HomeEntertainmentFilmMeme တွေကြောင့် ရုံထပ်တင်ပြီးနောက်မှာ ထပ်မံ Flop သွားတဲ့ Morbius ရုပ်ရှင်

Meme တွေကြောင့် ရုံထပ်တင်ပြီးနောက်မှာ ထပ်မံ Flop သွားတဲ့ Morbius ရုပ်ရှင်

Morbius ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၁)ရက်နေ့မှာ ရုံတင်ခဲ့ပြီး Box-Office မှာတော့ ဝင်ငွေ ဒေါ်လာ(၁၆၃)သန်းကျော်ပဲ ရရှိခဲ့ပါတယ်။ Blockbuster ရုပ်ရှင်တစ်ကားအနေနဲ့ ဒေါ်လာ သန်း(၁၀၀)ကျော်ဆိုတဲ့ Box Office ဟာ အတော်နည်းတယ်လို့ ပြောလို့ရပါတယ်။ ပရိသတ်တွေကလည်း ဒီအချက်ကို နောက်ပြောင်တဲ့အနေနဲ့ Morbius ရုပ်ရှင်နဲ့ ပတ်သက်ပြီး Meme တွေများစွာ ပြုလုပ်နေကြပါတယ်။ ဒါကြောင့်ပဲ Morbius Meme တွေဟာ ပရိသတ်တွေကြားမှာ Trend တစ်ခု ဖြစ်လာပါတယ်။ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အခွင့်ကောင်းယူတဲ့အနေနဲ့ Sony စတူဒီယိုဟာ Morbius ရုပ်ရှင်ကို နောက်ထပ်တစ်ကြိမ် ရုံထပ်တင်ခဲ့ပေမယ့်လည်း ဒုတိယအကြိမ်မှာလည်း ထပ်မံ Flop သွားတယ်လို့ သိရပါတယ်။

photo via screenrant

Morbius Meme တွေကတော့ အင်တာနက်ပေါ်မှာ ပလူပျံနေပြီး ဒီရုပ်ရှင်ဟာ Box-Office အများဆုံး စာရင်းမှာ နံပါတ်တစ် ဖြစ်နေတဲ့ပုံစံကို Photoshop နဲ့ ပြုလုပ်ထားတာမျိူးတွေလည်း ပရိသတ်တွေကြားမှာ ခေတ်စားနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် “It’s Morbin Time” ဆိုတဲ့ Meme ဟာ ခေတ်အစားဆုံးပါပဲ။ Morbius သရုပ်ဆောင် Jared Leto ကိုယ်တိုင်ကတောင် ဒီ Meme ကို သတိထားမိသွားပြီး ပြန်လည်နောက်ပြောင်တဲ့ ဗွီဒီယိုတောင် တင်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ဟာသတွေ ဖန်တီးကာ နောက်ပြောင်မှုတွေ ပြုလုပ်နေတာနဲ့ပဲ ဒီကားကို ပြန်ကြည့်ချင်နေကြတယ်လို့တော့ အဓိပ္ပာယ်ကောက်လို့ မရနိုင်ပါဘူး။ ဒီအကြောင်းကိုတော့ Sony စတူဒီယိုဟာ ပြီးခဲ့တဲ့ ပိတ်ရက်ကပဲ သိရှိသွားပြီ ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဒုတိယအကြိမ် ရုံထပ်တင်တဲ့ အချိန်မှာတော့ ဝင်ငွေ ဒေါ်လာသုံးသိန်းလောက်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

Morbius ရုပ်ရှင်ကတော့ IMDb (5.2) နဲ့ Rotten Tomatoes 17% သာ ရရှိထားပါတယ်။ Sony စတူဒီယိုဟာ ယခုလိုမျိူး ပရိသတ်တွေရဲ့ နောက်ပြောင်မှုကို တကယ်လို့ ထင်မှတ်ပြီး နောက်ထပ်တစ်ကြိမ် ရုံတင်ခဲ့တာလား ဆိုတာကတော့ ဝေခွဲမရပါဘူး။ Sony ရဲ့ ဒုတိယအကြိမ် ကြိုးစားမှုဟာလည်း အရာမထင်ခဲ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Spider-Man နဲ့ ပတ်သက်နေတဲ့ နောက်ထပ်ရုပ်ရှင်တွေကို ဆက်လက် ဖန်တီးသွားဦးမယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular