HomeEntertainmentFilmအမေရိကန်ရဲ့ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ဖန်တီးထားတဲ့ Horror ရုပ်ရှင်ကားများ

အမေရိကန်ရဲ့ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ဖန်တီးထားတဲ့ Horror ရုပ်ရှင်ကားများ

နိုင်ငံတိုင်းရဲ့ ဓလေ့ထုံးစံတိုင်းမှာတော့ ပါးစပ်ရာဇဝင်တွေ ရှိတတ်ကြပြီး ဒီရာဇဝင်တွေကိုတော့ မျိူးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပေးခဲ့ကြပါတယ်။ များသောအားဖြင့် ဒီလိုပါးစပ်ရာဇဝင်တွေဟာ သရဲတွေ၊ တစ္ဆေတွေအကြောင်း ဖြစ်လေ့ရှိပြီး ဒီဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတဲ့ အချိန်မှာတော့ Horror ပရိသတ်တွေအကြိုက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အမေရိကန်ရဲ့ ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ဖန်တီးထားတဲ့ Horror ရုပ်ရှင်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) When a Stranger Calls

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်း ကျောင်းသူလေးတစ်ယောက်ဟာ ကလေးထိန်း လုပ်နေတုန်း လူတစ်ယောက်ဟာ သူမဆီကို ဖုန်းတွေ တောက်လျှောက် ခေါ်လာပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ဆိုးရွားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Camilla Belle ၊ Tommy Flanagan နဲ့ Katie Cassidy တို့ ပါဝင်ထားပါတယ်။

(6) I Know What You Did Last Summer

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.8) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ သူငယ်ချင်းလေးယောက်ဟာ ညတစ်ညမှာ အပြင်ထွက်လာကြရင်း လူတစ်ယောက်ကို ကားနဲ့ တိုက်မိခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ တိုက်မိခဲ့တဲ့လူရဲ့ အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ထပ် တစ်နှစ်ကြာသွားတဲ့ အချိန်မှာတော့ သူတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sarah Michelle Gellar ၊ Jennifer Love Hewitt နဲ့ Freddie Prinze Jr. တို့ ပါဝင်ထားပါတယ်။

(5) Candyman

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ Candyman ရုပ်ရှင်ရဲ့အဆက် ဖြစ်ပြီး လူမည်းတွေကြားမှာ ပါးစပ်ရာဇဝင် ဖြစ်နေတဲ့ Candyman အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Yahya Abdul-Mateen II ၊ Teyonah Parris နဲ့ Tony Todd တို့ အဓိက ပါဝင်ထားပါတယ်။

(4) Scary Stories to Tell in the Dark

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၆၈ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ သူငယ်ချင်းတစ်စုဟာ ဟောလိုးဝင်းညမှာ ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့ စာအုပ်ကို ရှာတွေ့သွားကြရာက စတင်ပါတယ်။ အဲဒီစာအုပ်ထဲမှာတော့ ဖြစ်မလာသေးတဲ့ ကြောက်စရာ အဖြစ်အပျက်တွေကို ရေးသားထားတာဖြစ်ပြီး အဲဒီဖြစ်ရပ်တွေကို ဖတ်ရှုပြီးနောက်မှာတော့ သူတို့ဟာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Zoe Margaret Colletti ၊ Austin Abrams နဲ့ Michael Garza တို့ ပါဝင်ထားပါတယ်။

(3) The Mothman Prophecies

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ John ဆိုတဲ့လူဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် သူမရဲ့ပိုင်ဆိုင်မှုတွေထဲက ပုံဆွဲစာအုပ်တစ်အုပ်ကို ရှာတွေ့သွားပါတယ်။ ဒီမှာတင် အဲဒီစာအုပ်ကို အသုံးပြုပြီး John ဟာ သူ့ဇနီးရဲ့ သေဆုံးမှုနောက်ကွယ်က ထူးဆန်းမှုတစ်ခုကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ သူ့ဇနီးရဲ့ သေဆုံးမှုဟာ မိုင်(၄၀၀)အကွာမှာရှိတဲ့ မြို့တစ်မြို့နဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Richard Gere ၊ Mark Pellington နဲ့ Laura Linney တို့ ပါဝင်ထားပါတယ်။

(2) The Witch

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ အင်္ဂလန်နိုင်ငံရဲ့ (၁၇)ရာစုအချိန်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ နယ်နှင်ဒဏ် ပေးခံထားရတဲ့ မိသားစုတစ်စုဟာ ကြီးမားတဲ့ တောအုပ်ကြီးတစ်ခုရဲ့ အစွန်အဖျားမှာ သီးသန့်နေထိုင်နေကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ သူတို့မိသားစုလေးဟာ ဆိုးရွားတဲ့ ကံကြမ္မာကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Ralph Ineson နဲ့ Kate Dickie တို့က အဓိက ပါဝင်ထားပါတယ်။

(1) Sleepy Hollow

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဟာ နယူးယော့ခ်မြို့မှာ ဖြစ်ပျက်နေတဲ့ ကွင်းဆက်လူသတ်မှုတွေကို စုံစမ်းဖို့ ရောက်ရှိလာပါတယ်။ ဒါ့အပြင် ဒီလူသတ်မှုတွေကိုတော့ ခေါင်းမပါတဲ့ မြင်းစီးသမားတစ်ယောက်က ကျူးလွန်နေတယ်လို့ သတင်းထွက်နေပါသေးတယ်။ Johnny Depp ၊ Christina Ricci နဲ့ Christopher Walken တို့ အဓိကပါဝင်ထားပြိး အော်စကာတစ်ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular