HomeEntertainmentFilmရုံတင်ရက် ထွက်ရှိလာတဲ့ နာမည်ကျော် horror ရုပ်ရှင် Insidious 5

ရုံတင်ရက် ထွက်ရှိလာတဲ့ နာမည်ကျော် horror ရုပ်ရှင် Insidious 5

နာမည်ကျော် horror franchise တစ်ခုဖြစ်တဲ့ Insidious ကတော့ ငါးကားမြောက်ဖြစ်တဲ့ Insidious 5 အတွက် ရုံတင်ရက် တရားဝင် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါဟာ နောက်ဆုံးထွက်ရှိထားတဲ့ လေးကားမြောက် Insidious ရုပ်ရှင်အပြီး ငါးနှစ်အကြာမှာ Insidious 5 အတွက် SONY စတူဒီယိုက တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။

horror ပရိသတ်တွေ နှစ်သက်ကြတဲ့ Insidious franchise ကတော့ နှစ်အတန်ကြာ ငြိမ်သက် တိတ်ဆိတ်နေရာက ငါးကားမြောက်ရုပ်ရှင်သစ်ကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ရုံတင်ရက်ကိုတော့ ယခုအပတ်ရဲ့ San Diego Comic-Con ပွဲမှာ SONY စတူဒီယိုက ကြေညာသွားတာ ဖြစ်ပါတယ်။ အဆိုပါ ကြေညာချက်အရ Insidious 5 ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ(၇)ရက်နေ့မှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

Photo via IMDb

Insidious franchise ကတော့ မတူညီတဲ့ timeline တွေမှာ ဇာတ်လမ်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပထမဆုံးနှစ်ကားမှာတော့ Lambert မိသားစုအကြောင်းကို အဓိက ဖော်ပြထားပါတယ်။ ပထမဆုံးဇာတ်ကားမှာတော့ Lambert မိသားစုဟာ သူတို့အိမ်မှာ ဖြစ်ပျက်နေတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းဖော်ထုတ်ဖို့ နတ်ဆိုးမိစ္ဆာတွေအကြောင်း ကျွမ်းကျင်သူ Elise Rainier ကို အကူအညီတောင်းခဲ့ကြပါတယ်။

ဒီဇာတ်ကားထဲက ဝိဉာဉ်လွှင့်တဲ့ ဖြစ်ရပ်ကြောင့်ပဲ Insidious: Chapter 2 ဆိုပြီး ဒုတိယဇာတ်ကား ထပ်မံ ထွက်ရှိလာပါတယ်။ ဒုတိယကားထဲမှာတော့ Josh Lambert ဟာ ဝိဉာဉ်လွှင့်ကြည့်ရာက မထိန်းချုပ်နိုင်တော့ဘဲ ပိုနက်ရှိုင်းတဲ့နေရာကို ရောက်ရှိသွားပြီး သူ့ရဲ့ငယ်ဘဝကို ပြန်တွေ့ခဲ့ပါတယ်။

Photo via IMDb

တတိယကားဖြစ်တဲ့ Insidious: Chapter 3 ကတော့ ရှေ့နှစ်ကားက ဖြစ်ရပ်တွေမတိုင်ခင် အတိတ်ကာလကို ပြန်လည် ပြသတဲ့ prequel ဇာတ်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ Elise Rainier ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ထိတ်လန့်စရာ ဖြစ်ရပ်ကို တင်ဆက်သွားပါတယ်။

စတုတ္ထကားဖြစ်တဲ့ Insidious: The Last Key ကတော့ ၁၉၅၀ ခုနှစ်ကာလတွေကို ပြန်လည် ပြသထားပြီး Elise Rainier ရဲ့ ငယ်ဘဝအကြောင်း တင်ဆက်ထားပါတယ်။ ယခုအသစ်ထပ်မံ ထွက်ရှိလာမယ့် Insidious: Chapter 5 မှာတော့ အရွယ်ရောက်လာတဲ့ Dalton တစ်ယောက် ကောလိပ်တက်နေတုန်း မပြီးဆုံးသေးတဲ့ ခြောက်လှန့်မှုတွေကို ကြုံတွေ့ရတဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo via IMDb

ဒီဇာတ်ကားထဲမှာတော့ Patrick Wilson က ပြန်လည် ပါဝင်လာမှာ ဖြစ်ပြီး ဒါရိုက်တာအနေနဲ့ပါ ပွဲဦးထွက် လက်စွမ်းပြထားပါတယ်။ ဒါ့အပြင် Ty Simpkins ကလည်း Dalton Lambert အဖြစ် ပါဝင်လာဦးမှာ ဖြစ်ပြီး တခြားသရုပ်ဆောင်တွေကလည်း ပြန်လည် ပါဝင်လာနိုင်ချေ ရှိပါသေးတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular