HomeEntertainmentFilmရုပ်ရှင်ချစ်သူတိုင်း အကြိုက်တွေ့သွားမယ့် Indian Horror ရုပ်ရှင်ကားကောင်း(၇)ကား

ရုပ်ရှင်ချစ်သူတိုင်း အကြိုက်တွေ့သွားမယ့် Indian Horror ရုပ်ရှင်ကားကောင်း(၇)ကား

ကမ္ဘာပေါ်က လူမျိူးစုတိုင်းနဲ့ ယဉ်ကျေးမှုတိုင်းမှာတော့ ပါးစပ်ပြော ရာဇဝင်တွေနဲ့ ဒဏ္ဍာရီတွေ ရှိကြပြီး အဲဒီရာဇဝင်တွေထဲမှာတော့ Horror ဇာတ်လမ်းတွေများစွာ ရှိနေကြပါတယ်။ ဒီလိုအချက်တွေကနေ စတင်ပြီး Horror ဇာတ်လမ်းတွေဟာ လူတွေအကြားမှာ ရေပန်းစားလာခဲ့ပြီး ရုပ်ရှင်တွေကို ဖန်တီးကြတဲ့ အချိန်မှာလည်း Horror ဇာတ်လမ်းတွေဟာ ယခုခေတ်အထိ ရိုးမသွားတဲ့ အမျိုးအစားတစ်ခု ဖြစ်နေပါတယ်။ ဒီတစ်ခါမှာတော့ အပြောင်းအလဲလေးလည်း ဖြစ်အောင် နာမည်ကျော် Indian Horror ရုပ်ရှင်ကားကောင်းအချိုု့ကို ဖော်ပြပေးချင်ပါတယ်။

(7) Pari

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ထားကောင်းတဲ့ လူတစ်ယောက်ဟာ တဲတစ်လုံးထဲမှာ သံကြိုးနဲ့ ချုပ်နှောင်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ အဲဒီကောင်မလေးကို ကူညီဖို့ ကြိုးစားခဲ့ပြီး နောက်မှာတော့ နောင်တရစရာတွေ ဖြစ်လာပါတော့တယ်။

(6) The House Next Door

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Krishnakanth နဲ့ Lakshmi တို့ဟာ တောင်ပေါ်ဒေသမှာ ငြိမ်းချမ်းစွာ နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ သူတို့အနားကို အိမ်နီးချင်းအသစ်တွေ ပြောင်းရွှေ့လာကြပြီး အဲဒီမိသားစုဟာ မကောင်းတဲ့အရာတစ်ခုကို ဖိတ်ခေါ်မိလိုက်တဲ့ အခါမှာတော့ … ။

(5) 9

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သိပ္ပံပညာရှင်တစ်ယောက်နဲ့ အပေါင်းအပါတွေဟာ သုတေသန ပြုလုပ်ဖို့အတွက် ဟိမဝန္တာတောင်တန်းတွေဆီကို ခရီးထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ Eve ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံမိပြီး အိမ်ကို ခေါ်လာတဲ့ အချိန်မှာတော့…။

(4) 13B: Fear Has a New Address

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မိသားစုတစ်စုဟာ (၁၃)လွှာမှာ ရှိတဲ့ အိမ်အသစ်ကို ပြောင်းရွှေ့လာရာက စတင်ပါတယ်။ အဲဒီတိုက်ခန်းကို ရောက်တဲ့အချိန်မှာတော့ ဝိဉာဉ်တစ်ခုဟာ သူတို့ရဲ့တီဗွီကနေတဆင့် ဆက်သွယ်လာပြီး အဲဒီအချိန်က စတင်ကာ သူတို့ရဲ့ ငြိမ်းချမ်းမှုဟာလည်း ပျောက်ဆုံးသွားပါတော့တယ်။

(3) Kothanodi

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၁၉၁၁ ခုနှစ်ကတည်းက ရှိခဲ့တဲ့ Grand Mother’s Tale ကို အခြေခံပြီး ဖန်တီးထားကာ Horror စစ်စစ်ကြီးတော့ မဟုတ်ပေမယ့်လည်း ကြည့်ရှုသူတွေအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုးရွားတဲ့ သူတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ မိခင်လေးယောက်ရဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

(2) Ravening

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကလေးအထူးကု ဆရာဝန်တစ်ယောက်ဟာ အိန္ဒိယတွေရဲ့ စားသောက်ပုံကို လေ့လာနေတဲ့ Ph.D. ကျောင်းသားတစ်ယောက်နဲ့ တွေ့ဆုံမိရာက စတင်ပါတယ်။ သူတို့နှစ်ယောက်ဟာ လျင်လျင်မြန်မြန်ပဲ နီးစပ်သွားကြပြီး အသားတွေမျိူးစုံကို စမ်းသပ်စားကြည့်ကြရင်း နောက်ဆုံးမှာတော့ လူအသားကိုပါ စားမိသွားပါတော့တယ်။

(1) Tumbbad

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်စုဟာ ဘယ်တော့မှ မကိုးကွယ်သင့်တဲ့ Hastar ဆိုတဲ့ မွန်းစတားအတွက် နတ်စင်တစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။ အကြောင်းကတော့ သူတို့ဟာ Hastar ရဲ့ ကျိန်စာသင့်နေတဲ့ ချမ်းသာကြွယ်ဝမှုတွေကို လိုချင်တာကြောင့် ဖြစ်ပြီး ဒီအချက်ကြောင့်ပဲ သူတို့တွေဟာ ဆိုးရွားလွန်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ကြုံတွေ့ရပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular