HomeBiographyကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားနေတဲ့ Johnny Depp ရဲ့သမီးလေး Lily-Rose Depp

ကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားနေတဲ့ Johnny Depp ရဲ့သမီးလေး Lily-Rose Depp

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lily-Rose Depp ဟာ နာမည်ကျော်မင်းသားကြီး Johnny Depp နဲ့ ပြင်သစ်မော်ဒယ်လ်နဲ့ သရုပ်ဆောင် Vanessa Paradis တို့ရဲ့ သမီးလေးဖြစ်ပါတယ်။ ကမ္ဘာကျော်မင်းသားကြီးနဲ့ နာမည်ကျော် မော်ဒယ်လ်၊ သရုပ်ဆောင်မိခင်တို့က မွေးဖွားပေးခဲ့တာကြောင့် သူမဟာ အူဝဲအရွယ်တည်းက မီဒီယာတွေ၊ သတင်းထောက်တွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသူဖြစ်ပြီး ကလေးအရွယ်တည်းက သူမရဲ့ဖက်ရှင်၊ အပြုအမူတွေကို သတင်းတွေမှာ ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။

မေလ(၂၇)ရက်နေ့ ၁၉၉၉ခုနှစ်မှာ မွေးဖွားခဲ့သူလေး ဖြစ်တာကြောင့် ယခုဆိုရင် အသက်(၂၁)နှစ် ရှိနေပါပြီ။ သူမကို မွေးဖွားခဲ့တဲ့နေရာကတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရဲ့အနောက်ဘက်က သူဌေးရပ်ကွက်တစ်ခုမှာ ဖြစ်ပါတယ်။ သူမဟာ အမေရိကန်ဖခင်နဲ့ ပြင်သစ်သူမိခင်တို့က မွေးဖွားလာခဲ့တာကြောင့် အင်္ဂလိပ်စကားအပြင် ပြင်သစ်စကားကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သူပါ။ သူမရဲ့အောက်မှာတော့ John ‘Jack’ Christopher Depp III ဆိုတဲ့ မောင်ငယ်တစ်ယောက် ရှိပါသေးတယ်။

Photo: lilyrose_depp/ Instagram

Lily ဟာ အဖေ၊ အမေတွေကတင် သရုပ်ဆောင် ဖြစ်နေတာ မဟုတ်ဘဲ နာမည်ကျော် ပြင်သစ်မင်းသမီးဖြစ်တဲ့ Alysson Paradis ကိုလည်း အဒေါ်တော်ထားသူ ဖြစ်ပါတယ်။ သူမရဲ့မိဘတွေဟာ ဆယ့်လေးနှစ်ကြာ ပေါင်းသင်းပြီးနောက် ၂၀၁၂ခုနှစ်မှာ ကွာရှင်းခဲ့ပြီး သူမကို နှစ်ဖက်အုပ်ထိန်းခွင့် ရယူခဲ့ကြတာကြောင့် လော့စ်အိန်ဂျလိစ်နဲ့ ပါရီမြို့ကို တစ်လှည့်စီသွားနေခဲ့ရပါတယ်။

မိဘတွေရဲ့ သွေးအပြည့် စီးဆင်းနေခဲ့တဲ့ Lily ဟာ အသက်(၁၅)နှစ်အရွယ်တည်းက နာမည်ကြီးမော်ဒယ်လ်တစ်ယောက် ဖြစ်နေခဲ့သူပါ။ Lily ဟာ နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်းများစွာမှာ မျက်နှာဖုံးမော်ဒယ်လ်အဖြစ် ပါဝင်ခဲ့ရုံသာမက ဖက်ရှင်ဂုရုကြီး Karl Lagerfeld ကိုယ်တိုင်က Chanel brand ရဲ့ ambassador အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၆ခုနှစ်မှာတော့ Chanel ရဲ့ နာမည်ကြီးရေမွှေးဖြစ်တဲ့ Chanel No. 5 L’Eau ရဲ့ အဓိက မော်ဒယ်လ်အဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်။

Photo: lilyrose_depp/ Instagram

Lily ဟာ မော်ဒယ်လ်အလုပ်အပြင် သရုပ်ဆောင်အလုပ်ကိုလည်း ဆယ်ကျော်သက်အရွယ်နဲ့ ခြေလှမ်းစတင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Tusk ဆိုတဲ့ဇာတ်ကားမှာ အရံအဖြစ် ပါဝင်ရင်းကနေ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သူပါ။ အဲ့ဒီ့နောက် သူမ ပါဝင်ခဲ့တဲ့ဇာတ်ကားတွေကတော့ The Dancer ၊ Planetarium ၊ The King စတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

Lily ဟာ မိဘတွေရဲ့ အရှိန်အဝါကြောင့် နေရာရလာသူ မဟုတ်ဘဲ ကိုယ်တိုင်က အရည်အချင်းရှိတာကြောင့် နေရာပေးခံခဲ့ရတယ်ဆိုတာကို သက်သေပြထားသူ ဖြစ်ပါတယ်။ သူမဟာ The Dancer ဇာတ်ကားနဲ့ A Faithful Man ဇာတ်ကားတွေမှာ လုပ်ပြနိုင်ခဲ့တဲ့ သရုပ်ဆောင်မှုတွေကြောင့် Most Promising Actress အဖြစ် César Awards မှာ နှစ်ကြိမ်တိတိ စံကာတင်ဝင်ထားပါတယ်။ ဒါတင်မက လေးကြိမ်မြောက် ကျင်းပခဲ့တဲ့ လော့စ်အိန်ဂျလိစ် ရုပ်ရှင်ပြပွဲမှာလည်း ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ My Last Lullaby ဇာတ်ကားနဲ့ အကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့ပါသေးတယ်။

Photo: lilyrose_depp/ Instagram

သူမနဲ့ ပတ်သက်လို့ ထူးခြားတဲ့ နောက်ထပ်အချက်တစ်ခုကတော့ Lily ဟာ နာမည်ကျော်အဆိုတော်ကြီး Marilyn Manson ရဲ့ ခေါင်းကိုင်သမီးလေး ဖြစ်ပါတယ်။ Lily ဟာ ပညာရေးနဲ့ ပတ်သက်ရင်တော့ သရုပ်ဆောင်ဘက်ကို အာရုံစိုက်နိုင်ဖို့အတွက် ၂၀၁၆ခုနှစ်မှာ အထက်တန်းကျောင်းက ထွက်ခဲ့ပါတယ်။ သူမဟာ ယခင်တုန်းက အစာစားချင်စိတ် လုံးဝမရှိတဲ့ စိတ်ရောဂါတစ်ခုကို ခံစားခဲ့ရပြီး အခုတော့ အဲ့ဒီ့ရောဂါကနေ သက်သာပျောက်ကင်းသွားခဲ့ပါပြီ။

အချစ်ရေးနဲ့ ပတ်သက်ရင်တော့ Lily ဟာ အမေရိကန်သရုပ်ဆောင် Timothée Chalamet နဲ့ ၂၀၁၈ခုနှစ်ကစပြီး တွဲခဲ့တာပါ။ သို့ပေမယ့် နာမည်ကြီးသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ၂၀၂၀ခုနှစ် အစောပိုင်းမှာ လမ်းခွဲလိုက်ပြီလို့လည်း သတင်းထွက်နေပါတယ်။

Photo: lilyrose_depp/ Instagram

သူမဟာ လက်ရှိမှာလည်း မော်ဒယ်လ်ပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ အားကြိုးမာန်တက် အလုပ်လုပ်နေသူဖြစ်ပြီး ဒီအတောအတွင်းမှာပဲ သူမရဲ့ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ထွက်လာဖို့ ရှိနေပါသေးတယ်။ မွေးတည်းက ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် မွေးဖွားလာခဲ့သူ Lily ဟာ ရှေ့အနာဂတ်မှာလည်း အခုထက်ပိုပြီး လင်းလက်တောက်ပသွားဦးမယ်ဆိုတာ အသေအချာပါပဲ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lily-Rose Depp ဟာ နာမည္ေက်ာ္မင္းသားႀကီး Johnny Depp နဲ႔ ျပင္သစ္ေမာ္ဒယ္လ္နဲ႔ သ႐ုပ္ေဆာင္ Vanessa Paradis တို႔ရဲ႕ သမီးေလးျဖစ္ပါတယ္။ ကမာၻေက်ာ္မင္းသားႀကီးနဲ႔ နာမည္ေက်ာ္ ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္မိခင္တို႔က ေမြးဖြားေပးခဲ့တာေၾကာင့္ သူမဟာ အူဝဲအ႐ြယ္တည္းက မီဒီယာေတြ၊ သတင္းေထာက္ေတြရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရသူျဖစ္ၿပီး ကေလးအ႐ြယ္တည္းက သူမရဲ႕ဖက္ရွင္၊ အျပဳအမူေတြကို သတင္းေတြမွာ ေဖာ္ျပခံခဲ့ရသူ ျဖစ္ပါတယ္။

ေမလ(၂၇)ရက္ေန႔ ၁၉၉၉ခုႏွစ္မွာ ေမြးဖြားခဲ့သူေလး ျဖစ္တာေၾကာင့္ ယခုဆိုရင္ အသက္(၂၁)ႏွစ္ ရွိေနပါၿပီ။ သူမကို ေမြးဖြားခဲ့တဲ့ေနရာကေတာ့ ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕ရဲ႕အေနာက္ဘက္က သူေဌးရပ္ကြက္တစ္ခုမွာ ျဖစ္ပါတယ္။ သူမဟာ အေမရိကန္ဖခင္နဲ႔ ျပင္သစ္သူမိခင္တို႔က ေမြးဖြားလာခဲ့တာေၾကာင့္ အဂၤလိပ္စကားအျပင္ ျပင္သစ္စကားကိုပါ ကြၽမ္းက်င္ပိုင္ႏိုင္စြာ ေျပာဆိုႏိုင္သူပါ။ သူမရဲ႕ေအာက္မွာေတာ့ John ‘Jack’ Christopher Depp III ဆိုတဲ့ ေမာင္ငယ္တစ္ေယာက္ ရွိပါေသးတယ္။

Photo: lilyrose_depp/ Instagram

Lily ဟာ အေဖ၊ အေမေတြကတင္ သ႐ုပ္ေဆာင္ ျဖစ္ေနတာ မဟုတ္ဘဲ နာမည္ေက်ာ္ ျပင္သစ္မင္းသမီးျဖစ္တဲ့ Alysson Paradis ကိုလည္း အေဒၚေတာ္ထားသူ ျဖစ္ပါတယ္။ သူမရဲ႕မိဘေတြဟာ ဆယ့္ေလးႏွစ္ၾကာ ေပါင္းသင္းၿပီးေနာက္ ၂၀၁၂ခုႏွစ္မွာ ကြာရွင္းခဲ့ၿပီး သူမကို ႏွစ္ဖက္အုပ္ထိန္းခြင့္ ရယူခဲ့ၾကတာေၾကာင့္ ေလာ့စ္အိန္ဂ်လိစ္နဲ႔ ပါရီၿမိဳ႕ကို တစ္လွည့္စီသြားေနခဲ့ရပါတယ္။

မိဘေတြရဲ႕ ေသြးအျပည့္ စီးဆင္းေနခဲ့တဲ့ Lily ဟာ အသက္(၁၅)ႏွစ္အ႐ြယ္တည္းက နာမည္ႀကီးေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္ေနခဲ့သူပါ။ Lily ဟာ နာမည္ေက်ာ္ ဖက္ရွင္မဂၢဇင္းမ်ားစြာမွာ မ်က္ႏွာဖုံးေမာ္ဒယ္လ္အျဖစ္ ပါဝင္ခဲ့႐ုံသာမက ဖက္ရွင္ဂု႐ုႀကီး Karl Lagerfeld ကိုယ္တိုင္က Chanel brand ရဲ႕ ambassador အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၂၀၁၆ခုႏွစ္မွာေတာ့ Chanel ရဲ႕ နာမည္ႀကီးေရေမႊးျဖစ္တဲ့ Chanel No. 5 L’Eau ရဲ႕ အဓိက ေမာ္ဒယ္လ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါေသးတယ္။

Photo: lilyrose_depp/ Instagram

Lily ဟာ ေမာ္ဒယ္လ္အလုပ္အျပင္ သ႐ုပ္ေဆာင္အလုပ္ကိုလည္း ဆယ္ေက်ာ္သက္အ႐ြယ္နဲ႔ ေျခလွမ္းစတင္ခဲ့သူ ျဖစ္ပါတယ္။ သူမဟာ ၂၀၁၄ခုႏွစ္က ထြက္ရွိခဲ့တဲ့ Tusk ဆိုတဲ့ဇာတ္ကားမွာ အရံအျဖစ္ ပါဝင္ရင္းကေန သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္လာခဲ့သူပါ။ အဲ့ဒီ့ေနာက္ သူမ ပါဝင္ခဲ့တဲ့ဇာတ္ကားေတြကေတာ့ The Dancer ၊ Planetarium ၊ The King စတဲ့ ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။

Lily ဟာ မိဘေတြရဲ႕ အရွိန္အဝါေၾကာင့္ ေနရာရလာသူ မဟုတ္ဘဲ ကိုယ္တိုင္က အရည္အခ်င္းရွိတာေၾကာင့္ ေနရာေပးခံခဲ့ရတယ္ဆိုတာကို သက္ေသျပထားသူ ျဖစ္ပါတယ္။ သူမဟာ The Dancer ဇာတ္ကားနဲ႔ A Faithful Man ဇာတ္ကားေတြမွာ လုပ္ျပႏိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ Most Promising Actress အျဖစ္ César Awards မွာ ႏွစ္ႀကိမ္တိတိ စံကာတင္ဝင္ထားပါတယ္။ ဒါတင္မက ေလးႀကိမ္ေျမာက္ က်င္းပခဲ့တဲ့ ေလာ့စ္အိန္ဂ်လိစ္ ႐ုပ္ရွင္ျပပြဲမွာလည္း ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ My Last Lullaby ဇာတ္ကားနဲ႔ အေကာင္းဆုံး မင္းသမီးဆုကို ရရွိခဲ့ပါေသးတယ္။

Photo: lilyrose_depp/ Instagram

သူမနဲ႔ ပတ္သက္လို႔ ထူးျခားတဲ့ ေနာက္ထပ္အခ်က္တစ္ခုကေတာ့ Lily ဟာ နာမည္ေက်ာ္အဆိုေတာ္ႀကီး Marilyn Manson ရဲ႕ ေခါင္းကိုင္သမီးေလး ျဖစ္ပါတယ္။ Lily ဟာ ပညာေရးနဲ႔ ပတ္သက္ရင္ေတာ့ သ႐ုပ္ေဆာင္ဘက္ကို အာ႐ုံစိုက္ႏိုင္ဖို႔အတြက္ ၂၀၁၆ခုႏွစ္မွာ အထက္တန္းေက်ာင္းက ထြက္ခဲ့ပါတယ္။ သူမဟာ ယခင္တုန္းက အစာစားခ်င္စိတ္ လုံးဝမရွိတဲ့ စိတ္ေရာဂါတစ္ခုကို ခံစားခဲ့ရၿပီး အခုေတာ့ အဲ့ဒီ့ေရာဂါကေန သက္သာေပ်ာက္ကင္းသြားခဲ့ပါၿပီ။

အခ်စ္ေရးနဲ႔ ပတ္သက္ရင္ေတာ့ Lily ဟာ အေမရိကန္သ႐ုပ္ေဆာင္ Timothée Chalamet နဲ႔ ၂၀၁၈ခုႏွစ္ကစၿပီး တြဲခဲ့တာပါ။ သို႔ေပမယ့္ နာမည္ႀကီးသတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ ၂၀၂၀ခုႏွစ္ အေစာပိုင္းမွာ လမ္းခြဲလိုက္ၿပီလို႔လည္း သတင္းထြက္ေနပါတယ္။

Photo: lilyrose_depp/ Instagram

သူမဟာ လက္ရွိမွာလည္း ေမာ္ဒယ္လ္ပိုင္းမွာေရာ၊ သ႐ုပ္ေဆာင္ပိုင္းမွာပါ အားႀကိဳးမာန္တက္ အလုပ္လုပ္ေနသူျဖစ္ၿပီး ဒီအေတာအတြင္းမွာပဲ သူမရဲ႕႐ုပ္ရွင္ဇာတ္ကားေတြ အမ်ားႀကီး ထြက္လာဖို႔ ရွိေနပါေသးတယ္။ ေမြးတည္းက ၾကယ္ပြင့္ေလးတစ္ပြင့္အျဖစ္ ေမြးဖြားလာခဲ့သူ Lily ဟာ ေရွ႕အနာဂတ္မွာလည္း အခုထက္ပိုၿပီး လင္းလက္ေတာက္ပသြားဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular