HomeCharacterMCU ထဲက အသက်အငယ်ဆုံး ဇာတ်ကောင်များ (Ranked by Power)

MCU ထဲက အသက်အငယ်ဆုံး ဇာတ်ကောင်များ (Ranked by Power)

MCU ကတော့ Endgame အပြီးမှာ ဇာတ်ကောင်အသစ်တွေများစွာကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီဇာတ်ကောင်တွေထဲမှာ လူငယ်ဇာတ်ကောင်များစွာ ပါဝင်နေပြီး Young Avengers အဖွဲ့အတွက် Setup ပြုလုပ်နေတယ်လို့လည်း ပရိသတ်တွေက ယူဆထားကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Power Level ပေါ် မူတည်ပြီး MCU ရဲ့ အသက်အငယ်ဆုံး ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

Kate Bishop

photo credit Marvel Studios

Kate Bishop ကတော့ Clint ရဲ့ နေရာကို ဆက်ခံသွားမယ့်သူ ဖြစ်တာကြောင့် ထူးထူးခြားခြား စွမ်းအားတွေတော့ မပိုင်ဆိုင်ထားပါဘူး။ Kate ဟာ ကောမစ်ထဲက Young Avengers အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ လေးနဲ့မြားနဲ့ ပတ်သက်လာရင် အလွန်စကေးရှိသူတစ်ယောက် ဖြစ်ပြီး ဒီအချက်ကိုတော့ Hawkeye ဇာတ်လမ်းတွဲထဲမှာလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

Cassie Lang

photo credit Marvel Studios

မကြာခင်ကထွက်ရှိခဲ့တဲ့ Ant-Man and the Wasp: Quantumania ထဲမှာတော့ Cassie Lang ဟာ အရွယ်ရောက်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာ နည်းပညာပိုင်းမှာလည်း Genius တစ်ယောက်ဖြစ်သလို Scott လိုမျိူး ဝတ်စုံကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

သူမဟာ ဒီဝတ်စုံကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေတော့ လိုအပ်နေပါသေးတယ်။ ထူးခြားချက်ကတော့ သူမဟာ ဒီဝတ်စုံကို အသုံးပြုခါစသာ ရှိသေးပေမယ့်လည်း သူမကိုယ်သူမ သေးအောင်တင်မဟုတ်ဘဲ Giant ကြီး ဖြစ်သွားအောင်ပါ ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ Scott တောင်မှ ဒီလိုမျိူး Giant ဖြစ်အောင် ချက်ချင်းမပြုလုပ်နိုင်ခဲ့ပါဘူး။

Riri Williams

photo credit Marvel Studios

Riri Williams ကိုတော့ Black Panther: Wakanda Forever ထဲမှာ စတင်မြင်တွေ့ခဲ့ရပါတယ်။ သူမကတော့ MCU ထဲက ဉာဏ်အကောင်းဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ပြီး သူမမှာရှိတဲ့ ပစ္စည်းအနည်းငယ်နဲ့တောင် Vibranium Detector နဲ့ Iron Man ဝတ်စုံလိုမျိူး ဝတ်စုံတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ Wakanda ရဲ့ နည်းပညာတွေကို အသုံးချခွင့်ရသွားတဲ့အချိန်မှာတော့ သူမဟာ Ironheart ဝတ်စုံကို ဖန်တီးခဲ့ပါတယ်။ ဒီ Ironheart ဝတ်စုံဟာ Tony ရဲ့ ဝတ်စုံနဲ့တောင် Power Level နဲ့ Durability တို့မှာ ယှဉ်နိုင်စွမ်း ရှိပါတယ်။

Tommy နဲ့ Billy

photo credit Marvel Studios

Tommy နဲ့ Billy တို့ကတော့ Wanda ရဲ့ကလေးတွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်မှာ မတူညီတဲ့စွမ်းအားတွေ ပိုင်ဆိုင်ထားကြပါတယ်။ Tommy ကိုတော့ ကောမစ်ထဲမှာ Speed လို့ လူသိများကြပြီး Marvel ရဲ့ စွမ်းအားအကြီးဆုံး Speedster တွေထဲမှာ ပါဝင်ပါတယ်။ MCU ထဲက Tommy ကတော့ ကလေးပဲ ရှိသေးတာကြောင့် သူ့ရဲ့စွမ်းအားကို အသုံးပြုနိုင်ပေမယ့် သေချာမလေ့ကျင့်ရသေးတာကြောင့် သူ့ရဲ့ Full Potential ကို မရောက်သေးပါဘူး။

Billy ကတော့ သူ့ရဲ့အမေဖြစ်သူ Wanda လိုပဲ Reality တွေကို လိုသလို ကြိုးကိုင်နိုင်တဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာတော့ Billy ဟာ Universe တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့အထိ စွမ်းအားကြီးပြီး Sorcerer Supreme တောင် ဖြစ်လာပါတယ်။ အသစ်ထွက်ရှိလာမယ့် Agatha: Coven of Chaos ဇာတ်လမ်းတွဲထဲမှာတော့ Billy ရဲ့ Teenage Version ကို မြင်တွေ့ရမယ်လို့ သတင်းထွက်နေပါတယ်။

Kamala Khan

photo credit Marvel Studios

Kamala Khan ကတော့ MCU ထဲမှာ Mutant တစ်ယောက်လို့ ပြောင်းလဲဖန်တီးခဲ့ပေမယ့် ကောမစ်ထဲမှာတော့ Inhuman တစ်ယောက်ပဲ ဖြစ်ပါတယ်။ Kamala Khan ရဲ့ စွမ်းအားတွေကလည်း Battle တွေမှာ အတော်လေးအသုံးဝင်သလို Power Level အရလည်း စွမ်းအားကြီးတဲ့အထဲမှာ ပါဝင်ပါတယ်။

ဒါပေမယ့်လည်း သူမဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးပြီး ရင့်ကျက်မှုနဲ့ အတွေ့အကြုံမရှိသေးပါဘူး။ ဒါ့အပြင် သူမရဲ့စွမ်းအားတွေကိုလည်း Full Potential အထိရောက်အောင် အသုံးမပြုနိုင်သေးပါဘူး။ အသစ်ထွက်လာမယ့် The Marvels ရုပ်ရှင်ထဲမှာ သူမဟာ Captain Marvel ၊ Monica Rambeau တို့နဲ့ Team-Up လုပ်သွားမှာ ဖြစ်ပြီး ဒါဟာ သူမအတွက်တော့ အတွေ့အကြုံတွေရော စွမ်းအားတွေပါ တိုးတက်လာဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

America Chavez

photo credit Marvel Studios

Doctor Strange in the Multiverse of Madness ထဲမှာတော့ America Chavez ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ သူမကတော့ အခြား Universe တွေကို Portal ဖွင့်နိုင်စွမ်းရှိတဲ့ Multiversal Traveler တစ်ယောက် ဖြစ်ပါတယ်။ America ကတော့ သူမရဲ့စွမ်းအားတွေကို ထိန်းချုပ်ဖို့ နေနေသာသာ ဒီစွမ်းအားတွေကို နားတောင်မလည်သေးပါဘူး။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ သူမဟာ Kamar-Taj မှာ ပညာသင်ကြားနေပြီး တဖြည်းဖြည်းနဲ့ သူမရဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။

Shuri

photo credit Marvel Studios

Shuri ကတော့ MCU ထဲက ဉာဏ်အကောင်းဆုံး ဇာတ်ကောင်တစ်‌ယောက် ဖြစ်ပြီး Bruce Banner လိုလူကတောင် သူမရဲ့ တီထွင်နိုင်စွမ်းအပေါ်မှာ လေးစားမှု ရှိပါတယ်။ Wakanda Forever ထဲမှာတော့ သူမဟာ Heart-Shape Herb ကို ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမရဲ့ဉာဏ်ရည်ကိုတော့ လုံးဝလျှော့တွက်လို့ မရပါဘူး။

ဒါ့အပြင် အဲဒီ Heart-Shape Herb ကို စားသုံးခဲ့တာကြောင့် သူမဟာ Superhuman Strength ၊ Speed နဲ့ Durability တွေကိုပါ ရရှိခဲ့ပါတယ်။ သူမဟာ ဘယ်အချိန်ထိ Black Panther အဖြစ် နေထိုင်သွားမလည်းဆိုတာ မသေချာပေမယ့် Avengers Level ဟီးရိုးတစ်ယောက် ဖြစ်နေပြီဆိုတာတော့ ငြင်းလို့မရပါဘူး။

Peter Parker

photo credit Marvel Studios

Peter Parker ဟာလည်း Shuri ရဲ့ Genius Level လောက် မရှိပေမယ့် Genius တစ်ယောက်တော့ ဖြစ်ပါတယ်။ ဒါ့အပြင် Peter ဟာ ဒီ list ထဲက တခြားသူတွေထက်လည်း အတွေ့အကြုံ ပိုများသူ ဖြစ်ပါတယ်။ Peter ဟာ Superhuman Strength ၊ Speed ၊ Stamina နဲ့ Reflexes တွေကို ပိုင်ဆိုင်ထားသလို Spider-Sense ဟာလည်း Battle တွေမှာ အလွန်အသုံးဝင်တဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။

Billy နဲ့ America တို့ဟာ Peter ထက်သာလွန်တဲ့ Raw Power ကို ပိုင်ဆိုင်ထားပြီး Shuri နဲ့ Riri တို့ကတော့ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားပေမယ့်လည်း Peter ရဲ့ Spider-Sense နဲ့ Battle အတွေ့အကြုံအရ လောလောဆယ်မှာတော့ သူဟာ ဒီ List ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်ဖြစ်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular