HomeEntertainmentFilmMia Goth နဲ့ Alexander Skarsgard တို့ရဲ့ Horror ရုပ်ရှင်သစ် Infinity Pool

Mia Goth နဲ့ Alexander Skarsgard တို့ရဲ့ Horror ရုပ်ရှင်သစ် Infinity Pool

စတူဒီယို A24 ရဲ့ X ရုပ်ရှင်ထဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တဲ့ Mia Goth ကတော့ ယခုအချိန်မှာ အောင်မြင်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း Mia Goth ဟာ Infinity Pool ဆိုတဲ့ Horror ရုပ်ရှင်ထဲမှာ Alexander Skarsgard နဲ့ အတူသရုပ်ဆောင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကိုတော့ နာမည်ကြီးဒါရိုက်တာ David Cronenberg ရဲ့ သားဖြစ်သူ Brandon Cronenberg က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ Infinity Pool ရုပ်ရှင်ရဲ့ ပိုစတာနဲ့ ထွေလာတို့ ထွက်လာကြပြီ ဖြစ်ပါတယ်။ ဒီပိုစတာထဲမှာတော့ Alexander Skarsgard ရဲ့ ဇာတ်ကောင်ဟာ ရေနစ်နေတဲ့ပုံစံ မြင်တွေ့ခဲ့ရပြီး Mia Goth ရဲ့ ဇာတ်ကောင်ကတော့ Alexander Skarsgard ရဲ့ ဇာတ်ကောင်ကို ဒီလိုမျိူး နစ်မြုပ်အောင် ပြုလုပ်နေပုံ ရပါတယ်။ ဒီပိုစတာအရ ဆိုရင်တော့ Mia Goth ဟာ ဒီရုပ်ရှင်ထဲမှာလည်း နောက်ထပ်ဗီလိန်ဆန်ဆန် ဇာတ်ကောင်မျိူး သရုပ်ဆောင်သွားမယ်လို့ ယူဆရပါတယ်။

ဇာတ်လမ်းကတော့ James နဲ့ Em Foster တို့ဟာ La Tola ဆိုတဲ့ မြို့ကို အပန်းဖြေခရီး ထွက်လာရာက စတင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ နေထိုင်ကြတဲ့ Resort မှာ မတော်တဆ တစ်ခု ဖြစ်ပေါ်ခဲ့ပြီး အရာအားလုံးရဲ့ နောက်ကွယ်မှာ ဘယ်လိုမကောင်းမှုတွေ ရှိနေတယ် ဆိုတာ တဖြည်းဖြည်းနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ Mia Goth ကတော့ Gabi ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။

ဒီထွေလာထဲမှာတော့ Mia Goth ရဲ့ ဇာတ်ကောင်ဟာ ဘယ်လိုနေရာမှာ ပါဝင်ထားတယ် ဆိုတာကို သေသေချာချာ မဖော်ပြထားပါဘူး။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ ပိုစတာဟာ အနည်းငယ် ထူးခြားနေတာကြောင့် ပရိသတ်တွေဟာ ပိုစတာရဲ့ အဓိပ္ပာယ်ကို ခန့်မှန်းနေကြပါတယ်။ ဒီပိုစတာထဲမှာတော့ Alexander ဟာ ရေနစ်နေတဲ့ ပုံစံမျိူး ပြသနေပေမယ့်လည်း Mia Goth ရဲ့ ဇာတ်ကောင်ကတော့ တမူထူးခြားနေပြန်ပါတယ်။ Infinity Pool ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular