HomeCelebs Update NewsInternationalOscars စံကာတင်နဲ့ Ryan Reynolds ကို မမြှောက်ပေးပါနဲ့ဆိုတဲ့ Hugh Jackman

Oscars စံကာတင်နဲ့ Ryan Reynolds ကို မမြှောက်ပေးပါနဲ့ဆိုတဲ့ Hugh Jackman

Ryan Reynolds ဟာ သူ့ရဲ့ခရစ်စမတ်ရုပ်ရှင် Spirited ထဲက “Good Afternoon” ဆိုတဲ့ ဇာတ်ဝင်တေးအတွက် အော်စကာဆုပေးပွဲမှာ စံကာတင်စာရင်းဝင်နေပါတယ်။ သို့သော်လည်း မကြာခင် ရိုက်ကူးတော့မယ့် Deadpool sequel ရုပ်ရှင်ထဲမှာ Ryan Reynolds နဲ့အတူ သရုပ်ဆောင်သွားမယ့် Hugh Jackman ကတော့ Ryan Reynolds ကို ပိုပြီးစိတ်ကြီးဝင်သွားအောင် မလုပ်ဖို့ the Academy ကို ပြောထားပါတယ်။

ဒီအကြောင်းကိုတော့ Hugh Jackman ဟာ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဗွီဒီယိုတစ်ခုနဲ့ ပြောကြားထားတာ ဖြစ်ပါတယ်။ ဗွီဒီယိုရဲ့အစမှာတော့ Jackman ဟာ Ryan Reynolds ရဲ့ရုပ်ရှင် Spirited ကို နှစ်ခြိုက်တဲ့အကြောင်းနဲ့ စဖွင့်ထားပါတယ်။

“ကျွန်တော် အဲဒီ Spirited ရုပ်ရှင်ကို ကြိုက်ပါတယ်။ တကယ် ကားကောင်းတစ်ကားပါ။ ကျွန်တော်တို့ တစ်မိသားစုလုံး အဲဒီရုပ်ရှင်ကို ထိုင်ကြည့်ခဲ့ကြတာ။ တကယ် ပျော်စရာကောင်းပါတယ်။ ကျွန်တော် Will (Ferrell)ကို ကြိုက်တယ်။ Octavia (Spencer)ကို ကြိုက်တယ်။ ပြီးတော့ Good Afternoon … အဲဒီသီချင်းကို ကျွန်တော် သဘောတွေကျနေတာ။ တကယ်ကောင်းတဲ့ သီချင်းပါပဲ …”

“ဒါပေမယ့် စိတ်ရင်းနဲ့ ပြောချင်တာတစ်ခုတော့ ရှိတယ်။ ကျေးဇူးပြုပြီးတော့ Ryan Reynolds ကို (အော်စကာစံကာတင်စာရင်းနဲ့) မမြှောက်ပေးလိုက်ပါနဲ့ဗျာ။ Best Song category မှာ သူက စံကာတင်ဝင်သွားတယ် ဆိုတာကလေ ကျွန်တော့်အတွက်‌တော့ ရှေ့လာမယ့် တစ်နှစ်လုံး သည်းမခံနိုင်အောင် ဖြစ်ရလိမ့်မယ်ဗျ …”

Photo: thehughjackman/ Instagram

“Wolverine နဲ့ Deadpool ကိုရိုက်ဖို့ ကျွန်တော် သူနဲ့တစ်နှစ်လုံး အချိန်ကုန်ရမှာ။ ကျွန်တော်ပြောတာ ယုံပါ။ ဒါဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကယ် ပြဿနာဖြစ်တော့မှာဗျာ …”လို့ Hugh Jackman က စနောက်ပြီး ပြောထားပါတယ်။ အဆိုပါပို့စ်အောက်က ကောမန့်တွေမှာတော့ လူတွေဟာ Ryan Reynolds တစ်ယောက် ဘယ်လိုပြန်ပြောမလည်းဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

လက်ရှိမှာတော့ Hugh Jackman ဟာ သူ့ရဲ့ ဘရော့ဒ်ဝေးပြဇာတ် ဖြစ်တဲ့ The Music Man ကို လက်စသိမ်းနေပြီး မကြာခင်မှာ Deadpool ရုပ်ရှင်အတွက် ပြင်ဆင်မှုတွေ စတင်ရတော့မှာ ဖြစ်ပါတယ်။ Jackman တစ်ယောက် Wolverine ဇာတ်ကောင်ကို ပြန်လာမယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာခဲ့ဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

Glasgow

Source: variety

RELATED ARTICLES

Most Popular