချိန်လေး မအားလိုက်နဲ့၊ အားပြီဆိုတာနဲ့ သင့်နားထဲကို ပတ်ဝန်းကျင် အရပ်ဆယ်မျက်နှာက လူတွေရဲ့ အတင်းတွေ၊ မကောင်းသတင်းတွေကို အားရပါးရ လာပြောလေ့ ရှိပါတယ်။ ဒီလိုလူတွေဟာ သင့်ကွယ်ရာမှာလည်း သင့်မကောင်းကြောင်းကို သေချာပေါက် အားရပါးရ လိုက်ပြောနေတတ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

Photo: flickr
(၃) အကြောင်းပြချက်မရှိဘဲ ထေ့ငေါ့နေတတ်တယ်။

မိတ်ဆွေတုမှန်း သိနိုင်တဲ့ နောက်လက္ခဏာတစ်ခုကတော့ သူတို့လိုချင်တဲ့အရာကို ကိုယ့်ဆီကနေ မရရအောင် ယူတတ်ကြတာပါပဲ။ အကူအညီတွေ ယူထားပေမယ့်လည်း ကိုယ့်ကိုတစ်ချက်လေးမှ အကောင်းမပြောတတ်ဘဲ စသလို နောက်သလိုနဲ့ အမြဲတမ်း ထေ့ငေါ့နေတတ်ပါတယ်။

(၄) အမြဲတမ်း လိုက်ပြိုင်နေတတ်တယ်။

ဘယ်သူ့ကိုမှ စိတ်ရင်းစေတနာကောင်းနဲ့ ပွင့်ပွင့်လင်းလင်း မဆက်ဆံတတ်တဲ့လူတွေအနေနဲ့ အရာရာတိုင်းက သူတို့အတွက် ပြိုင်ပွဲလိုမျိုး ဖြစ်နေတာပါ။ သူတို့ဟာ သူတို့ကိုယ်သူတို့ အကောင်းဆုံး၊ အတော်ဆုံးလူလို့ စိတ်ထဲမှာ စွဲနေအောင် တွေးထားတတ်ကြပါတယ်။ ဒါကြောင့်လည်း သင်နဲ့ယှဉ်လိုက်ရင် မသာသာအောင် သူ့ဘက်ကနေ အမြဲလိုက်ပြိုင်ပြီး မနာလိုဖြစ်နေတတ်ပါတယ်။

(၅) ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် အမြဲတမ်း လုပ်တတ်တယ်။

ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ သင်မျှော်လင့်ထားတာတွေ၊ စီစဉ်ထားတာတွေ ဖြစ်မလာအောင် နည်းလမ်းအမျိုးမျိုးသုံးပြီး ဖျက်လိုဖျက်ဆီး လုပ်တတ်ကြပါတယ်။ သင့်အရှေ့မှာတော့ ကတိတွေပေး၊ အစီအစဉ်တွေ အတူတူဆွဲပြီး ရွှန်းရွှန်းဝေအောင် ပြောတတ်ကြပေမယ့် တကယ်တမ်း ဖြစ်လာအောင် ဘယ်တော့မှ မလုပ်ပေးတတ်ကြပါဘူး။ ဖြစ်အောင်မလုပ်တဲ့အပြင် ရှိပြီးသား အခြေအနေလေးကိုပါ ပျက်စီးသွားအောင် တွန်းချတတ်ကြပါသေးတယ်။ ဒီလိုလူတွေနဲ့အတူတူ စပ်တူရှယ်ယာတို့၊ စီးပွားရေးတို့ လုပ်မိလိုက်မယ်ဆိုရင်တော့ လူရော စီးပွားပါ ခြုံးခြုံးကျသွားစေနိုင်ပါတယ်။

ဒါတွေကတော့ တွေ့ရအများဆုံးသော ကောင်းချင်ယောင်ဆောင်ထားတဲ့ မိတ်ဆွေအတုအယောင်တွေရဲ့ စရိုက်လက္ခဏာတွေပါပဲ။ စောစောစီးစီး သိရှိ၊ရိပ်မိပြီး ကင်းကင်းနေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Xei

 

RELATED ARTICLES

Most Popular