HomeEntertainmentFilmThe Final Destination ဇာတ်ကားအကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

The Final Destination ဇာတ်ကားအကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Final Destination ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီးတော့ စုစုပေါင်းရုပ်ရှင် (၅) ကား ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားတွေဟာ တော်တော်လေးလူကြိုက်များခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပြီးတော့ အခုချိန်ထိလည်း အဲ့ဒီလို ဇာတ်ကားတွေဟာ ထပ်မံထွက်ရှိလာတာမျိုး သိပ်ပြီး မရှိပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ The Final Destination ဇာတ်ကားတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီဇာတ်လမ်းဟာ အစတုန်းက X-Files ဇာတ်လမ်းတွဲထဲက အပိုင်းတစ်ပိုင်းအဖြစ် ဖန်တီးခဲ့တာပါ။
photo via screenrant

X-Files ဇာတ်လမ်းတွဲရဲ့ဇာတ်လမ်းအကျဉ်းကတော့ အေးဂျင့်နှစ်ယောက်ဟာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကို လိုက်လံစုံစမ်းကြတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲက အပိုင်းတစ်ပိုင်းရဲ့ ဇာတ်လမ်းဟာ The Final Destination ရဲ့ဇာတ်လမ်းနဲ့ ဆင်တူနေခဲ့ပါတယ်။ အဲ့ဒီအပိုင်းနာမည်ကတော့ Flight 180 ဖြစ်ပြီးတော့ လူငယ်တွေဟာ သေခြင်းတရားကို လှည့်စားဖို့ ကြိုးစားကြတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာမှ The Final Destination ဆိုတဲ့နာမည်နဲ့ အဲ့ဒီဇာတ်လမ်းကို ပြန်ပြီးအသေးစိတ်ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲက အဖြစ်အပျက်တွေတော်တော်များများဟာ အပြင်မှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို အခြေခံထားတာပါ။
photo via screenrant

ဒီဇာတ်လမ်းကို ဖန်တီးသူဖြစ်တဲ့ Jeffrey Reddick ဟာ အဲ့ဒီဇာတ်လမ်းကို ဖန်တီးဖို့ အကြံရသွားခဲ့တဲ့အကြောင်းကတော့ သူဟာ အိမ်ပြန်ဖို့အတွက် လေယာဉ်ပျံပေါ်မှာ မဂ္ဂဇင်းတစ်ခုထဲက သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီသတင်းကတော့ မိန်းကလေးတစ်ယောက်ဟာ ခရီးသွားဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာ သူ့ရဲ့အမေဟာ ဖုန်းဆက်ပြီးတော့ လှမ်းတားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အမေဟာ စိတ်ထဲမှာမကောင်းတဲ့ ခံစားချက်တွေရနေတာကြောင့် နောက်တစ်ရက်မှာ ထွက်မယ့်လေယာဉ်ကို ပြောင်းစီးခိုင်းခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ အဲ့ဒီမိန်းကလေးက သူ့အမေကို စိတ်မပူစေချင်တာကြောင့် လေယာဉ်ကိုပြောင်းလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ အစက သူစီးဖို့စီစဉ်ထားတဲ့ လေယာဉ်ဟာ လမ်းမှာပျက်ကျသွားပြီးတော့ သူမဟာ သေဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် Jeffrey ဟာ အဲ့ဒီအဖြစ်အပျက်ကို အခြေခံပြီးတော့ The Final Destination ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ တစ်ချို့သေဆုံးမှုတွေက အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ဖန်တီးထားတာတွေလည်း ရှိပါတယ်။

ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့အမည်ဟာ horror ဇာတ်လမ်းတွေမှာ နာမည်ကြီးတဲ့သူတွေရဲ့ အမည်တွေကို ပေးထားတာပါ။
photo via screenrant

ပရိသတ်တွေ တော်တော်များများဟာ The Final Destination ဇာတ်လမ်းတွေထဲမှာ ပထမဆုံးဇာတ်ကားက အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ သူတွေအများကြီးပါတယ်။ စိတ်ဝင်စားစရာတစ်ခုကတော့ အဲ့ဒီပထမဆုံးဇာတ်ကားမှာ ပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ နာမည်တွေဟာ horror ဇာတ်လမ်းတွေမှာ နာမည်ကြီးကြတဲ့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေရဲ့ နာမည်တွေပဲ ဖြစ်ပါတယ်။ ဥပမာ – Alex Browning ၊ Billy Hitchcock ၊ Larry Murnau နဲ့ Black Dreyer တို့ဟာ horror ဇာတ်လမ်းရိုက်ကူးတဲ့နေရာမှာ နာမည်ကြီးတဲ့ ဒါရိုက်တာတွေရဲ့ နာမည်ကို ပေးထားတာ ဖြစ်ပြီးတော့ Terry Chaney ၊ Agent Schreck နဲ့ Valerie Lewton တို့ကတော့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ နာမည်ကို ပေးထားတာ ဖြစ်ပါတယ်။

Tobey Maguire နဲ့ Kirsten Dunst တို့ဟာလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်လုနီးပါး ဖြစ်ခဲ့ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Alex Browning နဲ့ Clear Rivers တို့ကို Devon Sawa နဲ့ Ali Larter တို့က သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဇာတ်ကောင်နှစ်ယောက်နေရာမှာ Tobey Maguire နဲ့ Kirsten Dunst တို့ဟာ ပါဝင်သရုပ်ဆောင်လုနီးပါး ဖြစ်ခဲ့ပါတယ်။ မပါဝင်ဖြစ်ခဲ့ရတဲ့အကြောင်းအရင်းကတော့ သူတို့နှစ်ယောက်လုံးဟာ Spider-Man ဇာတ်လမ်းမှာ Peter Parker နဲ့ Mary Jane တို့နေရာမှာ သရုပ်ဆောင်ဖို့အတွက် ရွေးချယ်လိုက်လို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီရွေးချယ်မှုဟာ သူတို့နှစ်ယောက်လုံးအတွက် ပိုပြီးတော့ ကောင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပြီးတော့ ပိုပြီးလည်း နာမည်ကြီးလာခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Final Destination ဇာတ္ကားဟာ ၂၀၀၀ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီးေတာ့ စုစုေပါင္း႐ုပ္ရွင္ (၅) ကား ထြက္ရွိခဲ့ပါတယ္။ ဒီဇာတ္ကားေတြဟာ ေတာ္ေတာ္ေလးလူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္ကားေတြျဖစ္ၿပီးေတာ့ အခုခ်ိန္ထိလည္း အဲ့ဒီလို ဇာတ္ကားေတြဟာ ထပ္မံထြက္ရွိလာတာမ်ိဳး သိပ္ၿပီး မရွိပါဘူး။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ The Final Destination ဇာတ္ကားေတြရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ဒီဇာတ္လမ္းဟာ အစတုန္းက X-Files ဇာတ္လမ္းတြဲထဲက အပိုင္းတစ္ပိုင္းအျဖစ္ ဖန္တီးခဲ့တာပါ။
photo via screenrant

X-Files ဇာတ္လမ္းတြဲရဲ႕ဇာတ္လမ္းအက်ဥ္းကေတာ့ ေအးဂ်င့္ႏွစ္ေယာက္ဟာ ထူးဆန္းတဲ့ျဖစ္ရပ္ေတြကို လိုက္လံစုံစမ္းၾကတာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲထဲက အပိုင္းတစ္ပိုင္းရဲ႕ ဇာတ္လမ္းဟာ The Final Destination ရဲ႕ဇာတ္လမ္းနဲ႔ ဆင္တူေနခဲ့ပါတယ္။ အဲ့ဒီအပိုင္းနာမည္ကေတာ့ Flight 180 ျဖစ္ၿပီးေတာ့ လူငယ္ေတြဟာ ေသျခင္းတရားကို လွည့္စားဖို႔ ႀကိဳးစားၾကတဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာမွ The Final Destination ဆိုတဲ့နာမည္နဲ႔ အဲ့ဒီဇာတ္လမ္းကို ျပန္ၿပီးအေသးစိတ္ပုံေဖာ္ခဲ့တာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းထဲက အျဖစ္အပ်က္ေတြေတာ္ေတာ္မ်ားမ်ားဟာ အျပင္မွာတကယ္ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေတြကို အေျခခံထားတာပါ။
photo via screenrant

ဒီဇာတ္လမ္းကို ဖန္တီးသူျဖစ္တဲ့ Jeffrey Reddick ဟာ အဲ့ဒီဇာတ္လမ္းကို ဖန္တီးဖို႔ အႀကံရသြားခဲ့တဲ့အေၾကာင္းကေတာ့ သူဟာ အိမ္ျပန္ဖို႔အတြက္ ေလယာဥ္ပ်ံေပၚမွာ မဂၢဇင္းတစ္ခုထဲက သတင္းတစ္ပုဒ္ကို ဖတ္လိုက္မိလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီသတင္းကေတာ့ မိန္းကေလးတစ္ေယာက္ဟာ ခရီးသြားဖို႔အတြက္ ျပင္ဆင္ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕အေမဟာ ဖုန္းဆက္ၿပီးေတာ့ လွမ္းတားတာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕အေမဟာ စိတ္ထဲမွာမေကာင္းတဲ့ ခံစားခ်က္ေတြရေနတာေၾကာင့္ ေနာက္တစ္ရက္မွာ ထြက္မယ့္ေလယာဥ္ကို ေျပာင္းစီးခိုင္းခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အဲ့ဒီမိန္းကေလးက သူ႔အေမကို စိတ္မပူေစခ်င္တာေၾကာင့္ ေလယာဥ္ကိုေျပာင္းလိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အစက သူစီးဖို႔စီစဥ္ထားတဲ့ ေလယာဥ္ဟာ လမ္းမွာပ်က္က်သြားၿပီးေတာ့ သူမဟာ ေသေဘးကေန သီသီေလး လြတ္ေျမာက္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Jeffrey ဟာ အဲ့ဒီအျဖစ္အပ်က္ကို အေျခခံၿပီးေတာ့ The Final Destination ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားေတြထဲမွာ ပါဝင္တဲ့ တစ္ခ်ိဳ႕ေသဆုံးမႈေတြက အျပင္မွာ တကယ္ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြကို အေျခခံၿပီး ဖန္တီးထားတာေတြလည္း ရွိပါတယ္။

ဒီ႐ုပ္ရွင္ထဲက ဇာတ္ေကာင္ေတြရဲ႕အမည္ဟာ horror ဇာတ္လမ္းေတြမွာ နာမည္ႀကီးတဲ့သူေတြရဲ႕ အမည္ေတြကို ေပးထားတာပါ။
photo via screenrant

ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားဟာ The Final Destination ဇာတ္လမ္းေတြထဲမွာ ပထမဆုံးဇာတ္ကားက အေကာင္းဆုံးလို႔ သတ္မွတ္ထားတဲ့ သူေတြအမ်ားႀကီးပါတယ္။ စိတ္ဝင္စားစရာတစ္ခုကေတာ့ အဲ့ဒီပထမဆုံးဇာတ္ကားမွာ ပါဝင္တဲ့ဇာတ္ေကာင္ေတြရဲ႕ နာမည္ေတြဟာ horror ဇာတ္လမ္းေတြမွာ နာမည္ႀကီးၾကတဲ့ သ႐ုပ္ေဆာင္ေတြနဲ႔ ဒါ႐ိုက္တာေတြရဲ႕ နာမည္ေတြပဲ ျဖစ္ပါတယ္။ ဥပမာ – Alex Browning ၊ Billy Hitchcock ၊ Larry Murnau နဲ႔ Black Dreyer တို႔ဟာ horror ဇာတ္လမ္း႐ိုက္ကူးတဲ့ေနရာမွာ နာမည္ႀကီးတဲ့ ဒါ႐ိုက္တာေတြရဲ႕ နာမည္ကို ေပးထားတာ ျဖစ္ၿပီးေတာ့ Terry Chaney ၊ Agent Schreck နဲ႔ Valerie Lewton တို႔ကေတာ့ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြရဲ႕ နာမည္ကို ေပးထားတာ ျဖစ္ပါတယ္။

Tobey Maguire နဲ႔ Kirsten Dunst တို႔ဟာလည္း ဒီဇာတ္လမ္းထဲမွာ ပါဝင္လုနီးပါး ျဖစ္ခဲ့ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းထဲက အဓိကဇာတ္ေကာင္ေတြျဖစ္တဲ့ Alex Browning နဲ႔ Clear Rivers တို႔ကို Devon Sawa နဲ႔ Ali Larter တို႔က သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီဇာတ္ေကာင္ႏွစ္ေယာက္ေနရာမွာ Tobey Maguire နဲ႔ Kirsten Dunst တို႔ဟာ ပါဝင္သ႐ုပ္ေဆာင္လုနီးပါး ျဖစ္ခဲ့ပါတယ္။ မပါဝင္ျဖစ္ခဲ့ရတဲ့အေၾကာင္းအရင္းကေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ Spider-Man ဇာတ္လမ္းမွာ Peter Parker နဲ႔ Mary Jane တို႔ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ေ႐ြးခ်ယ္လိုက္လို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီေ႐ြးခ်ယ္မႈဟာ သူတို႔ႏွစ္ေယာက္လုံးအတြက္ ပိုၿပီးေတာ့ ေကာင္းတဲ့ေ႐ြးခ်ယ္မႈတစ္ခုျဖစ္ၿပီးေတာ့ ပိုၿပီးလည္း နာမည္ႀကီးလာခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular