HomeEntertainmentFilmDoctor Strange ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့ကြတဲ့ နာမည်ကျော်မင်းသား(၅)ယောက်

Doctor Strange ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့ကြတဲ့ နာမည်ကျော်မင်းသား(၅)ယောက်

Doctor Strange ဇာတ်ကားဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး မင်းသား Benedict Cumberbatch က အဓိကသရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ Infinity War နဲ့ Endgame တို့မှာလည်း ပါဝင်ခဲ့ပြီး နောက်ဆုံးအနေနဲ့ ဒုတိယဆိုလိုရုပ်ရုင် Doctor Strange in the Multiverse of Madness ထဲမှာလည်း ပါဝင်ထားတာကြောင့် Doctor Strange လို့ ပြောလိုက်တာနဲ့ Benedict ကိုပဲ ပြေးမြင်မိကြပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်အဖြစ် မရိုက်ကူးခင်မှာ Doctor Strange ဇာတ်ကောင်အတွက် ထုံးစံအတိုင်း တခြားသရုပ်ဆောင်တွေကိုလည်း ကမ်းလှမ်းခဲ့ပါသေးတယ်။ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရဖူးသူတွေကတော့ …

(1) Joaquin Phoenix

Photo: joaquinphoenixoffIcial/ Instagram

ထုတ်လုပ်သူတွေဟာ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ Benedict ကို ပထမဆုံး စဉ်းစားခဲ့ကြပေမယ့် အစပိုင်းကမ်းလှမ်းတုန်းကတော့ Benedict ဟာ ဒီဇာတ်ကောင်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ထုတ်လုပ်သူတွေဟာ ဒီဇာတ်ကောင်နေရာအတွက် နောက်ထပ် သရုပ်ဆောင်တွေကို ရှာဖွေရပါတော့တယ်။ အဲဒီအချိန်မှာတော့ ထုတ်လုပ်သူတွေဟာ Joaquin Phoenix ကို မျက်စိကျခဲ့ကြပါတယ်။ သို့ပေမယ့် Joaquin ကတော့ ငြင်းပယ်ခဲ့ပါတယ်။ Marvel ဟာ Joaquin ကို စူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ဖို့ မကြာခဏ ကမ်းလှမ်းခဲ့ပေမယ့်လည်း သူ့ဘက်ကတော့ ဇာတ်ကားတွေ အများကြီး စာချူပ်မချူပ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အားလုံးကို ငြင်းပယ်ခဲ့ပါတယ်။

(2) Jared Leto

Photo: jaredleto/ Instagram

ထုတ်လုပ်သူတွေဟာ Suicide Squad ထဲမှာ Joker အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Jared Leto ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့အတွက် စဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် သူ့ဆီကို ကမ်းလှမ်းတဲ့အဆင့်အထိ မရောက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Marvel က အသစ်ပွဲထုတ်ထားတဲ့ Morbius ဇာတ်ကားထဲမှာတော့ Jared Leto ဟာ အဓိကနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(3) Jake Gyllenhaal

Photo: jakegyllenhaal/ Instagram

ဒီလိုနဲ့ ထုတ်လုပ်သူတွေဟာ Jake ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ စဉ်းစားခဲ့ကြပါသေးတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးနဲ့ သူကတော့ ဒီနေရာမှာ သရုပ်မဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Jake ဟာ ဗီလိန်တစ်ယောက်ဖြစ်တဲ့ Mysterio နေရာမှာတော့ သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ထုတ်လုပ်သူတွေဟာ Tom Hardy ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ခိုင်းဖို့ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Tom Hardy ဟာ Marvel ရဲ့ တခြားဇာတ်ကောင်ဖြစ်တဲ့ Venom ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။

(4) Daniel Radcliffe

Photo: danielradcilffeofficially/ Instagram

Harry Potter ဇာတ်ကားတွေနဲ့ နာမည်ကြီးလာတဲ့ Daniel Radcliffe ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ဆွေးနွေးမှုဟာ အဆင်မပြေဘဲ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့အတွက် နောက်ထပ် သရုပ်ဆောင်တွေကို ထပ်ရှာရပါတော့တယ်။

(5) Joseph Gordon-Levitt

Photo: hitrecordjoe/ Instagram

Joseph ကိုတော့ Doctor Strange ဇာတ်ကောင်တစ်ခုတည်းအတွက် မဟုတ်ဘဲ Guardians of the Galaxy ထဲက Peter Quill နေရာမှာပါ သရုပ်ဆောင်ဖို့ စဉ်းစားခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ကမ်းလှမ်းမှုဟာ အဆင်မပြေခဲ့တာကြောင့် Joseph ကိုတော့ MCU ထဲမှာ မမြင်ရသေးပါဘူး။

ဒီလိုနဲ့ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ တခြားစဉ်းစားခဲ့သူတွေလည်း ရှိပါသေးတယ်။ သို့ပေမယ့်လည်း နောက်ဆုံးမှာတော့ Benedict Cumberbatch ဟာ စိတ်ပြောင်းသွားပြီး ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular