HomeCharacterသင်မသိလောက်သေးတဲ့ Beast Boy အကြောင်း စိတ်ဝင်စားစရာအချက်များ

သင်မသိလောက်သေးတဲ့ Beast Boy အကြောင်း စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Teen Titans အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Beast Boy ဟာ သတ္တဝါတွေတော်တော်များများရဲ့ ပုံစံကိုပြောင်းလဲနိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့နာမည်အရင်းကတော့ Garfield Mark Logan ဖြစ်ပါတယ်။ သူဟာ ၁၉၆၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Doom Patrol #99 ဆိုတဲ့ကောမစ်ထဲမှာ ပထမဦးဆုံး DC ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ပရိသတ်တွေအတွက် သူ့ရဲ့အစွမ်းဟာ ဘယ်လိုရလာခဲ့တာလည်းဆိုတာနဲ့ တစ်ခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့မိဘတွေကြောင့် Beast Boy ဖြစ်လာခဲ့တာပါ။
photo via cbr

Garfield ဟာသတ္တဝါတွေ တော်တော်များများရဲ့ပုံစံကို ပြောင်းလို့ရတဲ့စွမ်းအားဟာ မွေးကတည်းက ပါလာခဲ့တာမဟုတ်ဘဲ သူ့ရဲ့မိဘတွေကြောင့်သာ အဲ့ဒီစွမ်းရည်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မိဘနှစ်ယောက်လုံးဟာ သိပ္ပံပညာရှင်တွေ ဖြစ်ကြပြီးတော့ စမ်းသပ်မှုတွေကိုပဲ အမြဲပြုလုပ်နေတဲ့အတွက် Garfield ကိုသိပ်ပြီး ဂရုစိုက်ချိန်မရှိပါဘူး။ သူ့ရဲ့မိဘနှစ်ယောက်ဟာ မျိုးတုန်းသွားတဲ့သတ္တဝါတွေကို ကမ္ဘာပေါ်မှာ ပြန်လည်ပေါ်ပေါက်လာအောင် ပြုလုပ်နိုင်တဲ့ ဆေးရည်ကို စမ်းသပ်နေခဲ့ပါတယ်။ အဲ့ဒီဆေးရည်ကြောင့်ပဲ သူ့ရဲ့ဘဝဟာ တစ်မျိုးပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ သူဟာ Sakutia လို့ခေါ်တဲ့ရှားပါးပြီး သေစေနိုင်တဲ့ ရောဂါတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရောဂါဟာ မျောက်တွေအပေါ်မှာတော့ သက်ရောက်မှု မရှိတာကြောင့် သူ့ရဲ့မိဘတွေဟာ သူတို့စမ်းသပ်ထားတဲ့ ဆေးရည်ကိုထိုးပြီးတော့ Garfield ကိုမျောက်အဖြစ်ပြောင်းလဲလိုက်ပါတော့တယ်။ အဲ့ဒီ့ဆေးရည်ကြောင့်ပဲ သူဟာ သေဘေးကလွတ်မြောက်သွားပြီးတော့ သတ္တဝါတွေအဖြစ်ကို ပြောင်းလဲလို့ရတဲ့အစွမ်းကို ပိုင်ဆိုင်သွားတာကြောင့် နောက်ပိုင်းမှာတော့ Beast Boy ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီဆေးရည်ကြောင့် အသက်ဘေးကလွတ်သွားပြီး စွမ်းအားတွေရလာခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးအဖြစ် သူ့ရဲ့အသားအရောင်ကတော့ အစိမ်းရောင်ပြောင်းသွားခဲ့ပါတယ်။ ဒါကတော့ ကောမစ်ထဲကအဖြစ်အပျက်ဖြစ်ပြီးတော့ တစ်ခြားရုပ်ရှင်တွေနဲ့ animated movie တွေထဲကဟာတွေနဲ့တော့ အနည်းငယ်ကွာခြားပါလိမ့်မယ်။

Doom Patrol အဖွဲ့ဟာ သူ့ကိုမွေးစားခဲ့ပါတယ်။
photo via screenrant

ကောမစ်ထဲမှာတော့ Garfield ရဲ့မိဘတွေဟာ အပျော်စီးလှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Nicholas Galtry ဆိုတဲ့သူက သူ့ကိုစောင့်ရှောက်ဖို့အတွက် တာဝန်ရှိလာပါတော့တယ်။ ဒါပေမယ့်လည်း အဲ့ဒီသူဟာ Garfield ရဲ့အမွေတွေကို လိုချင်တာကြောင့် Garfield ကိုသတ်ပစ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Doom Patrol အဖွဲ့ဟာသူ့ကိုကယ်တင်ခဲ့ပြီးတော့ သူတို့ရဲ့အဖွဲ့ဝင်အဖြစ်နဲ့လက်ခံကာ မွေးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း animated movie တွေထဲမှာတော့ အဖြစ်အပျက်တွေဟာ ကွာခြားသွားခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Garfield ဟာ Doom Patrol အဖွဲ့ရဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီးတော့ အဲ့ဒီအဖွဲ့ထဲကို အရမ်းကို ဝင်ချင်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ Doom Patrol အဖွဲ့နေထိုင်တဲ့အိမ်ထဲကို ခိုးဝင်ပြီးတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့အတွက် သူ့ကိုယ်သူ သက်သေပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာမှ သူဟာ Doom Patrol ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ အနီရောင်အဖြစ် ပြောင်းသွားခဲ့ဖူးပါသေးတယ်။
photo via cbr

Beast Boy လို့ပြောလိုက်တာနဲ့ အကုန်လုံးဟာ သတ္တဝါတွေအဖြစ်ပြောင်းလဲလို့ရတဲ့ အစိမ်းရောင်လူငယ်တစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့်လည်း သူဟာ အနီရောင်အဖြစ် တစ်ခါပြောင်းသွားခဲ့ဖူးပါသေးတယ်။ ဒီအဖြစ်အပျက်ကတော့ New 52 timeline မှာဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီ timeline မှာတော့သူဟာ Ravagers လို့ခေါ်တဲ့ကောမစ်စီးရီးထဲမှာ ပထမဆုံးပြန်လည်ပါဝင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေတော်တော်များများအတွက် အံ့ဩစရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ အရင်လိုအစိမ်းရောင်မဟုတ်တော့ဘဲ အနီရောင်ဖြစ်သွားခဲ့ပါတယ်။ အဲ့လိုဖြစ်သွားရတာကတော့ တစ်ချို့လူတွေက သူ့ကိုဖမ်းပြီးစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အနီရောင်ပြောင်းသွားခဲ့ရတာပါ။ ဒါပေမယ့်လည်း အဲ့ဒီအဖြစ်အပျက်ဟာ သိပ်မကြာလိုက်ဘဲ နောက်ပိုင်းထွက်တဲ့ကောမစ်တွေမှာတော့ သူဟာအစိမ်းရောင်အဖြစ် ပြန်လည်ပြောင်းသွားခဲ့ပါတယ်။

Garfield ဟာပထမဆုံး Beast Boy မဟုတ်ပါဘူး။
photo via screenrant

၁၉၆၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Adventure Comics ထဲမှာ Beast Boy လိုစွမ်းအားရှိတဲ့ Lallor ဂြိုဟ်သားတစ်ယောက် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီတစ်ယောက်ဟာ အစကတော့ စူပါဟီးရိုးတစ်ယောက် ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဗီလိန်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

၁၉၆၅ ခုနှစ်မှာတော့ Garfield ဟာပထမဆုံး DC ကောမစ်ထဲကို ဝင်ရောက်လာခဲ့ပြီးတော့ Lallor ဂြိုဟ်သားကတော့ ၁၉၆၅ ခုနှစ်မှာပဲ သူပါဝင်တဲ့ကောမစ်ဟာ ပြီးဆုံးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ပထမဆုံး Beast Boy ဟာအဲ့ဒီဂြိုဟ်သားဖြစ်ပေမယ့် သူဟာဟိုးအရင်တုန်းကဇာတ်ကောင်ဖြစ်တာကြောင့် လူတွေတော်တော်များများဟာ Garfield ကို ပထမဆုံး Beast Boy လို့ထင်နေခဲ့ပါတယ်။

အနာဂတ်က Garfield ဟာ Rose Wilson ကိုလက်ထပ်ခဲ့ပါတယ်။
photo via cbr

Forever Evil ဆိုတဲ့ကောမစ်စီးရီးထဲမှာ Red Robin ၊ Superboy နဲ့ Wonder Girl တို့ဟာ အနာဂတ် အနှစ် (၂၀) ကိုရောက်သွားခဲ့ပါတယ်။ အဲ့ဒီ timeline မှာတော့ Superman နဲ့ Lois Lane တို့ရဲ့သားဟာ ထိန်းချုပ်မရတော့ဘဲ စူပါဟီးရိုးတွေတော်တော်များများကို လိုက်လံသတ်ဖြတ်နေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ Garfield ဟာ Beast Man ဆိုတဲ့နာမည်နဲ့နေနေပြီးတော့ Justice League အဖွဲ့ဝင်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။ သူဟာ ပစ္စပ္ပုန်မှာကတည်းက Deathstroke ရဲ့သမီးဖြစ်သူ Rose Wilson နဲ့ဘာလိုလိုဖြစ်နေပြီး‌တော့ အဲ့ဒီအချိန်မှာတော့ သူဟာ Rose Wilson ကိုလက်ထပ်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်မှာ Red ဆိုတဲ့သမီးတစ်ယောက် ရှိပြီးတော့ သူ့ရဲ့သမီးကို သူကိုယ်တိုင် ကိုယ်ခံပညာကို လေ့ကျင့်ပေးနေခဲ့ပါတယ်။

သူ့ရဲ့စွမ်းရည်ကို တစ်ခြားသူတွေကိုလည်း ပေးလို့ရပါတယ်။
photo via screenrant

Teen Titans Go ဆိုတဲ့ animated စီးရီးထဲမှာတော့ သူရဲ့စွမ်းရည်အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကို ပြသသွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့စွမ်းရည်ဖြစ်တဲ့ သတ္တဝါအဖြစ်ပြောင်းလဲနိုင်တဲ့အစွမ်းကို တစ်ခြားသူတွေကို မျှဝေပေးလို့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ သူနဲ့သူ့သူငယ်ချင်းတွေဟာ အမြှောက်တစ်ခုကို စမ်းသပ်နေရင်းနဲ့ Titan တာဝါကို ဖျက်စီးမိသွားပါတယ်။ အဲ့ဒါကြောင့် သူဟာ သူ့ရဲ့သူငယ်ချင်းတွေအားလုံးကို ကယ်တင်ဖို့အတွက် သူ့ရဲ့သွေးတွေကို သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့သွေးကို ရသွားတဲ့သူတွေအကုန်လုံးဟာ သူ့လိုမျိုး သတ္တဝါအဖြစ်ကို ပြောင်းလဲလို့ရတဲ့ စွမ်းရည်ကို ရရှိသွားခဲ့ပါတယ်။

သူဟာ ဒဏ္ဍာရီလာသတ္တဝါတွေအဖြစ်လည်း ပြောင်းလဲလို့ရပါတယ်။
photo via screenrant

တစ်ချို့ animated movie တွေထဲမှာတော့ သူဟာ အပြင်မှာ တကယ်ရှိတဲ့သတ္တဝါတွေကို အဖြစ်ကိုပဲ ပြောင်းလဲလို့ရပါတယ်။ သူဟာအမြဲအဲ့ဒီစည်းကမ်းကို ချိုးဖျက်လို့မရဘဲ ပုံမှန်သတ္တဝါတွေအဖြစ်ပဲ ပြောင်းလဲလေ့ရှိပါတယ်။ ဒါပေမယ့်လည်း Teen Titans Go ထဲမှာတော့ သူဟာ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲခဲ့ဖူးပါတယ်။

ဒါ့အပြင် ကောမစ်တစ်ခုထဲမှာလည်း သူဟာ ဖီးနစ်ငှက်အဖြစ် ပြောင်းလဲခဲ့ပါသေးတယ်။ အဲ့ဒီသတ္တဝါတွေဟာ ဒဏ္ဍာရီလာသတ္တဝါတွေဖြစ်ပြီးတော့ ဘယ်သူမှ အပြင် တကယ်ရှိပါတယ်ဆိုပြီး သက်သေမပြနိုင်တဲ့ သတ္တဝါတွေလည်း ဖြစ်ပါတယ်။ Titans Tomorrow ဆိုတဲ့ကောမစ်စီးရီးမှာတော့ သူဟာ ပုံမှန်သတ္တဝါတွေအဖြစ် ပြောင်းလေ့မရှိတော့ဘဲ အမြဲတမ်း ဒဏ္ဍာရီလာသတ္တဝါတွေအဖြစ်ကိုပဲ ပြောင်းလဲလေ့ရှိပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Teen Titans အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Beast Boy ဟာ သတၱဝါေတြေတာ္ေတာ္မ်ားမ်ားရဲ႕ ပုံစံကိုေျပာင္းလဲႏိုင္တဲ့ လူငယ္တစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕နာမည္အရင္းကေတာ့ Garfield Mark Logan ျဖစ္ပါတယ္။ သူဟာ ၁၉၆၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Doom Patrol #99 ဆိုတဲ့ေကာမစ္ထဲမွာ ပထမဦးဆုံး DC ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြအတြက္ သူ႔ရဲ႕အစြမ္းဟာ ဘယ္လိုရလာခဲ့တာလည္းဆိုတာနဲ႔ တစ္ျခားစိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕မိဘေတြေၾကာင့္ Beast Boy ျဖစ္လာခဲ့တာပါ။
photo via cbr

Garfield ဟာသတၱဝါေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ပုံစံကို ေျပာင္းလို႔ရတဲ့စြမ္းအားဟာ ေမြးကတည္းက ပါလာခဲ့တာမဟုတ္ဘဲ သူ႔ရဲ႕မိဘေတြေၾကာင့္သာ အဲ့ဒီစြမ္းရည္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕မိဘႏွစ္ေယာက္လုံးဟာ သိပၸံပညာရွင္ေတြ ျဖစ္ၾကၿပီးေတာ့ စမ္းသပ္မႈေတြကိုပဲ အၿမဲျပဳလုပ္ေနတဲ့အတြက္ Garfield ကိုသိပ္ၿပီး ဂ႐ုစိုက္ခ်ိန္မရွိပါဘူး။ သူ႔ရဲ႕မိဘႏွစ္ေယာက္ဟာ မ်ိဳးတုန္းသြားတဲ့သတၱဝါေတြကို ကမာၻေပၚမွာ ျပန္လည္ေပၚေပါက္လာေအာင္ ျပဳလုပ္ႏိုင္တဲ့ ေဆးရည္ကို စမ္းသပ္ေနခဲ့ပါတယ္။ အဲ့ဒီေဆးရည္ေၾကာင့္ပဲ သူ႔ရဲ႕ဘဝဟာ တစ္မ်ိဳးေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။

တစ္ေန႔မွာေတာ့ သူဟာ Sakutia လို႔ေခၚတဲ့ရွားပါးၿပီး ေသေစႏိုင္တဲ့ ေရာဂါတစ္ခုျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီေရာဂါဟာ ေမ်ာက္ေတြအေပၚမွာေတာ့ သက္ေရာက္မႈ မရွိတာေၾကာင့္ သူ႔ရဲ႕မိဘေတြဟာ သူတို႔စမ္းသပ္ထားတဲ့ ေဆးရည္ကိုထိုးၿပီးေတာ့ Garfield ကိုေမ်ာက္အျဖစ္ေျပာင္းလဲလိုက္ပါေတာ့တယ္။ အဲ့ဒီ့ေဆးရည္ေၾကာင့္ပဲ သူဟာ ေသေဘးကလြတ္ေျမာက္သြားၿပီးေတာ့ သတၱဝါေတြအျဖစ္ကို ေျပာင္းလဲလို႔ရတဲ့အစြမ္းကို ပိုင္ဆိုင္သြားတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ Beast Boy ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေဆးရည္ေၾကာင့္ အသက္ေဘးကလြတ္သြားၿပီး စြမ္းအားေတြရလာခဲ့ေပမယ့္ ေဘးထြက္ဆိုးက်ိဳးအျဖစ္ သူ႔ရဲ႕အသားအေရာင္ကေတာ့ အစိမ္းေရာင္ေျပာင္းသြားခဲ့ပါတယ္။ ဒါကေတာ့ ေကာမစ္ထဲကအျဖစ္အပ်က္ျဖစ္ၿပီးေတာ့ တစ္ျခား႐ုပ္ရွင္ေတြနဲ႔ animated movie ေတြထဲကဟာေတြနဲ႔ေတာ့ အနည္းငယ္ကြာျခားပါလိမ့္မယ္။

Doom Patrol အဖြဲ႕ဟာ သူ႔ကိုေမြးစားခဲ့ပါတယ္။
photo via screenrant

ေကာမစ္ထဲမွာေတာ့ Garfield ရဲ႕မိဘေတြဟာ အေပ်ာ္စီးေလွတိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Nicholas Galtry ဆိုတဲ့သူက သူ႔ကိုေစာင့္ေရွာက္ဖို႔အတြက္ တာဝန္ရွိလာပါေတာ့တယ္။ ဒါေပမယ့္လည္း အဲ့ဒီသူဟာ Garfield ရဲ႕အေမြေတြကို လိုခ်င္တာေၾကာင့္ Garfield ကိုသတ္ပစ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ Doom Patrol အဖြဲ႕ဟာသူ႔ကိုကယ္တင္ခဲ့ၿပီးေတာ့ သူတို႔ရဲ႕အဖြဲ႕ဝင္အျဖစ္နဲ႔လက္ခံကာ ေမြးစားခဲ့ပါတယ္။

ဒါေပမယ့္လည္း animated movie ေတြထဲမွာေတာ့ အျဖစ္အပ်က္ေတြဟာ ကြာျခားသြားခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ Garfield ဟာ Doom Patrol အဖြဲ႕ရဲ႕ပရိသတ္တစ္ေယာက္ျဖစ္ၿပီးေတာ့ အဲ့ဒီအဖြဲ႕ထဲကို အရမ္းကို ဝင္ခ်င္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူဟာ Doom Patrol အဖြဲ႕ေနထိုင္တဲ့အိမ္ထဲကို ခိုးဝင္ၿပီးေတာ့ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ဖို႔အတြက္ သူ႔ကိုယ္သူ သက္ေသျပခဲ့ပါတယ္။ အဲ့ဒီေနာက္မွာမွ သူဟာ Doom Patrol ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

သူဟာ အနီေရာင္အျဖစ္ ေျပာင္းသြားခဲ့ဖူးပါေသးတယ္။
photo via cbr

Beast Boy လို႔ေျပာလိုက္တာနဲ႔ အကုန္လုံးဟာ သတၱဝါေတြအျဖစ္ေျပာင္းလဲလို႔ရတဲ့ အစိမ္းေရာင္လူငယ္တစ္ေယာက္ကို ေျပးျမင္မိၾကမွာပါ။ ဒါေပမယ့္လည္း သူဟာ အနီေရာင္အျဖစ္ တစ္ခါေျပာင္းသြားခဲ့ဖူးပါေသးတယ္။ ဒီအျဖစ္အပ်က္ကေတာ့ New 52 timeline မွာျဖစ္ခဲ့တာျဖစ္ၿပီး အဲ့ဒီ timeline မွာေတာ့သူဟာ Ravagers လို႔ေခၚတဲ့ေကာမစ္စီးရီးထဲမွာ ပထမဆုံးျပန္လည္ပါဝင္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားအတြက္ အံ့ဩစရာတစ္ခုျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ အရင္လိုအစိမ္းေရာင္မဟုတ္ေတာ့ဘဲ အနီေရာင္ျဖစ္သြားခဲ့ပါတယ္။ အဲ့လိုျဖစ္သြားရတာကေတာ့ တစ္ခ်ိဳ႕လူေတြက သူ႔ကိုဖမ္းၿပီးစမ္းသပ္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ အနီေရာင္ေျပာင္းသြားခဲ့ရတာပါ။ ဒါေပမယ့္လည္း အဲ့ဒီအျဖစ္အပ်က္ဟာ သိပ္မၾကာလိုက္ဘဲ ေနာက္ပိုင္းထြက္တဲ့ေကာမစ္ေတြမွာေတာ့ သူဟာအစိမ္းေရာင္အျဖစ္ ျပန္လည္ေျပာင္းသြားခဲ့ပါတယ္။

Garfield ဟာပထမဆုံး Beast Boy မဟုတ္ပါဘူး။
photo via screenrant

၁၉၆၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Adventure Comics ထဲမွာ Beast Boy လိုစြမ္းအားရွိတဲ့ Lallor ၿဂိဳဟ္သားတစ္ေယာက္ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီတစ္ေယာက္ဟာ အစကေတာ့ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဗီလိန္တစ္ေယာက္အျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

၁၉၆၅ ခုႏွစ္မွာေတာ့ Garfield ဟာပထမဆုံး DC ေကာမစ္ထဲကို ဝင္ေရာက္လာခဲ့ၿပီးေတာ့ Lallor ၿဂိဳဟ္သားကေတာ့ ၁၉၆၅ ခုႏွစ္မွာပဲ သူပါဝင္တဲ့ေကာမစ္ဟာ ၿပီးဆုံးသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ပထမဆုံး Beast Boy ဟာအဲ့ဒီၿဂိဳဟ္သားျဖစ္ေပမယ့္ သူဟာဟိုးအရင္တုန္းကဇာတ္ေကာင္ျဖစ္တာေၾကာင့္ လူေတြေတာ္ေတာ္မ်ားမ်ားဟာ Garfield ကို ပထမဆုံး Beast Boy လို႔ထင္ေနခဲ့ပါတယ္။

အနာဂတ္က Garfield ဟာ Rose Wilson ကိုလက္ထပ္ခဲ့ပါတယ္။
photo via cbr

Forever Evil ဆိုတဲ့ေကာမစ္စီးရီးထဲမွာ Red Robin ၊ Superboy နဲ႔ Wonder Girl တို႔ဟာ အနာဂတ္ အႏွစ္ (၂၀) ကိုေရာက္သြားခဲ့ပါတယ္။ အဲ့ဒီ timeline မွာေတာ့ Superman နဲ႔ Lois Lane တို႔ရဲ႕သားဟာ ထိန္းခ်ဳပ္မရေတာ့ဘဲ စူပါဟီး႐ိုးေတြေတာ္ေတာ္မ်ားမ်ားကို လိုက္လံသတ္ျဖတ္ေနခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Garfield ဟာ Beast Man ဆိုတဲ့နာမည္နဲ႔ေနေနၿပီးေတာ့ Justice League အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေနခဲ့ပါၿပီ။ သူဟာ ပစၥပၸဳန္မွာကတည္းက Deathstroke ရဲ႕သမီးျဖစ္သူ Rose Wilson နဲ႔ဘာလိုလိုျဖစ္ေနၿပီး‌ေတာ့ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ Rose Wilson ကိုလက္ထပ္ခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္မွာ Red ဆိုတဲ့သမီးတစ္ေယာက္ ရွိၿပီးေတာ့ သူ႔ရဲ႕သမီးကို သူကိုယ္တိုင္ ကိုယ္ခံပညာကို ေလ့က်င့္ေပးေနခဲ့ပါတယ္။

သူ႔ရဲ႕စြမ္းရည္ကို တစ္ျခားသူေတြကိုလည္း ေပးလို႔ရပါတယ္။
photo via screenrant

Teen Titans Go ဆိုတဲ့ animated စီးရီးထဲမွာေတာ့ သူရဲ႕စြမ္းရည္အေၾကာင္း စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္တစ္ခုကို ျပသသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕စြမ္းရည္ျဖစ္တဲ့ သတၱဝါအျဖစ္ေျပာင္းလဲႏိုင္တဲ့အစြမ္းကို တစ္ျခားသူေတြကို မွ်ေဝေပးလို႔ရတာပဲ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာေတာ့ သူနဲ႔သူ႔သူငယ္ခ်င္းေတြဟာ အေျမႇာက္တစ္ခုကို စမ္းသပ္ေနရင္းနဲ႔ Titan တာဝါကို ဖ်က္စီးမိသြားပါတယ္။ အဲ့ဒါေၾကာင့္ သူဟာ သူ႔ရဲ႕သူငယ္ခ်င္းေတြအားလုံးကို ကယ္တင္ဖို႔အတြက္ သူ႔ရဲ႕ေသြးေတြကို သြင္းေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ေသြးကို ရသြားတဲ့သူေတြအကုန္လုံးဟာ သူ႔လိုမ်ိဳး သတၱဝါအျဖစ္ကို ေျပာင္းလဲလို႔ရတဲ့ စြမ္းရည္ကို ရရွိသြားခဲ့ပါတယ္။

သူဟာ ဒ႑ာရီလာသတၱဝါေတြအျဖစ္လည္း ေျပာင္းလဲလို႔ရပါတယ္။
photo via screenrant

တစ္ခ်ိဳ႕ animated movie ေတြထဲမွာေတာ့ သူဟာ အျပင္မွာ တကယ္ရွိတဲ့သတၱဝါေတြကို အျဖစ္ကိုပဲ ေျပာင္းလဲလို႔ရပါတယ္။ သူဟာအၿမဲအဲ့ဒီစည္းကမ္းကို ခ်ိဳးဖ်က္လို႔မရဘဲ ပုံမွန္သတၱဝါေတြအျဖစ္ပဲ ေျပာင္းလဲေလ့ရွိပါတယ္။ ဒါေပမယ့္လည္း Teen Titans Go ထဲမွာေတာ့ သူဟာ နဂါးတစ္ေကာင္အျဖစ္ ေျပာင္းလဲခဲ့ဖူးပါတယ္။

ဒါ့အျပင္ ေကာမစ္တစ္ခုထဲမွာလည္း သူဟာ ဖီးနစ္ငွက္အျဖစ္ ေျပာင္းလဲခဲ့ပါေသးတယ္။ အဲ့ဒီသတၱဝါေတြဟာ ဒ႑ာရီလာသတၱဝါေတြျဖစ္ၿပီးေတာ့ ဘယ္သူမွ အျပင္ တကယ္ရွိပါတယ္ဆိုၿပီး သက္ေသမျပႏိုင္တဲ့ သတၱဝါေတြလည္း ျဖစ္ပါတယ္။ Titans Tomorrow ဆိုတဲ့ေကာမစ္စီးရီးမွာေတာ့ သူဟာ ပုံမွန္သတၱဝါေတြအျဖစ္ ေျပာင္းေလ့မရွိေတာ့ဘဲ အၿမဲတမ္း ဒ႑ာရီလာသတၱဝါေတြအျဖစ္ကိုပဲ ေျပာင္းလဲေလ့ရွိပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular