HomeEntertainmentFilmJohn Krasinski နဲ့ Ryan Reynolds တို့ကို အတူမြင်ရဦးမယ့် Imaginary Friends ရုပ်ရှင်

John Krasinski နဲ့ Ryan Reynolds တို့ကို အတူမြင်ရဦးမယ့် Imaginary Friends ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကြီးမင်းသားနှစ်လက်ဖြစ်တဲ့ John Krasinski နဲ့ Ryan Reynolds တို့ကို Imaginary Friends ဆိုတဲ့ ရုပ်ရှင်အသစ်ထဲမှာ အတူမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ John Krasinski ကတော့ ပါဝင်သရုပ်ဆောင်ရုံတင် မဟုတ်ဘဲ Producer ၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာအနေနဲ့ပါ ပါဝင်လာမှာ ဖြစ်သလို Ryan Reynolds ကလည်း Producer အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

အနောက်တိုင်းဘက်က လူတိုင်းနီးပါးဟာ ငယ်ဘဝမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေ ရှိတတ်ကြပြီး အသက်ကြီးလာတဲ့အချိန်မှာတော့ အဲ့ဒီအချက်ကို မေ့သွားတတ်ကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ဟာ တခြားလူတွေရဲ့ ငယ်ဘဝတုန်းက စိတ်ကူးယဉ်သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားကို ရရှိထားပါတယ်။ များသောအားဖြင့်တော့ အဲ့ဒီစိတ်ကူးယဉ်သူငယ်ချင်းတွေဟာ မေ့ပျောက်ခံလိုက်ရတဲ့အတွက် ဝမ်းနည်းနေကြသလို ဒေါသထွက်နေကြသူတွေလည်း ရှိပါတယ်။

၂၀၁၉ ခုနှစ်တုန်းက Paramount ဟာ ဒီရုပ်ရှင်ကို ရိုက်ကူးသွားမယ်လို့ စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာတော့ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ ဒီရုပ်ရှင်ကတော့ စိတ်ကူးယဉ်ဟာသ ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပြီး Phoebe Waller-Bridge နဲ့ Fiona Shaw တို့လည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: PEOPLE

(Zawgyi Version)

နာမည္ႀကီးမင္းသားႏွစ္လက္ျဖစ္တဲ့ John Krasinski နဲ႔ Ryan Reynolds တို႔ကို Imaginary Friends ဆိုတဲ့ ႐ုပ္ရွင္အသစ္ထဲမွာ အတူျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ John Krasinski ကေတာ့ ပါဝင္သ႐ုပ္ေဆာင္႐ုံတင္ မဟုတ္ဘဲ Producer ၊ ဒါရိုက္တာနဲ႔ ဇာတ္ညႊန္းေရးဆရာအေနနဲ႔ပါ ပါဝင္လာမွာ ျဖစ္သလို Ryan Reynolds ကလည္း Producer အေနနဲ႔ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

photo via screenrant

အေနာက္တိုင္းဘက္က လူတိုင္းနီးပါးဟာ ငယ္ဘဝမွာ စိတ္ကူးယဥ္သူငယ္ခ်င္းေတြ ရွိတတ္ၾကၿပီး အသက္ႀကီးလာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီအခ်က္ကို ေမ့သြားတတ္ၾကပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ လူတစ္ေယာက္ဟာ တျခားလူေတြရဲ့ ငယ္ဘဝတုန္းက စိတ္ကူးယဥ္သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္နိုင္တဲ့ စြမ္းအားကို ရရွိထားပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အဲ့ဒီစိတ္ကူးယဥ္သူငယ္ခ်င္းေတြဟာ ေမ့ေပ်ာက္ခံလိုက္ရတဲ့အတြက္ ဝမ္းနည္းေနၾကသလို ေဒါသထြက္ေနၾကသူေတြလည္း ရွိပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက Paramount ဟာ ဒီ႐ုပ္ရွင္ကို ရိုက္ကူးသြားမယ္လို႔ စတင္ေၾကညာခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ေႏြရာသီမွာေတာ့ ရိုက္ကူးေရး စတင္သြားမယ္လို႔ သိရၿပီး ၂၀၂၃ ခုႏွစ္အတြင္းမွာ ထြက္ရွိလာမယ္လို႔ ယူဆရပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ စိတ္ကူးယဥ္ဟာသ ဇာတ္လမ္းအမ်ိဴးအစားပဲ ျဖစ္ၿပီး Phoebe Waller-Bridge နဲ႔ Fiona Shaw တို႔လည္း ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

Legos

Source: PEOPLE

RELATED ARTICLES

Most Popular