HomeEntertainmentFilmလာမယ့် ဩဂုတ်လထဲမှာ ထွက်ရှိလာမယ့် I Am Groot ဇာတ်လမ်းတွဲ

လာမယ့် ဩဂုတ်လထဲမှာ ထွက်ရှိလာမယ့် I Am Groot ဇာတ်လမ်းတွဲ

Guardians of the Galaxy ရုပ်ရှင်ရဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ I Am Groot ဇာတ်လမ်းတွဲကတော့ လာမယ့် ဩဂုတ်လမှာ ထွက်ရှိလာမယ်လို့ Marvel စတူဒီယိုက ကြေညာလိုက်ပါပြီ။ Groot ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ James Gunn ရဲ့ Guardians of the Galaxy ရုပ်ရှင်ထဲမှာ စတင်ပါဝင်လာခဲ့ပြီး ဒီဇာတ်ကောင်ရဲ့ ထူးခြားမှုကြောင့် သိပ်မကြာခင်မှာပဲ ပရိသတ်တွေအကြိုက် ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

photo via screenrant

၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာတော့ Marvel စတူဒီယိုဟာ MCU Franchise ကို ဇာတ်လမ်းတွဲတွေအနေနဲ့ပါ ချဲ့ထွင်သွားမယ်လို့ ကြေညာခဲ့ပြီး ထွက်ရှိလာဖို့ ရှိနေတဲ့ ဇာတ်လမ်းတွဲတွေကိုပါ တပါတည်း ကြေညာပေးခဲ့ပါတယ်။ I Am Groot ကတော့ အဲဒီကြေညာခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲကတစ်ခု ဖြစ်ပြီး အပိုင်းတိုလေးတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါရိုက်တာကတော့ Kristen Lepore ဖြစ်ပြီး Ryan Little ကတော့ ဇာတ်ညွှန်းအဖွဲ့ ခေါင်းဆောင်နေရာမှာ ပါဝင်ထားပါတယ်။

ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြပြီး Marvel စတူဒီယိုကတော့ Twitter ကနေတဆင့် ဒီဇာတ်လမ်းတွဲဟာ ဩဂုတ်လ (၁၀)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲအတွက် ပိုစတာကိုပါ တခါတည်း မြင်တွေ့ခဲ့ရပြီး အဲဒီပိုစတာထဲမှာတော့ Groot ဟာ သီချင်းနားထောင်ရင်း အနားယူနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ယခုဆိုရင်တော့ ဒီဇာတ်လမ်းတွဲအတွက် ထွက်ရှိမယ့်ရက်ကို ကြေညာပြီးပြီ ဖြစ်တာကြောင့် မကြာခင်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ထွေလာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ She-Hulk ဇာတ်လမ်းတွဲဟာ ဩဂုတ်လ (၁၇)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပြီး I Am Groot ဇာတ်လမ်းတွဲရဲ့ ထွက်ရှိလာမယ့်ရက်နဲ့ အချိန်တစ်ပတ်ပဲ ကွာနေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular