HomeCharacterသင်မသိလောက်သေးတဲ့ Lobo အကြောင်း တစေ့တစောင်း

သင်မသိလောက်သေးတဲ့ Lobo အကြောင်း တစေ့တစောင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lobo ဟာ ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ Omega Men #3 ဆိုတဲ့ကောမစ်ထဲမှာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ DC universe ထဲက တော်တော်လေးကို ကြမ်းတဲ့ anti-hero တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့အစွမ်းကတော့ Deadpool နဲ့ Logan တို့ရဲ့အစွမ်းနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့လည်း Lobo ရဲ့ပြန်လည်ကုသနိုင်စွမ်းဟာ Deadpool နဲ့ Logan တို့ထက်တောင်မှ (၅) ဆပိုပြီးမြန်ဆန်ပါတယ်။ အဲ့ဒါကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့မှာ origin နှစ်ခု ရှိပါတယ်။
photo via screenrant

ကောမစ်ထဲက ဇာတ်ကောင်တွေတော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် origin နှစ်ခုလောက်တော့ ရှိတတ်ကြပါတယ်။ အဲ့ဒီ origin နှစ်ခုကတော့ Pre-Crisis နဲ့ Post-Crisis ဆိုတဲ့အချိန်နှစ်ခုမှာ ဖြစ်ခဲ့တာပါ။ DC ကောမစ်ဟာ ၁၉၈၅ ခုနှစ်မှာ Crisis on Infinite Earths ဆိုတဲ့ကောမစ်စီးရီးကို ထုတ်ဝေခဲ့ပါတယ်။ Pre-Crisis ဆိုတာကတော့ အဲ့ဒီအဖြစ်အပျက်မတိုင်ခင်က အချိန်ဖြစ်ပြီးတော့ Post-Crisis ဆိုတာကတော့ အဲ့ဒီအဖြစ်အပျက်ပြီးဆုံးသွားတဲ့နောက်ပိုင်းအချိန် ဖြစ်ပါတယ်။

Pre-Crisis universe ထဲမှာတော့သူဟာ Velorpian လို့ခေါ်တဲ့ဂြိုဟ်သားတစ်ယောက်ဖြစ်ပြီးတော့ အဲ့ဒီဂြိုဟ်သားမျိုးနွယ်တွေဟာ မသေမျိုးနီးပါးလောက်ကို သန်မာကြပြီး သတ်ဖို့ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့အပြင်သူတို့ဟာ လောဘကြီးပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ရတာကိုလည်း နှစ်သက်ကြပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာတော့ သူတို့မျိုးနွယ်တွေဟာ မသေကြတာကြောင့် သူ့တို့နေထိုင်တဲ့ဂြိုဟ်ကြီးဟာ လူဦးရေတွေ အရမ်းကိုထူထပ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သူတို့မျိုးနွယ်တွေကို သတ်ပစ်ဖို့အတွက် ဖန်တီးထားတဲ့အဆိပ်ကြောင့်ပဲ အဲ့ဒီဂြိုဟ်သားမျိုးနွယ်တွေဟာမျိုးတုန်းသွားပြီး Lobo တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယမြောက် origin ကတော့ Post-Crisis ထဲမှာ ဖြစ်ပြီး ပထမ origin နဲ့လုံးဝကို ကွဲပြားသွားခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ သူဟာ Czarnian လို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဖြစ်သွားပြီးတော့ အဲ့ဒီဂြိုဟ်သားမျိုးနွယ်တွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြတဲ့ မျိုးနွယ်တွေ ဖြစ်ပါတယ်။ Lobo ရဲ့အကြမ်းဖက်မှုတွေကြောင့် သူတို့မျိုးနွယ်တွေဟာ ကြောက်လန့်စွာနဲ့ နေထိုင်ခဲ့ရပြီးတော့ သူ့ရဲ့အသက် (၁၆) နှစ်ပြည့်တဲ့အချိန်မှာတော့ သူ့ရဲ့ဂြိုဟ်ပေါ်မှာနေထိုင်တဲ့သူတွေရဲ့ တစ်ဝက်လောက်ကိုတောင် သတ်ဖြတ်ခဲ့ပြီးပါပြီ။ သူ့ရဲ့အသက် (၁၇) နှစ်ပြည့်တဲ့အချိန်မှာတော့ အကုန်လုံးမျိုးဖြုတ်ဖို့အတွက် ပလိပ်ရောဂါကိုတစ်မျိုးကို ပျံ့နှံ့အောင် လုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့မျိုးနွယ်တွေအကုန်လုံးဟာ သေဆုံးသွားပြီးတော့ သူကတော့ ဆုကြေးထုတ်ထားတဲ့ရာဇဝတ်သားတွေကို သတ်ဖြတ်တဲ့ bounty hunter တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ကြီးမားလွန်းတဲ့ ခွန်အား
photo via screenrant

သူဟာ မသေမျိုးတစ်ယောက်ဖြစ်တဲ့အပြင် သာမန်လူသားတွေထက်အများကြီးသာလွန်တဲ့ ခွန်အားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့ သူ့ရဲ့ခွန်အားဟာလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ကောမစ်တစ်ခုထဲမှာဆိုရင် သူဟာ အဆောက်အဦးကြီးတစ်ခုလုံးကို အလွယ်တကူမပြီးတော့ Superman ဆီကိုပစ်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင် အံ့ဩစရာကောင်းတာက သူ့ရဲ့လက်သီးတစ်ချက်တည်းနဲ့ Superman ကိုမှောက်သွားအောင်တောင် တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်းအပေါ်မှာ ပြောခဲ့သလို သူ့ရဲ့ခွန်အားတွေဟာ သူ့ရဲ့စိတ်ခံစားချက်တွေပေါ်မှာ မူတည်နေတာကြောင့် အမြဲတမ်းတော့ အဲ့လိုအံ့ဩဖို့ကောင်းတဲ့အရာတွေကို ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

သူ့ရဲ့အကြီးမားဆုံး အားနည်းချက်
photo via screenrant

သူ့လိုမျိုးအရမ်းကို ရက်စက်တတ်တဲ့သူတစ်ယောက်ဟာလည်း အားနည်းချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ အာကာသထဲမှာနေထိုင်တဲ့လင်းပိုင်မျိုးနွယ်ဖြစ်ပြီးတော့ သူဟာ အဲ့ဒီလင်းပိုင်တွေကို သူ့အနားမှာ အမြဲထားလေ့ရှိပါတယ်။ သူ့ရဲ့မျိုးနွယ်တွေအကုန်လုံးကိုတောင် သတ်ပစ်ခဲ့ပေမယ့်လည်း အဲ့ဒီလင်းပိုင်တွေကို သူဟာတကယ်ကို သံယောဇဉ်ရှိပြီးတော့ သူတို့အတွက်ဆိုရင် ဘာမဆိုလုပ်မယ့်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူမသတ်ချင်တဲ့တစ်ခုတည်းသောမျိုးစိတ်ဟာလည်း အဲ့ဒီလင်းပိုင်တွေပဲ ဖြစ်ပြီးတော့ အဲ့ဒီလင်းပိုင်တွေကပဲ သူ့ရဲ့တစ်ခုတည်းသော ပျော့ကွက်ဖြစ်ပါတယ်။

အံ့ဩဖို့ကောင်းလောက်တဲ့ ပြန်လည်ကုသနိုင်စွမ်း
photo via screenrant

သူရဲ့ပြန်လည်ကုသနိုင်တဲ့စွမ်းရည်ဟာ တော်တော်လေးကို စွမ်းအားကြီးပြီးတော့ အဲ့ဒီစွမ်းရည်ကပဲ သူ့ကိုအရမ်းကို အင်အားကြီးစေတာ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းရည်ဟာ သာမန်ဒဏ်ရာတွေကိုပဲ ပြန်လည်ကုသနိုင်တာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုခုကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံး အမှုန့်ဖြစ်သွားရင်တောင်မှ သွေးစက်လေးတစ်စက်ကနေပြီးတော့ ပြန်လည်ကုသပြီး အကောင်းအတိုင်း ပြန်လည်ရှင်သန်နိုင်ပါတယ်။

ဒါ့အပြင် အဲ့ဒီသွေးစက်တွေအများကြီးကနေ Lobo တွေအများကြီးလည်း ထုတ်လုပ်နိုင်ပြီး သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ပြုလုပ်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း သူ့ရဲ့စရိုက်အရ Lobo တွေအများကြီးဖြစ်သွားတဲ့အချိန်မှာတော့ သူတို့ဟာ တစ်ယောက်တည်းကျန်တော့တဲ့အထိ အချင်းချင်းသတ်ဖြတ်ကြပါတော့တယ်။

နတ်ပြည်နဲ့ငရဲပြည်ကတောင် သူ့ကိုလက်မခံပါဘူး။
photo via screenrant

Lobo ဟာသူ့ရဲ့စွမ်းအားကြီးတဲ့ ပြန်လည်ကုသနိုင်တဲ့စွမ်းရည်ရှိနေတာကြောင့် သူ့ကို သတ်ဖို့ဆိုတာ တော်တော်လေးကို မလွယ်ကူပေမယ့်လည်း အစကတော့ သူဟာ မသေမျိုးတစ်ယောက်မဟုတ်ခဲ့ပါဘူး။ အဲ့ဒါကြောင့် သူ့ကိုစတင်ဖန်တီးကာစအချိန်တုန်းကတော့ သူဟာ သေသွားခဲ့ဖူးပါတယ်။ သေသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့မကောင်းမှုတွေကြောင့် ငရဲပြည်ကိုရောက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကြောင့် ငရဲပြည်မှာတောင် ထိန်းချုပ်လို့မရတော့ဘဲ သူ့ကိုနတ်ပြည်ကို ပို့လိုက်ပါတယ်။ သူ့ရဲ့အကျင့်စရိုက်အတိုင်းပဲ နတ်ပြည်မှာလည်း ဆက်ပြီးသောင်းကျန်းကာ အကြမ်းဖက်မှုတွေကို ပြုလုပ်နေတာကြောင့် နောက်ဆုံးမှာတော့ နတ်ပြည်ကလည်း သူ့ကိုလက်မခံတော့ဘဲ လူ့ပြည်ကိုပြန်လွှတ်လိုက်ရပါတော့တယ်။ အဲ့နောက်မှာတော့ ငရဲပြည်ရောနတ်ပြည်ရောနှစ်ခုလုံးဟာ သူ့ကိုလက်မခံတော့ပါဘူး။ အဲ့ဒါကြောင့် သူဟာ တမလွန်ဘဝကို သွားလို့မရတော့ဘဲ မသေမျိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Justice League အဖွဲ့ထဲကိုလည်း ဝင်ခဲ့ဖူးပါတယ်။
photo via screenrant

Justice League animated စီးရီးထဲမှာ Lobo ဟာ Justice League အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီထဲမှာတော့ Superman ဟာ Toyman နဲ့တိုက်ခိုက်ခဲ့ပြီးတော့ Superman ဟာ အနာဂတ်ကိုပို့ခံလိုက်ရပါတယ်။ အဲ့ဒါကိုတော့ တစ်ခြားသူတွေကမသိကြဘဲ Superman ကိုသေသွားပြီလို့ပဲ ထင်နေခဲ့ကြပါတယ်။ Superman သေသွားပြီဆိုတဲ့သတင်းကို Lobo ကကြားတဲ့အခါမှာတော့ သူဟာ Justice League အဖွဲ့သားတွေဆီကိုလာပြီးတော့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့ကြိုးစားပါတော့တယ်။

ဘယ်သူကမှ သူ့ရဲ့အကူအညီကို မလိုချင်သလို အဖွဲ့ထဲကိုလည်း မဝင်စေချင်ကြပေမယ့်လည်း သူကတော့ Justice League အဖွဲ့သားတွေအနားမှာ တောက်လျှောက်လိုက်ပြီးတော့ အဖွဲ့ဝင်ဖြစ်ဖို့ကို ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် Justice League အဖွဲ့ကိုဝင်ခွင့်ရဖို့အတွက် သူဟာ တစ်ခြားအဖွဲ့သားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အခန်းတောင် ပါပါသေးတယ်။ အဖွဲ့သားတွေဟာ သူ့ကိုအဖွဲ့ဝင်အဖြစ် လက်မခံချင်ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘယ်လိုမှ ငြင်းလို့မရတော့တာကြောင့် လက်ခံခဲ့ရပါတယ်။

သူဟာ DC ဇာတ်ကောင်တွေထဲက Stan Lee အကြိုက်ဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

Marvel ကဇာတ်ကောင်တွေတော်တော်များများကို ဖန်တီးခဲ့တဲ့ Stan Lee ဟာကွယ်လွန်သွားခဲ့တာ (၂) နှစ်လောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဗျူးတဲ့သူက Stan Lee ကို သူ့ရဲ့အကြိုက်ဆုံး DC universe ထဲကဇာတ်ကောင်ကို မေးခဲ့တဲ့အချိန်မှာတော့ သူဟာ Lobo ဆိုပြီးပြန်ဖြေခဲ့ပါတယ်။ ဒါ့အပြင်အဲ့ဒီ အင်တာဗျူးဟာ သူ,မကွယ်လွန်ခင် အချိန်အနည်းငယ်အလိုက မေးခဲ့တဲ့ အင်တာဗျူးတစ်ခုပဲ ဖြစ်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lobo ဟာ ၁၉၈၃ ခုႏွစ္ကထြက္ခဲ့တဲ့ Omega Men #3 ဆိုတဲ့ေကာမစ္ထဲမွာ ပထမဆုံးပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ DC universe ထဲက ေတာ္ေတာ္ေလးကို ၾကမ္းတဲ့ anti-hero တစ္ေယာက္ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕အစြမ္းကေတာ့ Deadpool နဲ႔ Logan တို႔ရဲ႕အစြမ္းနဲ႔ ဆင္တူပါတယ္။ ဒါေပမဲ့လည္း Lobo ရဲ႕ျပန္လည္ကုသႏိုင္စြမ္းဟာ Deadpool နဲ႔ Logan တို႔ထက္ေတာင္မွ (၅) ဆပိုၿပီးျမန္ဆန္ပါတယ္။ အဲ့ဒါေၾကာင့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔မွာ origin ႏွစ္ခု ရွိပါတယ္။
photo via screenrant

ေကာမစ္ထဲက ဇာတ္ေကာင္ေတြေတာ္ေတာ္မ်ားမ်ားဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ origin ႏွစ္ခုေလာက္ေတာ့ ရွိတတ္ၾကပါတယ္။ အဲ့ဒီ origin ႏွစ္ခုကေတာ့ Pre-Crisis နဲ႔ Post-Crisis ဆိုတဲ့အခ်ိန္ႏွစ္ခုမွာ ျဖစ္ခဲ့တာပါ။ DC ေကာမစ္ဟာ ၁၉၈၅ ခုႏွစ္မွာ Crisis on Infinite Earths ဆိုတဲ့ေကာမစ္စီးရီးကို ထုတ္ေဝခဲ့ပါတယ္။ Pre-Crisis ဆိုတာကေတာ့ အဲ့ဒီအျဖစ္အပ်က္မတိုင္ခင္က အခ်ိန္ျဖစ္ၿပီးေတာ့ Post-Crisis ဆိုတာကေတာ့ အဲ့ဒီအျဖစ္အပ်က္ၿပီးဆုံးသြားတဲ့ေနာက္ပိုင္းအခ်ိန္ ျဖစ္ပါတယ္။

Pre-Crisis universe ထဲမွာေတာ့သူဟာ Velorpian လို႔ေခၚတဲ့ၿဂိဳဟ္သားတစ္ေယာက္ျဖစ္ၿပီးေတာ့ အဲ့ဒီၿဂိဳဟ္သားမ်ိဳးႏြယ္ေတြဟာ မေသမ်ိဳးနီးပါးေလာက္ကို သန္မာၾကၿပီး သတ္ဖို႔ဆိုတာလည္း မျဖစ္ႏိုင္သေလာက္ပါပဲ။ ဒါ့အျပင္သူတို႔ဟာ ေလာဘႀကီးၿပီးေတာ့ အၾကမ္းဖက္မႈေတြ လုပ္ရတာကိုလည္း ႏွစ္သက္ၾကပါတယ္။ ႏွစ္ေတြၾကာလာတဲ့အခါမွာေတာ့ သူတို႔မ်ိဳးႏြယ္ေတြဟာ မေသၾကတာေၾကာင့္ သူ႔တို႔ေနထိုင္တဲ့ၿဂိဳဟ္ႀကီးဟာ လူဦးေရေတြ အရမ္းကိုထူထပ္လာခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ သူတို႔မ်ိဳးႏြယ္ေတြကို သတ္ပစ္ဖို႔အတြက္ ဖန္တီးထားတဲ့အဆိပ္ေၾကာင့္ပဲ အဲ့ဒီၿဂိဳဟ္သားမ်ိဳးႏြယ္ေတြဟာမ်ိဳးတုန္းသြားၿပီး Lobo တစ္ေယာက္ပဲ အသက္ရွင္က်န္ရစ္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယေျမာက္ origin ကေတာ့ Post-Crisis ထဲမွာ ျဖစ္ၿပီး ပထမ origin နဲ႔လုံးဝကို ကြဲျပားသြားခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ သူဟာ Czarnian လို႔ေခၚတဲ့ ၿဂိဳဟ္သားမ်ိဳးႏြယ္ျဖစ္သြားၿပီးေတာ့ အဲ့ဒီၿဂိဳဟ္သားမ်ိဳးႏြယ္ေတြကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနထိုင္ၾကတဲ့ မ်ိဳးႏြယ္ေတြ ျဖစ္ပါတယ္။ Lobo ရဲ႕အၾကမ္းဖက္မႈေတြေၾကာင့္ သူတို႔မ်ိဳးႏြယ္ေတြဟာ ေၾကာက္လန႔္စြာနဲ႔ ေနထိုင္ခဲ့ရၿပီးေတာ့ သူ႔ရဲ႕အသက္ (၁၆) ႏွစ္ျပည့္တဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ၿဂိဳဟ္ေပၚမွာေနထိုင္တဲ့သူေတြရဲ႕ တစ္ဝက္ေလာက္ကိုေတာင္ သတ္ျဖတ္ခဲ့ၿပီးပါၿပီ။ သူ႔ရဲ႕အသက္ (၁၇) ႏွစ္ျပည့္တဲ့အခ်ိန္မွာေတာ့ အကုန္လုံးမ်ိဳးျဖဳတ္ဖို႔အတြက္ ပလိပ္ေရာဂါကိုတစ္မ်ိဳးကို ပ်ံ႕ႏွံ႔ေအာင္ လုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕မ်ိဳးႏြယ္ေတြအကုန္လုံးဟာ ေသဆုံးသြားၿပီးေတာ့ သူကေတာ့ ဆုေၾကးထုတ္ထားတဲ့ရာဇဝတ္သားေတြကို သတ္ျဖတ္တဲ့ bounty hunter တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

သူ႔ရဲ႕ႀကီးမားလြန္းတဲ့ ခြန္အား
photo via screenrant

သူဟာ မေသမ်ိဳးတစ္ေယာက္ျဖစ္တဲ့အျပင္ သာမန္လူသားေတြထက္အမ်ားႀကီးသာလြန္တဲ့ ခြန္အားေတြကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕စိတ္ခံစားခ်က္ေပၚမူတည္ၿပီးေတာ့ သူ႔ရဲ႕ခြန္အားဟာလည္း ေျပာင္းလဲသြားႏိုင္ပါတယ္။ ေကာမစ္တစ္ခုထဲမွာဆိုရင္ သူဟာ အေဆာက္အဦးႀကီးတစ္ခုလုံးကို အလြယ္တကူမၿပီးေတာ့ Superman ဆီကိုပစ္ေပါက္ခဲ့ပါတယ္။

ဒါ့အျပင္ အံ့ဩစရာေကာင္းတာက သူ႔ရဲ႕လက္သီးတစ္ခ်က္တည္းနဲ႔ Superman ကိုေမွာက္သြားေအာင္ေတာင္ တိုက္ခိုက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္းအေပၚမွာ ေျပာခဲ့သလို သူ႔ရဲ႕ခြန္အားေတြဟာ သူ႔ရဲ႕စိတ္ခံစားခ်က္ေတြေပၚမွာ မူတည္ေနတာေၾကာင့္ အၿမဲတမ္းေတာ့ အဲ့လိုအံ့ဩဖို႔ေကာင္းတဲ့အရာေတြကို ျပဳလုပ္ႏိုင္မွာ မဟုတ္ပါဘူး။

သူ႔ရဲ႕အႀကီးမားဆုံး အားနည္းခ်က္
photo via screenrant

သူ႔လိုမ်ိဳးအရမ္းကို ရက္စက္တတ္တဲ့သူတစ္ေယာက္ဟာလည္း အားနည္းခ်က္ရွိပါေသးတယ္။ အဲ့ဒါကေတာ့ အာကာသထဲမွာေနထိုင္တဲ့လင္းပိုင္မ်ိဳးႏြယ္ျဖစ္ၿပီးေတာ့ သူဟာ အဲ့ဒီလင္းပိုင္ေတြကို သူ႔အနားမွာ အၿမဲထားေလ့ရွိပါတယ္။ သူ႔ရဲ႕မ်ိဳးႏြယ္ေတြအကုန္လုံးကိုေတာင္ သတ္ပစ္ခဲ့ေပမယ့္လည္း အဲ့ဒီလင္းပိုင္ေတြကို သူဟာတကယ္ကို သံေယာဇဥ္ရွိၿပီးေတာ့ သူတို႔အတြက္ဆိုရင္ ဘာမဆိုလုပ္မယ့္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမသတ္ခ်င္တဲ့တစ္ခုတည္းေသာမ်ိဳးစိတ္ဟာလည္း အဲ့ဒီလင္းပိုင္ေတြပဲ ျဖစ္ၿပီးေတာ့ အဲ့ဒီလင္းပိုင္ေတြကပဲ သူ႔ရဲ႕တစ္ခုတည္းေသာ ေပ်ာ့ကြက္ျဖစ္ပါတယ္။

အံ့ဩဖို႔ေကာင္းေလာက္တဲ့ ျပန္လည္ကုသႏိုင္စြမ္း
photo via screenrant

သူရဲ႕ျပန္လည္ကုသႏိုင္တဲ့စြမ္းရည္ဟာ ေတာ္ေတာ္ေလးကို စြမ္းအားႀကီးၿပီးေတာ့ အဲ့ဒီစြမ္းရည္ကပဲ သူ႔ကိုအရမ္းကို အင္အားႀကီးေစတာ ျဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းရည္ဟာ သာမန္ဒဏ္ရာေတြကိုပဲ ျပန္လည္ကုသႏိုင္တာ မဟုတ္ပါဘူး။ အေၾကာင္းတစ္ခုခုေၾကာင့္ သူ႔ရဲ႕ခႏၶာကိုယ္ႀကီးတစ္ခုလုံး အမႈန႔္ျဖစ္သြားရင္ေတာင္မွ ေသြးစက္ေလးတစ္စက္ကေနၿပီးေတာ့ ျပန္လည္ကုသၿပီး အေကာင္းအတိုင္း ျပန္လည္ရွင္သန္ႏိုင္ပါတယ္။

ဒါ့အျပင္ အဲ့ဒီေသြးစက္ေတြအမ်ားႀကီးကေန Lobo ေတြအမ်ားႀကီးလည္း ထုတ္လုပ္ႏိုင္ၿပီး သူ႔ရဲ႕ကိုယ္ပိုင္စစ္တပ္ျပဳလုပ္ႏိုင္ပါေသးတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕စ႐ိုက္အရ Lobo ေတြအမ်ားႀကီးျဖစ္သြားတဲ့အခ်ိန္မွာေတာ့ သူတို႔ဟာ တစ္ေယာက္တည္းက်န္ေတာ့တဲ့အထိ အခ်င္းခ်င္းသတ္ျဖတ္ၾကပါေတာ့တယ္။

နတ္ျပည္နဲ႔ငရဲျပည္ကေတာင္ သူ႔ကိုလက္မခံပါဘူး။
photo via screenrant

Lobo ဟာသူ႔ရဲ႕စြမ္းအားႀကီးတဲ့ ျပန္လည္ကုသႏိုင္တဲ့စြမ္းရည္ရွိေနတာေၾကာင့္ သူ႔ကို သတ္ဖို႔ဆိုတာ ေတာ္ေတာ္ေလးကို မလြယ္ကူေပမယ့္လည္း အစကေတာ့ သူဟာ မေသမ်ိဳးတစ္ေယာက္မဟုတ္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ သူ႔ကိုစတင္ဖန္တီးကာစအခ်ိန္တုန္းကေတာ့ သူဟာ ေသသြားခဲ့ဖူးပါတယ္။ ေသသြားၿပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕မေကာင္းမႈေတြေၾကာင့္ ငရဲျပည္ကိုေရာက္သြားခဲ့ပါတယ္။

ဒဒါေပမယ့္လည္း သူ႔ရဲ႕အၾကမ္းဖက္မႈေတြနဲ႔ သတ္ျဖတ္မႈေတြေၾကာင့္ ငရဲျပည္မွာေတာင္ ထိန္းခ်ဳပ္လို႔မရေတာ့ဘဲ သူ႔ကိုနတ္ျပည္ကို ပို႔လိုက္ပါတယ္။ သူ႔ရဲ႕အက်င့္စ႐ိုက္အတိုင္းပဲ နတ္ျပည္မွာလည္း ဆက္ၿပီးေသာင္းက်န္းကာ အၾကမ္းဖက္မႈေတြကို ျပဳလုပ္ေနတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ နတ္ျပည္ကလည္း သူ႔ကိုလက္မခံေတာ့ဘဲ လူ႔ျပည္ကိုျပန္လႊတ္လိုက္ရပါေတာ့တယ္။ အဲ့ေနာက္မွာေတာ့ ငရဲျပည္ေရာနတ္ျပည္ေရာႏွစ္ခုလုံးဟာ သူ႔ကိုလက္မခံေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ သူဟာ တမလြန္ဘဝကို သြားလို႔မရေတာ့ဘဲ မေသမ်ိဳးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

Justice League အဖြဲ႕ထဲကိုလည္း ဝင္ခဲ့ဖူးပါတယ္။
photo via screenrant

Justice League animated စီးရီးထဲမွာ Lobo ဟာ Justice League အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ခဲ့ဖူးပါတယ္။ အဲ့ဒီထဲမွာေတာ့ Superman ဟာ Toyman နဲ႔တိုက္ခိုက္ခဲ့ၿပီးေတာ့ Superman ဟာ အနာဂတ္ကိုပို႔ခံလိုက္ရပါတယ္။ အဲ့ဒါကိုေတာ့ တစ္ျခားသူေတြကမသိၾကဘဲ Superman ကိုေသသြားၿပီလို႔ပဲ ထင္ေနခဲ့ၾကပါတယ္။ Superman ေသသြားၿပီဆိုတဲ့သတင္းကို Lobo ကၾကားတဲ့အခါမွာေတာ့ သူဟာ Justice League အဖြဲ႕သားေတြဆီကိုလာၿပီးေတာ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ဖို႔ႀကိဳးစားပါေတာ့တယ္။

ဘယ္သူကမွ သူ႔ရဲ႕အကူအညီကို မလိုခ်င္သလို အဖြဲ႕ထဲကိုလည္း မဝင္ေစခ်င္ၾကေပမယ့္လည္း သူကေတာ့ Justice League အဖြဲ႕သားေတြအနားမွာ ေတာက္ေလွ်ာက္လိုက္ၿပီးေတာ့ အဖြဲ႕ဝင္ျဖစ္ဖို႔ကို ႀကိဳးစားခဲ့ပါတယ္။ ဒါ့အျပင္ Justice League အဖြဲ႕ကိုဝင္ခြင့္ရဖို႔အတြက္ သူဟာ တစ္ျခားအဖြဲ႕သားေတြနဲ႔ တိုက္ခိုက္ခဲ့တဲ့ အခန္းေတာင္ ပါပါေသးတယ္။ အဖြဲ႕သားေတြဟာ သူ႔ကိုအဖြဲ႕ဝင္အျဖစ္ လက္မခံခ်င္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ဘယ္လိုမွ ျငင္းလို႔မရေတာ့တာေၾကာင့္ လက္ခံခဲ့ရပါတယ္။

သူဟာ DC ဇာတ္ေကာင္ေတြထဲက Stan Lee အႀကိဳက္ဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။
photo via screenrant

Marvel ကဇာတ္ေကာင္ေတြေတာ္ေတာ္မ်ားမ်ားကို ဖန္တီးခဲ့တဲ့ Stan Lee ဟာကြယ္လြန္သြားခဲ့တာ (၂) ႏွစ္ေလာက္ ရွိခဲ့ၿပီ ျဖစ္ပါတယ္။ အင္တာဗ်ဴးတစ္ခုမွာ ဗ်ဴးတဲ့သူက Stan Lee ကို သူ႔ရဲ႕အႀကိဳက္ဆုံး DC universe ထဲကဇာတ္ေကာင္ကို ေမးခဲ့တဲ့အခ်ိန္မွာေတာ့ သူဟာ Lobo ဆိုၿပီးျပန္ေျဖခဲ့ပါတယ္။ ဒါ့အျပင္အဲ့ဒီ အင္တာဗ်ဴးဟာ သူ,မကြယ္လြန္ခင္ အခ်ိန္အနည္းငယ္အလိုက ေမးခဲ့တဲ့ အင္တာဗ်ဴးတစ္ခုပဲ ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular